“The Professor and the Madman” ~ Simon Winchester

27752636_2059195567429014_2615458404389015079_nကနေ့သိတဲ့ အောက်စ်ဖို့ဒ်( အော့စ်ဖာ့ဒ်) အဘိဓာန်ကို စလုပ်ကြချိန်က ၁၈၅၇ မှာပေါ့။ စစချင်း အစီအစဉ်ရေးဆွဲ လုပ်ကြချိန်က အော့က်စ်ဖာ့ဒ်တက္ကသိုလ်နဲ့ ဘာမှ မဆိုင်ဘူး။ လန်ဒန်က ဝေါဟာရတ္ထဗေဒပညာရှင် ဆရာကြီးတွေက သီးသန့် စခဲ့ကြတာ။ London Philological Society လို့ နာမည်ကြီးတယ်။ သူတို့ အသင်းကနေ Transactions of the Philological Society ဆိုတဲ့ စာစောင်ကို တစ်နှစ်ကို သုံးစောင် ထွက်တယ်။ အောက်စ်ဖာ့ဒ် အဘိဓာန်ပြုစုကြတဲ့ စဦးအယ်ဒီတာကြီးတွေထဲမှာ ရစ်ချတ်ရှနဲဗစ် တရန့်ခ်ျ၊ ဟားဗတ်ကောလားရစ်ခ်ျ တို့ပါတယ်။ အဲ့ဒီနောက်ပိုင်း စကော့လူမျိုး အဘိဓာန်ပြုဆရာနဲ့ ဝေါဟာရတ္ထဗေဒပညာရှင် ပရော်ဖက်ဆာဂျိမ်းစ်မာရေး လည်း ပါလာတယ်။ ဒီဘုတ်အုတ်ထဲမှာ အဓိကညွှန်းတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။
.
အဘိဓာန်တစ်အုပ် ဖြစ်ဖို့အတွက် ကော်မတီဖွဲ့ပြီး စကားလုံးတွေ ရွေးချယ် စဉ်းစားကြ၊ ဖွင့်ဆိုကြရာမှာ လူပေါင်းများစွာ ပါဝင်ခဲ့ကြတဲ့ အနက် ဒီဘုတ်အုတ်ထဲ ဇာတ်ကောင် နေရာက အဓိကပါလာခဲ့တာက ၀ီလျံချက်စ်တာမိုင်နာ (W.C.Minor) ဆိုတဲ့ ပုဂ္ဂိုလ်ပေါ့။ စိတ်ကူးယဉ် ဇာတ်ကောင် မဟုတ်ဘူး။ တကယ် ရှိခဲ့တဲ့ လူသား။ ၁၈၃၄ ဇွန်လမှာ မွေးပြီး ၁၉၂၀ မတ်လမှာ ဆုံးတယ်။ အမေရိကန်စစ်ဆရာဝန် ဆာဂျင် ဖြစ်ပြီး၊ အော့က်စ်ဖာ့ဒ်အဘိဓာန် ဖြစ်မြောက်ရေး အတွက် နက်နဲပြီး ခက်ခဲတဲ့ ဖွင့်ဆိုချက်တွေ၊ ပြောင်မြောက်တဲ့ ရှင်းလင်းချက်တွေနဲ့ အင်္ဂလိပ်ဝေါဟာရ စာလုံးရေ တစ်သောင်းကျော် ရှာဖွေ ဖွင့်ဆိုပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ ဒါ့ကြောင့်လည်း ကော်မတီက သူ့ကို ဂုဏ်ပြုဖို့ စဉ်းစားကြတော့တယ်။ အဲ့တော့မှ W.C.Minor ရဲ့ နောက်ကြောင်းကို စူးစမ်းမိတဲ့အခါ အံ့အားသင့်စရာ အကြောင်းကို ရှာတွေ့တော့တာပဲ။
.
W.C.Minor ဟာ အဲ့သည်ခေတ်ရဲ့ စစ်ဘက်အရာရှိတွေကြားမှာ လူသတ်မှုအပါအ၀င် ရာဇ၀တ်မှုတွေနဲ့ စိတ္တဇဆေးရုံ အတွင်းလူနာအဖြစ် ထိန်းသိမ်းကုသခဲ့ရသူ တစ်ယောက် ဖြစ်နေခဲ့တယ်။ ဒါကို ပရော်ဖက်ဆာ ဂျိမ်းစ်မာရေး တို့က မသိခဲ့ကြဘူး။ အော့စ်ဖာ့ဒ်အဘိဓာန်အတွက် ရည်ညွှန်းကိုးကားတဲ့ ကျမ်းတွေထဲမှာ နာမည်ကျော် ပြဇာတ်ဆရာကြီး ၀ီလျံရှိတ်စပီးယားရဲ့ စာတွေ၊ အဲ့သည်ခေတ်ရဲ့ အထင်ကရ စာရေးဆရာမ ဂျော့ဂ်ျအိလိယရဲ့ စာအုပ်တွေ၊ နောက်ပြီး မူကွဲအမျိုးမျိုး ထွက်ရှိနေတဲ့ သမ္မာကျမ်းစာတွေ ပါခဲ့တယ်။ ဒီစာအုပ် အများစုကို ဖတ်ရှုပြီး ရှာဖွေပေးခဲ့တာက စိတ္တဇဝေဒနာသည် W.C.Minor ။ ဒါကို ပရော်ဖက်ဆာကြီးများက မိုင်နာဟာ စစ်ဆေးဘက်ဆိုင်ရာမှာ အနားယူသွားတဲ့ အရာရှိတစ်ယောက် ဖြစ်ပြီး အချိန်ပိုတွေအများကြီး ရှိတာကြောင့် စာပေတွေ ဖတ်ရှု၊ ကူညီပေးနိုင်ခဲ့တာပဲလို့ ထင်ခဲ့ကြတာ။ မိုင်နာကလည်း ပရော်ဖက်ဆာကြီးတွေဆီ သူရှာဖွေရရှိထားတဲ့ ဝေါဟာရတွေကို စာစီ ပို့တဲ့အခါ စာအိတ်လိပ်စာမှာ Broadmoor, Crowthorne, Berkshire ဆိုပြီးပဲ ပါခဲ့တယ်။ ဒီလိပ်စာက ဘာ့ရှိုင်းရား၊ ခရော့သွန်းက လုံခြုံရေး စနစ်တကျ ချထားရတဲ့ စိတ္တဇဆေးရုံလိပ်စာပဲ။ ဒါ့ကြောင့်လည်း ပရော်ဖက်ဆာကြီးတွေက ဒီဆေးရုံမှာ တာဝန်ကျတဲ့ ဆာဂျင်တစ်ယောက်လို့ပဲ သမားရိုးကျ တွက်ခဲ့ကြတယ်။ အဲ့ဒီ အတွက်မှားကြောင့် ပြဿနာတွေဖြစ်ခဲ့တာပဲ။
.
ဒီလိုနဲ့ ၁၈၈၄ ဖေဖော်ဝါရီလတစ်ရက်နေ့မှာ အဘိဓာန်ပုံနှိပ်ထွက်လာခဲ့တယ်။ စစချင်း နာမည်က A New English Dictionary on Historical Principles; Founded Mainly on the Materials Collected by The Philological Society တဲ့။ တရှည်တမျောကြီးပေါ့။ ဒါပေမယ့် ပထမဆုံးပုံနှိပ်မှာ အင်္ဂလိပ်အက္ခရာ အပြည့်အစုံမပါခဲ့ဘူး။ အော့စ်ဖာ့ဒ်အင်္ဂလိပ်အဘိဓာန်ရဲ့ တကယ့်အချောသတ်ကို ၁၉၃၃ ခုနှစ်ကျမှ ပြီးတယ်။ ဒါပေမယ့် အချောသတ်ပြီးတဲ့ နောက်ပိုင်းလည်း အလီလီ ပြန်ပြင်ဆင်လာခဲ့တဲ့ အော့က်စ်ဖာ့ဒ်အဘိဓာန်မှာ စိတ္တဇဝေဒနာရှင် မိုင်နာရဲ့ အငွေ့အသက်တွေ ပါနေဦးမှာပဲ။ သူ ရှာပေးခဲ့တဲ့ ဝေါဟာရတွေ အနည်းနဲ့အများ ရှိနေကြဦးမှာပဲလို့ ဆိုကြတယ်။ ဒီဘုတ်အုတ်မှာ အဲ့ဒီသမိုင်းကြောင်းကို တစ်စချင်း ဖျဉ်ပြထားတယ်။ အဆုံးတော့ ပြောတော့ပါဘူး။ ဒီ ၂၀၁၈မှာ The Professor and the Madman ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်ထွက်မယ်လို့ ကြားတယ်။ ထွက်ပြီလားတောင် မသိဘူး။

With Love,
Zayya

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: