စွမ်းအင်မည်း ရှာဖွေရေး သမားများ ( သို့မဟုတ် ) နိုဘယ်လ်ဆုရှင်များ

Saul Perlmutter, Adam Riess and Brian Schmidt

၂၀၁၁ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်၊ လောရင့်စ် ဘာကလေ အမျိုးသား ဓာတ်ခွဲဌာန က သိပ္ပံပညာရှင် ဆောလ် ပါမက်တာ (Saul Permutter) ၊ ဘယ်လ်တီမိုး-ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က အဒမ် ရိစ် (AAdam Riess)၊ ဝက်စ်တမ် ခရိ – ဩစတြေးလျ အမျိုးသားတက္ကသိုလ်က ဘရိုင်ယန် ရှမစ်ဒ် (Brian Schmidt)တို့က ခွဲဝေ ရရှိပါတယ်။

အဝေးတစ်နေရာက နေပေါက်ကွဲမှု ဖြစ်စဉ်တွေကို လေ့လာရင်း စကြာဝဠာရဲ့ ပြန့်ကားမှု အရှိန်နှုန်းကို တွက်ချက်ဖော်ထုတ်ခဲ့တာ တွေ အတွက် ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမက်တာက နိုဘယ်ဆုရဲ့ ဆုကြေးဖြစ်တဲ့ SEK 10m ( စတာလင်ပေါင် 934,000 ) တစ်ဝက်ကို ရရှိတာဖြစ်ပြီး၊ ရိစ်နဲ့ ရှမစ်ဒ်တို့က အခြားတစ်ဝက်ကို ရရှိပါတယ်။

ဆွီဒင် သိပ္ပံဆိုင်ရာ တော်ဝင် အကယ်ဒမီက ပြောကြားရာမှာ “လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံလောက်က စတဲ့ မဟာပေါက်ကွဲမှု ( Big Bang ) ဖြစ်စဉ် အပြီးမှာ စကြာဝဠာဟာ ပြန့်ကားထွက်လာနေတယ်လို့ ကျနော်တို့ သိခဲ့ရတာ ရာစုနှစ်တစ်ခု နီးပါး ရှိပါပြီ။ ဒါပေမယ့် ဒီပြန့်ကားနှုန်းဟာ အရှိန်မြင့်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ အံ့အားသင့်စရာ ကောင်းတယ်။ တကယ်လို့သာ အဲ့သလို အရှိန်နဲ့ အဟုန်နဲ့ ပြန့်ကားနေမယ်ဆိုရင် ဒီစကြဝဠာဟာ အေးခဲသွားပါလိမ့်မယ်” လို့ ဖော်ပြတယ်။

၁၉၃၂ ခုနှစ်က အဲလ်ဘတ် အိုင်းစတိုင်းနဲ့ ဝီလ်လမ် ဒဲ စစ်တာ တို့နှစ်ဦး တင်ပြခဲ့တဲ့ ပုံစံငယ် တစ်ခုအရ ဒြပ်ဆွဲအားကြောင့် စကြဝဠာရဲ့ပြန့်ကားနှုန်းဟာ နှေးကွေးသွားမယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားတာပါ။ ၁၉၈၀ ခုနှစ်များ လောက်မှာတော့ ဒီ ယုံကြည်ချက်ကို ထောက်ခံမယ့် ဘယ်အချက်အလက်မှ မတွေ့ရှိခဲ့ကြဘူးလို့ ဆိုတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ အိုင်းစတိုင်းရဲ့ ယေဘုယျ နှိုင်းရသီအိုရီထဲက အိုဟောင်းနေပြီးဘေးဖယ်ထားခဲ့ရတဲ့ စကြာဝဠာ ကိန်းသေ ၊ ( Lambda λ ) ကို အချက်အလက်တွေ ဖြေရှင်းဖို့ မထည့်မဖြစ် ပြန်ထည့်ခဲ့ကြရတယ်။ Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post