တိလောပ၏ “ဝါးပင်ကဲ့သို့သော”

“ကြာ” လို့ ပြောရင် – မြင့်မြတ်တဲ့ တံဆိပ် သင်္ကေတ အဖြစ် အသိများတယ်။ ကြာပင်၊ ကြာဖူး၊ ကြာနွယ် ကို ရှင်းသန့် ကြည်လင်တဲ့ ဘာဝနာ သရုပ် အဖြစ် နှိုင်းတတ် တယ်။ ရွှံ့ညွံ အိုင် လို့ အညစ် အထေး ကနေ ခွဲထွက်ပြီး လှပကြည်စင် တဲ့ အဖြစ် ကို ပိုင်ဆိုင် ရတယ်။ ဒီ အနှစ်သာရ ကို “ကြာ” နဲ့ ပမာဆိုရတာ အသင့်လျော်ဆုံးပဲ။ ဒါ့ကြောင့် အရှေ့တိုင်း ဘာသာရေး တွေမှာ – စိတ်နှလုံး ကြည်စင်မှု ကို ပုံဖော် တဲ့ အနုပညာ လက်ရာ တွေကို ကြည့်ကြည့်။”ကြာ” ပင်/နွယ်/ဖူး တွေရဲ့ ကနုတ် လက်ရာတွေ၊ ပန်းချီကား တွေ၊ အက သုခုမ တွေ က အထင်ကရ နေရာ ယူပါတယ်။

ကြာ နဲ့ မတူဘဲ၊ စိတ်နှလုံး ရေးရာ အတွက် ဒုတိယ နေရာ ယူထားတာက “ဝါး” ပင်/ညွှန့် လေးတွေ ပဲ။ ဘာသာရေး နယ်ပယ် မှာ ဘယ်သူမှ သူ့ကို မြင့်မြတ်တယ် လို့ လည်း မယူဆ သလို၊ ယုတ်နိမ့် တယ် လို့လည်း မယူဆတတ် ဘူး။ ဒါပေမယ့် သူ့ကို မြင်ရင် – အေးမြစိတ်၊ လွမ်းမော စိတ်တော့ ဖြစ် တယ်။ အရှေ့တိုင်း Mystic ဆရာ – တိလောပ ရဲ့ စကား ရှိတယ်။

“Like a hollow bamboo
rest at ease with your body.
Giving not nor taking,
put your mind at rest.”

အတွင်း ဗလာနဲ့ ဝါးပင်လေး ကို ကြည့်၊
ခန္ဓာကိုယ်က ပျော့ပျောင်း ပေါ့ပါး။
ပေးလည်း မပေး၊ ယူလည်း မယူ၊
စိတ်သန္တာန်တွေ ခဏနား။

တကယ်လည်း ဝါးပင် တစ်ပင် အတွက် – သူ့ အတွင်း ရှင်သန်မှုဟာ အခေါင်းပေါက် ဗလာသာ ပဲ။ အခြား ဘာမှ ပေးစရာ မရှိဘူး။ ဘာမှ ယူစရာ လည်း မရှိဘူး။ ပေးလည်း မပေး၊ ယူလည်း မယူ၊ သူ့ဟာသူ အထီးတည်း ရှင်သန်တယ်။ အဲ့လိုနဲ့ပဲ သူ့အဖြစ်က နေရာတိုင်းမှာ ဝင်ဆံ့တယ်။ ဇင်မှာ ဒီသဘောကို အပြည့် အဝ ဖော်ကျူးလေ့ ရှိပါတယ်။ ဇင် စွက်တဲ့ အနုပညာလက်ရာ တွေမှာ ဝါးရုံ ပင် လေးတွေ၊ ဝါးညွှန့်လေး တွေကို အနည်းနဲ့ အများ တွေ့ရမှာပဲ။

ဝါးရုံပင် အောက်မှာ ထိုင်။ မကြာခင် လေညှင်း တိုက်ခတ် လာမယ်။ ဝါးရုံတို့ လေတိုး – တရှဲရှဲသံ မြိုင်နေမယ်။ လေညှင်း အချို့ ကိုယ့်ကို လာထိတယ်။ တကယ့် အမှန်က- လေညှင်း အချို့ – ကိုယ့်စိတ်ကို လာထိ တယ်။ လေညှင်းရယ်၊ ဝါးရုံပင်ရဲ့ တရှဲရှဲ သံရယ် – အဲ့ နှစ်ခုအောက် မှာ – ကိုယ်ကိုယ်တိုင် လည်း ဝါးရုံပင်လေး ဖြစ် တယ်။ ကိုယ်ကိုယ်တိုင်လည်း တရှဲရှဲ သံ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် လည်း လေညှင်း ဖြစ်တယ်။ ဘာဝနာ ဟာ အခြားမလိုဘူး။ ဝါးပင် လေးလို – အတွင်းဗလာ နဲ့ ဆိတ်ငြိမ် နေမယ်။ ဖွင့်ဟ နေရုံလေးပဲ လိုတယ်။

……………..
August 24th 2012 at 9:38 AM
……………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: