ရေလျဉ်ပမာ

ဝတ်မှုန် တို့ ၏ ဤ တိုက်ပွဲ ၌
ရနံ့ တို့ အလဲအကွဲ ဖရိုဖရဲဖြင့် တပ်လန်ကုန်လေပြီ။
ဟိုမှာ တစ်စ၊ သည်မှာ တစ်စ – ပျံ့နှံ့ ပြေးလွှားလျက်၊
ပွင့်ဖတ် တို့သည်လည်း အတုံးအရုံး
ကျဆုံး၊ ကြွေဆင်း ရှိကြကုန်၏။

ရင်ခတ်ပန်းတို့ နွမ်းသော်ကော ~

ကဗျာ တစ်ပုဒ် ဖြစ်စေ၊ စာ တစ်အုပ် ဖြစ်စေ၊
ရင်ခွင်ပိုက် တရားနှင့် – စကားအကြွေတို့
အသက်ခြွေ၊ အပ်နှင်း၊ စစ်ခင်းနေသော သဘောသာ ဖြစ်၏။
အနု အရွ – အတိမ် အနက် တို့၏ အလှဗေဒ သည်
နှလုံးအိမ်ကို ခတ်၍လည်း သီကုံးပြည့်စုံရ၏။
ဘဝအိမ်ကို လှပ်၍လည်း စီသွယ် ဆေးခြယ်ရ၏။

အမတလမ်းသို့ လှမ်းသော်ကော ~

သီလာ တောင်ကို ပတ်ခွေ၍
သီတာ ရေတို့ စီးဆင်းစမြဲ ဓမ္မတာတွင်
ခွေပတ်၍လည်း စီး၏။
ဖြောင့်တန်း၍လည်း စီး၏။ Read more of this post

အရှင်-သနားနေသလော-မူးနေသလော


သူသည် ကျွန်တော့်အတွက် တစ်ပွင့်တည်းသော စကားပြောတတ်သည့် ပန်းကလေး ဖြစ်ပါသည်။ နှင်းခဲ နှင်းဆိုင် တို့ကဲ့သို့ ဖြူလွှနေသော ပွင့်ဖတ်များ ဖြင့် ဖွဲ့တည်ထားသည်။ စိမ်းမြသော ရွက်ကြမ်းတို့ဖြင့် ခြံရံ၍ ပျား၊လိပ်ပြာတို့ ဝတ်ရည်ကူးရန် ဆွဲဆောင် နေဟန် ရှိသည်။ သို့သော် ကျွန်တော် ကိုယ်၌က ယိမ်းထိုး လှုပ်ရှားနေပါသည်။

မိတ်ဆွေ ။ ဒေါင်ချာဆိုင်း နေအောင် အရက်သောက်ဖူးပါသလား။ ဒါမှမဟုတ် တွေဝေ ပေါ့ပါးနေအောင် ဘိန်း သုံးဖူးပါသလား။ ဘိန်း၊ အရက်၊ ( သို့မဟုတ် ) မူးယစ်ဆေး တစ်ခုခု ( သို့မဟုတ် ) လူငယ်များ ပြောလေ့ရှိသည့် အချစ်လည်း ဖြစ်နိုင်သည်။ ယင်း တစ်ခုခုကို သုံး၍ ညအမှောင်မကျ တကျမှာ လမ်းလျောက် ကြည့်ဖူးပါသလား။

ယင်းအချိန်တွင် ဘဝ သံသရာနှင့် တူသော အတွေ့အကြုံမျိုးကို ရလိမ့်မည်ဟု ကြားဖူးပါသည်။

ဆရာပါရဂူ တစ်ခါက ပြောခဲ့ဖူးသည့် ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ မုလ္လာနဆရုဒင် ဆိုသည့် လူတစ်ယောက် ညဘက် အိမ်ပြန်လာသည်။ အရက်သောက်ထားသည် ဖြစ်၍ သိုင်းကွက်နင်းပြီး လာသည်။ လက်ထဲက သော့နှင့် သော့ခလောက်ကို ဖွင့်သည်။ သို့သော် လက်က တုန်ရီ လှုပ်ရှားနေသည့် အတွက် သော့ခလောက်အပေါက်ထဲ သော့က မဝင်။ ယင်းအချိန်တွင် ပုလိပ်တစ်ယောက်က တံခါးဝတွင် ရပ်ပြီး အချိန်အတန်ကြာသည် အထိ ကြည့်နေသည်။ တော်လေးကြာသောအခါ ပုလိပ်က-

“နဆရုဒင်၊ ကျုပ် ကူညီပေးရမလား၊ သော့ပေး၊ ကျုပ်ဖွင့်ပေးမယ်” ဟု ပြောသည်။ နဆရုဒင်က-

“သော့က အရေးမကြီးဘူး၊ လှုပ်နေတဲ့ အိမ်ကို ခင်ဗျား တစ်ဆိတ်လောက် မလှုပ်အောင် ကိုင်ပေးပါ၊ ကျုပ်ကိုယ်တိုင် သော့ခလောက် အပေါက်ထဲ ဝင်အောင် သော့ထည့်လို့ ရပါတယ်” ဟု ပြန်ပြောသည်။

ဤပုံပမာနှင့် အလားတူပင် ၊ မိမိဘာသာ လှုပ်ခတ်နေသော ကျွန်တော်၏ စိတ် မီးညွှန့်ကလေးကို ကြည့်၍ “လေတိုက်သောကြောင့်သာ လှုပ်ခတ်နေရသည်” ဟု အပြစ်ဖို့တတ်သော အတွေးသည် နဆရုဒင်အိမ်လှုပ်နေသကဲ့သို့သာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့၏ စိတ်နှလုံးသည် စကားပြောတတ်သော အကြင် ပန်းကလေးများကြောင့် လှုပ်ရှားယိမ်းထိုးနေခြင်းလော။ စားသောက်နေကျ စားခွက်ကို အာသာငမ်းငမ်း တွယ်တာစိတ်ဖြင့် လှုပ်ခတ် တွေဝေ နေခြင်းလော။ သင်္ခါရလောက ကိုယ်၌က ဖောက်ပြန်ပြောင်းလဲ နေသောကြောင့် ကျနော်တို့ အဇ္ဈတ္တသည်လည်း လိုက်ပါ တုန်လှုပ်နေရခြင်းလော ဆိုသည်ကို မတွေးတတ်ပါပြီ။ Read more of this post

မိုး

ချစ်သူရေ

ဟော့ဒီ
ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေ မုတ်သုံလေက
သူ့ခြေထောက် သူ ဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုးကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
Read more of this post

ဖေနဲ့ သားနဲ့-

ပြာရီမှောင် ညို့စဉ်က

ခလောက်သံ ညံစီပေး
ခြေအေး ဝမ်းရောင်
နောက်မိုးခေါင် ပြာညိုထက်ဆီက
သိုင်းဖွဲ့လို့ မှောင်။

ရုန်းလိုက်ဟဲ့ ငါ့အကောင်။
တမိုး တရွှေ – အောင် တဲ့ မှ
တောင်တစ်ရိုးခင် ရွာစဉ်ရွှေ့မယ်
ဖေ့ချစ်တဲ့ မောင်။

Read more of this post

သစ္စာ ဟူသည်

ပြီးခဲ့သည့် ( ၉ ) ရက်နေ့က ဆရာပါရဂူ ကွယ်လွန်ကြောင်း သိခဲ့ ရပြီးနောက်ပိုင်း ဆရာ့စာတွေကို မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်သည်။ ပြန်ရှာ ဖြစ်သည်။ ထိုထက် ပိုသည်က ဆရာ သွန်သင် ခဲ့သည် များကို ပြန် ဆင်ခြင်နေမိခြင်း ဖြစ်ပါသည်။ ဆရာမှတစ်ဆင့် သိခဲ့ရသည့် ပြည်ပ ဆရာများထဲတွင် တဂိုး၊ ရာဟုလာ သံကိစ္စည်း၊ ခရစ်သျှနား၊ ဟာမန်ဟက်စ် နှင့် ပေါလ်ကေရပ် တို့ ဖြစ်၏။ ကျနော် နောက်ပိုင်း အဖတ်အများဆုံး ရှိလာခဲ့သည်က ပေါ်လ်ကေရပ် ( Paul Carus ) ၏ စာများ ဖြစ်သည်။

ပထမဆုံး ပေါလ်ကေရပ် ၏ အရေးအသားကို စွဲလမ်းစေခဲ့သူမှာ ဆရာပါရဂူ ဖြစ်သည်။ သူ၏ ( ပေါလ်ကေရပ်၏ ) နိဗ္ဗာန် ( ၀တ္ထုတို နှစ်ပုဒ် ) တွင် ဆရာပါရဂူက ၎င်းကိုယ်တိုင် ရေးသားထားသည့် နိဗ္ဗာန် ဟူသော အမည်ပါ စာတမ်း နှင့် ကံ ဟူသော အမည်ပါ စာတမ်း တို့ကို ပူးတွဲထည့်သွင်း၍ ဘာသာ ပြန်ဆိုထားသည်။ ထိုအချိန်ကတည်းက ဆရာပါရဂူ ကိုရော၊ ဆရာ ပေါလ်ကေရပ် ကိုပါ လေးစားခဲ့သည်။ ၎င်းတို့၏ စာများကို တခုတ်တရ ရှာဖွေကြည့်လာခဲ့ရာ အပြည့်အစုံ မဟုတ်သော်ငြားလည်း အချို့ကိုမူ စုဆောင်းမိသည်။

သို့သော် အကြောင်းကြောင်းနှင့် မဖတ်ဖြစ်။ ထို မဖတ်ဖြစ် ခဲ့သော စာများကို ယခုအခါ ( ကျနော့အတွက် တာဝန်တစ်ရပ် အနေဖြင့် မလိုအပ်သော အလုပ်အချို့ကို လျော့၍ ) အချိန်ပေး ဖတ်ဖြစ်လာသည်။ ယင်းတို့ အနက်မှ ဖတ်မိသလောက် အချို့ကို ပြန်ဆိုရေးသားလိုသော ဆန္ဒလည်း ရှိခဲ့သည်။

လူတို့တွင် အိပ်မက် အမျိုးမျိုး ၊ ရည်မှန်းချက် အမျိုးမျိုး ရှိကြသည့် အလျောက် ကျနော့တွင်လည်း ဆရာများ၏ စာများ ဖတ်ရှုလိုခြင်း အာသီသ အိပ်မက် ရှိခဲ့ဖူးပါသည်။ ကျနော်နှင့် ထပ်တူ အာသီသ ရှိကြသူများ ကိုလည်း ရည်ရွယ်ပြီး ကောင်းနိုးရာရာ ဖတ်မိသမျှကို တတ်စွမ်းသရွေ့ ကြိုးစား ရေးကြည့်ဖို့လည်း စိတ်ကူးခဲ့ဖူးပါသည်။

ယခု ဆရာ ပေါလ်ကေရပ်၏ အမှန်တရားနှင့် အခြားကဗျာများ ( Truth and other poems ) စာအုပ်တွင် ပါဝင်သော အမှန်တရား ( Truth ) ကဗျာ ကို ကျနော် ဖတ်မိသည့်အတိုင်း မြန်မာပြန်ဆို၍ ပြန်လည် ဝေငှခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြန်ဆိုရာတွင် အချို့ကို အကျဉ်း၊ အချို့ကို အကျယ် ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါကြောင်း ။

သစ္စာ

စင်စစ် အရာဝတ္ထုတိုင်း၏ အတိုင်းအတာကား လူသားပင် ဖြစ်သည်။
လူသားကိုလည်း
အလားတူ
အရာအားလုံး ( သို့မဟုတ် ) ဧက ၊ တစ်ပါးတည်းသော ဓမ္မတရားက အုပ်ချုပ်သည်။

လူသည် လောကဓာတ် အသေးစား ဖြစ်၏။
ဧကောဓမ္မော၊ တစ်ကြောင်းတည်းသောလမ်းနှင့် လျောက်လှမ်းမိသော အချိန်တိုင်း၌
ပြည့်ဝသော လူ့သဘာဝသို့ ရင့်သန် ကြီးထွားလာရ၏။

Read more of this post

ဆောင်းအိပ်မက်

စာအုပ်တစ်အုပ် ကောက်လှန်လိုက်တိုင်း တွေ့တွေ့နေရတဲ့ စကားလုံးတွေက
နားလည်မှုတွေနဲ့ ချည်း တည်ဆောက်ထားကြတယ်။
ငါ ဒီစကားလုံးကို နားလည်လိုက်တယ်။ ဟိုစကားလုံးကို နားလည်လိုက်တယ်။
ဒီဟာကတော့ ငါ့အတွက် ရှုပ်ထွေးနေလေရဲ့။ ဟိုဟာကတော့ ငါ့အတွက်—
ဒါတွေနဲ့ ရပ်တည်ရင်း ဖြတ်သန်းရင်း စာအုပ်တစ်အုပ်နောက်ကြောဖုံးမှာ
“The End သို့မဟုတ် ပြီးပါပြီ ။”
ဒီစာသားနဲ့ အတူ  ငါ့စိတ်အစဉ်တွေ လွင့်ပါသွား။

နှင်းတောထဲကို ငါရောက်သွားမိပြန်တယ်။
အေးစိမ့်တဲ့ အပူရှိန်က ငါ့ကို ရောင်ပြန်ဟပ် လောင်ကျွမ်း..
အသားအရေ စအချို့ က စိတ်ဓါတ်နဲ့အတူ ကြွေကျသွားပြန်တယ်။
Read more of this post

သဘာဝကဗျာဆရာ

John Dewey

Now night, mother soul, broods the weary hours,
Flutt’ring fugitives from the tasks of day,
Worn and wan creeping to her waiting wings . . .
And groping were clasped together within
The capacious stillness of her bosom.

Merged in oneness of the first creation
They gather strength against the shock and strain
Of day’s wedge-like doom of separation
Ever new enforced. All embracing night,
Mystic mother, in her patience endless
And unconquerable, makes them her own,
As within death’s majestic solitude
Blend the struggling spirits of severed men,
While fretful time, subdued, waits in worship
Wond’ring at the enduring womb of God.

ကာလ ရှည်ကြာ ရှင်သန်နေရမှုများ အောက်တွင် တခဏချင်း ကုန်ဆုံးသွားသော သက်တမ်းများက ပျင်းရိ ညည်းငွေ့ဖွယ် ကောင်းလောက်အောင် တဖြုတ်ဖြုတ် ကုန်ဆုံး ပေးနေကြသည်။ လူဟူသော သတ္တ၀ါသည် Read more of this post