ပလုံ

ကုန်းခေါင်ခေါင်က ပင်လယ်ပြင်ထဲ
ငါးတစ်ကောင် ကားခနဲ ခုန်အဆင်း
ပင်လယ်ပြင်က နှုတ်ခွန်းဆက်
“ဩ- ပြန်လာပြီလား” တဲ့။

ဆူဖီဆရာ ရူမီရဲ့ ဒီကဗျာလေးက ဇင် ဟိုက္ကု ကဗျာလေး တစ်ပုဒ်နဲ့ ဆင်တူတယ်။ မူလဘူတ ဌာနေကို ပြည့်ပြည့်ဝဝ ရောက်ရှိတဲ့ သူ အတွက် – နေထိုင်တဲ့ ခဏတွေ ဟာ မေးခွန်း မရှိ၊ အဖြေ မလို၊ ဟိုသည် ဖွေရှာ နေတဲ့ အဖြစ် အားလုံး ရပ်တန့်သွား တာ တွေ့ရ ပါလိမ့်မယ်။

တစ်ခဏတာ ကိုသာ မြင်သူ အတွက် အတိတ် ဟာ စွဲညိ မနေဘူး။ တစ်ခဏတာ ကို မိမိ ရရ ရှုမှတ် နိုင်သူ အတွက် အနာဂတ် လည်း မလိုအပ်ဘူး။ အတိတ်၊ အနာဂတ် ရှိ မနေသူ အတွက် ဘယ် မေးခွန်းမှ မပေါ်ပေါက် ဘူး။ ဒါကြောင့် အဲ့လူဟာ ဘယ် အဖြေကိုမှ ရှာ မနေတော့ဘူး။မေးခွန်း၊ အဖြေ ရှာဖွေ နေသမျှ ရပ်တန့်သွား တဲ့ ခဏကို တစ်ကြိမ်တစ်ခါ ကြုံတွေ့ရတယ် ဆိုဦး။ ပူလောင် အိုက်စပ် တဲ့ ကန္တာရပြင် ထဲ အချိန်ကြာမြင်အောင် ဝဲလှည့်နေတဲ့သူ တစ်ယောက် – အိုအေစစ် ထဲ ဘွားခနဲ ရောက်သွား ရသလို သိသာ နေလိမ့်မယ်။ အချိန်ကာလရဲ့ အချုပ်အနှောင် ကြား မျောလွင့်နေရာ ကနေ ဝုန်းခနဲ လွတ်ထွက် ကင်းရှင်း သွားကြောင်း မြင်တွေ့ရလိမ့်မယ်။

An Ancient Pond.
The Frog jump out.
Plop.

အိုင်အိုကြီးပါလား၊
အလို ရွှေဖား ခုန်ဆင်းသွား၊
ပလုံ။

ဒီ ဟိုက္ကုရဲ့ နောက်ဆုံး ပါဒ – “ပလုံ” ရဲ့ နောက်မှာ ဘာ လိုအပ် သေးသလဲ။ ဒီ ခဏ မှာ – ကာလ ရော၊ ဒေသ ရော၊ အညွှန်းဘောင် အားလုံး ချုပ်ပျက် ပြီးသား ပြည့်စုံပြီးသား ဖြစ်ပါတယ်။ အဲ့အတွက်က ဒီတစ်ခဏ ကို ရှင်းရှင်း မြင်နိုင်ဖို့လေး တစ်ခုတည်း။
……………….
“Becomes the Ocean” Essay 4.
Photo from “Vertical Here-Now.”
……………….
August 28th 2012 at 9:57 PM
……………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: