ဆရာတော်များထံသို့ ဗိုလ်ချုပ်၏ လျောက်ထားချက်

သည်ကနေ့ အွန်လိုင်း တနေရာမှ စာအုပ်တစ်အုပ် ဒေါင်းလုပ်ရရှိပါသည်။ ကျနော် မကြာခဏ တင်ရှိနေကျ ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ဆောင်းပါးများ အတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုပေးနိုင်မည် ဖြစ်သည့် အပြင် လိုလားသူများ အတွက်လည်း အကျိုးများ နိုင်မည် ဖြစ်သောကြောင့် ပြန်လည် ရှယ် -ပါသည်။

DOWNLOAD

MEDIAFIRE

( Credit: အထက်ပါ ဒေါင်းလုပ်လင့်ခ်ကို http://cherrymyodaw-elibrary.blogspot.com/ မှ ရရှိပါသည်။ )

ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ် ဖြစ်ပါသည်။ သို့သော် ရရှိသည်မှာ ဒုတိယပိုင်း ရှေ့ခန်းများ မျှသာ ပါရှိနေသည်။ ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” အပြည့်အစုံမှာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ သုံးတွဲ ဖြစ်ပါသည်။ ယခုရရှိသည့် ဒေါင်းလုပ်လင့်ခ်မှာ ဒုတိယတွဲ သာဖြစ်သည်။ ထို့အပြင် အသစ်ပြန်လည် ပေါင်းချုပ်၍ ထုတ်သော ၂၀၁၀၊ ဒီဇင်ဘာလ ၊ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်ထုတ် စာအုပ်နှင့် တိုက်ဆိုင် ကြည့်သောအခါ ယင်းဒုတိယ တွဲတွင်ပင် မပြည့်မစုံ၊ လိုနေသည်များ ရှိနေပါသည်။

အောက်ဖော်ပြပါ ဆောင်းပါးငယ်သည် ကျနော့်ထံတွင် ရှိသည့် တတိယအကြိမ် ထုတ် စာအုပ် တွင် ယင်းဒုတိယတွဲ ၌ ဖြည့်စွက်ပါရှိသော ( စာမျက်နှာ ၂၃၅ – ၂၃၇ မှ ) ဆောင်းပါး ဖြစ်သည်။ ယင်း အပြင် ဘာသာရေးနှင့် နှီးနွယ်သော ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သမျှ တို့တွင် ယခင်အချိန် က တင်ရှိခဲ့ဖူးသည့် “ဂန္တလောက” မဂ္ဂဇင်းပါ “ဗမာနှင့် ဗုဒ္ဓဘာသာ” အမည်ရှိ ဗိုလ်ချုပ်ဆောင်းပါး သာ ကျနော် သိခဲ့သည်။ နယ်ချဲ့၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံ ထူထောင်ရေး နှင့် နိုင်ငံရေး နယ်ပယ် တွင်သာ လူသိများပြီး ဘာသာရေး တွင် လူသိနည်းလှသော ရှားရှားပါးပါး ဆောင်းပါး လည်း ဖြစ်သည်။

Read more of this post

ဦးအောင်ဆန်း ဓာတ်ပုံ ဘယ်သူ ပိုင်သလဲ ?

ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ အပါအ၀င် သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သည့် ဓာတ်ပုံ ပညာရှင် အများအပြား သည် ယခုအချိန် တွင် သက်ရှိ ထင်ရှားလျက် ရှိနေသေးသူ အရေအတွက် များ မရှိ သလောက် နည်းပါး သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သမိုင်းဝင် ဓာတ်ပုံ များသည် သမိုင်း အဆက်ဆက် တန်ဖိုး ကြီးမားစွာ ရှင်သန် နေကြဆဲ။ နောင်သမိုင်း အဆက်ဆက် အထိလည်း ရှင်သန် နေရရှာဦးမည့် သမိုင်းဝင် ဓာတ်ပုံများ ဖြစ်သည်။

သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သူများသည် လည်းကောင်း၊ ကျန်ရစ်သူ မိသားစု များသည် လည်းကောင်း ကာလ ရွေ့လျား လာသည်နှင့် အမျှ အကြောင်း အမျိုးမျိုး ကြောင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံများ နှင့် ပတ်သက်၍ အကျိုး ခံစားခွင့် ရရှိဖို့ မဆိုထားနှင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံ အနုပညာ လက်ရာ ဖြစ်ကြောင်း ကိုပင် ကမ္ပည်း ရေးထိုးခွင့် ပေးမည့်သူ မရှိရှာ။ ခွင့်ပြုချက် လာရောက် တောင်းခံဖို့ ဆိုသည်မှာ ဝေလာဝေး ဖြစ်သည်။

Read more of this post

ဗမာ့အောင်ဆန်း ( ၄ )

ဗမာ့အောင်ဆန်း ( ၃ ) မှ အဆက်

ဗိုလ်ချုပ်တို့ ဇနီး မောင်နှံ သည် အိမ်ထောင် ရေး သုခကို ချစ်ခင် ကြင်နာစွာ ရှိကြခြင်း သည်ပင်လျှင် လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် အထောက် အပံ့ ဖြစ်စေသည် ကို ဇနီး မောင်နှံနှစ် ဦးအား တွေ့လိုက် ရသည့် ခဏ၌ ပင်လျှင် ကျွန်တော် အကဲဖြတ် မိပါသည်။

ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု အလုပ်ခွင် ကို ပိုင်သည်။ သို့ သော် ဒေါ်ခင်ကြည် သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့် ဆိုင်သည်။ ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့် ဆိုင်သည်။ သို့ရာတွင် သူတို့ ဇနီး မောင်နှံကား မိမိတို့ ဆိုင်သာ ဆိုင်သော်လည်း မပိုင်သော အရေးတွင် ၀င်၍ မစွက်ကြချေ။ ခေါင်းဆောင်ကောင်း ဖြစ်ထိုက်သော အင်္ဂါရပ်တွင် ဤအချက်သည် သာမည ဖြစ်လျက်နှင့် အရေး အကြီးဆုံးသော အချက် ဖြစ်သည်။ ဤအချက်ကို မပိုင်သော ခေါင်းဆောင် တို့သည် တစ်ဦးပြီး တစ်ဦး ကျဆုံးလျက် ရှိသည်ကို မျက်မှောက် ရာဇ၀င်က သက်သေ ခံနေသည်။

ရန်ကုန်သို့ ကျွန်တော် ရောက်စတွင် ဗိုလ်ချုပ် တို့ ဇနီးမောင်နှံ သတင်းကို ထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကို ခတ်ကြည့်ပြီး ကျေနပ်သော အဖြေ ထွက်လာသည် တွင်မှ ကျွန်တော်လည်း နှစ်သက် လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက် တွေ့ရသောအခါ “ဟေ့ ဒေါ်ခင်ကြည် ကတော့ မင်းလို မဟုတ်ဘူး”ဟု ကျွန်တော်က ပြောမိသည်။“ဟေ့ သူကသူ ငါက ငါကွ”ဟု ဆိုကာ မောင်သိန်းလှ သည် သူတစ်ပါး ထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဘက်သို့ ထွက်သွား လေတော့သည်။

ကျွန်တော်သည် ရန်ကုန် ရောက်လာ သည်မှ သုံးလမျှ မကတော့ပြီ။ သို့ရာတွင် အလုပ်က ပူပြင်း လှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံစည်း နိုင်ပါ။ ဆုံစည်းရန် အကြောင်းလည်း ဘာမျှ မရှိသေးပါ။ ဆုံစည်းမည့် ဆုံစည်း ပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော့်အား နှုတ်ဆက် တော့မည့်ပုံ ကဲ့သို့ တအောင့်လောက် တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက် သွားပါသည်။

“လက်တိုဂျင် အမိနို့နှင့် မခြား” ဟူသော ကြော်ငြာ စကား ကဲ့သို့ သခင်နု၏ စွပ်ကျယ်သည် ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ ဒေါ်မြရီ၏ ဇာဘော်ဒီ နောက်ကျောဝယ် တက်တင်း ထိုးထာသော ဇာပေါက်များ ရှိသည်။ သခင်နု၏ စွပ်ကျယ်အင်္ကျီ နောက်ကျော ၌လည်း တက်တင်း မထိုးဘဲနှင့် သယံဇာတ ပေါက်နေသော ဇာပေါက်များ ရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များ သည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။ ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ သခင်နု နေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်ရေး ခေါင်းဆောင် ဦးညိုထွန်း (ယခင်က ပြန်ကြားရေးဝန်ကြီး ယခု ရေဒီယိုပြင်ဆရာ) ၏ တဲကို အမွေခံယူကာ တစ်ဦးနှင့် တစ်ဦး သဘာဝချင်း မတူသော ဦးဉာဏ နှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့အချိန်တွင် နေ၍ ညအချိန်တွင် ဗုံးခိုကျင်း ထဲ၌ အိပ်ခဲ့ ရပါသည်။

Read more of this post

မရောက်သွားသောစာ

၁၉၄၅ ခုနှစ်၊ မတ်လ ၊ ရန်ကုန်မှ သရက်ဧရိယာ ရှေ့တန်းဌာနချုပ်သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထွက်ခွာသော အခါတွင် ဂျပန်စစ်တပ်၏ ဓားစာခံ အဖြစ် ရန်ကုန်၌ ကျန်ရစ်ခဲ့သော ဒေါက်တာဘမော်ထံ ရေးသားခဲ့သော စာ ဖြစ်ပါသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကမန်းကတန်း ရေးခြစ်ရသောကြောင့်လား၊ အကြမ်းရေးထားသည့် အတိုင်း ပေးပို့လိုက်သည်လားတော့ မပြောတတ်။ ဗိုလ်ချုပ်၏ မူရင်းလက်ရေးလက်သား ဖြစ်သောကြောင့် အမှတ်တရ တင်ရှိလိုက်ပါသည်။ ယင်းစာကို ဗိုလ်ချုပ်က ဆက်သား တစ်ယောက်ကို ပေး၍ စေလွှတ်လိုက်သည် ဟု အဆိုရှိသည်။ သို့သော် စာမှာ ဒေါက်တာ ဘမော်ထံ မရောက်ခဲ့။ စာပေဗိမာန်အသင်းမှ ဦးထင်ကြီးတို့ အဖွဲ့နှင့် ရန်ကုန်၊ ဦးအောင်ကြည်တို့ ကောင်းမှုကြောင့် ကာကွယ်ရေးဌာန ပြတိုက်သို့ ရောက်ရှိလာခဲ့သည်ဟု ပါရှိသည်။

တင်ရှိထားသော ဗိုလ်ချုပ်၏ မူရင်းလက်ရေး ဓာတ်ပုံတွင် အလယ်ပိုင်းမှ စာသား အချို့ ပြတ်လျက်ရှိပါသည်။ ယင်းပြတ်နေသော စာသားကို Dr. Maung Maung ၏ Aung San of Burma ကို ကိုးကား၍ ကျနော် ထည့်သွင်းထားသည်။

ဇေယျ
……………………………………… Read more of this post

စိတ်ကူး နှင့် လက်တွေ့

၁။ ယခုရက်ပိုင်း အွန်လိုင်းတွင် ရှဲ ဖြစ်ကြသော လင့်ခ် နှစ်ခု ရှိနေကြသည်။ ဦးတေဇ အင်တာဗျူး (http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html) နှင့် ဦးသန်းထွဋ်အောင် ပြောကြားချက် ( http://first-11.com/index.php?option=com_content&view=article&id=8808&catid=102&Itemid=177 ) တို့ ဖြစ်ပါသည်။ ဖေ့ဘုတ်ခ် ပေါ်တွင် ဆိုလျှင် အချို့က ကိုးကားချက် အမျိုးမျိုး ၊ ထင်မြင်ချက် အမျိုးမျိုး ရေးကြ၊ ဆွေးနွေးကြသည် ကို တွေ့ရသည်။

ဆရာ့ဆရာများ ၏ ဆွေးနွေးခန်းများကို တအံ့တဩ ကြည့်ရင်း တွေးရင်း – ထုံးစံ အတိုင်း – ရှေးယခင်က အရေးအသား တစ်ခုကို သတိရသည်။

အထူးသဖြင့် ဗိုလ်ချုပ် ပြောသည့် တိုတိုနှင့် လိုရင်း စကား –

“ဒါပေမယ့် လက်တွေ့က အရေးကြီးတယ်။ သာမာန် လူတွေရဲ့ အကျိုးတရား နဲ့ ကိုက်ညီတဲ့ လက်တွေ့ လုပ်ငန်းကိုသာ ကျုပ်တို့ ဦးစား ပေးရဖို့ ရှိပါတယ် ။”

မြန်မာနိုင်ငံ လွတ်လပ်ရေးရလျှင် ပြန်လည်ထူထောင်ရေး မည်သို့ ပြုကြမည်ကို ဆွေးနွေးဟောပြောရာ၌ မိန့်ကြားသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ စကား တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ယင်းနှင့် အထက်ဖော်ပြပါ လင့်ခ်နှစ်ခု တို့ကို ယှဉ်တွဲ စဉ်းစားမိသော အခါ ×××။

……………………………………..

၂။ ယင်း ဆောင်းပါးထဲမှာပင် ဒုတိယ သတိပြုမိသည့် စာပိုဒ်ငယ်လေး တစ်ပိုဒ် ရှိသေးသည်။ ယနေ့ခေတ် အစိုးရ ရုံးဌာနများ၊ ပုဂ္ဂလိက ရုံးဌာနများ ( အချို့/ တော်တော်များများ ) တို့တွင် “ရုံးတွင်း လုပ်နည်းလုပ်ဟန်၊ ရုံးထုံးစံ” ( ၎င်းတို့ ပြောနေကျ စကားအတိုင်းဆိုလျှင် “Procedure ( ပရိုစီဂျာ ) အတိုင်းလုပ်သည်” ) ဆိုခြင်း များ မကြာခဏ ကြားရသည်။ ရုံးတွင်း တံဆိပ်ကပ်၊ ကြော်ငြာကပ် သည့် စည်းကမ်းများလည်း အများအပြား မွစိ – တက်လျက် ရှိကြသည်။ ဟိုဟာ ဖြစ်လျှင် ဟိုကြေး ဒဏ်တပ်မည်။ သည်ဟာ ဖြစ်လျှင် သည်ကြေး ဒဏ်တပ်မည် ဆိုသည်များ တွေ့မိ ၊ ကြားမိနေရပါသည်။ စည်းကမ်း သေဝပ်၍ ငြိမ်ဝပ် ပိပြား သော အလုပ်သမား၊ ဝန်ထမ်းကောင်းများ ဖြစ်လာကြစေရန် စိတ် စေတနာကောင်းများ ထားရှိနေကြခြင်း ဖြစ်နိုင်သည်။

( အလျဉ်းသင့်၍ အနည်းငယ် ဆိုရလျှင် ဝန်ထမ်း အလုပ်သမားများ အတွက် ဒဏ်ကြေး ဟု သတ်မှတ်လျှင် ဆုကြေးလည်း ရှိရသည်။ ဆုကြေး မရှိဘဲ ဒဏ်ကြေး သာ တပ်ထားသော စည်းကမ်းသည် စည်းကမ်း မဟုတ်တော့။ ခြောက်လှန့်သော စည်းကမ်းများ၊ မကျေနပ်ချက်များ ပေါက်ဖွားလာစေသော စည်းကမ်းများမှ လွဲ၍ အခြားမရှိ။ ဝန်ထမ်းတို့ ဟူသည် ယင်းသို့ ဒဏ်ကြေး တပ်မှ ကြောက်လန့်၍ စည်းကမ်းသေဝပ် ကြမည်ဟု အထင်ရှိလျှင် ယင်းအထင်သည် သေးသိမ်သော အထင်အမြင် သာ ဖြစ်ချိမ့်မည်။ မကျေနပ်မှုများ ၊ ကြောက်ရွံ့မှုများနှင့် လည်ပတ်နေသော လုပ်ငန်းစဉ်၏ တိုးတက်နှုန်းကို စဉ်းစားကြည့်ရပေမည်။

ပြောသည်က ရှိသေးသည်။ “ငါတို့က ဤသို့ စည်းကမ်းမျိုး မကပ်ချင်၊ မတတ်သာ၍ ကပ်နေရသည်။ စည်းကမ်းမရှိ၍ ကပ်နေရသည်” ဟု ဆိုကြသည်။ သို့အကြောင်း ကြောင့် ဟု ဆိုလျှင် ယင်းသို့ ဒဏ်ကြေး ဟူ၍ ကပ်မည့် အစား “ဆုကြေး” ဟူ၍ အဘယ်ကြောင့် မကပ် ကြသနည်း။ သည်ဟာ မလုပ်လျှင် သည်ကြေးဖြတ်မည် – ဟူသော စည်းကမ်း အစား – သည်ဟာကို ကျေပွန်လျှင် သည်မျှ ဆုကြေး ချီးမြှင့်မည် – ဆိုသော စည်းကမ်း ထုတ်ရှိထားပါက လုပ်ရကိုင်ရသော ဝန်ထမ်းတို့ အားတက်သရော အပြိုင်အဆိုင် မကြိုးစားဘဲ နေမည် မဟုတ်ချေ။

သို့သော် ယခုကာလ မြင်တွေ့ရ သည်များတွင် ဆုကြေး ဟူ၍ မရှိချေ။ ဒဏ်ကြေး ( တနည်း အားဖြင့် ခြောက်လုံး ) များဖြင့်သာ – အပြင်ပန်း စည်းကမ်း သေဝပ်နေရသလိုလို နှင့် အတွင်းတွင် ပုပ်ဟောင် လှိုက်စားနေသော ကျီးအာသီး လုပ်ငန်းစဉ်များ လည်ပတ်လျက် ရှိနေကြသည်။ —— စကားချပ် )

ဤဆောင်းပါးတွင် ပါဝင်သော အောက်ပါ စာပိုဒ်ငယ်သည် ယင်းတို့အတွက် စဉ်းစားစရာ ဖြစ်ပါသည်။

“ဂျပန်ခေတ်၌ အတွင်းဝန် ရုံးတွင် အလုပ်လုပ်ခဲ့ဖူးသူ တို့က မကြာခဏ အတွင်းဝန် ရုံး လုပ်ထုံး ( Secretariat Procedure ) ဆိုသည်ကို ပြောလေ့ပြောထ ရှိကြသည်။ ထိုသူတို့တွင် အချို့သည် လုပ်ထုံး လုပ်နည်း ရုံးထုံးစံ တို့ကို သူတပါးအား ရစ်ပတ် ချည်နှောင်၍ လူမလှုပ်နိုင်အောင် ခြေမန်းကွင်း စွပ်သလို စွပ်ပေး တတ်ကြသည်။ လူက မလှုပ် နိုင်သောအခါ အလုပ်လည်း ဘာမျှ မဖြစ်ပါ။ ထို့ကြောင့် လုပ်သမျှမှာ ရေ ဖြစ်ရသည်သာ များပေသည်။ ဤသဘောတရား တို့ကို ဗိုလ်ချုပ် နားလည်သည်။ ထို့ကြောင့် ရုံးလုပ်ထုံး လုပ်နည်း ဆိုသည်မှာ လုပ်ငန်း တွင်အောင် တီထွင်ခြင်း ဖြစ်ပါသည်။ သို့သော် ၎င်း ရုံးထုံးစံ များသည် လုပ်ငန်း တွင်ကျယ်မှုကို နှောင့်ယှက်နေပါလျှင် ပယ်ရပါမည် ဟု ပြောဆိုခဲ့လေသည်။ ထိုအချိန်က စ၍ ကြိုးနီ စနစ် ဆိုသော စကားကို အရာရှိ အရာခံ လောကထဲတွင် အတော် များများ ပြောလာကြသည်။”

……………………………………………

ယင်းသို့ တွေးမိစရာများ သည့်ထက်မက ပေးစွမ်းနိုင်ခဲ့သော ဆောင်းပါးမှာ – လွန်ခဲ့သော နှစ်လေးဆယ်၊ ငါးဆယ် ဝန်းကျင်က ဆရာ မောင်ထင် ရေးသားခဲ့သည့် “ဗိုလ်ချုပ်၏ စိတ်ကူးနှင့် လက်တွေ့” ဟူသော ဆောင်းပါး ဖြစ်ပါသည်။ ဆောင်းပါး အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ် သည်။

…………………………………………….

ဗိုလ်ချုပ် – စိတ်ကူးနှင့် လက်တွေ့

ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သည် ။ လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးသူ ဟု ဆိုလိုသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည် မဟုတ်။ ထိုဗိမာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန် အလို့ငှာ အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေး စနစ်တို့ကို ပါ ချမှတ်ပေးခဲ့သူ ဖြစ်သည်။

Read more of this post

ဇူလိုင် ၁၉ မှ သင်ခန်းစာ

ကလောင် အမည် “ကိုဆောင်း” ရေးသားခဲ့တာက ပြီးခဲ့တဲ့ မ-ဆ-လ ခေတ်အခါက ဖြစ်ပါလိမ့်မယ်။ ခေတ်၊ စနစ် ( အမည်အားဖြင့် ) မတူတော့ပါဘူး။ ဒါပေတဲ့ အဲ့ဒါကို ခုချိန်မှာ တင်တာက ရှေ့လမှာ ကျရောက်မယ့် ဇူလိုင် ( ၁၉ ) အတွက် နောက်ပို့စ်တွေ တင်ဖို့ ရှိတာမို့ အစပျိုး သဘောသာ ဖြစ်ပါတယ်။ အတွင်း စာသားကို ( မူရင်း စာရေးဆရာကို လေးစားသောအားဖြင့် ) ဘာမှ မပြုမပြင် ထားပါ။ ပါရှိသည့် အတိုင်း တင်ပါတယ်။ ဓာတ်ပုံများ ကိုတော့ မော်နီတာ ( ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ် ) ထဲက အတိုင်း ဖြည့်ယူ ပါတယ်။

ဇေယျ
……………………………………….

မြန်မာ တစ် နိုင်ငံလုံး နှင့် မြန်မာ တိုင်းရင်းသား တစ်ရပ်လုံး ၏ ဘ၀ မှတ်တိုင် တွင် ထာဝစဉ် အဓိကရ နေရာယူ နေမည့် “အာဇာနည်နေ့”နှင့် ပတ်သက်၍ အကျဉ်းချုပ် သုံးသပ် လေ့လာချက် တစ်ရပ် ပြုကြမည် ဆိုလျှင်

(၁) အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ
(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်၊
(၃)ပြည်သူလူထု၏ တုံ့ပြန်မှု၊
(၄)အာဇာနည်နေ့မှ ပေးသော သင်ခန်းစာများ ဟူ၍ အပိုင်း လေးပိုင်း ခွဲခြား လေ့လာခြင်း ပြုသင့်ပါသည်။

(၁)အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ

ဒုတိယ ကမ္ဘာ စစ်ပြီး ကာလ ဖြစ်သည့် (၁၉၄၅) ခုနှစ်မှ စ၍ (၁၉၄၇) ခုနှစ် အထိ (၃) နှစ် ကာလကို လေ့လာ သုံးသပ်ရန် လိုအပ် ပေမည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နေ့ မှစ၍ မြန်မာ တိုင်းရင်းသား အားလုံး တို့သည် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖတပလ) အဖွဲ့ဝင်များ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် နှင့် မျိုးချစ် ဗမာ့ တပ်မတော်သား များအဖြစ် တစ်စု တစည်းတည်း တိုက်ပွဲ ၀င်၍ ဖက်ဆစ် ဂျပန် များအား တော်လှန် တိုက်ခိုက်၍ မြန်မာနိုင်ငံ၏ မြေပြင်မှ မောင်းနှင် ထုတ်ခဲ့ကြ လေသည်။

(၁၉၄၅) ခုနှစ်တွင် ဗြိတိသျှ တို့သည် စစ်တပ်ကြီး များနှင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ရောက် လာကြသည်။ သို့သော် တိုင်းရင်းသား အားလုံး အပါအ၀င် တပြည်လုံးက ဗြိတိသျှ တို့၏ စစ်အုပ်ချုပ်ရေး ကို အမြန်ဆုံး ရပ်စဲ ရုပ်သိမ်းရန် တောင်းဆို ကြသည်။ ထို့ကြောင့် (၁၉၄၅) ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ဗြိတိသျှ အပေါင်းပါ များ၏ စစ်အုပ်ချုပ်ရေး မှာ လုံးဝ ရပ်စဲ ခဲ့ရသည်။ သို့သော် ဗြိတိသျှတို့သည် မိမိ တို့နှင့် အတူ ပါလာသော ဆင်းမလား စီမံကိန်းခေါ် စက္ကူဖြူ စာတမ်းအရ မြန်မာနိုင်ငံ အား ဆက်လက် စိုးမိုးရန် ကြိုးစား ကြပြန်သည်။

Read more of this post

ဦးအောင်ဆန်းကို တွေ့ချင်လွန်းလို့

(၁၉၄၇) ခုနှစ် သည် မြန်မာပြည် လွတ်လပ်ရေး အတွက် အရှိန်အဟုန် ပြင်းနေတဲ့ တိုက်ပွဲ ကာလ၊ လွတ်လပ်ရေး ရရှိရန် (၁) နှစ် တောင် မလိုတော့သည့် ကာလ ဖြစ်သည်။ ထိုကာလတွင် ဗိုလ်ချုပ် အောင်ဆန်း သည် သူ ပေးထားသည့် ကတိ အတိုင်း တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိရေး အတွက် အပြင်းအထန် ကြိုးစား နေသော ကာလ ဖြစ်သည်။ ထို့ကြောင့် ထိုကာလ အတွင်း ဗိုလ်ချုပ်သည် မြန်မာပြည် တစ်နံ တစ်လျား လေယာဉ်၊ မော်တော်ကား၊ သင်္ဘော တို့ဖြင့် ခရီးစဉ်များ ရေးဆွဲကာ စည်းရုံးရေး ဆင်း နေရသော ကာလ ဖြစ်သည်။

ထိုအချိန်က ဗိုလ်ချုပ် သည် ကုန်းလမ်း ခရီး မော်တော်ကားဖြင့် ရန်ကုန်မှ မြန်မာပြည် အထက်ပိုင်းသို့ ခရီး ထွက်ခွာ လာရာ ထိုနေ့ (၄၊ ၄၊ ၄၇) ရက်တွင် ရန်ကုန်မှ တောင်ငူ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ မော်တော်ယာဉ်တန်း သည် တောင်ငူမှာ နေ့လယ်စာ စားပြီး ဆက်လက် ထွက်ခွာ ခဲ့ရာ လယ်ဝေးသို့ မွန်းလွဲပိုင်း (၂) နာရီ ခန့်တွင် ရောက်ရှိ ခဲ့သည်။ လယ်ဝေး၌ ခေတ္တနားပြီး သနက (၄) ဒု တပ်ရင်းမှူး ဗိုလ်နေ၀င်း နှင့် တွေ့ဆုံ ခဲ့သည်။ ပျဉ်းမနားတွင် ယနေ့ ညနေ (၅) နာရီ ခန့်တွင် တရားဟောရန် အစီအစဉ် ရှိသောကြောင့် ဆက်လက် ထွက်ခွာ ခဲ့သည်။

ထိုအချိန်က ပျဉ်းမနားမြို့သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဌာနချုပ် အခြေစိုက် ဒေသ ဖြစ်သည်။ ဗကပ များသည် ဖဆပလမှ ခွဲထွက် ခဲ့ပြီး နောက် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် တိုက်ခိုက် နေကြသည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တာရာ သည် ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုခင် ကပင် ပျဉ်းမနား မြို့နယ် တ၀ိုက်၌ ကြိုတင် လှုပ်ရှား နေသည်။ သူက ဗကပ ၏ တပ်နီ ဗိုလ်ချုပ် တာဝန် ယူထားသူ တစ်ဦး ဖြစ်သည်။ ထိုအချိန်က ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) ၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး နေ၀င်း သည် ဗိုလ်ချုပ်၏ ခရီးစဉ် ကို လုံခြုံရေး တာဝန်ယူ ထားရသည်။

Read more of this post