အမျိုးသားရေးဝါဒ ပျောက်ကွယ်သွားခဲ့ရင်

Q: အမျိုးသားရေးဝါဒ (Nationalism) ပျောက်ကွယ်သွားရင် ဘာဝင်လာမှာလဲ။

J. Krishnamurti: သိသာတာက- အသိဉာဏ်ပညာပါပဲ။ ဒါပေမယ့် အခုမေးခွန်းမှာ ကျုပ် စိုးရိမ်တာက အမျိုးသားရေး ဝါဒ ပျောက်ကွယ်သွားရင် ဘာဝါဒ အစားထိုး ဝင်လာမလဲလို့ မေးတာမျိုး ဖြစ်နေမှာကိုပဲ။ အစားထိုးတယ် ဆိုတာ အသိဉာဏ်ပညာ မပါတဲ့ အပြုအမူမျိုးပါ။ – ဆိုပါစို့ ကျုပ် ဘာသာတစ်ခုကနေ ထွက်ပြီး အခြားဘာသာတစ်ခုကို ကူးပြောင်းမယ်၊ ဒါမှမဟုတ် နိုင်ငံရေးပါတီတစ်ခုကနေ အခြားပါတီတစ်ခုကို အစားထိုး ဝင်ရောက်မယ်၊ ဒီလိုဆိုရင် ဒီလို အစားထိုးမှုမျိုးဟာ အသိဉာဏ် မပါတဲ့ ကိစ္စမျိုး ကိုပဲ ညွှန်းဆိုပါတယ်။

အမျိုးသားရေး ဝါဒ ဘယ်လို ပျောက်ကွယ်သွားမလဲ။ ဒီဝါဒရဲ့ အကျိုးသက်ရောက်မှုကို ကျုပ်တို့ သေသေချာချာ နားလည်ခဲ့ရင်၊ သူ့ကို သေချာစေ့ငှ စစ်ကြောနိုင်ခဲ့ရင်၊ သူ့ရဲ့ အတွင်း၊ အပြင်လက္ခဏာတွေကို အူမချေးခါး သတိပြုနိုင်ခဲ့ရင် ပျောက်ကွယ် သွားမှာပဲ။ သေချာ စေ့ငှ ကြည့်တတ်သူ တစ်ယောက်အတွက် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာ အားဖြင့် လူအချင်းချင်း ခွဲခြားထားတယ်၊ လူတန်းစား အလွှာ သတ်မှတ်ချက်တွေ၊ စစ်ပွဲတွေ၊ ဖျက်လိုဖျက်ဆီး ကိစ္စရပ်တွေ သူ့ကြောင့်ပဲ ဖြစ်နေရတာ မြင်ရလိမ့်မယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အတွင်းလက္ခဏာ အားဖြင့်လည်း အလားတူပါပဲ။ ငါဟာ ဘယ်နိုင်ငံသား၊ ငါဟာ ဘာလူမျိုး၊ ငါ့ဝါဒက ဘာဝါဒလို့ လက်မ ထောင်လိုက်တာဟာ မိမိရဲ့ အရုပ်ဆိုးတဲ့ အတ္တကို ကြီးထွားအောင် လုပ်နေတာပဲ မဟုတ်လား။ ကျုပ်ဟာ ရွာငယ်ဇနပုဒ်မှာနေနေ၊ မြို့ကြီးပြကြီး ဘယ်နေရာမှာပဲ နေနေ ကျုပ်ဟာ ဘာမှမဟုတ်တဲ့ သူပါ။ ဒါပေမယ့် ကျုပ်ကိုယ်ကျုပ် ဟိန္ဒူလို့ ဆိုလိုက်တာနဲ့၊ အိန္ဒိယသားလို့ ကမ္ဗည်း ထိုးလိုက်တာနဲ့၊ ကျုပ်ကိုယ်ကျုပ် ဂုဏ်ပုဒ်၊ အနုမာန၊ လူသားတစ်ယောက်ရဲ့ အတ္တမရသ ရလိုက်သလို ခံစားမိမှာ။ လူသားတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ဒီလို တံဆိပ်ကပ်ဖို့ မရှိမဖြစ် လိုအပ်နေရဲ့လား။ ဒါဆိုရင်တော့ လူသားအများကြားမှာ ရှုပ်ထွေးမှုတွေ၊ တိုက်ပွဲတွေ ပေါ်လာကြမှာ ဓမ္မတာပဲ မဟုတ်လား။

J.-Krishna-Murti1

ဒါ့ကြောင့် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာအားဖြင့် စစ်ပွဲတွေကို ဖန်တီးနေသလို၊ Read more of this post

နွယ်

ရှင်းသန့်သော စိတ်သည် မာန်မာနမရှိ။

ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) ပြဿနာ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထားတယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ အားလုံး နီးပါးဟာ ကြောက်လန့် စရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးတည်း တွေ့ရမယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုဟာ အတွင်းပိုင်း ဗလာ၊ အနှစ်သား မရှိ ဖြစ်နေတယ်။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။

ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား တယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံဘူးလို့ နားလည်မိတဲ့ အသိ၊ ဘဝရဲ့ အရင်းခံမှာ တွယ်ရာမဲ့နေတယ် ဆိုတဲ့ အသိတွေကြောင့် ကျနော်တို့ ရရာတစ်စုံတစ်ခုကို ဆွဲငင်တယ်။ တွယ်ချိတ်တယ်။ တွယ်တာတယ်။ ဒါဟာ မိသားစု တစ်စုရဲ့ ဘဝကို သာယာအောင် ပုံဖော်တဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံကို ကျနော်တို့ မှီခိုတယ်။ စင်စစ် ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ ကျနော်တို့ဘဝ အရင်းခံကို အဝေးပို့ပစ်ပါတယ်။

အိမ်ထောင်ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ခေါ်ရမယ်။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ စိတ်ရဲ့ သရုပ်သကန် မဟုတ်လား။ ဒါ့ကြောင့် ဒီအရာဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြုထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းတယ် မဟုတ်လား။ – ဟုတ်ပါတယ်။ လေးစား မြတ်နိုးဖွယ် ရှိရခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိနေတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော်ပေး တယ် ဆိုပေတဲ့ ၊ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု က ရှိ နေပြန်တယ်။ စင်စစ် နှောင်တွယ် တယ် ဆိုတာဟာ တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အဲ့ဒီ အဖြစ်တွေ ကို မိမိ သန္တာန်မှာ လက်မခံ နိုင်တာ တစ်မျိုး လို့လည်း ဆိုနိုင်တယ် ။ ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်ခြင်း ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုပါတယ်။ ဒီလိုပဲ ပြောရမယ် ။ ဟုတ်တယ်ဟုတ် ? ။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း နားလည်သွား နိုင်ပါလိမ့်မယ်။

လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာကို သင်ယူနိုင်တယ်။

Read more of this post

ကြားကား ကြား၏ ~ မသိ

မိတ်ဆွေတို့ တိတ်ဆိတ်ငြိမ်သက်ပြီး နေကြည့်ဖူး ပါသလား ။ အဲ့ဒီအချိန်မှာ ဘယ်အရာပေါ်ကိုမှ အာရုံစိုက်မနေဘဲ၊ ဘယ်အရာကိုမှ စူးစိုက်မနေဘဲ၊ တိတ်ဆိတ်မှု သက်သက် နဲ့ ငြိမ်သက် တိတ်ဆိတ် နေဖူး သလား။ စင်စစ် အဲ့ဒီ အချိန်မှာ ခင်ဗျား ပတ်ပတ်လည်က အသံအားလုံးကို ကြားနေရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟိုးအဝေးက အသံ၊ အနီးအပါးလေးက အသံ၊ နောက်ဆုံး – ခင်ဗျား ကိုယ်တွင်းက အသံ – ဒီ အသံတွေ အားလုံးကို တစ်ရံမလပ် ကြားနေရမယ်။

အဲ့ဒီ အချိန်မှာ ကျနော်တို့ စိတ်ကို တစ်နေရာ၊ တစ်စုံတစ်ခု ထဲ စူးဝင်နေတယ်၊ စူးစိုက်နေတယ်လို့ ပြောဖို့ ခက်ပါတယ်။ ခင်ဗျား သက်တောင့် သက်သာ ရှိနေတယ်။ ထူးခြား ဆန်းကြယ်တဲ့ ပြောင်းလဲမှု တစ်ခု ခင်ဗျား အတွင်းသန္တာန်မှာ အဆက်မပြတ် ဖြစ်ပေါ်နေမယ်။ ပတ်ဝန်းကျင် ဘာဖြစ်နေနေ၊ ကိုယ်တိုင်ကလည်း အနှောင့်အယှက် ကင်းကင်း တည်ရှိ နေနိုင်တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မှာ မေးခွန်းတွေ မရှိဘူး။ တစ်ခုခုကို စူးစမ်း မေးမြန်း မနေဘူး။ ဖြစ်တည်သမျှ အပြည့်အဝ လှပနေတယ်။ နက်ရှိုင်းတဲ့ အသိတစ်ခု အတွင်းမှာ ခင်ဗျား စိတ်လိုလက်ရ နစ်မြုပ်ဝင် သွားတယ်။ ဒါဟာ အပြည့်အဝ နားထောင်တတ်တဲ့ အခါမှာ ရရှိတဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ဒါပေတဲ့ မေးကြည့် ချင်ပါတယ်။ အခု – ကျနော်တို့ နားထောင်တယ် လို့ ဆိုတဲ့ အခါ – ဘယ်လို နားထောင်ပါသလဲ ။ တစ်ခုခုကို ကြိုတင်တွေးတော ပြီး နားထောင် သလား။ စိတ် အတွေး ထဲက သိရှိပြီး တစ်ခုခုနဲ့ ယှဉ်ထိုး ဆုံးဖြတ်ရင်း နားထောင်သလား။ ကိုယ် လိုလားရာ တစ်စုံတစ်ခု ကို ပုံဖော်ပြီး နားထောင်သလား။ ဒါမှ မဟုတ် ကြောက်ရွံ့မှု နဲ့ နားထောင် သလား။ တစ်ချို့တွေက – ကိုယ်ကြားချင်တဲ့ စကားကို မြောင်းပေးပြီး နားထောင်လေ့ ရှိတယ်။ စိတ် ကျေနပ်မှု တစ်ခုကို မျှော်လင့် ပြီး နားထောင် တာလဲ ရှိတယ်။ တစ်စုံတစ်ခု ကျေးဇူးပြုဖို့၊ သက်တောင့်သက်သာ ဖြေလျော့ နိုင်ဖို့၊ စသဖြင့် ရည်ရွယ်ချက် တစ်ခုခုနဲ့ နားစိုက် ထောင်တာလည်း ရှိတယ်။ အတိုချုံးပြီး ပြောရင် – “တစ်စုံတစ်ခု” ဆိုတဲ့ လိုအင်ဆန္ဒ နဲ့ ကိန်းဝပ်ပြီး နားထောင်နေလေ့ ရှိပါတယ်။

စင်စစ် ကျနော် တို့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ အဲ့သလို -“လိုဘဆန္ဒ” အခံနဲ့သာ – နားထောင်နေမယ် ဆိုရင် – ကျနော်တို့ ကြားနေရတဲ့ အသံဟာ တစ်ဖက်သူ ရဲ့ အသံ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင် အသံတွေပဲ ဖြစ်ပါတယ်။ သူ့ကို နားထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင် နေတယ်။ သူ့ကို မကြား ဘူး – ကိုယ့်ဟာ ကိုယ်ပဲ ကြားနေရတယ်။

Read more of this post

နိစ္စဓူဝ သေဆုံးနေရခြင်းများ အကြောင်း

Quest: နိစ္စဓူဝ သေဆုံးနေကြတယ် ( Dying Daily ) ဆိုတဲ့ စကားကို ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဗျ။

Ans: သေတာကို ကျနော်တို့ ဘာလို့ ကြောက်ကြသလဲ လို့ အရင် စမေးကြည့်ကြပါမယ်။ – သေခြင်းတရားကို ကြောက်လန့်ကြရခြင်း အကြောင်းက သေခြင်း တရားကို မကြုံဖူး၊ မသိဖူးလို့ပါ။ ရှင်းရှင်းပြောရင် မသေဖူးလို့ ဖြစ်ပါတယ်။ ကျနော်တို့ နောက်နေ့၊ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ မနက်ဖြန် အတွက်၊ အနာဂတ် အတွက်၊ တကယ့် တကယ်တမ်း အလုပ်လုပ် နေကြပေမယ့် ကျနော်တို့ အသေအချာ မသိဘူး။ ဒါ့ကြောင့် ကျနော်တို့ စိတ်သန္တာန်မှာ မနက်ဖြန် ကို ကြောက်ရွံ့တဲ့ စိတ် အမြဲ ရှိနေတတ် ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ အလုပ်လုပ် နေရခြင်း ရဲ့ နောက်ကွယ်က တွန်းအား ဟာ – မိမိ မသိတဲ့ အရာတစ်ခု ကို ဒိဋ္ဌ ကြုံတွေ့ရမှာ လက်မခံနိုင်စွမ်း ( တစ်နည်း ) ကြောက်ရွံ့မှုသာ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျနော်တို့ဟာ ဒီကနေ့ ကို မနက်ဖြန် အတွက် ပြင်ဆင်ဖို့ အသုံးချတယ်။ ပြုပြင် ဖန်တီး အရန်သင့် ဖြစ်ဖို့ ကြိုးပမ်းတယ်။ ကျနော်တို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေက ဒါတွေပဲ မဟုတ်လား။ မနေ့ အချိန်တုန်းကလည်း မနက်ဖြန် အတွက် လုပ်ခဲ့တယ်။ ဒီကနေ့ ဆိုပြန်တော့လဲ မနက်ဖြန် အတွက် လုပ်ကြပြန်တယ်။ ကျနော်တို့ အားလုံး မနက်ဖြန် အတွက် စဉ်ကာ ဆက်ကာ အလုပ်လုပ်နေကြ တယ်။ အဲ့ဒီ “စဉ်ကာ ဆက်ကာ – အဆက်မပြတ်ရေး” ကို ကျနော်တို့ရဲ့ မနာလို ဝန်တိုမှု၊ ကျနော်တို့ရဲ့ ရူးသွပ်မှု၊ ကျနော်တို့ မှတ်ဥာဏ်တွေမှာ ထည့်သွင်း အရည်ဖျော်ပစ်တယ်။ ပုံပြောင်းပစ် တယ်။ ကျနော်တို့ ဘယ်နေရာ ရောက်နေနေ- အဲ့ဒီ အရာတွေကို ကျနော်တို့နဲ့ တစ်ပါ တည်း ယူဆောင်လာခဲ့ကြပါတယ်။

မယူဆောင်လာ ခဲ့ဘူးလို့ရော ထင်ပါသလား။ အဲ့သလို အဆက်မပြတ်ရေး ကို ထပ်ဖန် တလဲလဲ မှတ်ယူခဲ့လို့ သာ- ကျနော်တို့ မသေသေးဘူး ဆိုတဲ့ အသိ ဖြစ်လာ ခဲ့ပါတယ်။ မနေ့က အဖြစ်အပျက် တွေ ရှိခဲ့တယ်။ ဒီနေ့ အဖြစ်အပျက် အချို့ ကြုံဆုံရပြန်တယ်။ ဒါဆို – နောက်တစ်နေ့ ရှိဦးမယ်။ ဒီအချက်တွေကြောင့် – ကျနော်တို့ အတွက် ကျနော်တို့ စဉ်ဆက် မပြတ် – ဖြစ်တည်နေဖို့ ခိုင်မာနေ သလိုလို မှတ်ယူနေတယ်။ ကျနော်တို့ မှတ်ဥာဏ်နဲ့၊ စိတ်ကူး ခံစားချက်၊ မျှော်လင့်ချက်တွေက ကျနော်တို့ ဆက်လက် ဖြစ်တည် နေမယ် လို့ အမြင် ရောက် သွားစေတယ်။ ဒီလို “ဆက်လက် ဖြစ်တည်မှု” ဆိုတဲ့ အချက်ဟာ – “အသစ်” မဟုတ်ဘူး ဆိုတဲ့ အချက်နဲ့ အတူတူ ပါ။

ဆိုလိုတာက – ဥပမာ- ခင်ဗျား မှာ အတွေးတစ်ခု ရှိမယ်။ မနေ့က ခင်ဗျား တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အတိုင်း- မနက်ဖြန် မှာ နောက် တစ်ကြိမ် ထပ်ဖြစ်စေဖို့ ဆန္ဒ ရှိမယ် ဆိုပါတော့။ အဲ့ဒါဆိုရင် ခင်ဗျားဟာ သစ်လွင်မနေဘူး လို့ ဆိုလိုတယ်။ ဒါဟာ ကျနော်တို့ အများစု လိုချင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်း ဆက်သွားချင်တယ်။

“ဒီအတိုင်း” ကျနော်တို့ ဘယ်လို ဆက်သွားချင်နေတာပါလဲ – ထပ်မေးရင်။ ကျနော်တို့ စိုးရိမ်ခဲ့သမျှတွေ အတိုင်း၊ ကျနော်တို့ ပျော်ရွှင်သမျှတွေ အတိုင်း၊ ကျနော်တို့ စိတ်ကူး စဉ်းစားထားပြီးသား တွေ အတိုင်း ဆက်သွားချင်တယ်။ အဲ့အတွက် ကျနော်တို့ အများစု ကြားမှာ ဖောက်ထွက်နိုင်စွမ်း မရှိဘူး။ ဖန်တီးနိုင်စွမ်း မရှိဘူး။ အသစ် အသစ် ဖြစ်မလာဘူး။ လူ့အဖွဲ့အစည်း၊ ဘာသာအယူဝါဒ အဟောင်းအဟောင်းတွေထဲမှာ – ပြုပြင်ဖို့ ပြောင်းလဲ နိုင်ဖို့ အသစ် အသစ် ဖြစ်ဖို့ ဆိုတာ ခက်ခဲနေရတယ်။

တကယ်က ကျနော်တို့တွေ နေ့စဉ် ရှင်သန်နေတာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်း အသေသား တွေ စားနေတာပါ။ ကုန်လွန်ခဲ့ ၊ သေဆုံး ခဲ့ပြီ ဖြစ်တဲ့ နေ့ရက် တွေက ခံစားချက် အဟောင်းတွေ၊ အယူအဆ အဟောင်းတွေ ကနေ့ထိ သယ်ဆောင်လာဆဲ။ ဒါတင် မကျေနပ်သေးဘူး။ နောက်နေ့ နောက်နေ့ များမှာလဲ ဒီ အယူအဆ အဟောင်းတွေ ဆက်လက် ဖြစ်တည်နေစေချင်တယ် – ဒီခံစားချက် အဟောင်းတွေ ဆက် တည်ရှိ နိုင်ပါစေလို့ ဆန္ဒရှိတယ်။ အဲ့တော့ အဲ့ဒီ ဆန္ဒတွေနဲ့ အတူ မနာလို၊ ဝန်တို၊ ဒေါသ၊ မာန ရူးသွပ်သမျှတွေပါ တစ်ပါတည်း ဆက်လက် ပါဝင်လာပါတယ်။

ခင်ဗျားလည်း တွေးကြည့်နိုင်မယ် ထင်တယ် – နေ့တစ်နေ့ တာ ကုန်ဆုံးသွားပြီး အိမ်ပြန် ဝန်ထုပ်တွေ ချ အနားယူချိန်မှာ – “ဒီကနေ့ ပြီးပြီ။ ငါ့သန္တာန် ရှိသမျှ အကုန်ထားရစ်ခဲ့မယ်။ နောက်တစ်နေ့မှာ ငါ အသစ် အသစ်နဲ့ပဲ ရင်ဆိုင်မယ်” လို့ စိတ်ကူး ရှိခဲ့ဖူးပါသလား။ ဒီကနေ့ ရဲ့ အဟောင်းတွေကို နောက်တစ်နေ့ အထိ ဘယ်တော့မှ မသယ်သွားဘူးလို့ ဆန္ဒ ရှိခဲ့ဖူးပါသလား။

ကျနော်တို့မှာ အနည်းဆုံး တွယ်ငြိတဲ့ စိတ် ကျန်ရစ်နေပါတယ်။ ကျနော်တို့ ဘာကို တွယ်တာ မိနေကြသလဲ။ အသုံးအဆောင်တွေလား၊ ဒီ တိုက်တာ အိုးအိမ်တွေ လား ။ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် တွယ်တာမိနေမယ့် ( ကျိန်းသေတဲ့ ) အရာတွေက – ကျနော်တို့ရဲ့ စိတ်ကူး တွေ၊ ကျနော်တို့ရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အဲ့ဒီ စိတ်ကူးစိတ်သန်း၊ မျှော်မှန်းချက်၊ စကားလုံးတွေနဲ့ သာ ကျနော်တို့ ဆက်လက် အသက်ရှင်နေတယ်။ မြင်နိုင်ပါရဲ့လား မသိ။ Read more of this post

သုခမြေ

အဲ့နေ့က ကောင်းကင် တစ်ခုလုံး ဘာတိမ်မှ မရှိဘူး။ လေလည်း တိုက်မနေဘူး -။ အဲ့တော့ စူးရှရှ နေရောင်တွေချည်း အစွမ်းကုန် တောက်နေတော့တယ်။ ဒီနေရောင် သွန်းလောင်းကျ ပြီး စူးရှနေပုံက ရက်စက်တဲ့ သရုပ် အပြည့်ရှိတယ်။ မနေမနား ပူပြင်း လွန်းလို့ အပူငွေ့တွေ တလှိုင်လှိုင်ထ နေတယ်။ ပုံရိပ်တွေ က မှုန်ဝါးရီဝေ နေကြ တယ်။ ဒီလမ်း ပေါ်မှာ ကျုပ် တစ်ယောက်တည်း။

ကျုပ် ဝဲယာ ဟိုသည်ဘက် တွေ အကုန်လုံးက လယ်ကွင်းတွေချည်းပဲ။ သူတို့တွေက ဟိုးမိုးကုပ် စက်ဝိုင်း အောက်စွန်း အထိ တပြန့်တပြော ရှိတယ်။ စိမ်းညို့ နေရမယ့် မြေဇာမြက်တွေတော့ တစ်ပင် တစ်လေမှ ခင်ဗျား တွေ့ရမယ် မထင်ပါလေနဲ့ ။ လွတ်လပ်တဲ့ လေကို ရှုရှိုက် ဖူးပွင့်နေမယ့် ပန်းတစ်ပွင့်မှ မရှိဘူး ။ ဒီလို နှလုံးတစ်ခု လုံး ကွဲအက် ဖုန်ထနေတဲ့ တိုင်းပြည်မှာ ဘယ်ပန်း ကရော ပွင့်နေမှာလဲ – ကျုပ်အတွက်တော့ မဆန်းလှဘူးရယ်။ အရာအားလုံးက ဟိုနေရာမှာ ၊ ဒီနေရာမှာ – စသဖြင့်- ကိုယ့်ဒုက္ခ ဥခွံလေးထဲ ကိုယ့်ဘာသာ ဝင်ခိုနေကြတယ်။

တကယ်က – ခေတ် အဆက်ဆက် တိုက်စားခဲ့တဲ့ ဒဏ်ရာတွေ ရှိတယ်။ ပြောမပြနိုင်တဲ့ တပ်မက်စိတ် တွေ ရှိတယ်။ အဲ့လိုနဲ့ အားလုံး မျက်ရည်နဲ့ မျက်ခွက်။ ငိုကြွေးပြီးရင်း ငိုကြွေးရင်း သစ်ညိုပင် တွေလည်း အမြစ်ပြတ်၊ ပျက်ပြုန်း သွားတယ်။ ဒီကမ္ဘာမြေ တစ်ခုတည်း အကာအကွယ်မဲ့ တုံးလုံး ကျန်ရစ်ခဲ့တယ်။ အရင်ကဆို ဒီနေရောင် လောက် မျိုးက ဘယ်မှုလိမ့်မလဲ။ စိမ်းမြမြ အရိပ်တွေနဲ့ ထီးရိပ် လို ခို၊၊ မလိုတမာ ပြုံးပြီးသာ နေလိုက်တော့မှာ။

Read more of this post

ကာလမှ လွန်မြောက်သော

အမတ အဖြစ် ကို နားလည် သိမြင်ပြီးသူ အတွက် ကာလနှင့် ဒေသ သဘောတို့သည် သီးခြား ဖြစ်စဉ် တစ်ခု အနေဖြင့် တည်ရှိ မနေ။

ကာလနှင့် ဒေသ ဟူသည် မပြည့်ဝ မသိမြင် သေးသော သူ အတွက်သာ အစစ်အမှန် တည်ရှိ နေရသည်။ အကြင်သူ အတွက် ဒေသ ( Space ) သည် အညွှန်းဘောင် အမျိုးမျိုး ကွဲပြား ဖြစ်တည်လျက် ရှိသည်။ ကာလ ( time ) သည်လည်း အတိတ် ၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူ၍ ကွဲပြား ဖြစ်တည် လျက် ရှိသည်။ ၎င်းသည် ဘဝ ဖြစ်တည်မှု အတွင်း အနောက်သို့၊ အတိတ်သို့- ပြန်မျှော်ကြည့်သည်။ ၎င်း မွေးဖွားခဲ့ရာကို၊ ၎င်း၏ ဇာတိကို ပြန်ဆင်ခြင် ကြည့်သည်။ ၎င်း ရည်ရွယ်ခဲ့ရာ၊ ၎င်း၏ ခြေရာ အလီလီ တို့ကို ပြန်မြင်ကြည့် သည်။ စင်စစ် ထိုအရာ အားလုံးကို သူထားရစ်ခဲ့ရပြီး ဖြစ်ပါသည်။

အတိတ် ဟူသည် ထပ်ကျော့ ဖြစ်တည်လာသော အနာဂတ်ပေါင်း များစွာ ပေါင်းထည့် ကျန်ရစ်သွားခဲ့ခြင်းသာ ဖြစ်သည်။ ထိုနည်း အားဖြင့် အကြင်သူ၏ သန္တာန်တွင် ပုံရိပ် ထင်ကာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ အနာဂတ်ကို မျှော်ကြည့်နေခြင်း ပေါင်း များစွာ စုစည်း၍ အတိတ် ဖြစ်သွားကြသည်။ အကြင်လူသည် အဘယ်အကြောင်းကြောင့် အတိတ်ကို ပြန်မြင် ကြည့်ပါသနည်း။ အဘယ်ကြောင့် မကြာခဏ အတိတ်ကို တမ်းတ မျှော်ခေါ် နေမိတတ်ပါသနည်း။ စင်စစ် အနာဂတ် တွင် ဖြစ်ပေါ်လိုသော မိမိ အကျိုး ၊ လိုလားသော မိမိ အစွဲအလမ်း အတွက် အလို့ငှာ အတိတ် ကို မျှော်ကြည့်ခြင်း သာ ဖြစ်ပါသည်။ ထိုသည်ကိုပင် အတိတ်မှ “သင်ခန်းစာ” ယူခြင်း ဖြစ်သည်ဟု စကားလှလှ ကင်ပွန်း တပ်လေ့ ရှိသည်။

သို့သော် လူသည် ယင်းသို့ အတိတ်ကို ပြန်မျှော်ကြည့်ရုံ သက်သက် ရှိမနေပေ။ အတိတ်ကို ကြည့်ရင်းမှ အာရုံကို ပြန်လည် လွှဲယူ လိုက်သည်။ ထို့နောက် – ၎င်း၏ ဥာဏ်အမြင်၊ လိုဘဆန္ဒတို့ သည် အနာဂတ်သို့ မျှော်ကြည့်၍ ထကြွလာ မိပြန်သည်။ စိတ်ကူး ပုံဖော် သည်။ အနာဂတ်တွင် တစ်ခုခု ပြီးစီးအောင်မြင် နိုးနိုး၊ စီမံချက် မျှော်မှန်း ချမှတ်သည်။ ကောက်ကြောင်း ရေးဆွဲ တေးမှတ်သည်။ စင်စစ် ယင်း အနာဂတ် သည်လည်း ၎င်း အတွက် တည်ရှိနေသော အရာ မဟုတ်။ “အနာဂတ်” သည် မည်သူ တစ်ဦးတစ်ယောက် အတွက်မှ စင်စစ် ရှိမနေပေ။ ယင်း “အနာဂတ်”ဟူသော ဝေါဟာရသည် “သေမင်း” တည်း ဟူသော မြင်နိုင်ခက်၊ သိနိုင်ခက်သည့် အမှောင်ထု စင်စစ် – ဖုံးလွှမ်းနေသော အရာ ကို စကားဖလှယ်၍ သုံးစွဲ ထားခြင်းသာ ဖြစ်သည်။

အတိတ် နှင့် အနာဂတ်တို့ အပေါ် စေ့ဆော်သော အာရုံကြောင့် လူသည် မိမိ အဖြစ်မှ ကင်းကွာ သွားသည်။ အနာဂတ်၏ သိရခက် နက်နဲမှု သက်သက်က ၎င်းကို လိုဘအာသာ ရမ္မက်များဖြင့် ဖြားယောင်း သွေးဆောင်သည်။ ယင်းသို့ဖြင့် ၎င်းသည် အတိတ်ကို နမူနာ အခြေခံ ထား၍ အနာဂတ်ကို မျှော်မှန်း ဆက်လျောက်သည်။ စင်စစ် အနာဂတ်သည် မည်သည့်အခါမှ မရှိသည့် ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ သို့သော် ၎င်းက စိတ်ကူး အိပ်မက် ဖန်တီး၍ မိုးကုတ်စက်ဝိုင်း အပြင်ဘက်ကို ပျံသန်းသွားမည် ဟု မျှော်မှန်းထားသည်။ ယင်း မိုးကုတ်စက်ဝိုင်း၏ ဟိုမှာဘက်တွင် ပျော်ရွှင်ခြင်း တည်ရှိသည်ဟု ယုံကြည် လိုက်သည်။ ယင်းမှ ရှာဖွေရေး ခရီးစဉ် ဆက် တော့သည်။ Read more of this post

တဝဲလည်လည် ဖြစ်ရခြင်းများ

ဒီရက်ပိုင်းအတွင်း အဖတ်အများဆုံးနဲ့ စာအရေးဖြစ်ဆုံး ဟာ http://www.messagefrommasters.com/ က ဖြစ်ပါတယ်။ အိုရှိုး၊ ဂျစ်ဒူး ခရစ်ရှနမူရတိ၊ ဗုဒ္ဓ၊ ဇင် စသဖြင့် ဖတ် ဖြစ်တယ်။ စစတွေ့ကတည်းက တစ်နေရာထဲမှာ အစုံအလင်နဲ့ အလွယ်တကူ တွေ့ရတာမို့ အကြိုက်ဆုံး ၊ အနှစ်သက်ဆုံး ဆိုဒ် တစ်ခု ဖြစ်လာခဲ့တယ်။ အကြောင်းတိုက်ဆိုင်တယ်ပဲ ဆိုမလား။ ဆရာ ရဲထက်ရဲ့ အိုရှိုးပြောတဲ့ ဟင်းလင်းပြင် စာအုပ် ပြီးခဲ့တဲ့လက ပုံနှိပ် ထွက်လာ ခဲ့တယ်။ ရှိပြီး ဖတ်ပြီးသားတွေ ဘာသာပြန်ဆိုထားတာ သက်သက် ပေမယ့် အားပေးတဲ့ ၊ လေးစားတဲ့ အနေနဲ့ ဝယ်လာခဲ့တယ်။

အဲ့စာအုပ်မှာ ဆရာပါရဂူရဲ့ အမှာ၊ ကိုရဲထက်ရဲ့ နိဒါန်း အဲ့ဒါတွေက ဆွဲဆောင်မှု ရှိတယ်။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဆရာပါရဂူရဲ့ ဩဇာဟာ ကျနော့အပေါ်မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆရာပါရဂူ အပေါ်ကိုလည်း ဗုဒ္ဓ၊ အိုရှိုး၊ ခရစ်ရှနတို့က ၅၀ ရာခိုင်နှုန်း ကျော်ကျော် ဩဇာ သက်ရောက်ခဲ့တယ် လို့ ဆိုပါတယ် ။ ဒါဆို ကျနော့် ဆီမှာ ဟိုးငယ်စဉ်ကတည်းက ဒီပုဂ္ဂိုလ်တွေ၊ ဒီလူတွေရဲ့ ဩဇာဟာ ကိုယ်သာ နာမည် မမြင်မသိခဲ့ပေမယ့် စိုးမိုးပြီးသား ဖြစ်နေတယ်လို့ ဆိုရမလို ပဲ။

ဩဇာ သက်ရောက်ခံရတာဟာ လွတ်လပ်တဲ့ လူသား တစ်ယောက် အတွက် သွေဖယ်တဲ့ အဖြစ်တစ်ခုလို့ အဆိုရှိတယ် ။ ဒါပေမယ့် ဒီလူတွေရဲ့ ဩဇာက အခြား ဝါဒ၊ အခြား ဒဿနတွေရဲ့ ဩဇာနဲ့ မတူဘူး။ အခြား ဒဿနတွေရဲ့ ဩဇာ စီးဆင်းမှု လို လှောင်ချိုင့်တံခါးကို ဆွဲပိတ်ထားတာ မဟုတ်ဘူး။ သူတို့ရဲ့ ဩဇာက လှောင်ချိုင့်တံခါးကို ဖွင့်ပေးတာ သက်သက် ဖြစ်ပါတယ်။ သူတို့က ဘာကို လုပ်ပါ။ ဘာကိုမလုပ်ပါနဲ့။ သူတို့ကိုပဲ ယုံပါ၊ အခြားကို မယုံပါနဲ့လို့ မပြော ဘူး။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် သိသင့်တယ်။ လွတ်လပ်မှု ဆိုတာ ဘာလဲ ၊ လွတ်လပ်မှု ဆိုတာ ရှိသင့်တယ်၊ ရိုးရှင်းမှု ဆိုတာဘာလဲ။ ရိုးရှင်းမှု ဆိုတာ ရှိသင့်တယ်။ ဘဝရဲ့ ပြဿနာက ဘာလဲ။ ဘဝရဲ့ ပြဿနာကို သိသင့်တယ် ။ အဲ့ဒါတွေကိုပဲ လက်ညှိုး ညွှန်ပြခဲ့ကြတာ ဖြစ်ပါတယ်။

လမ်းကြောင်းကို လက်ညှိုးညွှန်ပြတဲ့ နေရာမှာ သူတို့က လက်ညှိုးကို ကြည့်ခိုင်းနေတာ မဟုတ်ဘူး။ လက်ညှိုးညွှန်ပြတဲ့ နေရာ၊လမ်း သက်သက်ကိုသာ ဖြစ်ပါတယ် ။ ဒီညွှန်ပြရာကို ခင်ဗျား သွားရင် ဒီလိုဟာကို တွေ့ပါလိမ့်မယ်။ လမ်းပြတာ သက်သက်ပဲ ။ ဒီလမ်းကို သွားရင် ဒီကိုရောက်မယ်။ ဟိုလမ်းကို သွားရင် ဟိုကို ရောက်မယ်။ သွားတာ မသွားတာကတော့ ခင်ဗျားနဲ့ပဲ ဆိုင်တယ်။ အတင်းအကျပ် သွားပါလို့ မပြောဘူး။ ဒီလို လမ်းညွှန်မှုမျိုး အခြားမှာ ရှင်းရှင်းလင်းလင်း ရှိပါရဲ့လား။ သူတို့ရဲ့ ဟောကြားသမျှမှာ – သူတို့ကို သိပါလို့ မပါဘူး။ ခင်ဗျားကိုယ် ခင်ဗျား သိပါလို့ပဲ ပါတယ်။ ခင်ဗျားရဲ့ ကမ္ဘာကို ခင်ဗျား ဖန်တီးလို့ ရတယ်။ ဖန်တီးနိုင်တယ်။ ဘယ်လို ဖန်တီးရင် ဘယ်လိုသက်ရောက်နိုင်တယ်။ ခင်ဗျားမှာ အမြင်တွေ မကြည်လင်ဘူးလား။ ခင်ဗျား ရဲ့ မှန်က မှုန်ဝါးနေသလား။ သူတို့က ကြည်လင်အောင် ကိုယ်တိုင် ကိုယ်ကျ လာသုတ်ပေးတာ မဟုတ်ဘူး။ လာလည်း မသုတ်ပေးနိုင်ဘူး။ ဒီမှန်ကို ကြည်လင် ချင်ရင် ခင်ဗျား ဘယ်လို သုတ်တာ ပိုကောင်းမယ်။ သုတ်ရမယ့် သူက ခင်ဗျား ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ သူတို့ ပြောခဲ့ကြပါတယ်။ Read more of this post