~ ဘယ ကင်းမှ ဘဝ သည် သက်ဝင် ၏ ~


ဘဝ ကို ပြည့်ဝစွာ ရှင်သန်နေထိုင်လိုသူ တို့တွင် – စွန့်လွှတ် စွန့်စားခြင်းသည် မရှိမဖြစ် ပါဝင်သော အရည်အသွေး တစ်ခု ဖြစ် သည်။ ဘဝကို ပြည့်ဝစွာ ရှင်သန်ခြင်း ဟူသည် အဘယ်နည်း ဟု မေးရပါလိမ့်မည် ။ စင်စစ် ၎င်း ပြည့်ဝ ရှင်သန်နေခြင်း ဟူ သည် – ဘာသာ တရား နှင့် ထုံမွှမ်းနေခြင်း သာ ဖြစ်၍ သစ္စာ လည်း မည်သည်။ မြင့်မြတ်မှု လည်း မည်သည်။

လက်ရှိ ဘဝကို စေ့စပ် သုံးသပ်ကြည့်လျှင် ဤဘဝ ခဏ သည်ပင် ကြီးမားသော စွန့်လွှတ် စွန့်စားမှု ဖြစ် ၏။ ဤသည် ကို နားလည် ရန် လိုပါသည်။

လူအများ သည် မိမိတို့ မှီတွယ်ရာ ကျဘမ်းအာရုံတို့ ၏ အဖြစ် ကို စွဲလမ်းသည်။ တွယ်ငြိသည်။ သို့ဖြစ် ၍ ကြောက်ရွံ့မှု ရှိ သည်။ ယုတ္တိ ဆင်ခြေ အများ ရှိသည်။ ပြုပြင် ဖာထေးမှု ဖြင့် မျက်ကွယ်ပြု နေသည်များ ရှိသည်။ ယင်းတို့၏ အလွန် – ဟိုမှာ ဘက်ခြမ်း ကို အနည်းငယ် မျှ ကျော်ကြည့် ရန်၊ မျှော်ကြည့်ရန် မဝံ့ရဲ။ စိတ်ကူး အတွေး တို့၏ အလွန် ကို၊ ယုတ္တိ ဆင်ခြေ ဆင်လက် တို့၏ အလွန်ကို အနည်းငယ်မျှ ကန့်လန့်ကာ လှပ် မကြည့်ရဲ။ မိမိ စိတ်အတွင်းမှာ တင် နေ၍၊ မိမိ စိတ်အတွင်းမှာ တင် ပျော်မွေ့ တတ်၏။ မိမိ စိတ်၏ အချယ်လှယ် ကို ခံ၍၊ မိမိ စိတ်သန္တာန် သည် သာ မိမိကိုယ်တိုင်၏ သင်္ချိုင်းဂူ ဖြစ်ရ သည်။ ကြောက်ရွံ့မှု သည်သာ မိမိ ၏ နေရာဌာန အိမ် ဖြစ်ရ သည်။

ယင်း သင်္ချိုင်းဂူ ၊ ဌာနအိမ် မှ ထွင်းဖောက် ထွက်လာ ခဲ့ရန် လိုပါသည်။ မိမိ စိတ်သန္တာန် ၏ အနက်ရှိုင်း ဆုံး ဆီသို့ တိုးဝင်ခြင်းဖြင့် – ယင်း ဌာနေ အိမ်ကို ဖြိုဖျက် ပစ်နိုင် သည်။ ထိုအခါ မိမိ အလို ကို လည်းကောင်း၊ ရမ္မက် အာသာ တို့ကို လည်းကောင်း ထွင်းဖောက် လာ သည့်နောက် တွင် – မိမိ ကြောက်ရွံ့မှု၊ အကြောက် တရား နေအိမ် သည် တစ်စစီ ပြိုကွဲ ထွက်လာရတော့သည်။ စင်စစ် ကြောက်ရွံ့မှု နှင့် အလို ရမ္မက် တို့သည် စက္ကူတစ်ရွက်၏ ကျောချင်းကပ် မျက်နှာစာ များသာ ဖြစ် ၍ တစ်ခု ပြိုပျက် လျှင် တစ်ခုလည်း ပျက်သုဉ်း ပြီး ဖြစ်၏။

ကြောက်ရွံ့မှု ပြေပျောက် သည့် အခါ – ဘဝ၏ လှပသော ရှင်သန်မှု သရုပ်သည် စတင် အသက်ဝင်ပါ၏။ ဤသည်ကို ဆရာ တို့က – “Life begins where fear ends” – “ကြောက်ရွံ့မှု ကင်းသည့် အခါမှ – ရှင်သန်မှု စင်စစ် စတင်၏” ဟု မိန့်ဆိုကြ ၏။ Read more of this post

ဆာတိုရီ ( Satori )

ဇင် နဲ့ ပတ်သက်လို့ အမေး အများဆုံးက ဆာတိုရီ ( Satori ) ပဲ ဖြစ်ပါတယ်။ ဆာတိုရီ ကို – “အသိဥာဏ် အမြင် နိုးထမှု ခဏ” လို့ အဓိပ္ပာယ် ဖွင့်ဆိုလေ့ ရှိတယ်။ ဇင်နဲ့ ဆက်နွယ်တဲ့ ဒဏ္ဍာရီ၊ ပုံပြင် သမိုင်းတွေမှာ ဆာတိုရီ ဆိုတဲ့ ဝေါဟာရ မကြာခဏ ပါလေ့ ရှိတယ်။ ဆာတိုရီ ဘယ်လို ရရှိသလဲ။ ဆာတိုရီ ကို အချိန်ကြာမြင့် အောင် ကြိုးပမ်း ပြီးမှ ရနိုင်တာလား။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အားထုတ်မှ ရတာမျိုးလား။ သေချာတာက- လိုချင် စိတ်ဇောတွေနဲ့ လုပ်နေတဲ့ အချိန်တွေ ထိ မရသေးဘူး။ ဘယ် အားထုတ်မှု ကိုမှ မလုပ်ပြုတော့တဲ့ ခဏ- အားလုံးဖြေလျော့ချ လိုက်တဲ့ ခဏလေး မှာ ဆာတိုရီ ရရှိပါတယ်။

ဆိုပါစို့။ လူတစ်ယောက် အိပ်ငိုက်နေတယ်။ သူ့ကိုယ်သူ ဘာမှန်းတောင် မသိလောက် အောင် အိပ်ချင်မူးတူး ဖြစ်နေတယ်။ အိပ်ပျော် သွားတယ်။ သိမှတ်မှု မရှိဘဲ၊ ဘာမှ မသိတော့ဘဲ အိပ်ပျော် သွားတယ်။ အိပ်မက်တွေ အရှည်ကြီး မက်နေတယ် ဆိုပါစို့။ အဲ့အချိန်မှာ လူတစ်ယောက် ရောက်လာတယ်။“ဟေ့ကောင်၊ ဒီမှာဘာလာလုပ်နေတာလဲ၊ ထ” ဆိုပြီး အော်တယ်။ ဖြတ်ခနဲ သူလန့်နိုး သွားတယ်။ မျက်လုံးပွင့်လာတယ်။ သူ အိပ်ပျော် သွားမိပါလား ဆိုတာ အဲ့ခဏမှာ သိလိုက်တယ်။ အဲ့ဒီ ခဏ ကလေးပဲ။

ဒီလို မနိုးလာခင်က သူ အိပ်မက်တွေ တစ်ထောင့် တစ်ည တမေ့တမော၊ ရှည်ရှည်လျားလျား မက်နေမယ်။ အိပ်မက် ရှည်ကြီးတွေ ထဲမှာ အိပ်မက်ဆိုးတွေ မက်နေဦးမယ်။ ဘာပဲ ပြောပြော – အိပ်မက်ထဲ စီးမျော နေမယ်။ ဦးတည်ချက် အမျိုးမျိုး သွားလာ လှုပ်ရှား နေမယ်။ အိပ်မက် ထဲမှာ မဖြစ်နိုင်တဲ့ အရာတွေပါ ဖြစ်နေနိုင် ပါသေးတယ်။ – ဒါပေမယ့် ရုတ်တရက် ခေါ်သံ “ထတော့” ဆိုတဲ့ ခဏမှာ သူ ဖြတ်ခနဲ နိုးသွား တယ်။ သူ အိပ်မက်တွေ မက်နေ မိတာ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရတယ်။ ဒီဥပမာဟာ ဆာတိုရီ ( Satori ) နဲ့ အတိအကျ တူညီ ပါတယ်။

Read more of this post

ကျနော်တို့ ဘာအတွက် ပညာသင်

ပညာရေး ရဲ့ အဓိပ္ပာယ်က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်းကို ဘာကြောင့်သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုးကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြသလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ်သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။ ပညာသင်ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရသလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ်ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာရေးဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြတာလား။

စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ နက်နဲတယ်။ လူသား တစ်မျိုးတည်း အတွက်မှာတင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့်တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက်ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။

ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေးကို ဘာကြောင့် ပြုကြရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့်ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။ ငှက်ကျေးသာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝမှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေလည်း ပါမယ်။ ဘာဝနာလည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝမှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲမယ့် စရိုက်တွေလည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက်လည်း ပိုမယ်။

ဒါကို ကျနော်တို့ အများစုက အသက်မွေး ဝမ်းကျောင်း – ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေးဘဝကို – ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံခဲ့ပြီး ပြင်ဆင်သွားခဲ့ကြတယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ်အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ Read more of this post

အို – မရဏ

တစ်နေရာတွင် Paul Carus ၏ The Truth ကဗျာကို “သစ္စာဟူသည်” ဆိုသော အမည်ဖြင့် ကျနော် ဘာသာပြန်ဆိုပြီးပါပြီ။ ဆရာ ပါရဂူ နှင့် ဆက်နွယ်၍ ဖြစ်သည်။ ယခု Paul Carus ၏ ကဗျာ တစ်ပုဒ် ပင် ဖြစ်သော Death ( မရဏဟူသည် ) ကို ( အစအဆုံး မဟုတ်၊ ရှေ့ဦးပိုင်း ကွက်၍ ) ဘာသာပြန်ဆို ကြည့်ပါသည်။ ဆီလျော် နားလည်သလို ပြန်ဆိုမှု ဖြစ်သောကြောင့် အမှားအယွင်း ရှိက ထောက်ပြနိုင်ပါရန် မူရင်း ကိုပါ ပူးတွဲ ထည့်သွင်း ပေးလိုက်သည်။

လေးစားစွာဖြင့်
ဇေယျ
……………………….

အို – မရဏ ( သင်သည် ကျွန်ုပ်၏ အဆွေ )

အို မရဏ၊
သေခြင်းတရား ဖြစ်သော သင်သည်
ကျွန်ုပ်တို့ ဘဝ၊ ကျွန်ုပ်တို့၏ ရှင်သန်မှုကို ပြီးပြည့်စုံသွား စေ၏။
သင့်အတွင်း၌ ငြိမ်းချမ်းမှုကို ရှာဖွေရရှိမည် ဖြစ်သည်။
အလားတူ သင့်အတွင်း၌ ကြေကွဲဝမ်းနည်းရမှု ဒုက္ခကို ရှာတွေ့ရ လိမ့်မည်ဖြစ်သည်။
ဇောစိတ်ထကြွသမျှ၊ ကြိုးစားအားထုတ်ခဲ့သမျှတို့သည် အတိတ်တို့ ဖြစ်ကုန်ကြမည်။

Read more of this post

Enemy ( written by Christopher Hitchens )

Essay's Title

I want to translate this into our language. However, just now, since this should be read, posted it in original.

zayya.

…………………………….

Recalling a forbidding figure of early authority in his Invisible Man, Ralph Ellison wrote that “whether we liked him or not, he was never out of our minds. That was a secret of leadership.” In reaction to a certain mode of flag-displaying faux national unity after the cataclysmic events of 11 September 2001, I wrote an article that proposed instead a sort of activist reticence that might be better designed for a long and arduous confrontation. In this attempt, I annexed a slogan that was adopted by some French citizens after the agonizing loss to Germany of the provinces of Alsace and Lorraine. “Always think of it: never speak of it.” Instead of grand proclamations about a “Global War on Terrorism,” or consoling but misleading injunctions from President Bush to consider “America” on the one hand and “the terrorists” on the other, it would be better to cultivate a low but intense flame, designed to burn indefinitely rather than to flare up, and directed not merely at the remorseless grinding-down of al-Qaeda as an organization but at its discredit; at the steady, detailed refutation of Osama bin Laden’s false claim to ventriloquize the wretched of the earth. As a matter of work and habit I am a vocal person, so I cannot seriously claim to have kept literally to the second part of the injunction. But it did have the effect of ensuring that I thought about the founder and leader of al-Qaeda almost every day, and either read something about him or wrote something about him almost every month, very persistently over the next decade. And, now that he is dead, the requirement to reflect upon him has by no means been cancelled.

Read more of this post

ဖေနဲ့ သားနဲ့-

ပြာရီမှောင် ညို့စဉ်က

ခလောက်သံ ညံစီပေး
ခြေအေး ဝမ်းရောင်
နောက်မိုးခေါင် ပြာညိုထက်ဆီက
သိုင်းဖွဲ့လို့ မှောင်။

ရုန်းလိုက်ဟဲ့ ငါ့အကောင်။
တမိုး တရွှေ – အောင် တဲ့ မှ
တောင်တစ်ရိုးခင် ရွာစဉ်ရွှေ့မယ်
ဖေ့ချစ်တဲ့ မောင်။

Read more of this post