တောက်တယ်ကျင်း အပိုဒ် (၁၉)
January 25, 2022 Leave a comment

သူတော်ကောင်း(ဘဝင်)ကို ပယ်၍၊ ငါသိငါတတ်များကို စွန့်ပစ်ကြလော့။
လောကသားတို့ အဆရာထောင် သက်သာချိမ့်မည်။
လူသားဆန်ခြင်းကို ပယ်၍၊ ဥပဒေစည်းမျဉ်းတို့ကို စွန့်ပစ်ကြလော့။
လောကသားတို့ဘာဝ ချစ်ခြင်းမေတ္တာ သင်းပျံ့လာကြလိမ့်မည်။
တတ်ပွန်လိမ္မာခြင်းကို ပယ်၍၊ အသုံးဝင်ခြင်းကို စွန့်ပစ်ကြလော့။
ခိုးသားဓားပြတို့ ကွယ်ပျောက်သွားကြလိမ့်မည်။
ဤသုံးပါးသည် ဗဟိဒ္ဓအရာသာ ဖြစ်၏။ မပြည့်စုံသေး။
ထို့ကြောင့် အရင်းစစ်၍ အမြစ်ကို ဆောင်ရလျှင်-
ရိုးရိုးစင်းစင်း ထင်လင်းကြကုန်။
မူလ ဘာဝမျှ စိုက်စိုက်စူးစူး ဆောက်တည်ကြကုန်။
အတ္တကို ပါးစေ၍၊ ဆန္ဒကို သိမ်းဆည်းကြကုန်။
…………………….
道徳経第十九章
…………………….