ကလေး ဆန်ကြသည်

တစ်ချိန် က ဇင်ဆရာ နန်းယင် က ပြောဖူး တယ်။ “ကျုပ် ပြနေတာ လ ကိုပါ။ ကျုပ် လက်ညှိုး ကိုတော့ မကိုက် ကြပါနဲ့”

ကလေးလေး တွေ ဟာ ကိုယ့် လက်မလေးကို ကိုယ် စုပ်နေ၊ ကိုက်နေ တတ်တယ်။ မိခင် (ဝါ) ဖခင် ဖြစ်သူ ကို လှမ်း ကြည့် ပြီး မကြာခင် မုန့်စား ရ တော့မှာပဲ လို့ မျှော်လင့် တယ်။ အလားတူ- “ကလေးကြီး” တွေ ကလည်း အဲ့လို ပဲ။ ဆရာသခင် ရဲ့ လက်ကို လိုက် ကိုက် တယ်။ လိုက် စုပ်တယ်။ ဒါမှသာ မကြာခင်မှာ အသိတရား ရ ရမှာပဲ လို့ တွေးထင် တယ်။

ကလေးအဖြစ်က ချစ်စရာ ကောင်းတယ်။ ဒါပေမယ့် ကလေးဆန် တာကတော့ မကောင်းဘူး။ ရှင်းသန့် နေတဲ့ ကလေးအဖြစ် ဟာ ကောင်း တယ်။ ဒါပေမယ့် “ရှင်းသန့် နေ ယောင်ဆောင်” တဲ့ ကလေးဆန် တဲ့ အဖြစ်ဟာ အန္တရာယ် ရှိပါတယ်။ စိတ် ကို အာရုံ တွေ နဲ့ ဖုံးတဲ့ အခါ – လမ်း ကို မြင်မှာ မဟုတ်ဘူး။ ကြည်လင်မှု ပျောက်ဆုံး တဲ့ အခါ – အန္တရာယ် ကို ခွဲခြား နိုင်မှာ မဟုတ်ဘူး။ ဒါကိုပဲ – “မာယာ အပလိန်း လိမ်းကျံ နေတယ်” လို့ ဆရာတွေက – ပမာ နှိုင်းဆို တတ်ပါတယ်။ သရုပ် အားဖြင့် – သူတို့က – မိမိ ဦးတည်ရာ တွေ ကို ဝေဝါး ပစ်တယ်။ ကြည့်မှ မြင်မယ့် ဒီ အမြင် အတွက် – အနည်းဆုံးတော့ – မျက်လုံး လိုတယ် မဟုတ်လား။ ဒါပေတဲ့ – သူတို့ တွေက မိမိ မျက်ခွံ တွေ ကို ဆွဲပိတ် ချပစ်တယ်။

Read more of this post

လှိုင်းကြက်ခွပ်

ကမ္ဘာ မလည်ဘဲ လူတွေ လည် နေခဲ့ပြီး၊ ကောင်းကင် မပြိုဘဲ လူတွေ ပြိုတယ်။ မွေး ကတည်းက သေမင်း ကို ပတ်ပြေးနေ ရတာဟာ ကောင်းကောင်း မရှင်သန် နိုင်ခဲ့လို့ လို့ ပြောကြတယ်။

သိပ္ပံ မှာ ဖွင့်ဆိုတယ်။ – “ဖြစ်ခဲ့တာတွေ အားလုံး” နဲ့ “ဖြစ်နေတာတွေ အားလုံး” ဟာ – တစ်ခုတည်း က ပုံပြောင်း သွားရုံ သက်သက်။ ဘယ်ဟာ မှ မတိုး လာ သလို၊ ဘယ်ဟာမှ မလျော့ သွားဘူး (လို့ ဆိုတယ်)။ လိုရင်းက – လူ တစ်ယောက် (ဝါ) အရာ တစ်ခု အသက်ရှူရုံမျှလေး က – အဆုံးမဲ့ ခြေရာပေါင်း များစွာ ထားသွား ခဲ့နိုင်တယ်။ ဒါနဲ့များ – ငါ၊ သူတစ်ပါး ခွဲခြားဆဲ၊ သူ့ဥစ္စာ၊ ငါ့ ဟာ သိမ်းပိုက် ယူနေကြဆဲ။ ငါမှ ငါ၊ သူမှ သူ – မာန်မာန တက်ကြဆဲ။

အတွင်းကို ဝင်တဲ့ ခြေလှမ်း ဟာ အပြင်ကို လျောက်ခဲ့တဲ့ ခြေထောက်နဲ့သာ လျောက်လှမ်း ရတာ ဖြစ် ပါတယ်။ Read more of this post

နွံမှ နေ၍

“Meditation” ကို ဘာဝနာ လို့ ပြန်ဆိုတဲ့ အခါ- အဲ့ စကားမှာ အရှုပ်အထွေး ရှိတယ်။ ဝေါဟာရ အနက်ပြန်ရင် – မူရင်း သိုးဆောင်း အလိုမှာ – ဆင်ခြင်တယ်- ခွဲခြမ်းတယ် – စူးစမ်း ပိုင်းဖြတ် တယ် ဆိုတဲ့ အဓိပ္ပါယ်တွေ အကြမ်းဖျဉ်း ပါဝင် တယ်။ အရှေ့တိုင်း အားဖြင့် ဆိုရင်တော့ – သူ့ နောက်ကွယ် မှာ နက်ရှိုင်းတာတွေ ကျန်နေ တယ်။ ဒါ့ကြောင့် အဲ့အတွင်း ပိုင်း အထိ မတိုးဝင်နိုင် ရင် ဘာဝနာ ဆိုတဲ့ စကား အပေါ် အခြေခံ မခိုင်၊ ပေါ့ပျက်နေမှာပဲ။

ဘာဝနာ ရဲ့ အတွင်းဆုံး အောက်ခြေ မှာ “လွတ်မြောက်မှု” မောက္ခ ရှိတယ်။ လွတ်မြောက်မှု လို့ ဆိုတာနဲ့ – ဘယ်က လွတ်မြောက် မလဲ။ ကြောက်ရွံ့မှုက — ဒုက္ခက –ချုပ်နှောင်မှုက – ကျဉ်းကျပ်မှု က – စသဖြင့် လွတ်မြောက်မှု အစီအရီ ခေါ်ဆိုကြမယ်။ ဒီ လွတ်မြောက်မှု ကို အခြေပြုပြီး ဘာဝနာ ဟာ အခိုင်မာဆုံး ရပ်တည် ထားပါတယ်။

Read more of this post

ပင်လယ်ထဲက ငါး

ပင်လယ် ထဲက ငါးက ပင်လယ် ကို မေ့တယ်။ အဲ့ ငါးကို ဖမ်းပြီး သောင်ပြင်ပေါ် ပစ်တင် လိုက်ရင် – တဖျတ်ဖျတ် လူး နေတာ ကို တွေ့ မယ်။ တတမ်း တတ နဲ့ ပင်လယ်ကို သတိရ နေတာ တွေ့မယ်။ အလားတူ လူဟာ လည်း ပျော်ရွှင် လူးလာ ရှင်သန် နေချိန် မှာ – အသက် ရှူနေတဲ့ ဒီ ခဏတာ ကို မေ့ပါ တယ်။ အရေး အကြောင်း ကြုံဆုံ၊ ပူပန်တော့ မှ – ရှူရှိုက် နေတဲ့ လေ ကို ပင်ပန်း တကြီး ပင့်သက် ရှိုက် ရ တယ်။ မေ့လျော့ ဖြတ်သန်း ခဲ့တဲ့ တခဏတိုင်း ကို အဲ့တော့မှ အမိဖမ်း ချင်တော့တယ်။

Read more of this post

ဿံဒြ

အရုဏ်ဦး မလာခင် နာရီပိုင်း အလိုမှာပဲ။

ညဥ့်က ထွက်ခွာသွားဖို့ အထုပ်အပိုး ပြင်နေ တယ်။ နေရောင်ခြည် ကလည်း ခြေတစ်လှမ်း မှ မရောက်လာ သေး။ အဝေး မိုးကုပ် စက်ဝိုင်း မှာ တိမ်ညို တွေ အပြတ် အပြတ် တွဲခိုနေ။ မိုး ဟာ ဒီမနက် ရွာ – အခု ရွာ – နောင် ဆက်ရွာ လိမ့်ဦးမယ်။ မိုးအေးအေး တွေ အောက်မှာ အဝေး တစ်နေရာ က ရေတွေ ဘောင်ဘင်ခတ်လို့ – မအေးနိုင်တဲ့ စိတ်ကူးတွေ ရှိတယ်။ သူတို့ ကို ရေခဲမှတ် အောက်ကို ဆွဲချ၊ ခဏ ငြိမ်သက် တိတ်ဆိတ်သွား။ ဒီ မနက်ခင်း ဟာ ရင်ခုန်သံ မပါဘဲ အသက်ကို မျှင်း ရှူနေ တယ်။

ဒီအချိန် မှာ – အလင်း ရောက်ဖို့ ဆန္ဒ မရှိလိုက်ပါနဲ့လား။ ပန်းတွေ တောင် – မပွင့်ဖူး လာသေး – သန်းဝေ လို့ ကောင်းတုန်း ရယ်။ ကျေးငှက် တွေလည်း နံနက်ခင်း တေး ဆိုဖို့ – အတောင်ပံ တွေ တဆတ်ဆတ် ခါ၊ ခြေညောင်း လက်ဆန့် ပြုနေတုန်း။ မကြာခင် ဝေဟင် မှာ ဝဲက ဖို့- ခုမှ တစ်ရေး နှပ်နေတုန်း။

ပကတိ ငြိမ်သက် နေတဲ့ ဒီအချိန် ဟာ နေ့လည်း မဟုတ်ဘူး၊ ညလည်း မဟုတ် ဘူး။ အခြားအချိန်တွေထက် ထူးပါတယ်။ ကြားကာလ ဒီတစ်ခဏကို အရှေ့တိုင်း မှာ Sandhya လို့ အမည် ဂုဏ်ထူး တပ်ခေါ်တယ်။ Sandhya ရဲ့ အဓိပ္ပာယ် က နေ့နဲ့ ညကြား ဆည်းဆာ။ ညအကုန် နေ့ကူး တဲ့ မနက် အရုဏ် ဆည်းဆာ ရှိတယ်။ နေ့ အကုန် ညကူးတဲ့ ညနေ ဆည်းဆာ ရှိတယ်။ တစ်ရက် ကို နှစ်ကြိမ် နှစ်ခါ တွေ့ရ မယ့် တစ်ခဏကို ဘာဝနာ ပြုသူ အများက အလေးအနက် ထား တယ်။ တစ်နည်း အားဖြင့် “မရဏ ရဲ့ အချိန်နာရီ” လို့ မှတ်ယူလေ့ ရှိပါတယ်။ Read more of this post

ဇစ်မြစ်

ပြဿနာ မရှိ ပြဿနာ ရှာနေတဲ့ သူတစ်ပါး ရဲ့ အဖြစ်က စင်စစ် မိမိ အတွက် ပြဿနာ မဟုတ် ဘူး။ ပြဿနာ မရှိ ပြဿနာ ရှာနေတယ် လို့ မြင်နေ၊ ရှုနေ၊ ဆုံးဖြတ်နေ တဲ့ မိမိ အဖြစ် ကသာ – မိမိ အတွက် ပြဿနာ ဖြစ် တယ်။ မေးခွန်း ပုစ္ဆာပဲ ဖြစ်ဖြစ်၊ ရုန်းရင်းဆန်ခတ် အမူအရာ နဲ့ ပဲ ဖြစ်ဖြစ် – ကြုံဆုံမိလာမယ့် ဘယ် ပြဿနာ မဆို၊ ဖြစ်ရပ်တိုင်း ကို – တစ်ပါး သူ က ဘယ်တော့ မှ မဖန်တီး ဘူး။ သူတို့ ဖန်တီး တာ က – သူတို့ ပြဿနာ ဖြစ်ပြီး၊ သူတို့ ကြား မိမိ ဝင်လိုက်ချိန်မှာ – မိမိ အတွက် ပြဿနာ ဖြစ်သွားရတယ်။ ဆိုလိုတာက – မိမိ အဖြစ်ကသာ မိမိရဲ့ ပြဿနာ စင်စစ် ဖြစ် ပါတယ်။ ပြဿနာ အရှုပ်အထွေးဟာ မိမိ မပါဘဲ ဘယ်တော့ မှ ဖြစ်လေ့ မရှိဘူး။

ဒါ့ကြောင့် မို့လည်း – “စိတ္တေန နိယတိ လောကော” လို့ ဆိုဆို၊ ဆော့ခရတ္တိရဲ့ “Know Thyself” လို့ ဆိုဆို။ ဒီအဆိုတွေဟာ – ပြဿနာရဲ့ တံခါးပေါက် ကို ညွှန်ပြနေကြတာ ဖြစ် ပါတယ်။ မိမိ ရဲ့ လောက ကို မိမိ ကပဲ ဦးဆောင် ခေါ်ယူ တယ်။ မိမိ လောကကို မိမိ စိတ်ကသာ ဦးဆောင် ဆွဲ ခေါ်သွား တယ်။

အဖေ့ လက်ကို ကိုင်၊ အမေ့ လက်ကို ကိုင်ထားတဲ့ ခလေး ငယ်ရဲ့ လောကမှာလည်း အဲ့ခလေး ငယ် ရဲ့ စိတ်သန္တာန် သာလျှင် အခရာ ဖြစ် တယ်။ ကားကြီး တစ် စီးလုံး – အမျိုးအစား၊ လက္ခဏာ၊ မော်ဒယ်လ် နံပါတ်တွေ ဘယ်လို ကောင်းနေနေ၊ အင်ဂျင် မကောင်း၊ မောင်း တဲ့ အပေါ်၊ အထူး မှီခိုနေသေးတယ်။ ဒီလိုမှ မဟုတ်ရင် – ဒါကို ကား – လို့ ဘယ်သူမှ ခေါ်မယ် မဟုတ်ဘူး။ နွား တစ်ကောင် ကတဲ့ နွားလှည်း မှာ – နွား မလှုပ်ရင် -လှည်း မလှုပ်ဘူး။ လှည်း ပေါ် မှာ တဂျုံးဂျုံး တအုံးအုံး – ဘယ်လို ဖြစ်နေပါစေ – နွားမှ မရှိရင် ၊ ရှေ့ဦးဆောင် ဆွဲမယ့် သူ မရှိရင် – လှည်း ဟာ လှည်း နေရာမှာပဲ တဂျုံးဂျုံး ရပ်တန့် နေမှာပဲ။ ရှေ့ကို တစ်ချက်မှ ရွေ့မှာ မဟုတ်ဘူး။

Read more of this post

တိလောပ၏ “ဝါးပင်ကဲ့သို့သော”

“ကြာ” လို့ ပြောရင် – မြင့်မြတ်တဲ့ တံဆိပ် သင်္ကေတ အဖြစ် အသိများတယ်။ ကြာပင်၊ ကြာဖူး၊ ကြာနွယ် ကို ရှင်းသန့် ကြည်လင်တဲ့ ဘာဝနာ သရုပ် အဖြစ် နှိုင်းတတ် တယ်။ ရွှံ့ညွံ အိုင် လို့ အညစ် အထေး ကနေ ခွဲထွက်ပြီး လှပကြည်စင် တဲ့ အဖြစ် ကို ပိုင်ဆိုင် ရတယ်။ ဒီ အနှစ်သာရ ကို “ကြာ” နဲ့ ပမာဆိုရတာ အသင့်လျော်ဆုံးပဲ။ ဒါ့ကြောင့် အရှေ့တိုင်း ဘာသာရေး တွေမှာ – စိတ်နှလုံး ကြည်စင်မှု ကို ပုံဖော် တဲ့ အနုပညာ လက်ရာ တွေကို ကြည့်ကြည့်။”ကြာ” ပင်/နွယ်/ဖူး တွေရဲ့ ကနုတ် လက်ရာတွေ၊ ပန်းချီကား တွေ၊ အက သုခုမ တွေ က အထင်ကရ နေရာ ယူပါတယ်။

ကြာ နဲ့ မတူဘဲ၊ စိတ်နှလုံး ရေးရာ အတွက် ဒုတိယ နေရာ ယူထားတာက “ဝါး” ပင်/ညွှန့် လေးတွေ ပဲ။ ဘာသာရေး နယ်ပယ် မှာ ဘယ်သူမှ သူ့ကို မြင့်မြတ်တယ် လို့ လည်း မယူဆ သလို၊ ယုတ်နိမ့် တယ် လို့လည်း မယူဆတတ် ဘူး။ ဒါပေမယ့် သူ့ကို မြင်ရင် – အေးမြစိတ်၊ လွမ်းမော စိတ်တော့ ဖြစ် တယ်။ အရှေ့တိုင်း Mystic ဆရာ – တိလောပ ရဲ့ စကား ရှိတယ်။

“Like a hollow bamboo
rest at ease with your body.
Giving not nor taking,
put your mind at rest.”

အတွင်း ဗလာနဲ့ ဝါးပင်လေး ကို ကြည့်၊
ခန္ဓာကိုယ်က ပျော့ပျောင်း ပေါ့ပါး။
ပေးလည်း မပေး၊ ယူလည်း မယူ၊
စိတ်သန္တာန်တွေ ခဏနား။

တကယ်လည်း ဝါးပင် တစ်ပင် အတွက် – သူ့ အတွင်း ရှင်သန်မှုဟာ အခေါင်းပေါက် ဗလာသာ ပဲ။ အခြား ဘာမှ ပေးစရာ မရှိဘူး။ ဘာမှ ယူစရာ လည်း မရှိဘူး။ ပေးလည်း မပေး၊ ယူလည်း မယူ၊ သူ့ဟာသူ အထီးတည်း ရှင်သန်တယ်။ အဲ့လိုနဲ့ပဲ သူ့အဖြစ်က နေရာတိုင်းမှာ ဝင်ဆံ့တယ်။ ဇင်မှာ ဒီသဘောကို အပြည့် အဝ ဖော်ကျူးလေ့ ရှိပါတယ်။ ဇင် စွက်တဲ့ Read more of this post