ဗလာလှေ

chaung_tzu_empty_boatရှေးတုန်းကပေါ့။

လူတစ်ယောက်ဟာ မြစ်ပြင်ကျယ် တစ်ခုကို လှေငယ် တစ်စင်း၊ လှော်တက်ငယ် တစ်ချောင်း နဲ့ ဖြတ်ကူးသတဲ့။ သာယာတဲ့ မြစ်ပြင်ကြီးမှာ တေးသီချင်း တကျော်ကျော် ညည်းရင်း၊ ရောက်တတ်ရာရာ စိတ်ကူးယဉ် ရင်း လှော်ခတ်လာခဲ့တယ်။ သူ့စိတ်ကူးနဲ့သူ နစ်မြုပ်လို့ ယစ်မူးနေဆဲ၊ မြစ်လယ်လောက် အရောက်မှာ သူ့လှေကို အခြားလှေငယ် တစ်စင်းက ၀င်တိုက်မိရော။ ၀င်ဆောင့်မိတဲ့ အရှိန်ကြောင့် လှေကလည်း လူး၊ သူ့ခမျာ ပြူးပြူးပြာပြာ ဖြစ်ကရော တဲ့။
.
ညည်းဆိုလာတဲ့ တေးသီချင်းလည်း ပျောက်၊ ယဉ်လာတဲ့ စိတ်ကူးတွေလည်း ဘယ်ဆီဘယ်ရောက် မသိ၊ ပျောက်သွားလေရော။ ဒီတော့ သူ့လှေကို ၀င်ဆောင့်ရမလား ဆိုပြီး တစ်ဘက်လှေက လှေလှော်သမားကို ဆဲမယ် လို့ ဒေါသတကြီး ကြည့်လိုက်တော့၊ အဲ့ဒီလှေမှာ ဘယ်သူမှ မရှိ၊ လှေခွက်ကြီး ဗလာသက်သက် ဖြစ်နေပါရော တဲ့။
.
ဒီတော့မှ “ဩော် ဖြစ်ရလေ၊ သူ့ဟာသူ မျောလာတဲ့ လှေပါကလား” လို့ နှလုံးသွင်းလို့ ဒေါသလည်း ဖြေပျောက်သွားသတဲ့။ တစ်ဘက်လှေ ဗလာကို လက်နဲ့ အသာလေး တွန်းရှောင်၊ သူ့ခရီး သူ ဆက်သွားပါရောတဲ့။
.
ဒါဟာ ရှေးတရုတ် ပညာရှိကြီး ချောင်ဇူး ပြောတဲ့ ပုံပြင်ကဗျာလေးပေါ့။ ပုံပြင်လေးက ဒီမှာ ပြီးပေမယ့် ချောင်ဇူးက ဆက်ပြောပြတာ ရှိသေးတယ်။
.
Read more of this post

ရယ်/မော-ခြင်း

 10458894_891058837576032_5564392360253776534_n~ ခင်ဗျား ဟက်ဟက်ပက်ပက် ရယ်ခဲ့ဖူးပါလိမ့်မယ်။ အဲ့ဒီ ရယ်နေချိန်ကို သတိထားမိပါသလား။

ခလေးငယ် တစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မော နေမိချိန်ဟာ ခဏကလေးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ခဏလေး အတွင်းမှာ မိမိကိုယ်မိမိ သတိတထား ကြည့်မိသလား။ တကယ်တမ်း အဲ့ဒီ အချိန်မှာ မိမိရဲ့ အတွေးတွေ မရှိဘူးရယ်။ အယူအဆတွေ၊ ခံယူချက်တွေ မရှိနေဘူးရယ်။ ပြဿနာတွေ၊ ပူပင်သောကတွေ မရှိဘူး။ အတိတ်တွေ မပါသလို၊ အနာဂတ်တွေလည်း ဝင်မလာကြဘူး။ ဟုတ်တယ် မဟုတ်လား။

Read more of this post

လေပြေ

10428515_890498664298716_7980733886807132603_n

ချမ်းမြေ့မှုဆိုတာ လေပြေညှင်းလိုပဲ။

လေပြေညှင်းလေး ရောက်လာလို့ ဝမ်းသာအားရ သိမ်းယူချင်ဇော ဖြစ်လာမယ်၊ ဒါ့ကြောင့် ဖမ်းဆုပ်လိုက်မယ် ဆိုရင်၊ ခင်ဗျား သူ့ကို ရမှာမဟုတ်ဘူး။ အလွယ်တကူ ပျောက်သွားမှာပဲ။ အဲ့ဒီအစား လက်ကို ဖြန့်ထားလိုက်ပါ၊ တစ်ကိုယ်လုံးကို နှစ်မြှုပ် ပစ်လိုက်ပါ။ ကိုယ့်လက်ဝါးပြင်မှာ လေပြေညှင်းရဲ့ အရသာကို ကိုယ်ကိုယ်တိုင် အတိအကျ ခံစားမိလိမ့်မယ်။

Read more of this post

လူတိုင်းရင်ထဲက Atheist!

10305179_884900921525157_3203144563535391305_n

လူ့အဖွဲ့အစည်းတွင်းက လူအများစုဟာ ဘုရားမဲ့ဝါဒီ (Atheist) တွေဆိုရင် အများအားဖြင့် မကြိုက်ဘူး။ မနှစ်မြို့ဘူး။ ဘာဖြစ်လို့ဆို- ဘုရားမဲ့ဝါဒီတွေဟာ ရှိပြီးသား စည်းမျဉ်းတွေကို ကလန်ကဆန် လုပ်တတ်လို့၊ အရိုးစွဲပြီးသား ခံယူချက်တွေ ကို ဗြောင်းဗြန် လှန်တတ်လို့၊ ချေဖျက်တတ်လို့ပဲ။ လူ့အဖွဲ့အစည်းအတွင်း လုံခြုံပြီးသား (လို့ ထင်တဲ့) မိမိအယူတွေကို ငြင်းဆန် ကိုင်လှုပ်တတ်လို့ ဖြစ်ပါတယ်။ ဒါတွေကြောင့် အများစုသော လူတွေဟာ ဘုရားမဲ့ဝါဒီတွေကို မလိုလားကြဘူး။

ဒါပေမယ့် အများစုဟာ မိမိစိတ်ကို ပြန်ကြည့်ကြည့်ရင်-(ပြန်ကြည့်တတ်မယ် ဆိုရင်ပေါ့) ကိုယ့်ရဲ့ “စိတ်” ကိုယ်တိုင်က Atheist ဆန်ကြောင်း တွေ့ရလိမ့်မယ်။ စိတ်ဟာ မိမိရဲ့ လက်ရှိခဏကို လက်မခံနိုင်ဘူး မဟုတ်လား။ သူက ကလန်ကဆန် လုပ်တတ်တယ်။ အခုခဏ ပျော်ရွှင်နေရင်တောင် ဒီစိတ်က ဆန့်ကျင်နေတော့မှာ။ နောက်တစ်ခဏကို ကြိုပူနေရမယ်လို့ ဗြောင်းဗြန်လှန်ပစ်တော့မှာ။ မိမိ ရရှိမယ့် တစ်ခဏ ချမ်းမြေ့မှုအတွက် အကြောင်းပြချက် မျိုးစုံနဲ့ သံသယ ပွားနေတော့မှာပဲ။ ဒီလိုနဲ့ “စိတ်”ဟာ မိမိရဲ့ ဘဝ တစ်ခဏတာလေးကိုတောင် အပြည့်အဝ အသက်ရှူနားနေခွင့် မပေးချင်ဘူး။ မပေးရက်ဘူး။ ကတ်သီးကတ်သတ် ကုတ်ဖဲ့နေတာ တွေ့ရလိမ့်မယ်။ မနက်ဖြန် တစ်ရက်အတွက် ကြိုမတွေးစတမ်းရယ်လို့ လွှတ်ချကြည့်။ စိတ်ဟာ မလိုက်လျောနိုင်ဘဲ၊ ငြင်းဆန် တုန်လှုပ်နေလိမ့်မယ်။

Read more of this post

ဟိမ၀န္တာက ဟာဗားနား

10403056_876271385721444_6805617680431403703_n.jpg

အမေရိကမှာ အင်မတန် ချမ်းသာတဲ့ ကုဋေကြွယ် သူဋ္ဌေးကြီး တစ်ယောက် ရှိတယ်။ ငွေကြေး – လိုလေသေးမရှိ၊ လောကီ ချမ်းသာ – လိုလေသေး မရှိ၊ အာရုံခံစားမှု – အပြည့် ရှိတယ်တဲ့။ ဒါတွေ စံစား ခံစားလို့ ရိုးအီတဲ့ တစ်နေ့မှာ သူ ကိုယ့်ကိုယ်ကို မေးလာတယ်။ သဘာဝကျတဲ့ မေးခွန်းတစ်ခုပဲပေါ့။ “ဘဝဟာ ဒါပဲလား၊ ဒီခံစားမှု စည်းစိမ် တွေဟာ ဒီမှာတင် ပြည့်စုံသွားပြီလား၊ နောက်ထပ် တစ်ခုခု မရှိတော့ဘူးလား။ ဘဝဟာ ဒီနေရာနဲ့တင် လုံလောက်သွားပြီလား၊ ရပ်တန့်သွားပြီလား၊ ပြည့်ဝသွားပြီလား။” တဲ့။ တွေးရင်း မေးရင်း ဒီမေးခွန်းတွေဟာ သူ့အတွက် သေရေးရှင်ရေး ပြဿနာ ဖြစ်လာခဲ့တော့တယ်။

အမေးရှိရင် အဖြေရှိရမှာ သဘာဝပဲ မဟုတ်လား။ ဒါ့ကြောင့် သူ ဒီအဖြေကို စတင် ရှာတော့တယ်။ အနောက်တိုင်း၊ အရှေ့တိုင်း Mystics ဆရာ့ ဆရာကြီးတွေဆီမှာ လှည့်လည် သွားလာခဲ့တယ်။ တိဘက်လားမားတွေ၊ ဆူဖီဆရာကြီးတွေ၊ ဇင်ဆရာကြီးတွေဆီမှာလည်း တပည့်ခံခဲ့တယ်။ နောက်ဆုံး အိန္ဒိယအထိ သူရောက်လာတယ်။ ဖကီး၊ ဆာဒူးကြီးတွေနဲ့လည်း တွေ့တယ်။ ဒီဆရာတွေကလည်း ဖြေရှင်းပေးနိုင်ခဲ့ဘူးတဲ့။ နောက်ဆုံး သူ့ကို အကြံပေးကြတယ်။ “ဟိုး ဟိမဝန္တာတောင်ပေါ်ကို သွားပါ။ အဲ့ဒီမှာ အင်မတန် ဉာဏ်ပညာ ကြီးပြီး၊ အင်မတန်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ရှိတယ်။ သူတစ်ယောက်တည်းကသာ မင်းရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်” တဲ့။

ဒါ့ကြောင့် သူလည်း ဟိမဝန္တာဘက် ခရီးဆက် ခဲ့တယ်။ ကျယ်ဝန်းပြီး မြင့်မား တဲ့ တောင်ထွတ်တောင်ပြတ်တွေ ပေါတဲ့ ဟိမ၀န္တာဟာ အားလုံး သိတဲ့အတိုင်း တက်ရခက်၊ သွားရလာရခက်တာပေါ့။ ဒါပေမယ့် ဒီလို အန္တရာယ်များတဲ့ ဟိမ၀န္တာ တောင်တွေကြားမှာ ကိုယ့်အိတ်ကို ကိုယ် လွယ်ပိုးပြီး တဖြည်းဖြည်း ခြေလျင် ခရီးဆက်ခဲ့တယ်။ တကယ်တမ်းက ဒီသူဋ္ဌေးကြီးဟာ သူ့ဘဝမှာ ကိုယ့်ပစ္စည်းကို ကိုယ် တစ်ခါမှ မသယ်ခဲ့ဖူးဘူး။ ဒီလိုခရီးကြမ်းမျိုးကိုလည်း ဒီလိုဒရမန်းကြမ်း မဖြတ်သန်းခဲ့ဖူးဘူး။ ဆီးနှင်း ရေခဲတွေနဲ့ အင်မတန် အေးမြပြီး အရိုးကွဲမတတ်ရှိတဲ့ ရာသီဥတုအောက်မှာ သူ ဒီလို မနေထိုင်ခဲ့ဖူးဘူး။ သူ သိလိုတဲ့ စိတ်ဓာတ် ပြင်းအားကြောင့်သာ သူ ပင်ပန်းတကြီး ခရီးဆက်လာခဲ့ရတာ။

Read more of this post

ဒါတွေဟာလည်းပဲ (Zen Story)

10345549_872107506137832_783934354415257595_nကမ္မဋ္ဌာန်း၊ ဘာဝနာ ကျင့်ကြံအားထုတ်နေဆဲ တပည့်လေး တစ်ယောက်ဟာ ဇင်ဘုန်းတော်ကြီးဆီ ရောက်လာပြီး၊ တရားလာစစ်တယ်။

“အရှင်ဘုရား၊ တပည့်တော် ကမ္မဋ္ဌာန်း အချိန်ကြာကြာ ထိုင်ပါတယ်။ ကြောက်စရာ ကောင်းလှပါတယ် ဘုရား။ စိတ်ပျံ့လွင့်လို့ စိတ်ပျက်ရတာလည်း အလီလီပါ။ ဝေဒနာ ပေါင်းစုံ ပေါ်လို့ အခံရခက်ရတာလည်း အလီလီပါ။ တပည့်တော်ကို လမ်းညွှန်တော်မူပါဦး ဘုရား။”

တပည့်လေးက လျောက်တော့ ဆရာတော်က တစ်ခွန်းတည်း ပြန်ဖြေပါတယ်။
* “အဲ့ဒါတွေ ပြီးသွားပါလိမ့်မယ် ငါ့တပည့်” တဲ့။

ဒီစကားကို မှတ်သားလို့ ပြန်သွားပြီး၊ ကာလအတန်ကြာတဲ့နောက် အဲ့ဒီ တပည့်လေး နောက်တစ်ခေါက် ရောက်လာပြန်တယ်။ ဇင်ဘုန်းတော်ကြီးကို ပြုံးပြုံးရွှင်ရွှင် ဦးခိုက်ရင်း –

Read more of this post

ပစ္စုပ္ပန် ~ ပါရဂူ

အာသာရမ္မက်ရဲ့ အဆိုအမိန့်က မနက်ဖြန် ဖြစ်တယ်။ တဏှာရဲ့ အဆိုအမိန့်က မနက်ဖြန် ဖြစ်တယ်။ အလိုဆန္ဒရဲ့ အဆိုအမိန့်က မနက်ဖြန် ဖြစ်တယ်။ ဘာဝနာရဲ့ အဆိုအမိန့်ကတော့ အဲ့ဒီလို မဟုတ်ဘူး။ ‘ယနေ့’ ဖြစ်တယ်။ ‘ယခု’ ဖြစ်တယ်။ ဘာဝနာ အတွက် ပစ္စုပ္ပန်မှတစ်ပါး တစ်ခြားအချိန်ကာလ ဆိုတာ မရှိဘူး။ တခြားခဏ ဆိုတာ မရှိဘူး။

အလိုဆန္ဒ အတွက် ပြောမယ်ဆိုရင်တော့ ပစ္စုပ္ပန်ကို ဖယ်ထားပြီး တစ်ခြားအချိန်ကာလ အားလုံး ရှိတယ်။ အနာဂတ် ရှိတယ်။ အတိတ် ရှိတယ်။ ဘာဝနာ အတွက် အတိတ် ဆိုတာ မရှိဘူး။ အနာဂတ် ဆိုတာ မရှိဘူး။ ယခု ခဏသာ ရှိတယ်။ ပစ္စုပ္ပန်သာ ရှိတယ်။ ယခုခဏမှာသာ၊ ပစ္စုပ္ပန်မှာသာ အချိန်ကာလကို ဖြတ်ကူးသွားလို့ ရတဲ့ တံခါးပေါက် ရှိတယ်။

Read more of this post