မည်သူ ဖြစ်ခဲ့ပါသနည်း

လူသည် သူ့ အတိုင်း မဟုတ်။ သူ့ချည်း ဖြစ်ရှိ နေသည့် အတိုင်း မနေနိုင်။ တစ်ခုခု ဖြစ်ရန် လုံးပမ်း နေ သူ၊ လိုလား နေသူ၊ ကြိုးပမ်း နေ သူ သာ ဖြစ် သည်။ ကမ္ဘာ ရှိ ဆင်းရဲ ဟူသမျှ တို့၏ အခြေမြစ် အကျဆုံး အကြောင်းခံ တွင် ယင်း “တစ်ခုခု ဖြစ် လာလိုမှု” သည် တစ်ခု ပါ ဝင် သည်။ ဒုက္ခ ကို ဆင်းရဲ ဟု ဆိုကြ ရာ တွင် ဒုက္ခ ၏ စင်စစ် အနက် အဓိပ္ပာယ် မှာ အခြား မဟုတ်။ “မဖြစ် နိုင် သည် ကို လိုချင် ခြင်း” ဖြစ် သည်။ ကျောက်ခဲ ကို ရေ ညှစ် သကဲ့သို့၊ လေထဲ တိုက် အိမ်ဆောက်ခြင်း ဟု လည်း ဆိုပါ မည်။ အထူး သဖြင့် – မိမိ ကိုယ် ကို သူတစ်ပါး ဖြစ်ရန် လုံးပမ်း နေ ခြင်း၊ မိမိ ကိုယ် ကို သူတစ်ပါး နှင့် တုနှိုင်း လိုခြင်း၊ မိမိ ကိုယ်ကိုယ် မေ့လျော့ခြင်း လည်း ဖြစ်သည်။

ပုံပြင် တစ်ပုဒ် ရှိသည်။ နှစ်ပေါင်းများစွာ စာသင် စာချ တရားပြ လာ ခဲ့သော သူတော်စင် ကြီး တစ်ပါး ကွယ်လွန် အနိစ္စ ရောက်ရ ခါနီး ချိန် တွင် ဖြစ်သည်။ ၎င်း၏ တပည့် တပန်း အပေါင်းတို့က လှဲလျောင်း နေ သော ယင်း သူတော်စင် ကြီး နံဘေး သို့ ဝပ်တွား ရောက် ရှိ လာကြ သည်။ အမော ဖောက် နေ၍ သတိ မ လည် တစ်ချက်၊ လည်တစ်ချက် ဖြစ်နေသော ခဏ – တပည့် တစ်ဦး က သူ့ ကို လျောက် သည်။ “ဆရာသခင်၊ အရှင် သေ မည် ကို ကြောက်နေ ပါသလား”

သူတော်စင်ကြီးက – “ငါကြောက်နေတယ်၊ တပည့်တို့”

ဤ စကား ကို ကြား၍ တပည့်တို့ အံ့အားသင့် ကုန်ကြသည်။ “ဆရာ သခင်၊ ဘာကြောင့် များ ကြောက်လန့် နေ ရသလဲ။ အရှင့် ဘဝမှာ သနား ဂရုဏာ နှင့် ယှဉ် လျှင် လည်း ယေရှုခရစ် လို ရှိခဲ့ တယ်။ ပညာဉာဏ် ကြီးမှုနှင့် ဆက်ဆိုင် လျှင် လည်း ရှောလမုန် ဘုရင်ကြီး နဲ့ အလား သဏ္ဍာန် တူခဲ့တယ်။ တရား ဓမ္မ ဟောပြ ရာမှာလည်း ဗုဒ္ဓ လို စွမ်းဆောင် ကြိုးပမ်းနိုင် ခဲ့တာပဲ အရှင်။ အဘယ် အရာ ကိုရော ကြောက် လန့် နေရဦး မလဲ”

သူတော်စင်ကြီး က ပြန်ဖြေသည်။ “အဲ့သည် အကြောင်း ကြောင့် ပဲ တပည့် တို့။ သေ လွန်ပြီး ဘုရား သခင် ရှေ့မှောက် ကို ငါ ရောက်တဲ့ အခါ- သူက – “ရသေ့ကြီး၊ ခင်ဗျား ယေရှု ဖြစ် ခဲ့သလား၊ ရှောလမုန် ဖြစ် ခဲ့သလား၊ ဗုဒ္ဓ ဖြစ်ခဲ့ သလား” လို့ မေးမှာ မဟုတ်ဘူး။ “ရသေ့ကြီး ၊ ခင်ဗျား လူ့လောက မှာ – ခင်ဗျား စင်စစ် ဖြစ်ခဲ့သလား” လို့ပဲ မေးမှာ။”

စင်စစ် လည်း “Have you been yourself?” ခင်ဗျား ဟာ ခင်ဗျား စင်စစ် ဖြစ်ပြီး ပြီလား – ဆိုသည့် အမေး ကို ဖြေဆိုနိုင် သူ ရှား ပါး သည်။ ဖြေသူ မဆို ထားနှင့် – မေးသူ ပင် သိပ်မရှိ။

ကမ္ဘာပေါ် ရှိ လူသန်းပေါင်း များစွာ တို့သည် တစ်စုံ တစ်ခု ဖြစ် ရန် သာ ရှေးရှု လျက် ရှိသည်။ လူသည် မိမိကိုယ်မှ တစ်ပါး – အခြား သူ ဖြစ် လို သည်။ ကမ္ဘာ ပေါ် တွင် ချမ်းသာဆုံး လူ သော် လည်းကောင်း၊ သို့မဟုတ် – အခွင့် အာဏာ ရသူ သော် လည်းကောင်း၊ သမ္မတ၊ အမတ် စသည် ခုံနေရာ ပိုင်ဆိုင် သူ သော် လည်းကောင်း ဖြစ် လိုသ ည်။ ဘာသာရေး အားဖြင့် လည်း – ကျမ်းညွှန်း များ တွင် ပါရှိသည့် အဆင့်ဆင့် သို့ (ဝါ) သောတာပန်၊ သကဒါဂါမ် စသည် အဖြစ် သို့ ဦးတည် ၍ ပန်းတိုင် ကိုယ်စီ ထား ရှိသည်။ ထိုသို့ ရှိနိုင်အောင် လည်း ဘာသာရေး ဆရာ အများ က – “လက်ရှိ အဖြစ်မှ စွန့်ပယ်၍ ပိုမိုသော ကောင်းမြတ်သော တစ်စုံ တစ်ခု ဆီသို့ ဦးတည် ကြရန်” အားစိုက် ထုတ် တွန်း အား ပေးကြသည်။

မည်သူ သည် ခင်ဗျား ကို ခင်ဗျား အတိုင်း ရှင်းသန့်စွာ တည်ရှိနေ ရန် ညွှန်ကြား ပါ သနည်း။ ရှားရှား ပါးပါး မရှိ လှပေ။ ပတ်ဝန်းကျင်၊ လူ့ အဖွဲ့အစည်း၊ ပညာရေး စသည် တို့ ၌ အများစု က “လက်ရှိ အဖြစ် ကို မကျေနပ်နှင့်၊ ရှေ့ သို့ — ရှေ့သို့ —” ဟု သာ သွန်သင်သည်။ ယင်း အတိုင်း – သွတ်သွင်း ထားပြီး လည်း ဖြစ် သည်။

ဤသို့သော ဇော၊ ပန်းတိုင် တို့ဖြင့် လူတို့ ပျားပန်းခတ် လှုပ်ရှား လျက် ရှိနေကြ ဆဲ ဖြစ်ပါ သည်။ ပန်းတိုင် များ မျှော်မှန်းလျက်၊ ပန်းတိုင် တစ်ခုပြီး နောက် တစ်ခု မဆုံးနိုင်အောင် လျောက် သည်။ ဤသို့ဖြင့် ကိုယ်စီ ကိုယ်စီ “မောသည်” ဟု ညည်းတွား လျက် ရှိ သည်။

မည်သူ သည် ဤ ပန်းတိုင် တို့ကို ဖန်တီးခဲ့ပါသနည်း။ စင်စစ် ပန်းတိုင် ဟူ သည် ပြင်ပ တွင် သာ ရှိ သည်။ နောင်တစ်ချိန် တွင် သာ ရှိသည်။ တစ်နည်း အားဖြင့် – ပန်းတိုင် ဟူသည် ယခု ခဏ တွင် ရှိမနေကြောင်း၊ ယခု ခဏကို ဖယ်ရှား ထားရစ် မည် ဖြစ်ကြောင်း အတိ အကျ ညွှန်ပြ နေခြင်း သာ ဖြစ် သည်။

လူ တစ်ဦး အတွက် ဖြစ်တည် နေသည့် ဘဝ စင်စစ်သည် ယင်း ပန်းတိုင် နှင့် မတူပေ။ ဘဝ စင်စစ် သည် အခြား တစ်နေရာ ရှိ ပန်းတိုင် မဟုတ်ပေ။ ရှင်သန် နေ သော၊ အသိ ရှိနေသော ယခု ဘဝ သည် – ယခု ခဏ တွင်သာ ရှိပါ သည်။ အဘယ်ကြောင့် ဆိုသော် မိမိ အဖြစ် ကို မိမိ အခု မဆိုင်း ကြည့် လျှင် — မိမိ သည် – လက်တွေ့ – ယခု သာ ရှင်သန် နေခြင်းကြောင့် ဖြစ် သည်။ နောင် အချိန် ဟူ၍ အဘယ်သူ အာမခံ ပါသနည်း။ ယင်း နောင် တစ်ချိန် ဟူသည်မှာ စိတ် နှင့် အထက်ပါ သွတ်သွင်း ခံ လာရ သမျှ တို့ ချယ်လှယ် ထားသည့် စိတ်ကူး ထည် မှ အပ၊ အခြား မဟုတ်ပေ။

လက်တွေ့ ယခု ခဏကို အသိ အပြည့်အဝ ရှင်သန် ကြည့်စေလို သည်။ မိမိ အတွင်း သန္တာန် သို့ ငုပ်လျှိုး ဝင်ကြည့် ရန် လိုသည်။ ထိုခဏ တွင် – မိမိ ဘဝ ၏ ချမ်းမြေ့ မှု သန္တိ သည် ပြင်ပ တွင် မရှိ၊ အတွင်း ၌ သာ ရှိကြောင်း သိသည်။ မိမိ ၏ ပန်းတိုင် သည် အပြင် တွင် မရှိ၊ ရင်တွင်း ၌သာ တည်ရှိကြောင်း သိသည်။ ထို့ကြောင့် ပန်းတိုင် သည် နောင်တစ်ချိန်တွင် မဟုတ်။ “အခု” သာ ဖြစ် သည် – ဟု ဆိုပါမည်။ ယခု တည်ရှိ နေသော မိမိ ၏ တခဏ သည် မိမိ သန္တာန် အတွင်း တိုးဝင် သွား ရန် လည်းကောင်း၊ ဘာဝနာ ပြုရန် လည်းကောင်း၊ မိမိ ကိုယ်ကိုယ် ပြန် ရှာ တွေ့နိုင် ရန် လည်းကောင်း လုံလောက် သည်။
……………
~ “အတ္တာဟိ အတ္တနော နာထော” On the Guest.
……………
July 5th 2012 at 3:50 PM
……………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: