အထီးတည်း ဖြစ်သော

“လာတုန်း ကလည်း – တစ်ယောက်တည်းနော့ –
လက်တွဲခေါ် ကာ – ဖော်မပါဘူး၊ “

လူသည် အထီးတည်း လာ၍ အထီးတည်း ထွက်ခွာ သည်။ ယင်း အထီး တည်း ဖြစ်တည်သည့် အလာ နှင့် အသွား – နှစ်ခု အကြား တွင် ချစ်ခြင်း လည်း ရှိ သည်။ ချည်နှောင်ခြင်း၊ ဆက်နွယ် ခြင်း လည်း ရှိ သည်။ သိမ်းပိုက် ခြင်း၊ ဆုံးရှုံးခြင်း လည်း ရှိ၍ ယှဉ်ပြိုင် တိုက်ခိုက် ခြင်း နှင့် နှိမ်ချခြင်း၊ မောက်မာခြင်း တို့ အလီလီ ရင်ဆိုင် ပြုပြင် ကြ သည်။ မည်သို့ ပြုပြင် သိမ်းပိုက် ကြ သည် ဖြစ်စေ – ကျွန်ုပ်တို့ ၏ အတွင်း သန္တာန် ၌ အထီး တည်း ဖြစ်လျက် သား တည်ရှိ နေမြဲ ဖြစ်၏။

စင်စစ် ယင်း အထီးတည်း ဖြစ်ခြင်း သဘော သည် ကြေကွဲ ဝမ်းနည်း စရာ မဟုတ်ပေ။ ချမ်းမြေ့ ကြည်ရွှင် စရာ သာ ဖြစ် သည်။ အဘိဓာန် တို့ ၌ အထီး တည်း ဖြစ်ခြင်း (Aloneness) ကို အဓိပ္ပာယ် တူ သယောင် ပြုထား တတ်ကြသော အခြား ဝေါဟာရ တစ်ခု ရှိ သည်။ သို့သော် အရင်းစစ် ကြည့် လျှင် အဓိပ္ပာယ် မတူ ရုံ မျှမက – သဘောအားဖြင့်လည်း ဆန့်ကျင်နေသော ဝေါဟာရ ဖြစ် သည်။ ယင်းမှာ အထီး ကျန်ခြင်း (Loneliness) ဖြစ် ၏။ ၎င်းတို့ သည် ကြောင်းတူ သံကွဲများ (Synonymous) မဟုတ် ကြပေ။

Loneliness (အထီးကျန်ခြင်း) သည် အပြု သဘော ဆောင်သော အဓိပ္ပာယ် မရှိပေ။ ၎င်း သည် အပျက် သဘော၊ အမှောင် ကိုသာ ကိုယ်စားပြု သော ဝေါဟာရ ဖြစ် သည်။ အထီး ကျန်ခြင်း ၏ ရိုးစင်း သော အဓိပ္ပာယ် မှာ – သင့် ထံတွင် – တစ်စုံတစ်ခု (ဝါ) တစ်စုံ တစ်ယောက် လစ်ဟာနေ သည်။ သင့် တွင် မပြည့် မစုံ ဖြစ်နေသည်။ သင် တမ်းတနေ သည်။ ဤလောက အလယ် တွင် သင် ကြောက်လန့်နေ သည် ဟူသော အနက် သာ ဆောင်၏။

Aloneness (အထီးတည်းဖြစ်ခြင်း) သည် ၎င်း ကဲ့သို့ မဟုတ်။ လုံးဝ ကွဲပြားသော အဓိပ္ပာယ် ကို ဆောင် သည်။ အထီး တည်း ဖြစ်ခြင်း သည် သင့်ထံ ၌ တစ်စုံတစ်ခု မှ လစ်ဟာ မနေကြောင်း၊ မည်သည့် အရာ ကိုမျှ တမ်းတ မနေကြောင်း၊ သင့် တစ်ဦး တည်း ပြည့်ဝ နေကြောင်း ဆိုလို သည်။ တစ်နည်း အားဖြင့် – အထီး တည်း ဖြစ်ခြင်း သည် မိမိ၏ မူရင်း အစစ်အမှန် သဘာဝ ကို သိမြင် ခြင်း ဖြစ်ပြီး၊ အလင်း ဆောင်ခြင်း အနက် ရှိ၏။

အလင်းဆောင်ခြင်း ဟူသည် မိမိ ဘဝကို မိမိ မျက်မှောက် ပြုခြင်း ဖြစ် ပါသည်။ ၎င်း အဖြစ် သည် ကြည်စင် သော အသိ ကို ဆောင်ကြဉ်း ၏။ ချမ်းမြေ့မှု မွှေး ရနံ့ သာ ပျံ့လွင့်နေမြဲ ဖြစ်၏။ Finding oneself is the greatest finding in man’s life. မိမိ အဖြစ် ကို ရှာဖွေ တွေ့ရှိ နိုင်ခြင်း မည်သည် အကြင်သူ ၏ ဘဝ ၌ အကြီးကျယ်ဆုံး သော တွေ့ရှိမှု ပင် ဖြစ်သည် ဟု အဆို ရှိ၏။ ယင်း တွေ့ရှိမှု မျိုးကို စင်စစ် သင် အထီး တည်း ဖြစ်တည် နေနိုင် သော အခါ တွင်သာ ရရှိ နိုင် သည်။

မိမိ၏ ဝိဉာဏ သိမှု သဘောလေး သက်သက်သည် မည်သည့် အစုအဝေး၊ မည်သည့် စေတသိက်၊ မည်သည့် အပေါင်း အဖော် နှင့် မှ တွဲစပ် မနေ သည့် အခါ (ဝါ) မိမိ အထီးတည်း တည်ငြိမ် စွာ စံနေသည့် အခါ၌ မိမိ သန္တာန် သည် အပြည့်အဝ ဗလာ ကျင်း၊ ရှင်းလင်း နေမြဲ ဖြစ် သည်။ ယင်း ဗလာ ကျင်း နေသော၊ ရှင်းလင်း နေသော အဖြစ်သည် (၎င်း ၏ သဘာဝ) နက်နဲမှု ကို ဆောင်ကြဉ်း ပေး၏။ ယင်းနက်နဲမှု အဖြစ်ကို ဘာသာတရား အားလုံး ၏ အခြေခံပင် ဖြစ်ကြောင်း ဆရာ တို့ ညွှန်းဆို ကြ၏။

ထို့ကြောင့် ဆရာတစ်ပါးက တစ်နေရာ တွင် အောက်ပါ အတိုင်း ဆိုသည်။

To be alone is a great opportunity, a blessing, because in your aloneness you are bound to stumble upon yourself and for the first time remember who you are. To know that you are part of the divine existence is to be free from death, free from misery, free from anxiety; free from all that has been a nightmare to you for many many lives.

……………
July 1st 2012 at 10:50 AM
……………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: