ဃူမက္ကရ သျှတ္တရ – အခန်း (၂)
တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက ‘အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်’ ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာ ဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက်ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။ ဃူမက္ကရ သျှတ္တရ ကျမ်း၌ ဖော်ပြထားသော ယင်း အချက်အလက် မှာ ပထမ တန်းစား ခရီးသည် များ အတွက် သို့မဟုတ် အဖြစ်နိုင်ဆုံး ဒုတိယ တန်းစား ခရီးသည်များ အတွက် ဖြစ်သည်။ ပထမ တန်းစား ခရီးသည် သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် သည် မဖြစ်နိုင်သော ယင်း လမ်းမပေါ်၌ အခြေ မချသင့် ဟူသော အဓိပ္ပာယ် လည်း မဟုတ်ပေ။
ပထမတန်းစား ခရီးသည် တစ်ယောက် မွေးဖွား ပေါ်ပေါက် လာရန် အတွက် ဒုတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ ရှိဖို့ လိုအပ်လာ လိမ့်မည်။ ဒုတိယ တန်းစား ခရီးသည် တစ်ယောက် ဖြစ်လာဖို့ အတွက် လည်း တတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ လိုအပ်သည်။ ယင်းသို့ အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည်၏ လမ်းမ၌ သိန်းပေါင်း များစွာသော လူများ ပျောက်သွား ကြမည် ဆိုလျှင် ယင်းတို့ အထဲက စံပြ ခြေသလုံး အိမ်တိုင် ခရီးသည် ပေါ်ထွက် လာဖို့ ခဲယဉ်း လိမ့်မည် မဟုတ်ပေ။
ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာရန် အတွက် အိမ်ထောင်မှုကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာခြင်း သည် ပထမ လိုအပ် ချက် ဖြစ်သည်။ မျက်စိပွင့် သည့် အချိန်မှ စ၍ ကမ္ဘာလောက တွင် လှည့်လည် သွားလာခြင်း မပြုလုပ် လိုသော လုလင် ဟူ၍ ဘယ်မှာ ရှိမည် နည်း။ အကြော များထဲတွင် သွေးပူ စီးဆင်း နေသော လူများထဲတွင် တစ်ချိန် ချိန်၌ အပြင်ဘက် ထွက်လိုသည့် အလိုဆန္ဒ မရှိသူ အရေ အတွက် အလွန် နည်းပေလိမ့်မည်။ ထို ပုဂ္ဂိုလ်များ၏ လမ်းမတွင် အဟန့်အတား များ ရှိမည်မှာ အမှန် ဖြစ်သည်။

အပြင်အပ ကမ္ဘာလောက၌ ဖြစ်ပေါ် နေသော အနှောင့်အယှက် အဟန့်အတား များထက် လူ၏ စိတ်နှလုံး ထဲတွင် ပေါ်လာသော အနှောင့်အယှက် အဟန့်အတား များက အရေအတွက် ပိုများသည်။ လုလင် များသည် မိမိ တို့၏ ရွာ၊ မိမိတို့၏ အရပ်ကို အောက်မေ့ တသပြီး ငိုကြသည်။ မိမိ သိကျွမ်းနေသော အိမ်များ၊ နံရံများ၊ လမ်းကြီး လမ်းငယ်များ၊ မြစ်များ၊ ချောင်းများ၊ ကန်များ၊ မိမိတို့၏ မျက်မှောက်က ဝေးကွာ သွားသည့် အခါ လွမ်းသလိုလို ဆွေး သလိုလို ဖြစ်ကြသည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် မိမိ၏ ဇာတိနယ်မြေအား တွယ်တာချစ်ခင် ခြင်း မပြုရ ဟူသော အဓိပ္ပာယ် မဟုတ်ပေ။
လူတို့သည် မိမိတို့၏ ဇာတိ နယ်မြေအား ထိုနယ်မြေ ဒေသနှင့် ဝေးကွာ သော နေရာသို့ ရောက်သွား မှ သာလျှင် အပြည့်အဝ ချစ်ခင် လေးစားမှု ပြုလုပ် နိုင်ပေသည်။ ထိုအချိန် ကျမှသာ မိမိ ဇာတိ နယ်မြေ ဒေသ၏ လှသော ရုပ်ပုံသည် နှလုံးသား တွင် ပေါ်ပေါက် လာသည်။ နှလုံးသား သည် ချိုမြသော အတွေးအခေါ် အမျိုးမျိုးဖြင့် ပြည့်လျှံလာ နိုင်သည်။
အနှောင့်အယှက် အဟန့်အတား ဖြစ်မှာ မစိုးရိမ်ရလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် သည် ကိုးနှစ် ဆယ်နှစ် ကြာပြီးသည့်နောက် မိမိ ဇာတိ ဒေသကို ပြန်လာ၍ ကြည့်ရှုခြင်းသည် မိမိ၏ မိတ်ဟောင်း ဆွေဟောင်း များနှင့် တွေ့ဆုံခြင်းသည် မလိုလား အပ်သော အကြောင်း မဟုတ်ပေ။ သို့ရာတွင် ချစ်ခင်ခြင်း၏ အဓိပ္ပာယ်သည် ချစ်ခင်ခြင်းကို အထုံးအဖွဲ့ ဖြစ်အောင် လုပ်ထားခြင်း မဟုတ်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ဘဝ၌ လူသည် ခရီးဝေးရာသို့ ရောက်သွားလေလေ မိမိ၏ အကျိုးကို လိုလားသော မိတ်ဆွေ များ ၏ ဦးရေ ပေါများ လာလေ ဖြစ်သည်။ နေရာ အနှံ့အပြား၌ သံယောဇဉ် ကြိုးများသည် ထိုပုဂ္ဂိုလ် အား ဖွဲ့နှောင်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ အကယ်၍ ယင်းကဲ့သို့သော ထောင်ချောက် ထဲတွင် ဖမ်းမိ လိုပါလျှင်ကား အားလုံး ၏ အလိုဆန္ဒကို မည်ကဲ့သို့ ဖြည့်ဆည်း၍ ရနိုင်မည်နည်း။
ကျွန်ုပ်ကို မွေးဖွားသော နယ်မြေဒေသ မြို့ရွာ များအား အကြိမ်တစ်ရာ ရှိခိုး ဦးခိုက် လိုက်ပါသည်။ နယ်မြေဒေသကို အောက်မေ့ တသခြင်းသည် ကျွန်ုပ်တို့ အတွက် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော ရတနာ ရွှေအိုး ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မလိုပေ။ သို့ရာတွင် အကယ်၍ ထိုနယ်မြေ ဒေသသည် ခြေထောက်ကို ဖမ်းဆွဲထားပြီး ဇင်္ဂမက ထာဝရ ဖြစ်အောင်၊ လှုပ်ရှားနေသူ အဖြစ်က ရပ်တန့်နေသူ ဖြစ်အောင် လုပ်မည် ဆိုလျှင်ကား ယင်းသို့ ပြုလုပ်ခြင်းသည် မလိုလား အပ်သော အကြောင်း ဖြစ်သည်။ လူတိုင်း လူတိုင်း မိမိတို့၏ ဇာတိ ဒေသနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိသည်။ ယင်းတာဝန် ဝတ္တရား သည် ကျေးဇူး ဥပကာရ တင်ရှိမှုကို အလုပ်လုပ်၍ ပြခြင်း မျှဖြင့် ကျေပွန် သွားနိုင်သည်။
မည်သည့် အရွယ်၌ ခြေသလုံး အိမ်တိုင် ခရီးသွားနိုင်ခြင်း အညွန့် အညှောင့် ပေါ်ပေါက်လာသည်၊ မည်သည့် အရွယ်၌ အပြည့်အဝ ဖြစ်ပေါ်လာသည်၊ မည်သည့် အချိန်၌ ခရီး စတင် ထွက်သင့်သည် ဆိုသည့် အကြောင်း အရာနှင့် ပတ်သက်၍ ရှေ့အပိုင်းများတွင် ပြောပြပါမည်။ သို့ရာတွင် အနှောင်အဖွဲ့ကို ဖြတ်တောက် ပစ်ရန် ပြောပြ ရင်း နှင့် အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ နုနယ်သော နှလုံးသား နှင့် ဦးနှောက်ကို နှောင်ဖွဲ့ထားရာ၌ မည်သည့် လက်ချက်က ပိုများသည် ဆိုသည်ကို မူ ပြောပြ ရမည်။ ရန်သူသည် လူကို တုပ်နှောင် မထားနိုင်ပေ။ မိမိ အား စိတ်ပါဝင်စား ခြင်း မရှိသူ ကလည်း အခြား လူတစ်ယောက်ကို တုပ်နှောင် မထားနိုင်ပေ။ အခိုင်မာဆုံး အတင်းကျပ်ဆုံး အနှောင် အဖွဲ့မှာ ချစ်ခင်ခြင်း အနှောင် အဖွဲ့ ဖြစ်သည်။ ချစ်ခင် ခြင်း၌ ပျော့ပျောင်းမှု ရှိသည် ဆိုလျှင် ထက်သန် အားကောင်းမှုလည်း ရှိသည် ဟု ဆိုရည်။ ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အတွေ့အကြုံ အရ သိရှိရသည်မှာ အကယ်၍ မိမိတို့ မိခင်၏ ချစ်ခြင်း နှင့် မျက်ရည်ကို ပူပန် ကြောင့်ကြ နေမည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် များထဲက တစ်ယောက်မျှ အိမ်အပြင် ဘက် ထွက်လာနိုင်မည် မဟုတ်ပေ။
ဆယ့်ငါး နှစ်၊ အနှစ် နှစ်ဆယ် အရွယ် လုလင် များ၏ ရှေ့တွင် “မင်း နှလုံးသားဟာ ဘယ်လောက် မာကျော သလဲ၊ မိခင်၏ နှလုံးသား ကို မကြည့်ဘူးလား။ မင်း အပေါ်မှာ မိခင်ရဲ့ မျှော်လင့်ချက် အားလုံး တည်ရှိနေတယ်။ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရတဲ့ မိခင်ဟာ မင်း ထွက်သွားလို့ ရှိရင် ငိုရပါများတဲ့ အတွက် မျက်စိ ကန်း သွားလိမ့်မယ်။ မိခင် ရဲ့ အားကိုး အားထား ဟာ မင်းပဲ ဖြစ်တယ်” ဟူသော အကြောင်း ပြချက် များကို မိခင်များက ပြောပြ ကြပေလိမ့်မည်။ ယင်း အကြောင်း ပြချက် များနှင့် ဆုံးမ သွန်သင် ချက် များသည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ အပေါ်တွင် ရေအိုး အလုံး ထောင်ပေါင်း များစွာ သွန်ချ လိုက်သကဲ့သို့ မိခင် ၏ ယင်း အခြေအနေ သည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ စိတ်နှလုံးကို အားနည်း သွားအောင် လုပ်ပေ လိမ့်မည်။
မိခင် ၏ ချစ်ခင် ကြင်နာမှု သည် အလွန် အဖိုးထိုက် တန်သော အရာ ဖြစ်သည်။ အဖိုးတန်သည် ဟူသော စကား လောက်ဖြင့် လုံလောက် မည် မဟုတ်ပေ။ ယင်း ချစ်ခင် ကြင်နာမှု ထက် ချိုမြိန် လှသော ချစ်ခင် ကြင်နာမှုမျိုး တစ်ခြား မရှိနိုင်ပေ။ မိခင်၏ ကျေးဇူး ဥပကာရ သည် အမှန်တကယ်ပင် ဆပ်၍ မကုန် နိုင်သော ကျေးဇူး ဥပကာရ မျိုး ဖြစ်သည်။ မိခင်၏ ကျေးဇူး ဥပကာရ ကို တုံ့ပြန် ရန် အတွက် သားသည် မိမိ မိခင်၏ အမည်ကို ထွန်းလင်း တောက်ပ အောင် လုပ်ရမည်။ မိမိ ၏ ထွန်းလင်း တောက်ပ သော အပြုအမူများဖြင့် မိခင် ၏ အမည် နာမ ထင်ရှား ကျော်ကြား အောင် လုပ်ရပေမည်။ ခြေသလုံး အိမ်တိုင် ခရီးသည် ယင်းကဲ့ သို့ ပြုလုပ် နိုင်သည်။
မိခင်ပေါင်း များစွာသည် မိမိ တို့၏ ထင်ပေါ် ကျော်ကြား သော ခြေသလုံး အိမ်တိုင် ခရီးသည် သား များကြောင့် ထင်ပေါ် ကျော်ကြား သွားကြသည်။ သုဝဏ္ဏက္ခီ ၏ သား အဿဃောသ သည် ဇမ္ဗူဒိပ် အရှေ့ပိုင်းမှ ဂန္ဓာရ တိုင်း အထိ လှည့်လည် သွားလာပြီးလျှင် သူ၏ ကဗျာ၊ သူ၏ ပညာ ဖြင့် လူပေါင်း များစွာ တို့၏ စိတ်နှလုံးကို နှစ်သိမ့် စေပြီးလျှင် သာကေတ သူ မိခင် သုဝဏ္ဏက္ခီ ၏ အမည်နာမ ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့သည်။ မိခင် များသည် မိမိတို့၏ လတ်တလော အကျိုး ကို ကြည့်လျက် မိမိ တို့၏ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သားကို နားလည် သဘောမပေါက် ကြပေ။ မိမိတို့၏ အိမ်ဂေဟာ၌ သာလျှင် တစ်သက်လုံး နေစေလိုကြသည်။ Read more of this post