Pick it up!

ဥစ္စာပစ္စည်း သားသမီးနှင့် လူ့ဘောင်ကို စွန့်ခွါ၍ အတူတကွ တောထွက်လာခဲ့သော ခင်ကြီးနှစ်ပါးသည် တေ့ရှိအိုမြစ်*ကမ်း တစ်ဘက်တစ်ချက်စီတွင် ကျောင်းသင်္ခမ်း ဆောက်လုပ်အမှီပြုကာ၊ ကမ္မဌာန်းစီးဖြန်း သီတင်းသုံးကြ၏။ ကာလအတန်ကြာသော် အရှေ့ဘက်ကမ်းမှ ခင်ကြီးသည် ၎င်း၏ကမ်းနဖူးမှနေ၍ အနောက်ဘက်ကမ်း ခင်ကြီးဆီသို့ ဤသို့ လှမ်းအော်ဆို၏။

Read more of this post

Because I am here.

နေရှိန် ပူပြင်းသည့် ပီဘိ နေ့လည်ခင်း ဖြစ်၏။ ဇင်ရဟန်းအို တစ်ပါးသည် တလင်းပြင်ခေါင်ခေါင်၌ သစ်သီးခြောက်များ နေလှန်းလျက် ရှိစဉ်၊ ၎င်းအခြင်းအရာကို မြင်သော အာဂန္တုရဟန်းတစ်ပါးသည် အပါးသို့ချဉ်းကပ်၍-

Read more of this post

ဗလာလှေ

chaung_tzu_empty_boatရှေးတုန်းကပေါ့။

လူတစ်ယောက်ဟာ မြစ်ပြင်ကျယ် တစ်ခုကို လှေငယ် တစ်စင်း၊ လှော်တက်ငယ် တစ်ချောင်း နဲ့ ဖြတ်ကူးသတဲ့။ သာယာတဲ့ မြစ်ပြင်ကြီးမှာ တေးသီချင်း တကျော်ကျော် ညည်းရင်း၊ ရောက်တတ်ရာရာ စိတ်ကူးယဉ် ရင်း လှော်ခတ်လာခဲ့တယ်။ သူ့စိတ်ကူးနဲ့သူ နစ်မြုပ်လို့ ယစ်မူးနေဆဲ၊ မြစ်လယ်လောက် အရောက်မှာ သူ့လှေကို အခြားလှေငယ် တစ်စင်းက ၀င်တိုက်မိရော။ ၀င်ဆောင့်မိတဲ့ အရှိန်ကြောင့် လှေကလည်း လူး၊ သူ့ခမျာ ပြူးပြူးပြာပြာ ဖြစ်ကရော တဲ့။
.
ညည်းဆိုလာတဲ့ တေးသီချင်းလည်း ပျောက်၊ ယဉ်လာတဲ့ စိတ်ကူးတွေလည်း ဘယ်ဆီဘယ်ရောက် မသိ၊ ပျောက်သွားလေရော။ ဒီတော့ သူ့လှေကို ၀င်ဆောင့်ရမလား ဆိုပြီး တစ်ဘက်လှေက လှေလှော်သမားကို ဆဲမယ် လို့ ဒေါသတကြီး ကြည့်လိုက်တော့၊ အဲ့ဒီလှေမှာ ဘယ်သူမှ မရှိ၊ လှေခွက်ကြီး ဗလာသက်သက် ဖြစ်နေပါရော တဲ့။
.
ဒီတော့မှ “ဩော် ဖြစ်ရလေ၊ သူ့ဟာသူ မျောလာတဲ့ လှေပါကလား” လို့ နှလုံးသွင်းလို့ ဒေါသလည်း ဖြေပျောက်သွားသတဲ့။ တစ်ဘက်လှေ ဗလာကို လက်နဲ့ အသာလေး တွန်းရှောင်၊ သူ့ခရီး သူ ဆက်သွားပါရောတဲ့။
.
ဒါဟာ ရှေးတရုတ် ပညာရှိကြီး ချောင်ဇူး ပြောတဲ့ ပုံပြင်ကဗျာလေးပေါ့။ ပုံပြင်လေးက ဒီမှာ ပြီးပေမယ့် ချောင်ဇူးက ဆက်ပြောပြတာ ရှိသေးတယ်။
.
Read more of this post

သူရယ်၊ ကျွန်တော်ရယ်၊ မရယ်

10330517_871531849528731_8118886009782850330_n ပန်း၏ သဘာဝကို မသိ။ သို့သော် ပန်းကို ချစ်ကြသည်။ လောက၏ သဘာဝကို မသိ။ သို့သော် လောကကို ချစ်ကြသည်။ မိမိခန္ဓာ အကြောင်းကို မသိ၊ သို့သော် မိမိ ခန္ဓာကို ချစ်ကြ၊ တွယ်တာကြသည်။ သို့ဆိုလျှင် ချစ်ခြင်း၊ တွယ်တာခြင်းသည် အသိနှင့် မသက်ဆိုင်ပါသလော။ ကျနော် နားလည်လိုပါသည်။

ယခု ကျနော် ဤအခန်းလေး ထဲတွင် ရှိနေသည်။ ‘မ’က ကျနော့ အကြိုက် အလင်းရောင် လျှော့ချ၍၊ မှိန်ပေးထားသည်။ အပြင်တွင် နေရောင် တောက်ပနေကြောင်းကိုတော့ လိုက်ကာ လွင်လွင်နောက်မှ အလင်းရောင် မှိန်မှိန်ကို ကြည့်၍ ကျနော် သိနိုင်ပါသည်။ ညနေ ဆည်းဆာကို ချစ်သော ‘မ’ သည် တစ်ခန်းလုံး ညနေ ဆည်းဆာရောင် ဖန်တီးထားသည်။ ည၏ အမှောင်ကို ချစ်သော ကျနော်သည် တစ်ခန်းလုံး အလင်း မှန်သမျှ လျော့ချထားသည်။ ‘မ’ နှင့် ကျနော့၏ အလိုသို့ ဤအခန်းငယ်လေးက အလိုက်တသင့် ကပြလျက် ရှိပါ၏။ အလင်း အမှောင်တို့ ပေါင်းစပ်ညီညွတ်နေသော နူးညံ့ကြည်စင်နေသော ဤအကသည် အဘယ်မျှ လှပနေပါသနည်း။

နူးညံ့မှုကိုရော၊ လှပမှုကိုပါ သူမတူအောင် ချစ်တတ်၊ မြတ်နိုးတတ်သော ‘မ’သည် အလင်းမှိန်မရသော လိုက်ကာပြတင်း အပါးတွင် ပန်းရိပ်ကလေးများ ကျစေလိုဟန် တူသည်။ အလင်းကို နောက်ခံထား၍ ပန်းကလေးများ စီစဉ်ထားပုံမှာ ‘မ’ ၏ ကျွမ်းကျင်မှု တစ်ခုတည်း မဟုတ်ကြောင်း ကျနော် နားလည်ပါသည်။ ‘မ’ ၏ သဘော၊ ‘မ’ ၏ သဘာဝ၊ ‘မ’ ၏ နှလုံးသား ဟဒယလည်း ဖြစ်ပါလိမ့်မည်။

“အမှတ်တမဲ့ ကြည့်ရင် နှင်းဆီနဲ့သာ တူနေတာ။ နှင်းဆီ မဟုတ်ဘူး မောင်ရဲ့။”

Read more of this post

ဘီး နှင့် ဝင်ရိုး ~ ပါရဂူ

“ပထဝီ သမောနော ဝိရုဇ္ဈတိ၊ ဣန္ဒခေါလု ပမောတာဒိ သဗ္ဗတော”

ကောင်းမြတ်သော အကျင့်တရား ရှိသည့် ရဟန္တာ ပုဂ္ဂိုလ်သည် ပထ၀ီ မြေကြီး ကဲ့သို့ ခိုင်မြဲ၏။ စွဲနေသော သံမှို ကဲ့သို့ လှုပ်ရှား ယိမ်းယိုင်ခြင်း မရှိ။ ယင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် ရွှံ့ညွန် ကင်းသော ရေကန် ကဲ့သို့ ညစ်ကြေး ကင်းစင်၏။

ဓမ္မပဒ မှာ ဖော်ပြ ထားတဲ့ အဆိုအမိန့် ဖြစ်တယ်။ အဲဒီ အဆိုအမိန့်မှာ ပါတဲ့ “သုဗ္ဗတော” ဆိုတဲ့ စကားလုံး ရဲ့ အနက် အဓိပ္ပါယ် ကို စဉ်းစား ဆင်ခြင်ကြည့်ဖို့ လိုလိမ့်မယ်။ “သုဗ္ဗတော” ဆိုတဲ့ ဝေါဟာရ စကားလုံးရဲ့ အနက် အဓိပ္ပါယ်က “ကောင်းသော အကျင့်တရား ရှိသူ” လို့ ဆိုလိုခြင်း ဖြစ်တယ်။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်များ အတွက် အသုံးပြု စကားလုံး ကို “သု” ကောင်းသော ဆိုတဲ့ ဝိသေသန နဲ့ ဘာဖြစ်လို့ တွဲသုံး ထားရသလဲ။ ရဟန္တာ ပုဂ္ဂိုလ်များ ရဲ့ အကျင့်တရား ကို “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ် သုံးစွဲစရာ မလိုဘူး လို့ ထင်စရာ ဖြစ်နေတယ်။ အမှန် က အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား များကို လည်း “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ်ပြီး သုံးဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် တစ်ကယ် လို့ မာန်မာန နောက်က ကပ်ပါ လာတဲ့ အကျင့်တရား ဆိုရင် ကောင်းသော အကျင့်တရား မဟုတ်ဘဲ မကောင်းသော အကျင့်တရား ဖြစ်သွားနိုင်တယ်။

မာန်မာန တရား ဟာ ဘယ် အရာဝတ္တု မျိုးကို မဆို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် ပြုလုပ် တတ်တယ်။ အကျင့်တရား မှာ လည်း ကောင်းတဲ့ အကျင့်တရား နဲ့ မကောင်းတဲ့ အကျင့်တရား ဆိုတာ ရှိနေတယ်။ အာသဝေါ ကုန်ခန်း သွားတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား ကတော့ မာန်မာန တွယ်ကပ် ပါလာခြင်း မရှိတဲ့ အကျင့်တရား မျိုး ဖြစ်တဲ့ အတွက် ကောင်းသော ဝိသေသန နဲ့ တွဲစပ် အသုံးပြု ထားခြင်း ဖြစ်တယ်။ အကျင့်တရား မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ် ရထားထိန်း က မြင်းကို ကြိမ်လုံးနဲ့ ရိုက်ပြီး အပြေး ခိုင်းတာမျိုး မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား မျိုး ရှိမနေဘဲ ယာဉ်ရထား ရဲ့ ဟန်ပန် အမူအရာ ကို နားလည်ပြီး မြင်းပြေးတာမျိုး မှာသာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ်ထိန်း နဲ့ မြင်း ရဲ့ ကြားမှာ ချစ်ခင် ကြင်နာမှု တည်ဆောက်တာမျိုး ဟာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

Read more of this post

ချိန်ခွင်ညှာ ~ ပါရဂူ

ကျနော့ ဆရာအရင်း ဖြစ်တဲ့ ဆရာ ပါရဂူရဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် FB စာမျက်နှာက တစ်နေရာ မှာ တွေ့လိုက် ရတယ်။ ကူးယူ လာခဲ့ပြီး ကိုယ့် blog ထဲကို ကိုယ် အမြတ်တနိုး မှတ်မှတ်ရရ သိမ်းထား လိုက် ပါတယ်။ သက်ဆိုင်သူများ ကျေးဇူးပါ။
……………….

ချိန်ခွင်ညှာ

အီဗောလျူရှင်း သီအိုရီ အရ ကမ္ဘာလောက ဟာ တစ်စတစ်စ တိုးတက် လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာလောက ဟာ ဒွန္ဒ နည်းအရ၊ ဒိုင်ယာ လက်တိကယ် နည်း အရ တိုးတက် လာတာ ဖြစ်တယ်။ အရာဝတ္ထု မှန်သမျှ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆက်စပ် နေ တာ ဖြစ်တယ်။ ဒွန်တွဲ နေတာ ဖြစ်တယ်။ နေ့ဖြစ်လာတယ် ဆိုရင် ည ရောက် မလာဘဲ မနေ ဘူး။ နံနက်ချိန် ဖြစ်လာရင် ညနေ ရောက် ကို ရောက်လာရမယ်။ နံနက်ချိန် ဟာ ညနေချိန်ကို ခေါ်ဆောင် လာတယ်။ ညနေချိန် ရောက်လာဖို့ ၁၂ နာရီ လောက်သာ စောင့်ရ လိမ့်မယ်။ ဇာတိ ဖြစ်လာရင် မရဏ ကပ်ပါလိမ့်မယ်။

ယေဘုယျ အားဖြင့် မရဏ ရောက်လာဖို့ နှစ်ပေါင်း ခုနှစ်ဆယ် လောက် စောင့်ချင် စောင့် နေရလိမ့်မယ်။ နံနက်ချိန် အပြီး မှာ ညနေချိန် ရောက် လာတာဟာ၊ ဇာတိနှင့် အတူ မရဏ ကပ် ပါလာတာ ဟာ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ပေါင်းစပ် နေ တာ ဖြစ်တယ်။ ဒွန္ဒသဘော၊ ဒိုင်ယာလက်တိကယ် သဘော အတွင်း ငုပ်နေတာ ဖြစ်တယ်။အဲဒီနည်း အတိုင်း ပဲ အလင်းရောင် မှာ အမှောင် ပေါ်လာတယ်။

သုခ နဲ့အတူ ဒုက္ခ ကပ်ပါလာတယ်။ က လို့မပြီးခင် ပူဆွေး စရာ၊ သောက ဖြစ်စရာ အကြောင်းက စောင့်နေတယ်။ ပြုံးလို့ လက်စ မသပ်ခင်၊ မျက်ရည်က အဆင်သင့် ဖြစ်နေပြီ။မျက်ရည် ကို ဖိတ်မန္တကပြုလာတာ တခြားမဟုတ်ဘူး။ အပြုံး……အပြုံး….။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ထဲက ဘယ် သဘောတရား ကိုမှ မလိုက်ဘဲ ကြားနေရင်၊ ဒါက အပြုံး၊ ဒါက မျက်ရည် ဆိုတာကို သိပြီး မိမိ ကိုယ်ကို အပြုံး နှင့်လည်း မ ဆက်စပ် စေဘဲ၊ မျက်ရည်နှင့်လည်း မဆက်စပ်စေဘဲ၊ တတိယလူ “သာဒ့်ပါစင်” အဖြစ်ရှိနေရင်၊ ခပ်လှမ်းလှမ်း က ကြည့်ရှု အကဲခတ် နေရင် အဲဒီနေ့မှာ နှိုးကြားမှု ဖြစ်ပေါ်လာပြီး၊ အပ္ပမာဒ တရား ဖြစ်ပေါ် လာပြီး သဘောတရား နှစ်ခု ကို တစ်ခုစီ ခွဲခြားမြင်နေမှာ မဟုတ်တော့ဘူး။မျက်ရည် ထဲမှာ အပြုံး ကို မြင်နေရလိမ့်မယ်။ အပြုံးထဲမှာ မျက်ရည် ပေါ် လာလိမ့် မယ်။ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဒွန္ဒသဘော တရား နှစ်ခု၊ ဒိုင်ယာလက်တိကယ် သဘောတရား နှစ်ခု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

Read more of this post

စောရ နှင့် နာဂါဇုန

Q: ဘာဝနာပဲ ပြောပြီး၊ အကျင့်သီလ စောင့်ထိန်းမှု နဲ့ ပတ်သက်လို့ ဘာမှ ပြောတာ မတွေ့ရဘူး။ ကိုယ်ကျင့် သိက္ခာမှာ- ဘယ်ဟာ မှန်ပြီး ဘယ်ဟာ အမှားလို့ ဘယ်လို ဆုံးဖြတ်မလဲ။

