ပျင်းရိမှုကို စမ်းကြည့်သော အခါ

ခင်ဗျား ပျင်းရိ တယ်- ငြီးငွေ့ တယ် လို့ ပြောတဲ့ အခါ အဲ့ဒါဟာ တခြား အဖြစ်ကို ဆိုလိုတာ မဟုတ် ဘူး။ ခင်ဗျား စိတ် မှာ အသစ် အသစ် အတွေ့ အကြုံ တွေ မရှိ တော့ဘဲ – ဖရိုဖရဲ ပြိုကွဲ သွားတဲ့ အခြေ အနေ ကို သာ ဆိုလို တယ်။ စိတ် သမ္ပဇဉ် မှာ ဘယ် အသစ်မှ မကြုံတွေ့ မခံစား မိဘူး လို့ ပြော ရ မှာပဲ ။ ဒါပေ မယ့် အဲ့ဒီ အတိုင်း ပြင်းပြင်း ထန်ထန် ငြီးငွေ့ လာတယ် ဆိုတဲ့ အခါ – အဲ့ဒီ ငြီးငွေ့နေ တဲ့ စိတ် ကို ဆက်ခါ ဆက်ခါ မွေးမြူ ရင်း နေကြည့်ပါ။ အဲ့ဒီ ငြီးငွေ့ တဲ့ မိမိ စိတ် အဖြစ် ကို လက်ခံ ကြည့် ပါ။ စိတ်အစဉ် အတွေးတွေ ဖရိုဖရဲ အဖြစ် ကနေ လုံးဝ ရပ်တန့် သွားကြောင်း တွေ့ ရ ပါလိမ့် မယ်။ ဘာလို့ဆို အဲ့အချိန် မှာ အတွေးတွေ က ရှေ့ဆက် အလုပ် လုပ်လို့ မရတော့ တာ ကြောင့် ပဲ။

စိတ်အတွေး တိုင်း ဟာ တက်ကြွ ရမယ့် အခြေအနေမှာသာ အမြဲတမ်း ရှင်သန် နေ လိုပါတယ်။ ကြည် စင် နေတဲ့ – ပေါ့ပါး နေ တဲ့ – အသစ် အသစ် ဖြစ်နေ တဲ့ အပေါ်မှာသာ အမြဲ တည် မှီ လို တယ်။ ဘာ စိတ် လှုပ်ရှား စရာ မှ မရှိတော့ဘူး ဆိုရင် စိတ်အတွေး တွေလည်း တစ စီ ကောက်ရ သိမ်းရ ခက် သွား တော့တယ်။ စိတ် အတွေး တွေ အလုပ်လုပ်နိုင်စွမ်း “အား” နည်း သွား တယ် ။ အဲ့လို အခြေ အနေ မှာ ကြည့်ကြည့်ပါ – ခင်ဗျား ပထမ ဆုံး – ဘာဝနာ ရဲ့ ရသ ကို ခံစား ကြည့် လို့ ရတယ်။

ပြီးခဲ့ တဲ့ အတိတ် ကာလ အချိန်တွေ က လူတွေ ဟာ ဘာဝနာ မှာ အားကောင်း ကြတယ်။ ဘာကြောင့် လဲ။ အကြောင်း က – အဲ့ဒီ အတိတ် ကာလ ကမ္ဘာ၊ လူ့ အဖွဲ့ အစည်း ဟာ ဒူပေ ဒါပေ – ဒုံးရိုး တွေ နဲ့ လည်ပတ် နေပြီး – အင်မတန် ပျင်း စရာ ကောင်း လို့ပဲ – လို့ ကောက်ချက် ချရ ပါ လိမ့်မယ်။ တိုင်း၊ နိုင်ငံ ၊ မြို့ရွာ စသဖြင့် မှာ ကြည့်ရင် တော်ရုံတန်ရုံ – အပျော် အသစ်အဆန်း ဆို တာ ရှားပါး တယ်။ ရာစုနှစ် ပေါင်း များ စွာ အဲ့ဒီ အသွင် သဏ္ဍာန် နဲ့ လည်ပတ် ရှင်သန် နေခဲ့ ကြ တယ်။ အဲ့ အတွက် လူတွေ ရဲ့ စိတ် မှာ ဘာသာရေး၊ ဘာဝနာ အရေး အရာ ဘက် ကို အာရုံ စူးစိုက် မှု ပိုများ တယ်။ အဲ့ဘက် မှာ အား ကောင်း တယ်။ ဥပမာ – သတင်းစာ မရှိဘူး – ရေဒီယို မရှိ ဘူး – တီဗီ မရှိ ဘူး၊ အခု ဖေ့ဘုတ်ခ် ကြီး မရှိ ဘူး။ ဒါ့ကြောင့် — ရိုးရှင်းပါတယ် – စိတ်အတွေး အတွက် အလုပ် လုပ်စရာ များများ စားစား သိပ် မရှိ ဘူး။ ခင်ဗျား ပုံမှန် အလုပ် လုပ်မယ်။ အက အခုန် နည်းနည်း နဲ့ ပျော်ပါး နိုင် တယ်။ ပြီးရင် – သက်တောင့်သက်သာ နားနေ နိုင် တယ်။ အဲ့အချိန် မှာ ခင်ဗျား အတွက် အခြား စိတ် သွား စရာ မရှိ – ဘာဝနာ လုပ်ကိုင် ရ အင်မတန် လွယ်ကူ ပါတယ်။


ခေတ်သစ် ကမ္ဘာ မှာတော့ – ဒီလို မဟုတ် ဘူး။ ခက်ခဲ ရှုပ်ထွေး လာတယ်။ အရာရာမှာ တိုးတက် မြန် ဆန် နှုန်း ပိုများ လာ သလို၊ ခင်ဗျား စိတ်လှုပ်ရှား စရာ အတွက် အနီးအပါး မှာတင် လွယ်လင့် တကူ ရှာဖွေ နိုင်နေတယ်။ တကမ္ဘာ လုံး ရွာ တစ် ရွာ ဖြစ် လာတယ် ဆိုတဲ့ စကား က “နိုင်ငံရေး” နယ်ပယ် မှာ မဟုတ် ပါဘူး- မမှန်ပါဘူး – လို့ ဘယ်လို ငြင်းငြင်း၊ လူမှု နယ်ပယ် မှာတော့ ငြင်း မရ တဲ့ အချက် ဖြစ် လာ ခဲ့ တယ်။ အရာ တစ်ခုချင်း စီ ရဲ့ ပြောင်းလဲမှု တိုင်းကို လက် လှမ်း မီ ရင် မီသလို တစ်စ စီ လှမ်းယူ ကြည့်နိုင် နေတယ်။

ဒါ့ကြောင့် ဒီနေ့ လုပ်တဲ့ အလုပ်ကို နောက်နေ့ ခင်ဗျား ထပ်ခါ ထပ်ခါ လုပ်နေဖို့ ဆို တာ ပျင်းရိဖို့ မလို တော့ ဘူးရယ်။ ခင်ဗျား ပြောင်း လွဲ နေနိုင် တယ်။ အသစ် အဆန်း ရှာဖွေ နိုင် တယ်။ ခင်ဗျား ပျင်းရိ ငြီးငွေ့ စိတ် နည်းနည်း ဖြစ်လာရင် – အလွယ် တကူ အခြား သွား – ဖောက် ထွက် ပစ်လို့ ရတယ်။ အဲ့ဒီ အခါ စိတ် သန္တာန် တစ်ခု လုံး ဟာ မြူးကြွနေမယ့် အဖြစ်ကိုသာ အဆ မတန် တောင်း ခံ ငံ့လင့် နေ ပါတယ်။ ဘာလို့လဲ ဆိုတော့ – တောင်းခံ တဲ့ အတိုင်း ရနိုင်မယ် လို့ မျှော်လင့် ရတဲ့ လမ်းကြောင်းတွေ က ဥဒဟို ရှိနေကြတယ်။

တကယ်က — ခင်ဗျား ဆီမှာ အရာ နည်းနည်း နဲ့ပဲ ထပ်ခါ ထပ် ခါ ရှင်သန် နေ ကြည့်ပါ။ အစပိုင်းမှာ ခင်ဗျား နေမရ ထိုင် မရအောင် ပျင်းရိ လာ မှာပဲ။ တဖြေးဖြေး သည်းခံ ပြီးသာ သွား — စိတ် သန္တာန် တစ်ခု လုံး တစ်စစ ငြိမ်သက် လာတာ တွေ့ရ လိမ့် မယ်။ ခင်ဗျား သည်းခံ နိုင် လာလေ၊ မိမိ ကိုယ် ကိုယ် ပို ပြီး စောင့်ကြည့်နိုင်လာလေ – ခင်ဗျား ရှင်သန် နေတဲ့ ဘဝပုံစံ ငြိမ်ဝပ် သွားလေ ဖြစ် လာပါ လိမ့် မယ်။ ဒီလို အဖြစ်မျိုးကို သိပ်ကြာကြာ စမ်းသပ် ကြည့် ဖို့ မလိုဘူး – တစ်ပတ် နှစ်ပါတ်လောက် ပဲ အချိန် ယူ ကောင်း ယူ ရမယ်။ လူသံ သူသံ ဆိတ် မယ့် – သိပ်များများ စားစား သုံးရ စွဲရ မလိုတဲ့ တစ်နေရာ မှာ (ဥပမာ – မိမိ အခန်းထဲ မိမိ လိုသလောက် စားနပ် ရိက္ခာ ဖြည့် ပြီး တံခါး ပိတ်ထား ရင်း) ဘာမှ မလုပ် ဘဲ နေ ကြည့် ပါ။ ခင်ဗျား ကြုံတွေ့ရ မှာ နှစ်ခု ပဲ ဖြစ်ပါ တယ် — တစ်ခု က စိတ်ငြိမ် သွား ဖို့ နဲ့ — နောက် တစ်ခု က ရူးသွား ဖို့။ အဲ့ဒါလေး ပဲ။

ပျင်းရိ ငြီးငွေ့ စိတ် ကို နားမလည်ရင် – သည်းမခံ နိုင်ရင် – ခင်ဗျား ရူးသွား မှာ ဖြစ်ပြီး၊ သည်းခံ နိုင် – နားလည် နိုင် သွား ရင်တော့ – ခင်ဗျား စိတ်သန္တာန် တစ်ခု လုံး ငြိမ်ဝပ် သွား မှာ ဖြစ် ပါတယ်။ အဲ့လို စိတ် ငြိမ်ဝပ် သွားချိန်မှာ ရှိတဲ့ အရသာ ဟာ စာ နဲ့ ရေးပြလို့ မရနိုင် ဘူး ရယ်။ ဒါ့ကြောင့် ပျင်းရိ တယ် – ငြီးငွေ့ တယ် ဆိုတဲ့ အဖြစ်ဟာ ကျိန်စာ တစ်ခုလို မလိုလား အပ်တဲ့ အရာတော့ မဟုတ် ဘူး လို့ ကျနော် ပြော ရလိမ့်မယ် ။ ခင်ဗျား ကိုင် တွယ် တတ်မှု အပေါ်ပဲ မူတည် တယ်။ မိမိ ကျင်လည်ရင် ကျင်လည် တဲ့ အလျောက် ချမ်းမြေ့ ငြိမ်သက် မှု အဖြစ် ပုံပြောင်း ယူ သွား နိုင်တယ်။

(စမ်းကြည့်ချင်တယ် ဆိုရင်တော့ – ကြည့်လုပ်ပေါ့ဗျာ :D)

…………………..
July 12nd 2012 at 10:50 AM
……………………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

One Response to ပျင်းရိမှုကို စမ်းကြည့်သော အခါ

  1. k2 says:

    ဖတ်ရတာ တကယ် အက်ျုးရှိပါတယ်။ ခုခေတ်ကြီးမှာ အာရုံတွေနောက် လိုက်ရင်းနဲ့ ပင်ပန်းမှု့တွေသာ အဆုံးသတ်နေရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: