13

12088573_1204025302946049_1108921853410724112_n

သက်ဆင်းတုံ့လျင်၊ အာကာပြင်က
တွင်တွင်ရွာကျ၊ မိုးဖွဖွသို့
သာပင် သာခဲ၊ ရွာမစဲဟု
သံယောဇန၊ စွဲနှောင်လှသည်
ချစ်ခွန်းတုံ့တင်၊ သို့ အရှင်…။
.
ကယုကယင်၊ တန်းတင် ပုဆိုး
နှစ်ထပ်ကိုး၍၊ ထပ်ပိုး ကြင်နာ
သံသရာလျင်၊ ကမ္ဘေကမ္ဘာ
ရှည်ကြာစေလည်း၊ နောက်တုံ့ခဲသည်
ထမ်းမြဲ အစဉ်၊ သို့ သခင်…။

.
ထိုအရှင်သည် ပန်းဝတ်လွှာတို့နှင့် အတူ၊ ဖြတ်သန်းကုန်ဆုံးသွားသော စက္ကန့် မိနစ် ကလေးများနှင့် အတူ၊ ဖြူလွှလွှ ကျဆင်း သက်ရောက် လာတတ်သော နှင်းမှုန်ဖွဲများနှင့် အတူ၊ ပြောင်းလဲ ဖူးပွင့်နေတတ်သော ရာသီတိုင်းတွင် တည်ရှိ၏။ အထူးသဖြင့် ဤရာသီသည် သခင်၏ ရာသီတည်း။
.
ထိုသခင်သည် ကင်းဗတ်စများပေါ်က စုတ်ချက်များလည်း ဖြစ်၍ မြူးလွင် သက်ဝင်နေသော ဆေးစက်များလည်း ဖြစ်၏။ ဤရာသီတွင် အဘယ်ဆေးရောင်သည် ပနံရ တင့်တယ် ပါမည်နည်း။ အကျွန် နားမလည်သော်လည်း ထိုသခင်သည် သိ၏။ ဤသို့ဖြင့် တစ်နေ့သော အခါတွင် (အကျွန် မသိလိုသော တစ်နေ့သော အခါတွင်) စက္ကန့်တံတို့၏ စုတ်ချက် အရောင်သည် မည်သို့ တောက်ပနေမည်ကို လည်းကောင်း၊ ဖြည်ရန် ချည်ရန် ခက်လှသော သံယောဇဉ်ကြိုးသည် အလိုအလျောက် အဘယ်သို့ ဖော်ညွှန်းရေးဆွဲသွားမည်ကို လည်းကောင်း အကျွန် စောင့်မျှော် ချင်သေး၏။
.
ထိုကာလသည် ဤသို့သော ရာသီ ဖြစ်ကောင်းဖြစ်မည့် အကြောင်း၊ သခင်သည် ဤရာသီကို အလီလီ ဖြတ်ကျော်ဦးမည့် အကြောင်း၊ အကျွန်သည်လည်း သခင့်အလိုကျ ခစား ညွှတ်တွားလျက် ရှိနေဦးမည့် အကြောင်း သခင် သိစေချင်သေး၏။
For this moment.
With Love,
……………………….
For My Beloved Ma, Lin Lin Latt,
Oct 13th 2015

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: