ပလုံ

ကုန်းခေါင်ခေါင်က ပင်လယ်ပြင်ထဲ
ငါးတစ်ကောင် ကားခနဲ ခုန်အဆင်း
ပင်လယ်ပြင်က နှုတ်ခွန်းဆက်
“ဩ- ပြန်လာပြီလား” တဲ့။

ဆူဖီဆရာ ရူမီရဲ့ ဒီကဗျာလေးက ဇင် ဟိုက္ကု ကဗျာလေး တစ်ပုဒ်နဲ့ ဆင်တူတယ်။ မူလဘူတ ဌာနေကို ပြည့်ပြည့်ဝဝ ရောက်ရှိတဲ့ သူ အတွက် – နေထိုင်တဲ့ ခဏတွေ ဟာ မေးခွန်း မရှိ၊ အဖြေ မလို၊ ဟိုသည် ဖွေရှာ နေတဲ့ အဖြစ် အားလုံး ရပ်တန့်သွား တာ တွေ့ရ ပါလိမ့်မယ်။

တစ်ခဏတာ ကိုသာ မြင်သူ အတွက် အတိတ် ဟာ စွဲညိ မနေဘူး။ တစ်ခဏတာ ကို မိမိ ရရ ရှုမှတ် နိုင်သူ အတွက် အနာဂတ် လည်း မလိုအပ်ဘူး။ အတိတ်၊ အနာဂတ် ရှိ မနေသူ အတွက် ဘယ် မေးခွန်းမှ မပေါ်ပေါက် ဘူး။ ဒါကြောင့် အဲ့လူဟာ ဘယ် အဖြေကိုမှ ရှာ မနေတော့ဘူး။ Read more of this post

အလွဲ

အန္တိမ သစ္စာ ဆိုတဲ့ ပါဠိသက် စကားလုံး လှလှအောက်မှာ – ကြည်လင်တဲ့ အသွင် သာ စီးဆင်း တည်ရှိ တယ်။ လူပေါင်း များစွာ လည်း ဒါကို ရှာဖွေ ကြတယ် လို့ အမည် ကြွေးကြော် တယ်။ လိုချင်ကြတယ်။ ဒါဟာ ငြိမ်းချမ်းရာပါ လို့ တမ်းတတယ်။ အဲ့ဒီ သစ္စာတရား ဟာ အဝေးကြီး မှာ မဟုတ်ဘူး။ အကွာအဝေး မဟုတ်ဘူး ရယ်။ တစ်နည်း – အတိုင်းအထွာ အတွင်း တည်ရှိ နေတာ မဟုတ်ဘူး။ မိမိနဲ့ အနီးဆုံး၊ မိမိ ကိုယ်တိုင် ဆီကိုသာ ဦးညွှတ် ရှိနေပါတယ်။

မိမိ မျက်လုံး ဟာ သူ့ကိုယ်သူ ပြန်မမြင်ဘူး။ မြေနဲ့ နီးတဲ့ ခြေထောက် ဟာ မြေကို မမြင်ဘူး။ မြေပြင် မှာ နေထိုင် သွားလာနေ ပေမယ့် ကမ္ဘာအဝန်း ကို မမြင်ဘူး။ နီးလွန်းလို့ မမြင်တာနဲ့ – ကြီးလွန်းလို့ မမြင်တာ – ဒီနှစ်ခု ကွာတာပါပဲ။ ဒီလက္ခဏာ နှစ်ခု စလုံး ဟာ – တရား ဓမ္မရဲ့ သဏ္ဍာန်တူ လက္ခဏာရပ် များ ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင့်လည်း သစ္စာ ဓမ္မနဲ့ အကြိမ်ပေါင်း များစွာ လွဲခဲ့ကြ ရတယ်။ နှစ်ကာလ ပေါင်း များစွာ စံစား ခံစား ဖြတ်သန်း ခဲ့ရတယ်။

အများ ပြုကျင့်ရင်း အထုံဓလေ့ ဖြစ်ခဲ့တဲ့ အမှု တွေထဲမှာ – ထပ်ဖန် တလဲလဲ လွဲချော်နေရခြင်း အဖြစ် ဟာ အထင်ကရ နေရာမှာ ရှိတယ်။ အများစု ဟာ ဒီလို လွဲချော် နေ ရတာကို ကျင့်သား ရနေကြ ပြီးသားရယ်။ ဒီ အကျင့်ကို မပြင် နိုင်မချင်း၊ အနီးဆုံးဟာ အဝေးဆုံး မှာ ရှိနေ ပြီး၊ အနားပါး နေရက်နဲ့ မမြင်နိုင်ဆုံး အရာ ဖြစ်နေ ဦးမှာပဲ။ ဒီ လွဲချော် နေတဲ့ အကျင့်ကို မပြင် နိုင်မချင်း၊ “ဘုရားသခင်၊ သစ္စာ တရား၊ ကောင်းကင်ဘုံ၊ ဂျန္နသ်၊ နိဗ္ဗာန” ဒါမှမဟုတ် ကြိုက်ရာ အမည်တစ်ခုခု နဲ့ ဘယ်လို တမ်းမှန်း ကြပါစေ – နက်နဲ သိရ ခက် နေဦး မှာပဲ။ သီအိုရီ တွေ၊ ဝါဒတွေ အငြင်းပွား နေဦးမှာပဲ။ ယုံကြည်ရမယ် – မယုံကြည်ရဘူး- ကျင့်မယ်- မကျင့်ဘူး တွေနဲ့ … စင်စစ် ဓမ္မ က လွဲချော် နေကြ ဦးမှာပဲ။

Read more of this post

စောရ နှင့် နာဂါဇုန

Q: ဘာဝနာပဲ ပြောပြီး၊ အကျင့်သီလ စောင့်ထိန်းမှု နဲ့ ပတ်သက်လို့ ဘာမှ ပြောတာ မတွေ့ရဘူး။ ကိုယ်ကျင့် သိက္ခာမှာ- ဘယ်ဟာ မှန်ပြီး ဘယ်ဟာ အမှားလို့ ဘယ်လို ဆုံးဖြတ်မလဲ။

A: ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန် ပါ ဆိုတာ တွေ ကို ဆိုင်ရာ ဘာသာရေး အားလုံး မှာ ကိုယ်စီ သတ်မှတ် ပြဌာန်း ထား တယ်။ “ဒါ လုပ်ပါ – ဟိုဟာ မလုပ်နဲ့။ ဒါ ကုသိုလ်၊ ဟိုဟာ အ ကုသိုလ်၊ ဒါ က ကိုယ်ကျင့်သီလ၊ ဟိုဟာ က ဖောက်ပြားမှု အပြစ် – စသဖြင့် ခွဲခြား ပြော ကြား ထားပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲ့ဒီ ခွဲခြား သတ်မှတ် တာ ဟာ မှန်တယ် လို့ ကျနော် မမြင်ဘူး။ ဒါ့အပြင် အဲ့ဒီ သတ်မှတ် ခွဲခြား၊ ပညတ် ချက် ဟာ စင်စစ် အကျိုး သက်ရောက်မှု မရှိနေ ဘူးရယ်။

ဘဝ တစ်ခုလုံး ဟာ အမြဲ ပြောင်းလဲ နေပါ တယ် ။ ခင်ဗျား တခဏလေး စိုက်ကြည့်ရုံနဲ့ ကိုယ့် ဘာသာ သိနိုင်တယ်။ ဘယ် အရာ မှ မကျိန်းသေ ရင်တောင် – ပြောင်းလဲနေ တဲ့ ဖြစ်စဉ် ကတော့ ကျိန်းသေ ရှိကို ရှိ နေတယ်။ ခင်ဗျား အပါအဝင် အရာရာ တိုင်း ဘယ် တစ်ခုမှ မချွင်းမချန် ဆက်ခါ ဆက်ခါ ပြောင်းလဲ နေ တယ်။ အဲ့ဒီ အပြောင်း အလဲ တွေ ကြားထဲမှာ – ဒါကို အမှန်၊ ဟိုဟာ ကို အမှား လို့ – Ready-made အဖြေတွေ – ခင်ဗျား ဘယ်အကြောင်းနဲ့ ယူထား မလဲ။ ဘယ်လို ယူထား မလဲ။ အသင့် ထုပ်ပိုး ပြီးသား အဖြေတွေ နဲ့ ခင်ဗျား ရှေ့မှာ ရှိမယ့် အပြောင်းအလဲ တိုင်း၊ ဖြစ်ရပ် တိုင်း ကို ဘယ်လို ရင်ဆိုင် မလဲ။

ဒီကြား ထဲ က – “ဘယ်လို အခြေ အနေ ဖြစ်ဖြစ် ဒါပဲ လုပ်ရမယ် – ဒါမှ အမှန်ပါ” လို့ ကျနော် က ပြောမယ် ဆိုပါစို့။ ခင်ဗျား လည်း ကျနော့ ကို ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦး မို့ ချစ်ခင် ယုံကြည် လို့၊ လက်ခံ စွဲမြဲ ထားမယ် ဆိုပါစို့။ ခင်ဗျား ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်ရပ် တစ်ခု ကြုံ ဆုံတဲ့ အခါ – ကျနော် ပြောမယ့် အဲ့ဒီ Moral Code နဲ့ – ခင်ဗျား ဘယ်လို ရင်ဆိုင် မလဲ။ ခင်ဗျား ကိုယ်တိုင် အသိ မပါဘဲ – မှတ်သား မိလို့ သက်သက် – လုပ်ရတဲ့ အလုပ် ဟာ ခင်ဗျား ရင်တွင်းထဲ Dilemma သာ ပေါ်ပေါက်သွား ဖို့ ရှိတယ်။ ခင်ဗျား အတွက် အဟန့် အတား သာ ဖြစ်နေ ပါလိမ့်မယ်။ Read more of this post

ပျင်းရိမှုကို စမ်းကြည့်သော အခါ

ခင်ဗျား ပျင်းရိ တယ်- ငြီးငွေ့ တယ် လို့ ပြောတဲ့ အခါ အဲ့ဒါဟာ တခြား အဖြစ်ကို ဆိုလိုတာ မဟုတ် ဘူး။ ခင်ဗျား စိတ် မှာ အသစ် အသစ် အတွေ့ အကြုံ တွေ မရှိ တော့ဘဲ – ဖရိုဖရဲ ပြိုကွဲ သွားတဲ့ အခြေ အနေ ကို သာ ဆိုလို တယ်။ စိတ် သမ္ပဇဉ် မှာ ဘယ် အသစ်မှ မကြုံတွေ့ မခံစား မိဘူး လို့ ပြော ရ မှာပဲ ။ ဒါပေ မယ့် အဲ့ဒီ အတိုင်း ပြင်းပြင်း ထန်ထန် ငြီးငွေ့ လာတယ် ဆိုတဲ့ အခါ – အဲ့ဒီ ငြီးငွေ့နေ တဲ့ စိတ် ကို ဆက်ခါ ဆက်ခါ မွေးမြူ ရင်း နေကြည့်ပါ။ အဲ့ဒီ ငြီးငွေ့ တဲ့ မိမိ စိတ် အဖြစ် ကို လက်ခံ ကြည့် ပါ။ စိတ်အစဉ် အတွေးတွေ ဖရိုဖရဲ အဖြစ် ကနေ လုံးဝ ရပ်တန့် သွားကြောင်း တွေ့ ရ ပါလိမ့် မယ်။ ဘာလို့ဆို အဲ့အချိန် မှာ အတွေးတွေ က ရှေ့ဆက် အလုပ် လုပ်လို့ မရတော့ တာ ကြောင့် ပဲ။

စိတ်အတွေး တိုင်း ဟာ တက်ကြွ ရမယ့် အခြေအနေမှာသာ အမြဲတမ်း ရှင်သန် နေ လိုပါတယ်။ ကြည် စင် နေတဲ့ – ပေါ့ပါး နေ တဲ့ – အသစ် အသစ် ဖြစ်နေ တဲ့ အပေါ်မှာသာ အမြဲ တည် မှီ လို တယ်။ ဘာ စိတ် လှုပ်ရှား စရာ မှ မရှိတော့ဘူး ဆိုရင် စိတ်အတွေး တွေလည်း တစ စီ ကောက်ရ သိမ်းရ ခက် သွား တော့တယ်။ စိတ် အတွေး တွေ အလုပ်လုပ်နိုင်စွမ်း “အား” နည်း သွား တယ် ။ အဲ့လို အခြေ အနေ မှာ ကြည့်ကြည့်ပါ – ခင်ဗျား ပထမ ဆုံး – ဘာဝနာ ရဲ့ ရသ ကို ခံစား ကြည့် လို့ ရတယ်။

ပြီးခဲ့ တဲ့ အတိတ် ကာလ အချိန်တွေ က လူတွေ ဟာ ဘာဝနာ မှာ အားကောင်း ကြတယ်။ ဘာကြောင့် လဲ။ အကြောင်း က – အဲ့ဒီ အတိတ် ကာလ ကမ္ဘာ၊ လူ့ အဖွဲ့ အစည်း ဟာ ဒူပေ ဒါပေ – ဒုံးရိုး တွေ နဲ့ လည်ပတ် နေပြီး – အင်မတန် ပျင်း စရာ ကောင်း လို့ပဲ – လို့ ကောက်ချက် ချရ ပါ လိမ့်မယ်။ တိုင်း၊ နိုင်ငံ ၊ မြို့ရွာ စသဖြင့် မှာ ကြည့်ရင် တော်ရုံတန်ရုံ – အပျော် အသစ်အဆန်း ဆို တာ ရှားပါး တယ်။ ရာစုနှစ် ပေါင်း များ စွာ အဲ့ဒီ အသွင် သဏ္ဍာန် နဲ့ လည်ပတ် ရှင်သန် နေခဲ့ ကြ တယ်။ အဲ့ အတွက် လူတွေ ရဲ့ စိတ် မှာ ဘာသာရေး၊ ဘာဝနာ အရေး အရာ ဘက် ကို အာရုံ စူးစိုက် မှု ပိုများ တယ်။ အဲ့ဘက် မှာ အား ကောင်း တယ်။ ဥပမာ – သတင်းစာ မရှိဘူး – ရေဒီယို မရှိ ဘူး – တီဗီ မရှိ ဘူး၊ အခု ဖေ့ဘုတ်ခ် ကြီး မရှိ ဘူး။ ဒါ့ကြောင့် — ရိုးရှင်းပါတယ် – စိတ်အတွေး အတွက် အလုပ် လုပ်စရာ များများ စားစား သိပ် မရှိ ဘူး။ ခင်ဗျား ပုံမှန် အလုပ် လုပ်မယ်။ အက အခုန် နည်းနည်း နဲ့ ပျော်ပါး နိုင် တယ်။ ပြီးရင် – သက်တောင့်သက်သာ နားနေ နိုင် တယ်။ အဲ့အချိန် မှာ ခင်ဗျား အတွက် အခြား စိတ် သွား စရာ မရှိ – ဘာဝနာ လုပ်ကိုင် ရ အင်မတန် လွယ်ကူ ပါတယ်။ Read more of this post

စောင့်ကြည့်ရုံမျှ

Watching is meditation. What you watch is irrelevant.

စောင့်ကြည့် နေရုံမျှ လေး အဖြစ် ဟာ ဘာဝနာ ပါ။ ဘယ်အရာကို စောင့်ကြည့် နေတာလဲ ဆိုတာက ပဓာန မကျဘူးရယ်။ ခင်ဗျား သစ်ပင်တွေ ကို ငေးနေ နိုင်တယ်။ မြစ် ကမ်းနံဘေး မှာ ရှိမယ် – တိမ်တွေ ကို မော့ကြည့် ကောင်း ကြည့်မယ်။ ခလေးတွေ ဘာသာ ဘာဝ ဆော့ ကစား နေတာ ကို မြင်မယ်။ တေး သီချင်း နားထောင် နေမယ်။ အလုပ်ခွင် ထဲ ရောက်မယ်။ စသဖြင့် – ခင်ဗျား ဘယ် အရာ ကို လုပ်နေ ပါစေ – မိမိ သန္တာန် ရဲ့ အဖြစ် ကို တစ်ရံမလပ် အောင် စောင့်ကြည့်နေ ရုံမျှ လေး သက်သက်ဟာ ဘာဝနာ ဖြစ် ပါတယ်။ ဒါ့ကြောင့် ဘယ် အရာ ကို စောင့်ကြည့်နေ သလဲ ဆိုတာ ပဓာန မကျ ဘူး လို့ ပြောပါတယ်။

မိမိ သန္တာန် ဖြစ်ပေါ် သမျှ သိနေမလား –

အဲ့ဒီ သိနေရုံမျှ – နိုးကြားနေရုံမျှ ဟာ ဘာဝနာ အတွက် ပြည့်စုံတယ်။

အသိ သတိ နဲ့ ဘာလုပ်လုပ် ဘာဝနာ အဖြစ် ရှိနေပြီး၊ ဘယ်အရာကို လုပ်တယ် ဆိုတာက အဓိက နေရာ ဝင်ပါ မနေဘူး ပဲ။ လမ်းလျောက် ရင် လည်း လမ်းလျောက် တဲ့ အလျောက် အသိ သတိနဲ့ ရှိပါ။ ဒါဆို ရင် – လမ်းလျောက်ခြင်း အမှု ဟာလည်း ဘာဝနာ ဖြစ် ပါတယ်။ ထိုင် ရင်လည်း ထိုင်တဲ့ အလျောက် အသိ သတိ ရှိပါ။ ဒါဆို ရင် – ထိုင်တဲ့ အမှု သက်သက် ဟာလည်း ဘာဝနာ ဖြစ်ပါတယ်။ အဓိက ပင်မ- အသိ သတိ မပြတ် ရှိနေ ဖို့လေးပဲ။

Read more of this post

– ချမ်းမြေ့ရန် လိုအပ်သမျှ –

ချမ်းမြေ့ ပျော်ရွှင် စွာ နေထိုင်ရန် လိုအပ် သည့် အရာ ဟူသည် အခြားမဟုတ် – “အခု”သာ ဖြစ် သည်။ အခု သင် ချမ်းမြေ့ ပျော်ရွှင် နေနိုင် ပါသည်။ မနက်ဖြန် အကြောင်း၊ နောက်တစ်နေ့ အကြောင်း ပြောနေ ရန် မလိုအပ်၊ ရွှေ့ဆိုင်းနေစရာ မလိုအပ်။ ပျော်ရွှင်ရန် အရာ အားလုံး သည် ဤခဏ တွင်ပင် တည်ရှိပြီး ဖြစ်သည်။ ယခု သင် အသက် “ရှူ” နေသည်၊ ယခု သင် အသက် “ရှင်” နေ သည်၊ ယခု သင် “အသိ” ရှိ သည်၊ ယခု သင် “သတိ” ရှိသည်။ သို့ဆိုလျှင် ပျော်ရွှင် ချမ်းမြေ့နေ ရန် အတွက် – အခြား အဘယ်အကြောင်း များ ထပ်မံ လိုအပ် နေပါသေး သနည်း။ စင်စစ် အခု ခဏတွင်ပင် သင် ကခုန် နိုင်ပါသည်။ အခု ခဏတွင်ပင် သင် သီဆို နေနိုင်သည်။ သို့ဖြင့် သင် သည် ယခု ခဏ၌ပင် ပျော်ရွှင် ရယ်မော နေနိုင် ပါ၏။

……………………..
ဘဝ သည် လင်းထိန် လှပ နေနိုင်သည်။ သို့မဟုတ်- ယင်းဘဝ သည် ပင် မှောင်မိုက်နေ နိုင်သည်။ ဤသည်တို့သည် ကျနော်တို့ အပေါ် ၌သာ မှီခိုသည်။ ရွေးချယ် သည့် အပေါ်သာ မူတည်သည်။ ထို့နောက်မှ – ဖြစ်နိုင်စွမ်းတို့ အမျိုးမျိုး ကွဲပြား သွားကြသည်။ အမှောင် တွင် နေမည် – အလင်း တွင် နေမည် စသည် သင် မည်သည်ကို ဆုံးဖြတ် ပါမည်နည်း။ ယင်း ဆုံးဖြတ်ချက် တို့သည် – ဘဝရှင် သင်နှင့် သာ ဆိုင်သည်။ အခြား လွှဲချနေစရာ မလိုပေ။

အမှောင် တွင်း နေသော လမ်းသည် – အလိုဆန္ဒ တို့၏ လမ်း ဖြစ်သည်။ အလိုဆန္ဒ တို့၏ လမ်း သည် အစဉ် အမြဲ ပြင်ပ သို့သာ ဦးတည် သည်။ မိမိ သန္တာန်မှာ Read more of this post

Lion’s roar

(၁)
လောက ဓမ္မတာ၊ လူ အများစု တွင် စိမ့်ဝင်နေပြီး မသိမသာ ဖြစ်စေ၊ သိသိ သာသာ ဖြစ်စေ ကြောက် ရွံ့ ထိတ်လန့်နေ တတ်ကြသည့် အရာကြီးများ ရှိပါ သည်။ ယင်းတို့ အနက် တစ်ခု မှာ – အခြားသူတစ်ပါးတို့ ၏ အထင်အမြင် (Of the opinion of Others ) ဖြစ်၏။ မိမိ ၏ ပြုမူ ပြောဆို မှု အလုံးစုံ ကို မိမိ ပတ်ဝန်းကျင် နှင့် မိမိ အသိုင်း အဝိုင်း က မည်သို့ ထင်မြင် သည်၊ မည်သို့ ယူဆ သွားကြမည် ကို အနည်းနှင့် အများ စိုးရွံ့စိတ် သည် လူတိုင်း နီးနီး တွင် ကပ်ညိ နေ တတ် ပါ၏။

“ဘယ်သူ ဘယ်လို ထင်ထင် ဂရုမစိုက်ပါ” ဟူသော သူ ပင် လျှင် ၎င်း ၏ အတွင်း သန္တာန် ထဲထိ တိုးဝင်ကြည့်ပါလျှင် သူတစ်ပါး၏ မိမိ အပေါ် ဂရုထားမှု ကို အသိ အမှတ် ပြုနေ ကြသည် ချည်း ဖြစ် သည်။ ဤသို့ဖြင့် – လူ့ဘောင် အတွင်း နေထိုင်ကြသူများ အဖို့ ကြောက်ရွံ့ ကြခြင်း အဖြစ်တို့၌ – တပါးသူ၏ အထင် အမြင် သည် အနည်း နှင့် အများ ခြောက်လှန့် ကပ်ပါ နေတတ် ကြ၏။ တစ်နည်း ဆိုလျှင် လူ ပုဂ္ဂိုလ် တစ်ဦး သည် လူ့ အဖွဲ့ အစည်း အတွင်း ရှိ သိုးငယ် တစ်ကောင် ဖြစ် လျက် ရှိ၏။

(၂)
လူတို့ ၏ အထင် အမြင် အပေါ် အပြည့်အဝ ဂရုမမူ တော့သော အခါမျိုး ရှိဖူး ပါ သလား။ ယင်း အခိုက် မျိုး တွင် မိမိသန္တာန်ကို မပြတ် မလပ် စောင့်ကြည့် နိုင်စေ လို သည်။ အဘယ်ကြောင့် ဆိုသော် ယင်း အချိန် တို့ ၌ သင် သည် သိုးငယ် တစ်ကောင် မဟုတ်တော့ သော ကြောင့် ဖြစ်သည်။ ၎င်း ခဏ တွင် သင် သည် ကေသရာဇာ ခြင်္သေ့မင်း အလား၊ ရဲရင့် ဝင့်ကြွား နေကြောင်း၊ တောက်ပ ကြည် လင် လျက် ရှိကြောင်း မြင်တွေ့ ရ ပေ လိမ့်မည်။

Read more of this post