A: ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန် ပါ ဆိုတာ တွေ ကို ဆိုင်ရာ ဘာသာရေး အားလုံး မှာ ကိုယ်စီ သတ်မှတ် ပြဌာန်း ထား တယ်။ “ဒါ လုပ်ပါ – ဟိုဟာ မလုပ်နဲ့။ ဒါ ကုသိုလ်၊ ဟိုဟာ အ ကုသိုလ်၊ ဒါ က ကိုယ်ကျင့်သီလ၊ ဟိုဟာ က ဖောက်ပြားမှု အပြစ် – စသဖြင့် ခွဲခြား ပြော ကြား ထားပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲ့ဒီ ခွဲခြား သတ်မှတ် တာ ဟာ မှန်တယ် လို့ ကျနော် မမြင်ဘူး။ ဒါ့အပြင် အဲ့ဒီ သတ်မှတ် ခွဲခြား၊ ပညတ် ချက် ဟာ စင်စစ် အကျိုး သက်ရောက်မှု မရှိနေ ဘူးရယ်။

ဘဝ တစ်ခုလုံး ဟာ အမြဲ ပြောင်းလဲ နေပါ တယ် ။ ခင်ဗျား တခဏလေး စိုက်ကြည့်ရုံနဲ့ ကိုယ့် ဘာသာ သိနိုင်တယ်။ ဘယ် အရာ မှ မကျိန်းသေ ရင်တောင် – ပြောင်းလဲနေ တဲ့ ဖြစ်စဉ် ကတော့ ကျိန်းသေ ရှိကို ရှိ နေတယ်။ ခင်ဗျား အပါအဝင် အရာရာ တိုင်း ဘယ် တစ်ခုမှ မချွင်းမချန် ဆက်ခါ ဆက်ခါ ပြောင်းလဲ နေ တယ်။ အဲ့ဒီ အပြောင်း အလဲ တွေ ကြားထဲမှာ – ဒါကို အမှန်၊ ဟိုဟာ ကို အမှား လို့ – Ready-made အဖြေတွေ – ခင်ဗျား ဘယ်အကြောင်းနဲ့ ယူထား မလဲ။ ဘယ်လို ယူထား မလဲ။ အသင့် ထုပ်ပိုး ပြီးသား အဖြေတွေ နဲ့ ခင်ဗျား ရှေ့မှာ ရှိမယ့် အပြောင်းအလဲ တိုင်း၊ ဖြစ်ရပ် တိုင်း ကို ဘယ်လို ရင်ဆိုင် မလဲ။

ဒီကြား ထဲ က – “ဘယ်လို အခြေ အနေ ဖြစ်ဖြစ် ဒါပဲ လုပ်ရမယ် – ဒါမှ အမှန်ပါ” လို့ ကျနော် က ပြောမယ် ဆိုပါစို့။ ခင်ဗျား လည်း ကျနော့ ကို ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦး မို့ ချစ်ခင် ယုံကြည် လို့၊ လက်ခံ စွဲမြဲ ထားမယ် ဆိုပါစို့။ ခင်ဗျား ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်ရပ် တစ်ခု ကြုံ ဆုံတဲ့ အခါ – ကျနော် ပြောမယ့် အဲ့ဒီ Moral Code နဲ့ – ခင်ဗျား ဘယ်လို ရင်ဆိုင် မလဲ။ ခင်ဗျား ကိုယ်တိုင် အသိ မပါဘဲ – မှတ်သား မိလို့ သက်သက် – လုပ်ရတဲ့ အလုပ် ဟာ ခင်ဗျား ရင်တွင်းထဲ Dilemma သာ ပေါ်ပေါက်သွား ဖို့ ရှိတယ်။ ခင်ဗျား အတွက် အဟန့် အတား သာ ဖြစ်နေ ပါလိမ့်မယ်။ Read more of this post

Sufi Whirling

ဆူဖီ တွေ အကြောင်း “အချက်အလက် တွေ အားဖြင့်” သိပ် မသိပေမယ့် – တစ်စိတ်တစ်ပိုင်း သိမိ သလောက် အတွင်းမှာ တင် ချစ်စဖွယ် ကောင်း တဲ့ ဆူဖီဆရာ တစ်ယောက် ရှိပါတယ်။ ဆူဖီ mystics ဆရာများ အကြား၊ (ဝါ) မှတ်သားမိ သမျှ ဆူဖီ သမိုင်း ကြား မှာ သူ ဟာ ကြီးမြတ် တဲ့ နေရာ မှာ အထင်အရှား ရှိပါ တယ်။ သူရဲ့ အမည် က Jalaluddin Rumi ပါပဲ။ Mevlana Jalaluddin Rumi လို့လည်း ခေါ်ပါတယ်။ ဘာမှ ကွဲပြားမနေပါဘူး ။ (မက်ဗ်လာနာ) ဆိုတာ – မြတ်နိုး ဖွယ် ကောင်းတဲ့ ဆရာသခင် ဆိုတဲ့ ဂုဏ်ပုဒ် သက်သက်။ သူ့ကို ချစ်တဲ့ စိတ်နဲ့ အများစု က အမြတ် တနိုး တပ်ခေါ် တာ ဖြစ်ပါတယ်။

ကျနော် လေးလေး နက်နက် ချစ်မြတ်နိုးသူ များများစားစား မရှိဘူး။ အနည်းငယ် လောက်ပဲ ရှိပါ တယ်။ အဲ့ အနည်းငယ် အတွင်းမှာ ရူမီ ပါဝင် တယ်။ ကျနော် သူ့ကို ချစ်ရတဲ့ တစ်ခုတည်း သော အကြောင်း က – သူဟာ – လက်ရှိ အဖြစ်၊ ယခု ရှင်သန် နေတဲ့ ဘဝ ကို မငြင်းပယ် တဲ့ သူ၊ ဘဝကို မရှုံ့ချ တဲ့သူ၊ ဘဝ ရှင်သန်မှု ကို အခိုင်အမာ ပြုတဲ့သူ မို့လို့ပဲ ဖြစ်ပါတယ်။ ရူမီ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ဘာဝနာ ပုံစံ ရှိတယ်။ အဲ့ဒါကလည်း အခြားသူတွေ နဲ့ မတူ ထူးခြားတယ်။ ဒီနောက်ပိုင်း နှစ် – Mystics ဆရာ တွေ အကြားမှာ – ကခုန်မှု ဘာဝနာ ကို သူ ထည့်သွင်း ထားနိုင်ခဲ့တယ်။ ဝဲပျံ ရင်း၊ မိမိကိုယ်ကိုယ် ပတ်လှည့် ကခုန် တဲ့ အက မို့ – Whirling Dance , Whirling Meditation လို့ ခေါ်ပါ တယ်။ သူ့ နောက်လိုက် ဆူဖီ ဆရာတွေ ကိုလည်း Whirling Sufis တွေ လို့ တွဲ ခေါ် တယ်။

အဲ့ဒီ အက နဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါတယ်။ ခင်ဗျား လည်း မြင်ဖူးမယ် – ကလေး ငယ်ငယ် လေးတွေဟာ သူတို့ ခန္ဓာကိုယ်ကို သူတို့ လှည့်ပတ် ကရတာ ကြိုက်တယ်။ အဲ့လို ကနေ ရရင် – ပြုံးရွှင်နေ၊ ပျော်ရွှင်နေ တတ်တယ်။ ကလေး ဖြစ်သူ က အဲ့လို လှည့်ပတ် ကနေတာ မြင်ရင် – မြင်သူ ကျနော်တို့ က – ဒီကလေး မူးဝေမှာ၊ လဲမှာ၊ ထိခိုက်မှာ – စသဖြင့် စိုးရိမ်တဲ့ အကြောင်း အမျိုး မျိုး ကြောင့်နဲ့ တားဆီး တတ် တယ်။ ဒါပေမယ့် ဘယ်လိုပဲ တားလေ့ ဆီးလေ့ ရှိတဲ့ တိုင် ကလေး တွေဟာ အဲ့လို လှည့်ပတ် ကရတာကို ကြိုက် တယ်။ ကျနော် လည်း ကြိုက်ခဲ့ တယ်။ ခင်ဗျားလည်း အမှတ်သတိ သာ ရမယ် ဆိုရင် ကြိုက်နှစ်သက်ခဲ့ကြောင်း မှတ်မိနိုင်မယ် ထင်ပါ တယ်။ ဒါပေမယ့် ကြီးပြင်း လာတဲ့ နောက်ပိုင်း – ကျနော်တို့ လူကြီး အများက — သူတို့တွေ ဘာလို့ ကြိုက်သလဲ လို့ ဘယ်နှစ်ခါ များ စူးစမ်း မိကြ သလဲ။ Read more of this post

ရာဘီယာသခင်မ : On sufism.

သက္ကရစ် ၇၁၅ ခန့် တွင် မွေးဖွားသည် ဟု ခန့် မှန်းသည်။

စတုတ္ထမြောက် မွေး သ ဖြင့် Rabia ( အာရဗီဘာသာ ဖြင့်) ဟု မှည့်ခေါ် သည်။ မိဘ များ သည် အလွန် ဆင်းရဲကြ သော်လည်း ကျွန် များတော့ မဟုတ် ကြ။ မျိုးရိုးဂုဏ်တော့ ရှိ ကြသည်။ ဖခင် ကွယ်လွန် ပြီးချိန်တွင်၊ ဘာဆရာ မြို့ကြီး အငတ်ဘေး ကြုံခဲ့၏။

ရာဘီယာ လဲ မိသားစုနှင့် ခွဲခွာခဲ့ ရ ပြီး ကုန်သည် လှည်းတန်း နောက် လိုက်ခဲ့ ရာ၊ ဓါးပြ တိုက် ခံရ ပြီး ၊ ကျွန် အဖြစ် ရောင်း ချခံ ခဲ့ရ သည်။ သခင် အသစ် သည်လည်း ပြင်းပြင်းထန်ထန် ခိုင်း စေသူ ဖြစ်၏ ။ ရာဘီယာ သည်၊ နေ့စဉ် ဥပုသ် စောင့် ၍ ညဥ့်နက် သည် ထိ၊ ဆုတောင်း ဝတ်ပြု မှု များဖြင့် နေထိုင် ခဲ့၏ ။ တစ်ည တွင် သူမ၏ ဆုတောင်း ကို သခင် ဖြစ်သူ ကြားသိ လိုက်ရသည်။ ယင်း ဆုတောင်း မှာ – “အရှင်၊ ကျနော်မျိုးမ သည် – တစ်ရံမလပ် ဝတ်ပြု လို ပါ သော်လည်း သူ တ ပါး ၏ ကျေး ကျွန် ဘဝ တွင် ဤမျှသာ ဝတ်ပြု နိုင်ပါ၏။ ကျွန် အ ဖြစ် မှ လွတ်လျင်မူ နေ့ ည မ ပြတ် ဝတ် ပြု နေ မည် သာ ဖြစ် ပါ သည်” – ဟူ၏။

ယင်း ဆုတောင်းကို ကြား၍ သခင် ဖြစ်သူက နံ နက် တွင် “သူငယ်မ.. သင်ကဲ့သို့ သူတော်စင် တစ် ဦး ငါ့ အိမ် ၌ ရှိ နေ လျှင် ပင် ကောင်း ၏။ သင်သည် ဤ အိမ် ၌ သခင် အဖြစ် နေလို ကလည်း နေ နိုင်၏ ၊ မ နေ လိုလျှင်လည်း ကျွန် အဖြစ် မှ လွတ်၍ သွား လို ရာ သွား နိုင် ၏” ဆို သော် ၊ သူမလဲ ဘာဝနာ စွဲစွဲ မြဲမြဲ ပွား များ နိုင် ရန် အ တွက် ခွင့်ပန်၍ အိမ် မှ သဲ ကန္တာရ ဖက် သို့ထွက် ခွာ ခဲ့၏။ နေ့ ည ဘာဝနာ – ပွား များ ခါ ၊ ဉာဏ် အ လင်း ရ ခဲ့သည်။ သူ မ ၏ တ ရား ရှေ့ ဆောင် ပုဂ္ဂိုလ် မှာ Hazrat Hassan of Basra ဖြစ်သည်။ Read more of this post