Flourescence

11705167_1147831155232131_5451971540815880165_n
မည်းပြောင်နေတဲ့ ကတ္တရာရောင် လမ်းမကြီးကို နောက်ခံထားပြီး၊ တိတ်တဆိတ် မောင်းထွက်သွားကြတဲ့ ကားကြီး ကားငယ်တွေကို ငေးကြည့်နေမိတယ်။ နို့ … တကယ် မောင်းထွက်သွားသူဟာ ကားတွေလား၊ နို့….. ရှည်လျားလှတဲ့ မည်းပြောင်ပြောင် ဒီလမ်းမကြီးလား၊ ဒါမှမဟုတ် ရပ်နေတယ်လို့ (ကိုယ့်ကိုယ်ကိုယ်) ထင်နေတဲ့ ကိုယ်ကိုယ်တိုင်လား မကွဲပြားမိ။

တစ်ခါက အဓိပတိလမ်းမကြီးပေါ်မှာ ဆေးလိပ်ပြာခြွေရင်း တွေးမိသလိုမျိုး။ အခြားနေရာမှာ ခြွေတဲ့ ဆေးလိပ်ပြာနဲ့ ဒီမှာ ခြွေတဲ့ ဆေးလိပ်ပြာ၊ ကြွေတာချင်း အတူတူ ဂုဏ်မတူသလိုလို။ စိန်ပန်းပင်ကြီးက ပွင့်နီတွေကြွေတာ မြင်တော့ အခုကြွေတဲ့ ပန်းဟာ အရင်က ကြွေတဲ့ ပန်းထက်ပဲ ပိုဂရုဏာ သက်ရမလိုလို။

တစ်ခါက မှတ်သားခဲ့ဖူးတယ်။ ရုရှားစာရေးဆရာကြီး ဒေါ့စတိုယက်စကီးကို တော်လှန်ရေးအတွင်း ဖမ်းမိတုန်းက။ အကျဉ်းတိုက်ထဲ၊ တိုက်ပိတ် နှိပ်စက်ပုံများ။ အသံဆို ဘာသံမှ မကြားရအောင် အစောင့်တွေတောင် ပိုးခြေအိတ်စီးလို့တဲ့။ ပြတင်း မရှိ၊ အလင်းမရှိ၊ ပကတိ အမှောင်မှာ နှစ်ပေါက်အောင် ချုပ်နှောင်ခဲ့ကြသတဲ့။ ပြင်ပ ပယောဂဆီက ဘာသံမှ မကြားရတဲ့ အဲ့ကာလမှာ သူ ကြားသိနိုင်ဆုံးအသံဟာ သူ့ အသက်ရှူသံရယ်…။ နောက်ပြီး….. သူ့ရဲ့ နှလုံးခုန်သံရယ်။

နောင်ကာလများမှာ – ဒေါ့စတိုကြီး ရေးခဲ့ဖူးတဲ့ စာသားကို မူရာကာမိကြီးကလည်း ခိုးချခဲ့သေးသပေါ့။
“ပိန်းပိတ်နေတဲ့ ဒီအမှောင်လောကမှာ ကိုယ့်နှလုံးခုန်သံကို ကိုယ် အတိုင်းသားကြားရတာလောက် ကြောက်စရာကောင်းတာ မရှိဘူး” တဲ့။

– သူ့စကားကို သူ့ဘာသာသူ ခေါင်းညိမ့်အတည်ပြုနေတဲ့ ဒေါ့စတိုယက်စကီးကြီးရယ်၊
– ကားလမ်းမကိုလား ကားကိုလား ကိုယ့်ကိုယ်ကိုယ်လား မသိ၊ ငေးနေမိတဲ့ ကျွန်တော်ရယ်၊
– ကြွေချင်သလို ကြွေနေတဲ့ ရှေ့နားဆီက စိန်ပန်းတွေရယ်ဟာ …

ဘေးမှာ တွတ်တီးတွတ်တာ ပြောနေတဲ့ ချစ်ဇနီးသည်ရဲ့ ယန်းပေါဆက်ကြီး အကြောင်း အောက်မှာ တဖြည်းဖြည်း မှုန်ရီမှုန်မွှား ပျောက်သွားတော့တာပါပဲ။

……………………
July 09th 2015 at 9:00 PM
With My Beloved Ma, Lin Lin Latt

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: