တောက်တယ်ကျင်း အပိုဒ် (၁၁)
January 23, 2022 Leave a comment

ဒေါက်တိုင်သုံးဆယ်ဖြင့် ဝင်ရိုးကို ထောက်ကန်ထားသော်ငြား၊
ဗဟို၏ ဗလာနယ်အားဖြင့်သာ၊ လှည်းဘီးသည် အသုံးဝင်၏။
မြေစေးတို့ မွမ်းမံ၍ အိုးခွက်ကို ပြုပြင်ထားသော်ငြား၊
အတွင်း၏ ဗလာနယ်အားဖြင့်သာ၊ အိုးခွက်သည် အသုံးဝင်၏။
အခန်းငယ်ဖွဲ့၍၊ ပြတင်းတံခါးတို့ ဖောက်လုပ်ထားသော်ငြား၊
အတွင်း၏ ဗလာနယ်အားဖြင့်သာ နေရပ်ခန်းဆောင်သည် အသုံးဝင်၏။
ထို့ကြောင့်၊
အရှိတရားဖြင့် အကျိုးဖြစ်ထွန်း၍၊
မရှိတရားဖြင့် ကျေးဇူးပြုကြကုန်၏။
………………
道徳経第十一章
……………….