ဒါတွေဟာလည်းပဲ (Zen Story)

10345549_872107506137832_783934354415257595_nကမ္မဋ္ဌာန်း၊ ဘာဝနာ ကျင့်ကြံအားထုတ်နေဆဲ တပည့်လေး တစ်ယောက်ဟာ ဇင်ဘုန်းတော်ကြီးဆီ ရောက်လာပြီး၊ တရားလာစစ်တယ်။

“အရှင်ဘုရား၊ တပည့်တော် ကမ္မဋ္ဌာန်း အချိန်ကြာကြာ ထိုင်ပါတယ်။ ကြောက်စရာ ကောင်းလှပါတယ် ဘုရား။ စိတ်ပျံ့လွင့်လို့ စိတ်ပျက်ရတာလည်း အလီလီပါ။ ဝေဒနာ ပေါင်းစုံ ပေါ်လို့ အခံရခက်ရတာလည်း အလီလီပါ။ တပည့်တော်ကို လမ်းညွှန်တော်မူပါဦး ဘုရား။”

တပည့်လေးက လျောက်တော့ ဆရာတော်က တစ်ခွန်းတည်း ပြန်ဖြေပါတယ်။
* “အဲ့ဒါတွေ ပြီးသွားပါလိမ့်မယ် ငါ့တပည့်” တဲ့။

ဒီစကားကို မှတ်သားလို့ ပြန်သွားပြီး၊ ကာလအတန်ကြာတဲ့နောက် အဲ့ဒီ တပည့်လေး နောက်တစ်ခေါက် ရောက်လာပြန်တယ်။ ဇင်ဘုန်းတော်ကြီးကို ပြုံးပြုံးရွှင်ရွှင် ဦးခိုက်ရင်း –

“အရှင်ဘုရား၊ တပည့်တော် ကမ္မဋ္ဌာန်း အချိန်အတန်ကြာ ထိုင်လို့ ရနေပြီ။ ဝမ်းမြောက်စရာပါဘဲ ဘုရား။ စိတ် တည်ငြိမ်လာ၊ ကြည်လင်လာသလို၊ ဝေဒနာတွေလည်း ကင်းလို့၊ နှလုံးတစ်ခုလုံး အေးချမ်းနေရပါတယ် ဘုရား။ တပည့်တော် ဘာဝနာကို အားရလွန်းလှပါတယ်။ အရှင်ဘုရား ကျေးဇူးကြောင့်ပါ”

တပည့်လေးက လျောက်တော့ ဆရာတော်က တစ်ခွန်းတည်း ပြန်ဖြေပါတယ်။
* “အဲ့ဒါတွေလည်း ပြီးသွားပါလိမ့်မယ် ငါ့တပည့်”

………………………..
With Love,
Zayya

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: