Nightmare

“အပြေးကောင်းသူမှာ ခြေရာမကျန်၊
စကားပြောကောင်းသူမှာ အမှား မရှိ၊”

တောက်တယ်ကျင်း ထဲက စာတိုလေး တစ်စ။ ကျနော့ အဖို့ ချစ်စရာ ကောင်းတယ်။ ဒီ တစ်လံ တစ်ထွာ ကိုယ်ခန္ဓာ အတွင်း ကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ထိုးမွှေ ခုန်ချ ခဲ့ဖူးသလဲ။ မိမိ အသိစိတ် အတွင်းထဲ ခဏတိုင်း ခဏတိုင်း – တိုးဝင် ကြည့် တဲ့အခါ – ဘယ်အရာ ကိုမှ ခြေရာ မချန်ထား ခဲ့ဘဲ ပြေးလွှားနေတဲ့ မိမိ အဖြစ် ကို တဖြတ်ဖြတ် မြင်နေ ရမှာပဲ။ ဘောင်ကွပ် နေတဲ့ အရေပြား တစ်ထောက် ဟာ အကျဉ်းထောင် နံရံ ထက် ပိုမာ နေတာ တွေ့ရမယ်။ တစ်ခါမှ ခွဲဖြတ် မလာ နိုင် တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် – ဒီ ကာလတွေ ကို လည်း လှောင်ရယ် ရယ်မိ လာလိမ့်မယ်။

ကျေးငှက်တွေ လိုပဲ။ စင်စစ် ငှက် တစ်ကောင် ဟာ သာမာန် အချိန်မှာ – တောင်ပံ နှစ်ဘက်ကြား က သတ္တဝါ။ ဒီထက် မပိုဘူး ရယ်။ ဒါပေမယ့် တောင်ပံ နှစ်ဘက်ကြား က ဝုန်းကနဲ ရုန်းကြွ ပြီး ပျံနိုင်မှ – ကောင်းကင်ယံ မှာ ဝင့်ကြွား နေလိမ့်မယ်။ သူ့ကို ငှက်တစ်ကောင် သာ ဖြစ်တယ်လို့ ဘယ်သူ မြင် မလဲ။ ယခင့်ယခင် အောက်ခြေ အသိုက် ကနေ ငေးကြည့် ရုံ ရှိခဲ့ဖူးတဲ့ တိမ်သလ္လာ ဘဝတွေ ဟာ မိမိ အတွက် အလှပဆုံး ဖြစ်ကြောင်း မြင်ရလိမ့်မယ်။ ဘယ်သူတွေ ဘယ်လို ထင်ခဲ့ ထင်ခဲ့၊ အမြင့်ဆုံး ဝဲပျံ နေ တဲ့ သူ ဟာ – အဦးဆုံး ရောက် လာတဲ့ နေခြည် ကိုလည်း အလန်းဆန်းဆုံး သောက်ရ လိမ့် မယ်။ အသိုက်မြုံထဲက ဥခွံပေါက်စ ယခင် ဘဝဟာ သူ့အတွက် အိပ်မက်ဆိုး အဖြစ် ကျန်ရစ် ခဲ့တယ်။

စင်စစ် သံသရာ တစ်လျောက်လုံး၊ အရယ်ရဆုံး ဟာသ ပျက်လုံး ဟာ ဒီခန္ဓာ မှာသာ ရှိပါတယ်။
……………………
“Becomes the Ocean” Essay 5
Photo from “Vertical Here-Now.”
……………………
August 30th 2012 at 10:00 AM
……………………
http://zayya.blog.com
https://zayya.wordpress.com/
http://zayyah.blogspot.com/
…………………….

About zayya
Just Be. That's Enough! Shared words with Silence.

One Response to Nightmare

  1. Mg Ogga says:

    “စင်စစ် သံသရာ တစ်လျောက်လုံး၊ အရယ်ရဆုံး ဟာသ ပျက်လုံး ဟာ ဒီခန္ဓာ မှာသာ ရှိပါတယ်။” ဒီစာကြောင်းလေး ကြိုက်လို့ မသွားပြီ အကိုရေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: