Nightmare

“အပြေးကောင်းသူမှာ ခြေရာမကျန်၊
စကားပြောကောင်းသူမှာ အမှား မရှိ၊”

တောက်တယ်ကျင်း ထဲက စာတိုလေး တစ်စ။ ကျနော့ အဖို့ ချစ်စရာ ကောင်းတယ်။ ဒီ တစ်လံ တစ်ထွာ ကိုယ်ခန္ဓာ အတွင်း ကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ထိုးမွှေ ခုန်ချ ခဲ့ဖူးသလဲ။ မိမိ အသိစိတ် အတွင်းထဲ ခဏတိုင်း ခဏတိုင်း – တိုးဝင် ကြည့် တဲ့အခါ – ဘယ်အရာ ကိုမှ ခြေရာ မချန်ထား ခဲ့ဘဲ ပြေးလွှားနေတဲ့ မိမိ အဖြစ် ကို တဖြတ်ဖြတ် မြင်နေ ရမှာပဲ။ ဘောင်ကွပ် နေတဲ့ အရေပြား တစ်ထောက် ဟာ အကျဉ်းထောင် နံရံ ထက် ပိုမာ နေတာ တွေ့ရမယ်။ တစ်ခါမှ ခွဲဖြတ် မလာ နိုင် တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် – ဒီ ကာလတွေ ကို လည်း လှောင်ရယ် ရယ်မိ လာလိမ့်မယ်။

Read more of this post

ပလုံ

ကုန်းခေါင်ခေါင်က ပင်လယ်ပြင်ထဲ
ငါးတစ်ကောင် ကားခနဲ ခုန်အဆင်း
ပင်လယ်ပြင်က နှုတ်ခွန်းဆက်
“ဩ- ပြန်လာပြီလား” တဲ့။

ဆူဖီဆရာ ရူမီရဲ့ ဒီကဗျာလေးက ဇင် ဟိုက္ကု ကဗျာလေး တစ်ပုဒ်နဲ့ ဆင်တူတယ်။ မူလဘူတ ဌာနေကို ပြည့်ပြည့်ဝဝ ရောက်ရှိတဲ့ သူ အတွက် – နေထိုင်တဲ့ ခဏတွေ ဟာ မေးခွန်း မရှိ၊ အဖြေ မလို၊ ဟိုသည် ဖွေရှာ နေတဲ့ အဖြစ် အားလုံး ရပ်တန့်သွား တာ တွေ့ရ ပါလိမ့်မယ်။

တစ်ခဏတာ ကိုသာ မြင်သူ အတွက် အတိတ် ဟာ စွဲညိ မနေဘူး။ တစ်ခဏတာ ကို မိမိ ရရ ရှုမှတ် နိုင်သူ အတွက် အနာဂတ် လည်း မလိုအပ်ဘူး။ အတိတ်၊ အနာဂတ် ရှိ မနေသူ အတွက် ဘယ် မေးခွန်းမှ မပေါ်ပေါက် ဘူး။ ဒါကြောင့် အဲ့လူဟာ ဘယ် အဖြေကိုမှ ရှာ မနေတော့ဘူး။ Read more of this post

လှိုင်းကြက်ခွပ်

ကမ္ဘာ မလည်ဘဲ လူတွေ လည် နေခဲ့ပြီး၊ ကောင်းကင် မပြိုဘဲ လူတွေ ပြိုတယ်။ မွေး ကတည်းက သေမင်း ကို ပတ်ပြေးနေ ရတာဟာ ကောင်းကောင်း မရှင်သန် နိုင်ခဲ့လို့ လို့ ပြောကြတယ်။

သိပ္ပံ မှာ ဖွင့်ဆိုတယ်။ – “ဖြစ်ခဲ့တာတွေ အားလုံး” နဲ့ “ဖြစ်နေတာတွေ အားလုံး” ဟာ – တစ်ခုတည်း က ပုံပြောင်း သွားရုံ သက်သက်။ ဘယ်ဟာ မှ မတိုး လာ သလို၊ ဘယ်ဟာမှ မလျော့ သွားဘူး (လို့ ဆိုတယ်)။ လိုရင်းက – လူ တစ်ယောက် (ဝါ) အရာ တစ်ခု အသက်ရှူရုံမျှလေး က – အဆုံးမဲ့ ခြေရာပေါင်း များစွာ ထားသွား ခဲ့နိုင်တယ်။ ဒါနဲ့များ – ငါ၊ သူတစ်ပါး ခွဲခြားဆဲ၊ သူ့ဥစ္စာ၊ ငါ့ ဟာ သိမ်းပိုက် ယူနေကြဆဲ။ ငါမှ ငါ၊ သူမှ သူ – မာန်မာန တက်ကြဆဲ။

အတွင်းကို ဝင်တဲ့ ခြေလှမ်း ဟာ အပြင်ကို လျောက်ခဲ့တဲ့ ခြေထောက်နဲ့သာ လျောက်လှမ်း ရတာ ဖြစ် ပါတယ်။ Read more of this post

နွံမှ နေ၍

“Meditation” ကို ဘာဝနာ လို့ ပြန်ဆိုတဲ့ အခါ- အဲ့ စကားမှာ အရှုပ်အထွေး ရှိတယ်။ ဝေါဟာရ အနက်ပြန်ရင် – မူရင်း သိုးဆောင်း အလိုမှာ – ဆင်ခြင်တယ်- ခွဲခြမ်းတယ် – စူးစမ်း ပိုင်းဖြတ် တယ် ဆိုတဲ့ အဓိပ္ပါယ်တွေ အကြမ်းဖျဉ်း ပါဝင် တယ်။ အရှေ့တိုင်း အားဖြင့် ဆိုရင်တော့ – သူ့ နောက်ကွယ် မှာ နက်ရှိုင်းတာတွေ ကျန်နေ တယ်။ ဒါ့ကြောင့် အဲ့အတွင်း ပိုင်း အထိ မတိုးဝင်နိုင် ရင် ဘာဝနာ ဆိုတဲ့ စကား အပေါ် အခြေခံ မခိုင်၊ ပေါ့ပျက်နေမှာပဲ။

ဘာဝနာ ရဲ့ အတွင်းဆုံး အောက်ခြေ မှာ “လွတ်မြောက်မှု” မောက္ခ ရှိတယ်။ လွတ်မြောက်မှု လို့ ဆိုတာနဲ့ – ဘယ်က လွတ်မြောက် မလဲ။ ကြောက်ရွံ့မှုက — ဒုက္ခက –ချုပ်နှောင်မှုက – ကျဉ်းကျပ်မှု က – စသဖြင့် လွတ်မြောက်မှု အစီအရီ ခေါ်ဆိုကြမယ်။ ဒီ လွတ်မြောက်မှု ကို အခြေပြုပြီး ဘာဝနာ ဟာ အခိုင်မာဆုံး ရပ်တည် ထားပါတယ်။

Read more of this post

ပင်လယ်ထဲက ငါး

ပင်လယ် ထဲက ငါးက ပင်လယ် ကို မေ့တယ်။ အဲ့ ငါးကို ဖမ်းပြီး သောင်ပြင်ပေါ် ပစ်တင် လိုက်ရင် – တဖျတ်ဖျတ် လူး နေတာ ကို တွေ့ မယ်။ တတမ်း တတ နဲ့ ပင်လယ်ကို သတိရ နေတာ တွေ့မယ်။ အလားတူ လူဟာ လည်း ပျော်ရွှင် လူးလာ ရှင်သန် နေချိန် မှာ – အသက် ရှူနေတဲ့ ဒီ ခဏတာ ကို မေ့ပါ တယ်။ အရေး အကြောင်း ကြုံဆုံ၊ ပူပန်တော့ မှ – ရှူရှိုက် နေတဲ့ လေ ကို ပင်ပန်း တကြီး ပင့်သက် ရှိုက် ရ တယ်။ မေ့လျော့ ဖြတ်သန်း ခဲ့တဲ့ တခဏတိုင်း ကို အဲ့တော့မှ အမိဖမ်း ချင်တော့တယ်။

Read more of this post