年 

28058753_2071458196202751_3749124852666040810_n

年暮れぬ
笠きて草鞋
はきながら
.
တစ်နှစ် ကုန်ပြန်ပြီ
ဒီမြက်ခမောက် ဒီဖိနပ်
စီးလျောက်ရင်းနဲ့ပဲ
.
~ Matsuo Basho (松尾芭蕉)

………………….
“တိုရှိခုရဲနု၊ ခစခီတဲ့ ၀ါရာဂျီ၊ ဟခီနာ ဂါရ” ဆိုတဲ့ စာဆို ဗရှိုးရဲ့ ကဗျာငယ်။ ဒုတိယပါဒ “笠きて草鞋 ခစခီတဲ့ ၀ါရာဂျီ” ရဲ့ အတိအကျ အဓိပ္ပါယ်က “အရိပ် ကို ခိုပြီး၊ မြက်ဖိနပ်” ပဲ။ ဒါပေမယ့် ဇင် ဘုန်းတော်ကြီးတွေ အဆင်တန်ဆာမှာ ဒီအရိပ်ဟာ မြက် ခမောက်ကို ပြော(တယ်လို့ မြင်) တာကြောင့် အခု အတိုင်းပဲ ရေးလိုက်တယ်။ မြင်သာအောင် သင့်ရာ ပုံကို ရှာပြီး စာတွဲ ပါတယ်။ မူရင်းဓာတ်ပုံရှင် Ljikob ကို ကျေးဇူးပါ။
…………………
With Love,
Zayya
Feb 17th 2018 at 15:24

သက်တံ့ရောင်းသူ

10380884_906814189333830_3277790917709087139_n

မနက်ပိုင်းမှာ အလင်းရောင်တွေ ဖြာကျလာတာမျိုး ကျနော် သိပ်ကြည့်ရတာ မဟုတ်ဘူး။ မရဆို – မိုးလင်းတာနဲ့ မျက်လုံး နှစ်ဖက်ကို ဇွတ်အတင်းဖြဲ ဝင်လာတာကိုး။ မနေနိုင်မထိုင်နိုင်အော်င အပူရှိန်တွေ တရစပ် လွှတ်တတ်တာကိုး။ ဘယ်မှာ လာ ကောင်းတော့မှာလဲ။ ဘာပဲ ပြောပြော ဒီနေ့ ပစ္စည်း ဝယ်ထွက်ဖို့ အိပ်ရာက ထခဲ့တယ်။

အဲ့နေ့ မနက်က သူ့ကို ကျနော်တွေ့တော့ ခုံတန်းလေး တစ်ခုပေါ်မှာ။ တင်ပလွှဲလေး ထိုင်နေတယ်။ ခါးသေးသေးလေးကို ကော့ညွှတ်လို့။ သားမြတ်အစုံကို ခပ်စွင့်စွင့် ချီ၊ ဦးခေါင်းကို မော့လို့။ မျက်တောင်လေးတွေတောင် ကော့နေတာ ကျနော် မှတ်မိသေးတယ်။

မြေပြင်မှာ နှင်းပေါက်တွေ မရှိဘူး။ ရွာပြီးကာစ မိုးစွတ်စွတ်၊ ရေပွက် ရေစတွေက ဟိုနားတစ်စ ဒီနားတစ်စ။ အသာအယာ ကြွပြီး ရှောင်နင်းရင်တောင် ကျနော့ဖိနပ်မှာ ရေမဖြစ်မနေ စိုမှာ။

“ချာတိတ် – မင်း လက်ထဲကဟာ ဘာလဲကွ”
“သက်တံ့တွေ”
“ဘာလုပ်တာလဲ”
“ရောင်းတာလေ” Read more of this post

လွမ်း

1907661_902992013049381_6797393722683287871_n

အဝေးက ငှက်ငယ်လေး
အတောင်ဖျားလေး အေးလို့
ခပ်ဆွေးဆွေး ညည်းဆို
လောကဟာ အပိုပါတဲ့။
Read more of this post

ဥယျာဉ်တော်သို့ အ၀င်

10309757_883054105043172_8225805915149802145_n

ကျနော် သူ့မျက်လုံးကို စိုက်ကြည့်တော့ – ပြာဝင်းလဲ့ရောင် မြင်ရတယ်။ အပြာဟာ ကောင်းကင်။ ဝင်းလဲ့မှုက ကြယ်စင်။ ကောင်းကင်နဲ့ ကြယ်စင် ဆိုတာ မြေလွှာပေါ်က ခြေတစ်ဖက် ကြွရင် လှလှပပ ကကြတဲ့ ကညာပျိုတွေပေါ့။ စည်းလိုက် ဝါးလိုက် ဂီတရဲ့ အလစ်အငိုက်မှာ ခြေဖမိုးသားလေး လက်လို့။

ကျနော် သူ့ရင်ထဲကို စိုက်ကြည့်တော့- နူးညံ့ရွှန်းစိုနေတာ တွေ့တယ်။ နူးညံ့မှုက မေတ္တာ။ ရွှန်းစိုမှုက အကြင်နာ။ မေတ္တာနဲ့ အကြင်နာဟာ ရင်နှစ်လွှာကြားက ပန်းစုံပွင့်တဲ့ ပျိုးခင်းဥယျာဉ်ပဲ။ လေညှင်းပဲ သုတ်သုတ်၊ လေပြင်းပဲ ဆွေဆွေ မွှေးရနံ့တွေ သီနေအောင် လွင့်လာတတ်ကြတာပေါ့။ မြတ်နိုးစိတ်နဲ့ ကျနော် ပျိုးသူ- တူးဆွပေါင်းသင် ပုံဖော်လို့။

ဒီကနေ့ဟာ ကောင်းကင်နဲ့ ကြယ်စင် – မြေပြင်ပေါ် ကြွေကြတဲ့ နေ့ပဲ။ ယုံချင်ယုံ မယုံချင်နေပဲ မိတ်ဆွေ။ ရှင်သန်တဲ့ နား – ရွှင်လန်းတဲ့ နှလုံး – အေးမြတဲ့ အသံသာတွေကြောင့် အဆွေ နားထောင်ကြည့်ရင် ကြားရပါလိမ့်မယ်။ မြန်မာ့စောင်းသံ၊ တံတျာတေချိုး၊ အစပျိုးနေတဲ့ Read more of this post

သူရယ်၊ ကျွန်တော်ရယ်၊ မရယ်

10330517_871531849528731_8118886009782850330_n ပန်း၏ သဘာဝကို မသိ။ သို့သော် ပန်းကို ချစ်ကြသည်။ လောက၏ သဘာဝကို မသိ။ သို့သော် လောကကို ချစ်ကြသည်။ မိမိခန္ဓာ အကြောင်းကို မသိ၊ သို့သော် မိမိ ခန္ဓာကို ချစ်ကြ၊ တွယ်တာကြသည်။ သို့ဆိုလျှင် ချစ်ခြင်း၊ တွယ်တာခြင်းသည် အသိနှင့် မသက်ဆိုင်ပါသလော။ ကျနော် နားလည်လိုပါသည်။

ယခု ကျနော် ဤအခန်းလေး ထဲတွင် ရှိနေသည်။ ‘မ’က ကျနော့ အကြိုက် အလင်းရောင် လျှော့ချ၍၊ မှိန်ပေးထားသည်။ အပြင်တွင် နေရောင် တောက်ပနေကြောင်းကိုတော့ လိုက်ကာ လွင်လွင်နောက်မှ အလင်းရောင် မှိန်မှိန်ကို ကြည့်၍ ကျနော် သိနိုင်ပါသည်။ ညနေ ဆည်းဆာကို ချစ်သော ‘မ’ သည် တစ်ခန်းလုံး ညနေ ဆည်းဆာရောင် ဖန်တီးထားသည်။ ည၏ အမှောင်ကို ချစ်သော ကျနော်သည် တစ်ခန်းလုံး အလင်း မှန်သမျှ လျော့ချထားသည်။ ‘မ’ နှင့် ကျနော့၏ အလိုသို့ ဤအခန်းငယ်လေးက အလိုက်တသင့် ကပြလျက် ရှိပါ၏။ အလင်း အမှောင်တို့ ပေါင်းစပ်ညီညွတ်နေသော နူးညံ့ကြည်စင်နေသော ဤအကသည် အဘယ်မျှ လှပနေပါသနည်း။

နူးညံ့မှုကိုရော၊ လှပမှုကိုပါ သူမတူအောင် ချစ်တတ်၊ မြတ်နိုးတတ်သော ‘မ’သည် အလင်းမှိန်မရသော လိုက်ကာပြတင်း အပါးတွင် ပန်းရိပ်ကလေးများ ကျစေလိုဟန် တူသည်။ အလင်းကို နောက်ခံထား၍ ပန်းကလေးများ စီစဉ်ထားပုံမှာ ‘မ’ ၏ ကျွမ်းကျင်မှု တစ်ခုတည်း မဟုတ်ကြောင်း ကျနော် နားလည်ပါသည်။ ‘မ’ ၏ သဘော၊ ‘မ’ ၏ သဘာဝ၊ ‘မ’ ၏ နှလုံးသား ဟဒယလည်း ဖြစ်ပါလိမ့်မည်။

“အမှတ်တမဲ့ ကြည့်ရင် နှင်းဆီနဲ့သာ တူနေတာ။ နှင်းဆီ မဟုတ်ဘူး မောင်ရဲ့။”

Read more of this post

ကဗျာရွတ်လို့ ထကြစို့

ပြာရီမှောင် ညို့စဉ်က

ပြာရီမှောင် ညို့စဉ်က

 

ကဗျာတွေ ရွတ်ဆိုလို့ နိုးထလာချိန်က စရမယ်။

မြက်ခင်း အဖျား အနားတွေဟာ သူ့ကဗျာသံကြောင့် မြူးထူး ကခုန်နေကြတယ်။ သူတို့က သူတို့ အပါး ကပ်မြှူနေကြတဲ့ နှင်းမှုန်စလေးတွေကို တပျော်တပါး ခါယမ်းကြလိမ့်မယ်။ ခါယမ်းခံရတဲ့ သူတို့တွေ တဝေးဝေး တဝါးဝါး ခုန်ဆင်းသွားကြမှာပဲ။ ပြုံးရယ်ရင်း ကြိုလင့်နေတဲ့ မြေလွှာပြင်ပေါ်မှာ လွတ်လပ်ခွင့် ရသွားကြမှာပဲ။ ဒီလိုနဲ့ လောကဟာ ဂီတသံတွေကြား၊ ကဗျာတေးချင်းတွေကြားမှာ ချစ်ခြင်းတရားကို ဒလဟော ဖြန့်ဝေနေကြတယ်လို့ အလိုလို ခံစားမိလာကြမှာပါပဲ။

တကယ်တမ်း လောကမှာ စစ်မက်တွေ မရှိဘူး ဆိုရင်၊
တကယ်တမ်း လောကမှာ ခိုက်ရန်တွေ မရှိဘူး ဆိုရင်၊
တကယ်တမ်း လောကမှာ အမနာပ အတင်းအဖျဉ်းတွေ မရှိကြတော့ဘူး ဆိုရင်
Read more of this post

Ode to Joy ကို ပြန်ဆိုကြည့်ခြင်း

ချမ်းမြေ့မှုသို့ တမ်းချင်း (Ode to Joy) ရဲ့ မူရင်းဟာ ၁၇၈၅ ခုနှစ်က။ ဂျာမန်ကဗျာဆရာ ဖရက်ဒရစ်ရှီလာ ရဲ့ “Ode an die Freude” ဂျာမန်ကဗျာပါ။ ဒီကဗျာကို ဂီတဆရာကြီး Beethoven က သူ့ရဲ့ Symphony No. 9 မှာ ထည့်သွင်းပုံဖော်ခဲ့တယ်။

ပုံပြင်လေးတစ်ခုပေါ့ဗျာ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ခြောက်တန်းနှစ် ကျောင်းသားလေး တစ်ယောက် ရှိတယ်။ ကျောင်းလွယ်အိတ်ကို လွယ်လို့၊ အိမ်အပြန် လမ်းတစ်နေရာ၊ ဆိုင်တစ်ဆိုင်က ဖွင့်ထားတဲ့ တေးသွား- သူ ကြားလိုက်ရတယ်။ ဟိန်းထွက်လာတဲ့ အသံနဲ့ ခိုင်မာတဲ့ Tone တွေ ကြားမှာ ဒီကလေး သွေးတွေ ဆူဝေသွားခဲ့တယ်။ လမ်းလျောက်နေတဲ့ ကိုယ့်အဖြစ်ကို မေ့သွား၊ ပတ်ဝန်းကျင်ကို မေ့သွား၊ ပလက်ဖောင်းကိုမေ့သွား၊ စူးစူးရဲရဲ ညနေနေရောင်ကိုလည်း မေ့သွား။ အဲ့တေးသွား ဆုံးတဲ့အထိ တွေတွေငေးငေး ရပ်တန့်နေခဲ့သတဲ့။

ဒီအချိန်မှာ ဦးလေးအရွယ် လူတစ်ယောက် ရောက်လာတယ်။ အဲ့ဆိုင်ထဲကပဲ။ ဒီကလေးကို ပုခုံးဖက်ပြီး မင်း ဒီသီချင်း နားထောင်နေတာလားလို့ မေးတယ်။ ခေါင်းညိမ့်ပြတော့- မင်း နားရောနားလည်လို့လား လို့ ထပ်မေးတယ်။ ကောင်လေးက ခေါင်းခါပြတော့- သား ခဏထိုင် တဲ့။ ဆိုင်ဝက ခုံလေးမှာ နှစ်ယောက်သား ထိုင်တယ်။ အဲ့ဦးလေးက ဒီတေးသွားကိုပဲ နောက်တစ်ခေါက် ထပ်ဖွင့်တယ်။ ဒီ့နောက်တော့ ချမ်းမြေ့မှု၊ ကြည်လင်မှု၊ ချစ်ခြင်းမေတ္တာအကြောင်း အေးအေးလူလူ ရှင်းပြနေတော့တာပဲ။

အဲ့နေ့က စလို့၊ ဒီကျောင်းသားလေးဟာ- လောကမှာ အခြားအရာတွေ မလိုချင်။ ချစ်ခြင်းမေတ္တာသာ လိုချင်ခဲ့တော့တယ်။ “အေးချမ်းမှု ဘယ်မှာလဲ။ လူတွေ ဘယ်လိုချစ်ကြသလဲ။ နူးညံ့မှု၊ သိမ်မွေ့မှု ဘယ်မှာလဲ။ နားလည်မှု၊ ချစ်ကြည်မှု၊ ရွှင်လန်းမှု၊ ပေါ့ပါးမှု၊ ခိုင်မာမှု၊ လွတ်လပ်မှု၊ အသိပညာတရား- ဒါတွေဟာ အထည်ဒြပ်ဆုပ်ကိုင် မပြနိုင်ပေမယ့် လူသားတိုင်း မြတ်နိုးလိုချင်ကြတဲ့ အရာတွေပဲ မဟုတ်လား။ ငွေကြေး၊ ဥစ္စာ၊ ဂုဏ်၊ ရာထူးတွေ အကုန်ဖယ်ချ။ အဲ့အရာတွေနောက် ဒီကောင်လေး ကောက်ကောက်ပါအောင် ရှာဖွေနေခဲ့တယ်ပေါ့။

Read more of this post