တောက်တယ်ကျင်း အပိုဒ် (၃၁)
January 29, 2022 Leave a comment

လက်နက်စစ်သည်တို့သည် မိစ္ဆာ၏ အသုံးအဆောင်ဖြစ်၍၊
လူသားတို့ မုန်းတီးကြပြီးလျှင်
ပညာရှိတို့ ရှောင်ရှားကြကုန်၏။
ကြီးမြတ်သူတို့သည် လောကီလူ့ဘောင်တွင် လက်ဝဲ*ကို အားပေး၏။
စစ်သည်ရဲမက်တို့သည် လက်ယာ*ကို အားပေး၏။
လက်နက်စစ်သည်တို့သည် မိစ္ဆာ၏ အသုံးအဆောင်သာ ဖြစ်၍၊
ကြီးမြတ်သူတို့၏ အသုံးအဆောင် မဟုတ်။
လက်နက်စစ်သည်တို့ကို ရှောင်လွှဲမရကြုံဆုံရသည့်အခါ၊
ခန္တီဖြည့်ကျင့်နေကြရာ၏။
လက်နက်ဖြင့် ရသော အောင်ပွဲဟူသည် အလှတရား မရှိ။
ဤသည်ကို အလှတရားဟု ဆိုသူသည် သားသတ်ခြင်းအမှု၌ ပျော်မွေ့သူဖြစ်၏။
သားသတ်ခြင်းအမှု၌ ပျော်မွေ့သူသည် လောကကို အုပ်စိုးခြင်းငှါ မစွမ်းနိုင်။
ကြမ္မာကောင်းသည် လက်ဝဲကို အားပေး၏။
ကြမ္မာဆိုးသည် လက်ယာကို အားပေး၏။
ဗိုလ်ငယ်တို့သည် လက်ဝဲကို အားပေး၏။
ဗိုလ်ကြီးဗိုလ်ချုပ်တို့သည် လက်ယာကို အားပေး၏။
အသုဘသင်္ဂြိုလ် ကျင်းပသည်ဟုသာ ဆိုကြစို့။
စုပြုံသတ်ဖြတ်သည်ကြောင့်
ပရိဒေဝမီး တောက်လောင်ငိုကြွေးကြရကုန်၍
(လက်နက်ဖြင့်ရသော) အောင်ပွဲသည် အသုဘအခမ်းအနား မည်၏။
………………………..
道徳経第三十一章
………………………..
Note: *လက်ဝဲ-လက်ယာ။ ရှေးစိနအယူအရ “လက်ဝဲ” ဆိုတာ- အသက်ဓါတ်၊ ဖန်တီးနိုင်စွမ်း၊ ဖွံ့ဖြိုးမှုကို ညွှန်းဆိုပြီး၊ *လက်ယာ ဟာ- သေမင်း၊ ပျက်သုဉ်းခြင်း၊ ဖျက်ဆီးခြင်းကို ညွှန်းဆိုတယ်လို့ မှတ်ယူပါတယ်။