သူ့အပူ

12039208_1197132153635364_8094652938933566165_nအတွေးဟာ ဘာလို့ တောက်လျောက် ရှိနေရသလဲက စရအောင်။ ခင်ဗျားကိုယ် ခင်ဗျား ကြည့်နိုင်ရင်.. အတွေး၊ စိတ်ကူး၊ စိတ်တွေဟာ တစ်ခုပြီး တစ်ခု တရစပ် ရှိနေတယ်။ မရပ်မနား ရှိနေတယ်။ ခင်ဗျား ဆက်ပြီး စောင့်ကြည့်နိုင်မယ် ဆိုရင် သူဟာ ခင်ဗျား မခံမရပ်နိုင်လောက်အောင်လည်း ရှိနေတယ်။ ခင်ဗျား အခြားလုပ်ချင်တာ လုပ်နိုင်တယ်။ သူက မျောက်တစ်ကောင်လို တက်ကြွခုန်ပေါက် နေဆဲပဲ။ ခုန်ပေါက်နေလွန်းလို့ ခင်ဗျား မောတောင် မောဟိုက်နေတယ် မဟုတ်လား။
.
ဒါပေမယ့် ဒီလို ပင်ပန်းလွန်းပြန်တယ် ဆိုရင်းကပဲ ခင်ဗျား သူ့ဆီက ထွက်ပြေးလို့ မရပြန်ဘူး။ သူ့ရဲ့ ဩဇာအောက်မှာ ခင်ဗျား ရုန်းထွက်လို့ မရပြန်ဘူး။ မနေမနား တကုပ်ကုပ် လှုပ်လှုပ်ရွရွ ခင်ဗျား လုပ်နေရဆဲပဲ။ ဒီ့အတွက် တစ်ခါတစ်ရံမှာ (ဒါမှမဟုတ်) အချိန်တော်တော်များများမှာ ခင်ဗျား သူ့ကို ပြန်ချုပ်ကိုင်ဖို့ ကြိုးစားကြည့်သေးတယ်။ ဟုတ်တယ် မဟုတ်လား။
.
ကျမ်းစာတွေထဲမှာ၊ သမထ၊ ဘာဝနာ နည်းအမျိုးမျိုးတွေထဲမှာ၊ ဒါမှမဟုတ်၊ ခင်ဗျား ယုံကြည် ကိုးကွယ်ရာ ဂိုဏ်းဂဏ တစ်ခုခုရဲ့ ညွှန်ကြားမှု အောက်မှာ။ ဒီနည်းနာတွေ အောက်မှာ ခင်ဗျား သူ့ကို ပြန်ခုခံဖို့ ကြိုးစားပေမယ့်လည်း သူ နဲ့ ခင်ဗျားရဲ့ ကြား တိုက်ပွဲက မအေးချမ်းသွားဘူး အပြီးသတ် မရှင်းလင်းသွားဘူး မဟုတ်လား။ ခင်ဗျား ရင်ထဲမှာ တရစပ် ဆူညံနေတုန်း၊ ခုန်ပေါက်နေတုန်းပဲ။ အခု ဒီနေရာမှာ ရှိရင်း မတ်တတ်၊ ခင်ဗျား ဖမ်းဆုပ်လိုက်ရင် နောက်ခဏ နောက်တစ်နေရာဆီ ခုန်ပေါက် ထွက်သွားနေတုန်းပဲ။
.
ခင်ဗျား အိပ်နေသည် ဖြစ်စေ၊ နိုးနေသည် ဖြစ်စေ “အတွေးတွေ၊ စိတ်တွေ” ဟာ ခင်ဗျား ရင်ထဲမှာ- ပွက်ပွက်ဆူနေတဲ့ နွံအိုင်ကြီးနဲ့ တူတယ်။၊ ထိန်းမရ သိမ်းမနိုင်တဲ့ မျောက်တစ်ကောင်နဲ့လည်း တူတယ်။ အမြီး မီးလောင်နေတဲ့ ကျားတစ်ကောင် နဲ့လည်း တူတယ်။ ကိုယ့်အဇ္ဈတ္တ တစ်ခန္ဓာလုံးမှာ တားမရ ဆီးမနိုင် ပတ်မွှေ ပြေးလွှားနေဆဲပဲ။ ဒီလို မဟုတ်လား။
.
ဒီအတွေး၊ ဒီစိတ်ကို ခင်ဗျား မြင်အောင် ကြည့်နိုင်ရင်- သူ့အကြောင်းကို သိမှာပဲ။ သူ့အကြောင်းကို သိရင်- မိမိရင်၊ မိမိခန္ဓာမှာ ဘယ်တစ်နေရာများ ငြိမ်းချမ်းနေသလဲ၊ ဘယ်နေရာမှာ ဟန်ကိုယ့် ပူလောင်လွန်းလေသလဲ၊ ဘယ်တစ်နေရာများ အနားရ နေသလဲဆိုတာ ခင်ဗျား သိနိုင်မှာပဲ။
.
ဒါဆိုရင် နောက်ထပ် ခင်ဗျား စူးစမ်းလာရမယ့်၊ မေးရမယ့် မေးခွန်းက- အတွေးဟာ (၀ါ) စိတ်ဟာ ထာဝရ အေးချမ်းမှုကို မရနိုင်ဘူးလား။ ဒါမှမဟုတ် ရနိုင်သလား။ အတွေးဟာ သူ့ကိုယ်သူတော့ ပြန်တွေးနိုင်တယ်။ တစ်နည်း- အတွေးဟာ အေးချမ်းမှု အကြောင်း ကိုတော့ တွေးကြည့်နိုင် တယ်။ အေးချမ်းအောင် ကြိုးပမ်းအားထုတ်မှု မှန်သမျှ ကိုလည်း တွေးကြည့်နိုင်တယ်။
.
အတွေးဟာ မိမိဘာသာလည်း အတင်း ဖိနှိပ်ပြီး (တစ်ခဏ) ငြိမ်သက်သွားအောင်လည်း လုပ်နိုင်တယ်။ ဒါပေမယ့် ဒီလိုနဲ့ပဲ အတွေးဟာ (၀ါ) စိတ်ဟာ ချုပ်ငြိမ်းသွား အေးချမ်းသွားရောလား။ ဒါမှမဟုတ်၊ မငြိမ်မသက် တစ်ဇပ်ဇပ် ခုန်လှုပ်နေဦးမှာပဲလား။ ဒါမှမဟုတ် ဒီလို သွားလာနေတာ၊ မအေးချမ်းတာ ကိုက အတွေးရဲ့ (၀ါ) စိတ်ရဲ့ သဘာဝလား ဆိုတာ မိမိ ကိုယ်ကိုယ် မေးခွန်းထုတ်ဖို့ ပြန်လိုလာပါတယ်။
.
ဒီမေးခွန်းတွေဟာ ကျုပ်တို့ရဲ့ ဒီနေ့- ဒီကမ္ဘာက ဒီလူသား တစ်ဦးချင်းစီရဲ့ သန္တာန်မှာ မရှာဖွေတော့၊ မစူးစမ်းတော့တဲ့၊ ဘေးဖယ် လျစ်လျူရှုထားကြမယ့် မေးခွန်းတွေများ ဖြစ်နေမလား ကျုပ် စိုးရိမ်မိတာပဲ။
.
………………………
Reading “Thought is always limited”.
………………………..
Sept 29th 2015 at 9:30 AM
With my beloved Ma Lin Lin Latt

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: