အလွဲ

အန္တိမ သစ္စာ ဆိုတဲ့ ပါဠိသက် စကားလုံး လှလှအောက်မှာ – ကြည်လင်တဲ့ အသွင် သာ စီးဆင်း တည်ရှိ တယ်။ လူပေါင်း များစွာ လည်း ဒါကို ရှာဖွေ ကြတယ် လို့ အမည် ကြွေးကြော် တယ်။ လိုချင်ကြတယ်။ ဒါဟာ ငြိမ်းချမ်းရာပါ လို့ တမ်းတတယ်။ အဲ့ဒီ သစ္စာတရား ဟာ အဝေးကြီး မှာ မဟုတ်ဘူး။ အကွာအဝေး မဟုတ်ဘူး ရယ်။ တစ်နည်း – အတိုင်းအထွာ အတွင်း တည်ရှိ နေတာ မဟုတ်ဘူး။ မိမိနဲ့ အနီးဆုံး၊ မိမိ ကိုယ်တိုင် ဆီကိုသာ ဦးညွှတ် ရှိနေပါတယ်။

မိမိ မျက်လုံး ဟာ သူ့ကိုယ်သူ ပြန်မမြင်ဘူး။ မြေနဲ့ နီးတဲ့ ခြေထောက် ဟာ မြေကို မမြင်ဘူး။ မြေပြင် မှာ နေထိုင် သွားလာနေ ပေမယ့် ကမ္ဘာအဝန်း ကို မမြင်ဘူး။ နီးလွန်းလို့ မမြင်တာနဲ့ – ကြီးလွန်းလို့ မမြင်တာ – ဒီနှစ်ခု ကွာတာပါပဲ။ ဒီလက္ခဏာ နှစ်ခု စလုံး ဟာ – တရား ဓမ္မရဲ့ သဏ္ဍာန်တူ လက္ခဏာရပ် များ ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင့်လည်း သစ္စာ ဓမ္မနဲ့ အကြိမ်ပေါင်း များစွာ လွဲခဲ့ကြ ရတယ်။ နှစ်ကာလ ပေါင်း များစွာ စံစား ခံစား ဖြတ်သန်း ခဲ့ရတယ်။

အများ ပြုကျင့်ရင်း အထုံဓလေ့ ဖြစ်ခဲ့တဲ့ အမှု တွေထဲမှာ – ထပ်ဖန် တလဲလဲ လွဲချော်နေရခြင်း အဖြစ် ဟာ အထင်ကရ နေရာမှာ ရှိတယ်။ အများစု ဟာ ဒီလို လွဲချော် နေ ရတာကို ကျင့်သား ရနေကြ ပြီးသားရယ်။ ဒီ အကျင့်ကို မပြင် နိုင်မချင်း၊ အနီးဆုံးဟာ အဝေးဆုံး မှာ ရှိနေ ပြီး၊ အနားပါး နေရက်နဲ့ မမြင်နိုင်ဆုံး အရာ ဖြစ်နေ ဦးမှာပဲ။ ဒီ လွဲချော် နေတဲ့ အကျင့်ကို မပြင် နိုင်မချင်း၊ “ဘုရားသခင်၊ သစ္စာ တရား၊ ကောင်းကင်ဘုံ၊ ဂျန္နသ်၊ နိဗ္ဗာန” ဒါမှမဟုတ် ကြိုက်ရာ အမည်တစ်ခုခု နဲ့ ဘယ်လို တမ်းမှန်း ကြပါစေ – နက်နဲ သိရ ခက် နေဦး မှာပဲ။ သီအိုရီ တွေ၊ ဝါဒတွေ အငြင်းပွား နေဦးမှာပဲ။ ယုံကြည်ရမယ် – မယုံကြည်ရဘူး- ကျင့်မယ်- မကျင့်ဘူး တွေနဲ့ … စင်စစ် ဓမ္မ က လွဲချော် နေကြ ဦးမှာပဲ။

ဆားရဲ့ အငန်ဓာတ်ကို မစားဘူးသေးဘဲ၊ ဆားဟာ ငန်နေ ပါကြောင်း ယုံကြည်နေရုံနဲ့ အဲ့ဒီလူ ဘာဖြစ်မှာလဲ။ လက်တွေ့ ငန်တဲ့ အရသာ ကို မသိတာ က မသိတာပဲရယ်။ ကံဆိုးရင် – အဲ့ဒီ ယုံကြည်နေတဲ့ စိတ်ဟာ ဝန်ထုပ်ဝန်ပိုး ပါ ဖြစ်သွားတယ်။ အတားအဆီး ပါ ဖြစ်သွား တယ်။ “ဆားငန်ကြောင်း ငါယုံတယ်” ဆိုတဲ့ စိတ်ဟာ “ဆားငန် တာ ငါသိတယ်” ဆိုတဲ့ စိတ်ဆီ ဟန်ဆောင် ပန်ဆောင် အသွင်ပြောင်း ယူတယ်။ ဆားကို ရှာဖွေဖို့၊ ဆားကို ထိတွေ့ စားသုံးကြည့်ဖို့ – စိတ်ကူး၊ အကြံဉာဏ်၊ ရှာဖွေမှု၊ အားထုတ်မှု၊ စားကြည့်မှု – အဲ့ဒီ သန္တာန် အားလုံးကို ဒီ “မျက်ကန်း ယုံကြည်နေ စိတ်”က ပိတ်ချ ပစ်လိုက်တယ်။ အဲ့လိုနဲ့ ဒီလူဟာ ဆားပိုင်းဆိုင်ရာ သီဝရီတွေ၊ ဝါဒတွေ ပို့ချ ဟောပြော သွားရင်း သေသာ သွားမယ် – ဆားရဲ့ အရသာကို တကယ် မသိ ဖြစ်ခဲ့ရတော့တယ်။

ဗုဒ္ဓလည်း ဟောတယ်။ ယေရှုလည်း ဟောတယ်။ မိုဟာမက်လည်း ဟောတယ်။ သူတို့ ဟောသမျှ – “ယုံကြည်ဖို့” စိတ်နဲ့ လိုက်ရင်- အဲ့ဒီလူ တွစ် ဖြစ်သွားမှာ။ ရူးသွားမှာပဲ။ သူတို့ သန္တာန်ရဲ့ ရင်တွင်း ဗဟိုကို – ယုံကြည်ရုံနဲ့ မရောက်ဘူး။ “ကိုယ်တိုင်သိ” နဲ့ သာ ရောက်ပါတယ်။ ယုံကြည်လို စိတ်က – အဲ့ဒီလူ တွေ့သိ ချင်နေတဲ့ ဒီပုဂ္ဂိုလ်များရဲ့ ဓမ္မကို မြင်ဟန်ဆောင် ပြီး ပိတ်ပင် ပစ်တော့တယ်။ အဲ့လိုနဲ့ ဒီလူဟာ – သိ လည်း မသိ ပဲ၊ – မိမိကိုယ်ကိုယ် သိတယ်လို့ လိမ်ညာမိရင်း – အနီးဆုံးက ဝေးသွား ရတယ်။

ဒါ့ကြောင့် လွဲခဲ့ ရသမျှ အလွဲတွေ ထဲမှာ – အသိ မပါဘဲ၊ ယုံလို့ တစ်ခုတည်း – လွဲရတဲ့ အလွဲ တွေသာ များများနေ ရတော့တယ်။


………………….
August 22nd 2012 at 6:20 AM
………………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: