ဟိုတိ

ဇင်ဆရာ ဟိုတိ ဆိုတာ ရှိတယ်။ သူက တစ်ရွာဝင် တစ်ရွာထွက် သွားနေတတ်တယ်။ သူ့ကိုယ်ပေါ် မှာ လွယ်အိတ် အကြီးကြီး တစ်လုံး လွယ်ထားပြီး၊ အထဲမှာ အရုပ်တွေ၊ သကြားလုံးတွေ၊ မုန့်တွေ ထည့်ထား တတ်တယ်။ လမ်းမှာတွေ့ရင် တွေ့တဲ့ ကလေးသူငယ်တိုင်းကို လိုက်ဝေ ပေးတယ်။ အဲ့လို နှစ်ပေါင်း များစွာ တွေ့ လာရတော့ – တစ်နေ့မှာ လူတစ်ယောက် က မေး တယ်-

“ဟိုတိ၊ ခင်ဗျားကို ဒီလို လှည့်ပတ် လျောက်သွားနေ တာပဲ မြင်နေ ရတယ်။ ကျုပ်တို့ ကြားသိ တာတော့ – ခင်ဗျားဟာ ဇင်ဆရာ လို့ ပြောတယ်။ ဒါနဲ့များ – ဒီလို လှည့်လည် ရင်း ဟိုလျောက် သွား ဒီလျောက်သွား ဘာလို့ လုပ်နေရသလဲ။ ကလေးတွေကြား မုန့်ပဲ သရေ စာ ဝေခြမ်း ပျော်မွေ့ နေ တယ်။ အခြား ဘာများ လုပ်သေး သလဲ။ ခင်ဗျား ရဲ့ ဇင်ဓမ္မ ဆိုတာ ဘာလဲ။ ဒီလို အိတ်ကြီး တ ကားကား သွားလာနေတာ ခင်ဗျား ရဲ့ ဓမ္မ လား။ ဇင်ဆိုတဲ့ ဓမ္မ အကြောင်း ဟောပြော ကျင့်ကြံဖို့များ မလုပ် ဘူးလား။ အခု ကျုပ်တို့ကို ပြောစမ်းပါ။ ဇင် ဆိုတာ ဘာလဲ”

အဲ့အခါ ဟိုတိက သူ့အိတ်ကြီးကို ဗုန်းကနဲ ပစ်ချလိုက်တယ်။ ဘာမှ မပြောဘဲ ငြိမ်ငြိမ်သက်သက် ကြည်ကြည် ရွှင်ရွှင် ပဲ ထိုင်နေ ပါတယ်။ အဲ့အခါ မေးတဲ့သူက ဘာပြော ရမှန်း မသိတာနဲ့ – တစ်အောင့် အချိန် စောင့်ပြီး ဆက်မေးတယ်။ “ဇင်ဆိုတာ ဘာလဲ။”

ဟိုတိက – “ဒါ အကုန်ပါပဲ။ အခု ထမ်းထားတဲ့ ဝန်ကို ပစ်ချ လိုက်တယ် မဟုတ်လား။ အဲ့ဒါ အကုန်ပဲ”

မေးသူက တအံ့ တဩ ဖြစ်သွားတဲ့ အပြင် ထပ်သိချင်သွားတယ်။ “ဟုတ်ပြီ။ ဝန်ထုပ်ကြီး ပစ်ချလိုက်ပြီ။ အဲ့ဒီ နောက် – နောက်ထပ် တစ်ဆင့်ကရော –“

အဲ့ အခါ ဟိုတိ လည်း စကားတစ်ခွန်း မှ မဆိုတော့ဘဲ – Read more of this post

လနှင့် ဓမ္မသို့ တိုက်ရိုက်

Zen ၌ ~ စကားလုံး ဝေါဟာရ ဟူသည် လကို ညွှန်ပြသည့် လက်ညှိုး သာ ဖြစ်သည်။ ဇင်နှင့် နေထိုင်သူ ပုဂ္ဂိုလ်အတွက် လသည်သာ အခရာ ဖြစ်သည်။ လက်ညှိုး မဟုတ်။ ထို့ကြောင့် ဇင်ဆရာများသည် စကားလုံး များတွင် ရပ်တန့်မနေ ။ စကား ဝါကျ များအတွင်း နိဂုံးချုပ် မသွား။

( က )
စကားတစ်စုသည်
အမတကို ညွှန်၍
ထာဝရသည်
မြည်းကောင်ငယ် စာဖတ်သကဲ့သို့ ရှိ ~

ဇင်ဆရာ တို့၏ အရေးအသား များတွင် ဤသို့ စာသား ကဗျာမျိုး အနှံ့အပြား တွေ့နိုင် ပါသည်။ အထူး သဖြင့် အရင်းခံ ကျကျ ဆိုစကား များထဲတွင် ~

( ခ )
သင်ကြားမှု
သင်ကြားမှုတို့ အလွန်သည်
စကားလုံးများ၊ ဝါကျများ၌
မမှီခို ~

( ဂ )
လူ့စိတ္တကို
တည့်တည့်ထောက်ပြ
သဘာဝကို မြင်လျှင်
ဗုဒ္ဓအရှင် ~

ဇင် အတွေ့အကြုံတို့နှင့် ပတ်သက်၍ စကားဝေါဟာရတို့ မဖော်ပြနိုင်ခြင်း အကြောင်းကိုလည်း ဤသို့ ဖော်ပြသေးသည်။

( ဃ )
ရေကို သောက်သော
သူ တစ်ယောက်
ရေ အေးလား ပူလား
သိ

( င )
အတိအကျ
စကားမရှိ

မည်သို့ပင် ဖြစ်စေ ~ ဇင်ဆရာတို့သည် မှတ်တမ်း စာတမ်း အများအပြား ထားရစ် ခဲ့သည်များ ရှိပါသည်။ အဘယ်ကြောင့် ယင်းစာများ ထားရစ် ခဲ့ပါ သနည်း။ ကျမ်းစာများ ကို မညိတွယ်ပါလျက် နှင့် ကျမ်းစာ များ ၊ ကဗျာများ အဘယ်ကြောင့် ရေးပါသနည်း။ ယင်းသည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဟန် ရှိပါသည်။ စင်စစ်လည်း ဇင်သည် မည်သည့်နေရာမှ ရှုမြင်သည် ဖြစ်စေ ဒွိဟ များ ရှိသည်။

Read more of this post

ဒုက္ခသည်

A: ဗုဒ္ဓက အဆိုးမြင်ဝါဒီပဲ ဖြစ်မယ်။ သူက- ဘဝကို ဘာလို့ ဒုက္ခလို့ ပြောရတာလဲ။

B: ခင်ဗျား တို့ ကျုပ်တို့ ဘဝဟာ တကယ့် ဒုက္ခ ဖြစ်နေတာမို့ ဒုက္ခလို့ ပြောရတာ ဖြစ်ပါတယ်။ အဲ့အတွက် သက်သေ လိုအပ်နေပါသလား။ ခင်ဗျား ဘဝကို ခင်ဗျား ပြန်မမြင် ထားဘူးလား။ ဒါမှ မဟုတ် မေ့နေသလား။ ဒုက္ခ မဟုတ်ဘူး – တကယ့် သုခပါလို့ မြင်ထားပါသလား။ မိမိ မြင်ထားတဲ့ ဘဝ ရှေ့မျှော်မှန်းချက် တစ်ခုခု နဲ့ မတူညီ၊ မကိုက်ညီ သွားလို့ များလား။ ဒါမှ မဟုတ် ခင်ဗျား ဖြစ်ချင် လိုချင်တဲ့ ဘဝနဲ့ ကန့်လန့်တိုက် ပြောလိုက်မိသလို ဖြစ်သွားသလား။ ဒါမှ မဟုတ်- ဒုက္ခလို့ ပြောရခြင်း အပေါ် မကျေမလည်များ ဖြစ်သွားပါသလား။ အနာပေါ် တုတ်ကျသွားတာလား။

တကယ်တမ်းလည်း – ဘဝဟာ ဒုက္ခပါလို့ စကားဆိုချိန်မှာ ခင်ဗျား မအီမသာ ဖြစ်သွားနိုင်ပါတယ်။ ခုခံ ကာကွယ် ချင်စိတ် ဖြစ်သွားမယ်။ မိမိ ဘဝကို ရှုတ်ချပြစ်တင် လိုက်တာ သက်သက်ပဲ လို့ ထင်လိုက်မိ နိုင်တယ်။

ကျနော် နားလည်ထားသလို ပြောရင် ဗုဒ္ဓဟာ ခင်ဗျား ဘဝကို အလဟဿ ပြစ်တင် ရှုတ်ချ ပစ်နေတာ မဟုတ်ဘူး။ ဗုဒ္ဓမှာ ပြစ်တင်ရှုတ်ချစရာ ဘာမှ မရှိဘူး။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့တွေသာ သူတော်စင် စစ်စစ် တွေဆိုရင် ခင်ဗျားကို မဟုတ်တမ်းတရား ပြောနေစရာ ဘာမှ မရှိဘူး။ သူတို့ ရဲ့ သန္တာန်မှာ ချမ်းမြေ့မှု သက်သက်သာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ခင်ဗျား ဘဝကို အကြောင်းမဲ့ သက်သက် မောင်းမဲ နှိမ်ချ၊ လာပြောနေမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဆိုစကားမှာ ချဲ့ကား နေစရာ ၊ ရွှီးနေစရာ မလိုဘူးလို့ ပြောရပါလိမ့်မယ် ။ အထူးသဖြင့် ဗုဒ္ဓရဲ့ မိန့်မှာစကား အများစုဟာ အချက်အလက်ကို အချက်အလက် အတိုင်း ပြောဆိုထားတာမျှသာ ဖြစ်တယ်လို့ ကျနော် မြင်ပါတယ် ( မှားပါတယ် ဆိုရင် သည်းခံ )

ဗုဒ္ဓ အနေနဲ့ အမှန်ကို အမှန်အတိုင်း ပြောမှာပဲ။ ခင်ဗျား ကန်းနေရင် ကန်းနေတယ်လို့ ပြောမယ်။ ခင်ဗျား သေရင် သေတယ်လို့ ပြောမယ်။ ဒါဟာ ဘာအမှား ရှိပါသလဲ။ အချက်အလက် တစ်ခုကို အရင်း အတိုင်း ပြောပြနေ တာ ဖြစ်တဲ့ အပြင် – အခု စကား “ဒုက္ခ” ဆိုတာဟာ ခင်ဗျားတို့ ကျနော်တို့ အတွက် မေ့လျော့ထားတဲ့၊ ပေါ့တန်ထားတဲ့ အရာ တစ်ခု ကို သတိပေး၊ အသိပေး စကားလည်း ဖြစ်နေသေးတယ် မဟုတ်လား။ စင်စစ် ကျနော့အနေနဲ့ဆို – အဲ့ထက် အလွန် ကို လည်း ပြညွှန်းနေသေး တယ် လို့ မြင်ပါတယ်။

ဘဝဟာ ဒုက္ခ ဖြစ်နေတယ်၊ အခု ဘဝတွေဟာ ဒုက္ခသာ ဖြစ်တယ် လို့ ဗုဒ္ဓ အတန်တန် အထပ်ထပ် မှာကြားနေရခြင်းဟာ “ဘဝရဲ့ စင်စစ်ချမ်းသာ သုခ ရနိုင်ခြင်းအကြောင်း” ကို မြင်သိစေနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေတဲ့ ဒီ သုခစင်စစ် ကို မြင်နိုင်ဖို့ ခင်ဗျားရဲ့ လက်ရှိ ဒုက္ခ ကို ကောင်းကောင်း သိထားရ လိမ့်မယ်။ အင်ဂျင်တစ်လုံးကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့ အင်ဂျင်အကြောင်းကို ခင်ဗျား ကောင်းကောင်း သိထားမှရမယ်။ အန္တရာယ် ကြီးတဲ့ ချိန်ကိုက်ဗုံး တစ်လုံးကို – အဲ့ဒီ ဗုံးအကြောင်း ကောင်းကောင်း သိထားမှ ဖြုတ်တပ် လုပ်နိုင်ပါတယ်။

ဆိုလိုတာက ဘဝ ရဲ့ ဒုက္ခကို ကောင်းကောင်း မသိရင် စင်စစ် ချမ်းမြေ့တဲ့ သုခ ( သန္တိ ) ကို ခင်ဗျား မရဘူး။ ရှင်သန်နေတဲ့ မိမိရဲ့ ဘဝ ဒုက္ခ အပေါ် နက်နက်ရှိုင်းရှိုင်း ( စိတ်နှလုံးထဲ အထိ ) မြင်သိလာ တဲ့ အခါ – ရှင်သန်နေခဲ့တဲ့ လမ်းဟောင်း အတိုင်း ခင်ဗျား တစက္ကန့်လေးတောင် နေလို့ မရတော့ဘူးရယ်။ ဥပမာ – ခင်ဗျားက အိမ်မှာ ရှိတယ်။ ခင်ဗျား အိမ်မီးလောင်နေတယ်။ မီးလောင်နေကြောင်းကို မသိဘူး။ ကောင်းကောင်း မွေ့နေမယ်။ တစ်ယောက်က – ခင်ဗျား အိမ်မီးလောင်နေတယ်လို့ လာပြောမယ်။ မိမိအိမ် အကြောင်း မိမိ မသိဘဲ – ငါ့လာနှောက်ယှက်ရကောင်းလား စွတ်ပြောရင် ဘယ်သူ လွန်မလဲ။ တကယ်တမ်းမှာ ခင်ဗျား အိမ် မီးလောင်နေပြီ ဆိုတာ ခင်ဗျား မြင်သွားရင် – စောနက မွေ့နေမိတာမျိုး မဆိုထားနဲ့ တစက္ကန့်လေးတောင် ခင်ဗျား နေနိုင် ပါ့မလား။ တစ်အိမ်လုံး ဟုန်းဟုန်းတောက်နေပြီ ဆိုတာ မြင်သိလိုက်မိတဲ့ ခဏ ၊ ခင်ဗျား ထွက်ပြေးဖို့ ပုဆိုးပုဝါတောင် နိုင်ပါတော့မလား။ “အေးဆေးပါကွာ” လို့ လေတစ်ချွန်ချွန်နဲ့ တစ်ရေးနှစ်ရေး နှပ်နေနိုင်သေးရဲ့လား။ ဖြစ်နိုင်တာက – အသက်ဘေးရယ်လို့ နီးနီး မြင်လိုက်ရတဲ့အခါ ခင်ဗျား ဇနီး၊ သားမယားတောင် မေ့ကောင်း မေ့သွား နိုင်သေးတယ် မဟုတ်လား။ စင်စစ် မိမိ အိမ် မီးလောင်နေကြောင်း သိမြင်လိုက်တာဟာ အဲ့ဒီ အိမ်က အလွတ်ရုန်းပြေးနိုင်ဖို့ အစ ဖြစ်ပါတယ်။ Read more of this post

ကျမ်းတစ်အုပ် ရဲ့ အစ

ပြောပြနိုင်သော ဓမ္မ ( Tao ) သည်
ပြီးပြည့်စုံသော ဓမ္မ ( Tao ) မဟုတ်ပေ။

ဒါဟာ တောက်တယ်ကျင်း စာအုပ်ငယ်ရဲ့ ပထမဆုံး ကျမ်းစာပိုဒ် ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ် ဖြစ်ပေါ်လာပုံကို ပြောသင့်တယ်လို့ ထင်တယ်။ အဲ့ဒါမှ ဒီစာပိုဒ်ကို နားလည်ဖို့ အထောက်အကူ ရပါလိမ့်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် နေထိုင် ခဲ့တယ်။ အဲ့ဒီ နှစ်ကိုးဆယ် လုံးလုံးမှာ “နေထိုင်ခဲ့တယ်” ဆိုတာက လွဲလို့ အခြား ဘာမှ မလုပ်ခဲ့ဘူး။ သူဟာ သူ့ဘာသာ “အပြည့်အဝ နေထိုင် သွားတယ်” ။ သူ့အနီးအပါး က ရောင်းရင်းတွေက သူ့ကို စာ တစ်စောင် ပေတစ်ဖွဲ့ ရေးသား ထားခဲ့ဖို့ အကြိမ်ကြိမ် တိုက်တွန်း တယ်။ ဒါပေမယ့် အဲ့လို တိုက်တွန်း တိုင်း သူ ပြန်ပြောလေ့ ရှိတဲ့ စကားက – Tao ဟာ ပြောလို့ရပြီ ဆိုရင် Tao စင်စစ် မဟုတ် တော့ဘူး။ သစ္စာတရား ကို ပြောပြပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲ့ဒီ ပြောစကား “သစ္စာ” ဟာ စစ်မှန်တဲ့ သစ္စာတရား မဟုတ်တော့ဘူး။ ဒါ့ကြောင့် သူ ဘာမှ မပြော သလို၊ ဘာမှလည်း မရေးခဲ့ဘူး။

ဒီလိုဆိုရင် ခင်ဗျားက ပြန်မေးမယ်။ သူ့ရောင်းရင်းတွေဟာ သူနဲ့ အတူနေပြီး ဘာလုပ်ကြသလဲ လို့။ သူတို့ဟာ လောက်ဇူနဲ့ အတူ နေထိုင်နေ ရုံမျှလေးသာ ဖြစ်ပါတယ်။ သူနဲ့ အတူ ယှဉ်တွဲ ဖြစ်တည်နေတယ်။ သူနဲ့ အတူ ရှင်သန် နေထိုင်တယ်။ သူ လျောက်တဲ့အတိုင်း လျောက်တယ်။ သူ့ရဲ့ ဖြစ်တည်မှု အတွင်းမှာ သူတို့ အားလုံး ရောထွေး စိမ့်ဝင် နေကြတယ်။ သူ့အနားမှာ နေထိုင်နေကြတဲ့ အတွက် သူတို့ အားလုံးက သူ့ဆီက ဖွင့်အာ လာမယ့် တစ်ခုခုကို ရဖို့ ကြိုးပမ်းကြတယ်။ သူတို့ အခြား ကိစ္စတွေကို မတွေး ဖြစ်ဖို့၊ မစဉ်းစား ဖြစ်ဖို့ လုံးပမ်း ကြတယ်။ သူ့အနားမှာ နေတဲ့ အတွက် သူတို့အားလုံး တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ် နေဖို့ အားထုတ် လာကြတယ်။ အဲ့ဒီ တိတ်ဆိတ်မှု အားဖြင့်သာ လောက်ဇူဟာ သူတို့ဆီကို သက်ရောက်နိုင်တာ ဖြစ်ပါတယ်။ တိတ်ဆိတ်မှု အတွင်းကနေ သူတို့ဆီကို ရောက်လာမယ် – သူတို့ရဲ့ တံခါးကို ခေါက်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် လုံးလုံး တစ်ခုခုဆိုတာကို ရေးသားဖို့ ပြောကြားဖို့ ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ အရင်းအကျဆုံး အကြောင်းက – အမှန်တရား ဆိုတာ သင်ကြားပေးလို့ မရဘူး ဆိုတဲ့ အချက်ပဲ။ ခင်ဗျားက အမှန်တရား ဆိုတာရဲ့ အကြောင်းကို တစ်ခုခု ပြောပြီ ဆိုရင် – အဲ့ဒါ အမှန်တရား စင်စစ် မဟုတ်ဘူး။ ခင်ဗျား စကားတွေက အမှန်တရားကို မှားအောင် လုပ်တာပဲ ဖြစ်လိမ့်မယ်။ အဲ့လိုပဲ – အမှန်တရားကို ခင်ဗျား သင်ကြားပေးလို့ မရဘူး။ အလွန်ဆုံး လုပ်နိုင်တာက ခင်ဗျား ညွှန်ပဲ ညွှန်ပြနိုင်တယ်။ အဲ့ဒီ ညွှန်ပြတယ် ဆိုတာက ခင်ဗျား ရဲ့ ဖြစ်တည်မှု၊ ခင်ဗျားရဲ့ ဘဝ တစ်ခုလုံးကို ဆိုလိုပါတယ်။ အဲ့ဒါကို ဘယ်လို စကားလုံးတွေနဲ့ အပြည့်အဝ ညွှန်းဆို ပြမလဲ။ သူက စကားလုံးတွေ ကို ဆန့်ကျင်တယ်။ ဘာသာစကား ဆိုတာတွေကို ချေဖျက် ပစ်တယ်။

Read more of this post

အဲ့ဂလောက်သာ ရှင်းတတ်သည်

ကြားသိဖူးပြီး ဖြစ်ကြသော်လည်း၊ သစ္စာတရားဆိုသည်နှင့် ပတ်သက်တိုင်း၊ တရားဓမ္မဆိုသည်ကို ရှင်းလင်းတိုင်း၊ ဘဝဆိုသည်၏ နက်နဲမှုနှင့် ဝေါဟာရတို့ ဖွင့်ဆိုရှင်းပြရင်း မပြည့်စုံသည့် အခါတိုင်း ပြောလေ့ ပြောထရှိသော ပုံဝတ္ထု ဖြစ်ပါသည်။

ဖားတစ်ကောင်သည် ပင်လယ်ထဲက လာပြီး ၊ ရေတွင်းတစ်တွင်းထဲ ခုန်ချမိလိုက်သည်။ ရေတွင်းထဲက ဖားက – “မိတ်ဆွေ၊ ဘယ်က လာတာလဲ” ဟု မေးလိုက်သည်။ “ကျုပ် ပင်လယ်က လာတာ” ဟု ပြန်ပြောသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားက “ပင်လယ် ??? :O အဲ့ပင်လယ်က ဘယ်လောက် ကြီးသလဲ” ဟု မေးသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားသည် ရေတွင်းထက် ကြီးသော မည်သည့် အရာဝတ္ထုမျိုး ကိုမျှ မတွေ့ဖူးပေ။ ရေတွင်းထဲမှာ မွေးဖွားသည်။ ရေတွင်း ထဲမှာပင် ကြီးပြင်းသည်။ ရေတွင်း နံရံက ထွက်ပြီး အပြင်ဘက် တစ်ခါမှ မရောက်ဖူးပေ။ ရေတွင်း နံရံက ကြီးလည်း ကြီးသကိုး။ ရေတွင်း ဖားအတွက် ရေတွင်း အပြင်ဘက်၌ ရေတွင်းထက် ကြီးသော အရာဝတ္ထု ရှိသည်ဟု သိနိုင်စရာ အကြောင်းလည်း မရှိပေ။ အပြင်ဘက်က ဖား တစ်ကောင် တစ်လေ မှလည်း အပြင်ဘက်က သတင်းပေးဖို့ ရေတွင်းထဲ ရောက်မလာပေ။

ပင်လယ်ဖားက “ပင်လယ်က အကြီးကြီး” ဟု ပြောသည်။ သို့သော်လည်း ရေတွင်းဖားသည် အကြီးကြီး ဆိုသည့် စကားကို သဘောမပေါက် ဖြစ်နေသည်။ ရေတွင်း တစ်ဝက်လောက် ခုန်ပြပြီး “ဒါလောက် ကြီးသလား” ဟု မေးလိုက်သည်။ ပင်လယ်ဖားက – “ဒါလောက် မကဘူး။ အများကြီး ကြီးတယ်” ဟု ပြောပြပြန်သည်။ ရေတွင်း ဖားက ရေတွင်း တစ်တွင်းလုံး ခုန်ပြပြီး – “ အဲ့ဒါလောက် ကြီးသလား” ဟု မေးကြည့်ပြန်သည်။ ပင်လယ်ဖားက – “အဲ့ဒါထက် အများကြီး ကြီးတယ်” Read more of this post

သစ္စာ ဟူသည်

ပြီးခဲ့သည့် ( ၉ ) ရက်နေ့က ဆရာပါရဂူ ကွယ်လွန်ကြောင်း သိခဲ့ ရပြီးနောက်ပိုင်း ဆရာ့စာတွေကို မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်သည်။ ပြန်ရှာ ဖြစ်သည်။ ထိုထက် ပိုသည်က ဆရာ သွန်သင် ခဲ့သည် များကို ပြန် ဆင်ခြင်နေမိခြင်း ဖြစ်ပါသည်။ ဆရာမှတစ်ဆင့် သိခဲ့ရသည့် ပြည်ပ ဆရာများထဲတွင် တဂိုး၊ ရာဟုလာ သံကိစ္စည်း၊ ခရစ်သျှနား၊ ဟာမန်ဟက်စ် နှင့် ပေါလ်ကေရပ် တို့ ဖြစ်၏။ ကျနော် နောက်ပိုင်း အဖတ်အများဆုံး ရှိလာခဲ့သည်က ပေါ်လ်ကေရပ် ( Paul Carus ) ၏ စာများ ဖြစ်သည်။

ပထမဆုံး ပေါလ်ကေရပ် ၏ အရေးအသားကို စွဲလမ်းစေခဲ့သူမှာ ဆရာပါရဂူ ဖြစ်သည်။ သူ၏ ( ပေါလ်ကေရပ်၏ ) နိဗ္ဗာန် ( ၀တ္ထုတို နှစ်ပုဒ် ) တွင် ဆရာပါရဂူက ၎င်းကိုယ်တိုင် ရေးသားထားသည့် နိဗ္ဗာန် ဟူသော အမည်ပါ စာတမ်း နှင့် ကံ ဟူသော အမည်ပါ စာတမ်း တို့ကို ပူးတွဲထည့်သွင်း၍ ဘာသာ ပြန်ဆိုထားသည်။ ထိုအချိန်ကတည်းက ဆရာပါရဂူ ကိုရော၊ ဆရာ ပေါလ်ကေရပ် ကိုပါ လေးစားခဲ့သည်။ ၎င်းတို့၏ စာများကို တခုတ်တရ ရှာဖွေကြည့်လာခဲ့ရာ အပြည့်အစုံ မဟုတ်သော်ငြားလည်း အချို့ကိုမူ စုဆောင်းမိသည်။

သို့သော် အကြောင်းကြောင်းနှင့် မဖတ်ဖြစ်။ ထို မဖတ်ဖြစ် ခဲ့သော စာများကို ယခုအခါ ( ကျနော့အတွက် တာဝန်တစ်ရပ် အနေဖြင့် မလိုအပ်သော အလုပ်အချို့ကို လျော့၍ ) အချိန်ပေး ဖတ်ဖြစ်လာသည်။ ယင်းတို့ အနက်မှ ဖတ်မိသလောက် အချို့ကို ပြန်ဆိုရေးသားလိုသော ဆန္ဒလည်း ရှိခဲ့သည်။

လူတို့တွင် အိပ်မက် အမျိုးမျိုး ၊ ရည်မှန်းချက် အမျိုးမျိုး ရှိကြသည့် အလျောက် ကျနော့တွင်လည်း ဆရာများ၏ စာများ ဖတ်ရှုလိုခြင်း အာသီသ အိပ်မက် ရှိခဲ့ဖူးပါသည်။ ကျနော်နှင့် ထပ်တူ အာသီသ ရှိကြသူများ ကိုလည်း ရည်ရွယ်ပြီး ကောင်းနိုးရာရာ ဖတ်မိသမျှကို တတ်စွမ်းသရွေ့ ကြိုးစား ရေးကြည့်ဖို့လည်း စိတ်ကူးခဲ့ဖူးပါသည်။

ယခု ဆရာ ပေါလ်ကေရပ်၏ အမှန်တရားနှင့် အခြားကဗျာများ ( Truth and other poems ) စာအုပ်တွင် ပါဝင်သော အမှန်တရား ( Truth ) ကဗျာ ကို ကျနော် ဖတ်မိသည့်အတိုင်း မြန်မာပြန်ဆို၍ ပြန်လည် ဝေငှခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြန်ဆိုရာတွင် အချို့ကို အကျဉ်း၊ အချို့ကို အကျယ် ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါကြောင်း ။

သစ္စာ

စင်စစ် အရာဝတ္ထုတိုင်း၏ အတိုင်းအတာကား လူသားပင် ဖြစ်သည်။
လူသားကိုလည်း
အလားတူ
အရာအားလုံး ( သို့မဟုတ် ) ဧက ၊ တစ်ပါးတည်းသော ဓမ္မတရားက အုပ်ချုပ်သည်။

လူသည် လောကဓာတ် အသေးစား ဖြစ်၏။
ဧကောဓမ္မော၊ တစ်ကြောင်းတည်းသောလမ်းနှင့် လျောက်လှမ်းမိသော အချိန်တိုင်း၌
ပြည့်ဝသော လူ့သဘာဝသို့ ရင့်သန် ကြီးထွားလာရ၏။

Read more of this post