ရေလျဉ်ပမာ

ဝတ်မှုန် တို့ ၏ ဤ တိုက်ပွဲ ၌
ရနံ့ တို့ အလဲအကွဲ ဖရိုဖရဲဖြင့် တပ်လန်ကုန်လေပြီ။
ဟိုမှာ တစ်စ၊ သည်မှာ တစ်စ – ပျံ့နှံ့ ပြေးလွှားလျက်၊
ပွင့်ဖတ် တို့သည်လည်း အတုံးအရုံး
ကျဆုံး၊ ကြွေဆင်း ရှိကြကုန်၏။

ရင်ခတ်ပန်းတို့ နွမ်းသော်ကော ~

ကဗျာ တစ်ပုဒ် ဖြစ်စေ၊ စာ တစ်အုပ် ဖြစ်စေ၊
ရင်ခွင်ပိုက် တရားနှင့် – စကားအကြွေတို့
အသက်ခြွေ၊ အပ်နှင်း၊ စစ်ခင်းနေသော သဘောသာ ဖြစ်၏။
အနု အရွ – အတိမ် အနက် တို့၏ အလှဗေဒ သည်
နှလုံးအိမ်ကို ခတ်၍လည်း သီကုံးပြည့်စုံရ၏။
ဘဝအိမ်ကို လှပ်၍လည်း စီသွယ် ဆေးခြယ်ရ၏။

အမတလမ်းသို့ လှမ်းသော်ကော ~

သီလာ တောင်ကို ပတ်ခွေ၍
သီတာ ရေတို့ စီးဆင်းစမြဲ ဓမ္မတာတွင်
ခွေပတ်၍လည်း စီး၏။
ဖြောင့်တန်း၍လည်း စီး၏။
ကျောက်သား ကျောက်ဆိုင် ၊အခေါင်မတ်မတ်
ဇောမာန် တပ်လည်း – ထိုးဖြတ်ဖြိုခွဲ၊ ကြောက်အား နည်းလှသည့်
၎င်း၏ ခန္ဓာစဉ် ဘဝ သည်
နိမ့်ရာ ဝင်စံ၊ ညည်းညူဟန် မပြ၊
ကြည်လင်မြဲ ကြည်လင်နေကြပါပေ၏။

ကွယ် ….. ခေမာ စမ်းသို့ လွမ်းသော်ကော ~

……………..
For My Beloved, Ma Lin.
June 29th 2012 at 5:30 PM
……………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: