တောက်တယ်ကျင်း အပိုဒ် (၂၃)
January 25, 2022 Leave a comment

သဘာဝတရားသည် စကားဆိုခဲ၏။
ထို့ကြောင့်
လေပြင်းသည် တစ်မနက်လုံး မတိုက်ခတ်။
မိုးကြီးမုန်တိုင်းသည် တစ်နေကုန် မရွာ။
၎င်းတို့ကို မည်သူ ပြုပြင်သနည်း။
ကောင်းကင်နှင့် မြေပြင်က ပြုပြင်၏။
ကောင်းကင်နှင့် မြေပြင်သည်ပင် ကာလရှည်ကြာ မစွမ်းနိုင်လျှင်
လူသည် အဘယ်မှာ စွမ်းနိုင်ပါအံ့နည်း။
ထို့ကြောင့်
တောက်နှင့်အညီ ဖြည့်ကျင့်သူသည် တောက်နှင့်တစ်ထပ်တည်း ရှိရာ၏။
စရဏနှင့်အညီ ဖြည့်ကျင့်သူသည် စရဏနှင့်တစ်ထပ်တည်း ရှိရာ၏။
စွန့်ပစ်သူဆိုလျှင်ကား စွန့်ပစ်သည့်အတိုင်း တည်၏။
တောက်နှင့် တစ်ထပ်တည်းရှိသူကို တောက်က လှိုက်လှဲစွာ ကြို၏။
စရဏနှင့် တစ်ထပ်တည်းရှိသူကို စရဏက လှိုက်လှဲစွာ ကြို၏။
စွန့်ပစ်သူကို စွန့်ပစ်သည်က လှိုက်လှဲစွာ ကြို၏။
သဒ္ဓါတရား မပြည့်ဝသူကို
တပါးသူတို့ အပြည့်အဝ ကိုးစားခြင်းငှါ မစွမ်းနိုင်ကြ။
……………………..….
道徳経第二十三章
………………………..