Milky Way အပြင်ဘက်မှ

ကျနော်တို့ နေအဖွဲ့အစည်း တည်ရှိရာ ဂလက်ဇီ ( နို့ရည်ဆမ်းလမ်း ၊ Milky Way လို့ ဆိုတဲ့ ဒီဂလက်ဇီ ) အကြောင်းနဲ့ ပတ်သက်လို့ တွေ့ရှိချက် အသစ်တွေ ရှိပါတယ်။အခု ဖော်ပြထားတဲ့ ပုံမှာ ဘယ်၊ ညာ အစွန်းနှစ်ဘက်က မက္ကဇီကို၊ကောင်းဘွိုင်များရဲ့ ကောက်ရိုးဦးထုပ်ပုံစံ လုံးထားပေမယ့် တကယ်တမ်းက တစ်ဆက်တစ်စပ်တည်း ပါ။ ညအခါ  ကောင်းကင်ပြင် တစ်ခွင် ကို ( ကြည်လင်နေမယ်ဆိုရင် ) ၃၆၀ ဒီဂရီ ၊ တစ်ပါတ် အပြည့် လှည့်ပတ်ကြည့်ရင် တစ်ဆက် တစ်စပ်တည်း တွေ့နေရမယ့် ကောင်းကင်ပြင် ဖြစ်ပါတယ်။

Milky Way ဟာ ကျနော်တို့ မုန်တိုင်းတစ်ခုမှာ လို လက်တံတွေနဲ့ လည်ပတ်နေတဲ့ ချပ်ပြားဝိုင်းပါ။ ခုချိန်ထိ မသိကြသေးတာ ကတော့ အဲ့လက်တံ ဘယ်နှစ်ခု ရှိသလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ ဖြစ်ပါတယ်။ တော်တော်များများ ငြင်းခုံနေရဆဲပဲလို့ ဆိုတယ်။ မကြာသေးမီက သိပ္ပံပညာရှင်များရဲ့ အကြံပြုချက် တစ်ခု ထွက်လာပါတယ်။ ကျနော်တို့ ဂလက်ဇီမှာ ပင်မ လက်တံကြီး နှစ်ခုပဲ ရှိပါတယ်တဲ့။ ပါစီးယပ် လက်တံ ( Perseus arm ) နဲ့ စကူတမ် ဆန်တော်ရပ် လက်တံ ( Scutum-Centaurus Arm ) လို့ နာမည်ပေးထားတယ်။ ဒီလက်တံကြီး နှစ်ခုဟာ ဗဟိုကနေ အပြင်ဘက်ကို ဆန့်ကား ထွက်နေပါတယ်တဲ့။ ကျနော်တို့ အခုမြင်နေရတဲ့ နေဟာ ပါစီးယပ်လက်တံ အနီးမှာ ရှိပါတယ်။

Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post