တောက်တယ်ကျင်း အပိုဒ် (၃၀)
January 29, 2022 Leave a comment

မင်းအစိုးရကို တောက်ဓမ္မဖြင့် အထောက်အပံ့ပြုလိုသူသည်
ကွပ်ကဲမှုဟူသမျှ၌ လက်နက်ကို သုံးကိုင်စွဲခြင်း မပြု။
လက်နက်ဟူသည် ကိုယ့်ရှူးကိုယ်ပတ်ခြင်းငှါသာ ပြုတတ်၏။
လက်နက်စစ်သည်တို့ တည်သော ဌာန၌ ဆူးပင်ချုံပုတ်တို့သည် ရှင်သန်ကုန်၏။
၎င်းတို့ အဆမတန် ရှင်သန်ကုန်လျှင်၊ ခေါင်းပါးခြင်း ကပ်သည် ဆိုက်ရောက်စမြဲ။
ထို့ကြောင့် ခေါင်းဆောင်ပညာရှိသည် အကျိုးကို ဖြည့်ဆည်းရာတွင်
လက်နက်အင်အားကို မမှီခို။
အကျိုးကို ပြီးစေ၍ ဂုဏ်ကို မယူ။
အကျိုးကို ပြီးစေ၍ မဝင့်ကြွား။
အကျိုးကို ပြီးစေ၍ ထောင်လွှားခြင်း မရှိ။
မလွှဲသာသော လိုအပ်ချက်ဖြင့်သာ အကျိုးကို ပြီးစေ၍၊
အကြမ်းဖက် စွက်ဖက်ခြင်းငှါ အလိုမရှိ။
သဗ္ဗလောကကို ၎င်းတို့သဘာဝ အခါမတိုင်မီ ပျက်ပြားစေခြင်းသည်
တောက်ကို ဆန့်ကျင်သည် မည်၏။
တောက်ကို ဆန့်ကျင်သူသည်သာ အခါမတိုင်မီ ပျက်ပြားရ၏။
………………………..
道徳経第三十章
………………………