တောက်တယ်ကျင်း အပိုဒ် (၈)
January 23, 2022 Leave a comment

အမြင့်မြတ်ဆုံးသည် “ရေ”နှင့် တူ၏။
ရေသည် အရာအားလုံးကို အကျိုးပြုသော်လည်း၊ တုဖက်ပြိုင်ခြင်း မရှိ။
အများ စက်ဆုပ်အထင်သေးရာသို့လည်း ဦးတည်စီးဆင်း၏။
သို့ကြောင့် တောက်နှင့် အနီးဆုံးဆင်တူ၏။
နေထိုင်ခြင်း၌ မြေကမ္ဘာကို အလေးအမြတ်ပြုရ၏။
စိတ်နှလုံး၌ ငြိမ်ဆိတ်(အေးငြိမ်း)မှုကို အလေးအမြတ်ပြုရ၏။
ပေါင်းသင်းဆက်ဆံရာ၌ ဗြဟ္မစိုရ်တရားကို အလေးအမြတ်ပြုရ၏။
စကားအရာ၌ မှန်ကန်ခြင်းကို အလေးအမြတ်ပြုရ၏။
အုပ်ချုပ်ရာ၌ ငြိမ်းချမ်းရေးကို အလေးအမြတ်ပြုရ၏။
စီမံရာ၌ စွမ်းဆောင်ရည်ကို အလေးအမြတ်ပြုရ၏။
အပြုအမူတို့၌ အချိန်အခါ သင့်တင့်လျောက်ပတ်ခြင်းကို အလေးအမြတ်ပြုရ၏။
အကြင်သူသည် မည်သည်ကိုမျှ တုဖက်ပြိုင်ခြင်း မရှိ။
ထို့ကြောင့် မည်သည်ကမျှ တုဖက်ပြိုင် အနိုင်ယူနိုင်ခြင်း မရှိ။
………………
道徳経第八章
………………