မရှိခြင်းနှင့် ပတ်သက်၍ –

တကယ်တမ်းတွင် ကျနော် ဘယ်နေရာက စခဲ့ပါသနည်း။ ကျနော်၏ ငယ်စဉ်တောင်ကျေး ကလေးဘ၀သည် ယခုအခါ မရှိတော့ပြီ။ ငယ်ငယ်က ဓါတ်ပုံများ ကို ပြန်ကြည့်သော အခါ ကျနော် မဟုတ်သော ကျနော့ကို တွေ့ရသည်။ ထိုဓါတ်ပုံများထဲတွင် ဇေယျဆိုသော ကျနော် မဟုတ်ခဲ့ပါ။ အလားတူ ဇေယျ မှ လွဲ၍ အခြားသူလည်း မဟုတ်ပါ။ အတန်ငယ် အူကြောင်ကြောင် နိုင်သော ဖြစ်ရပ် ဟု ယူဆနိုင်ပါသည်။

သို့သော် တကယ် ပင် ဖြစ်နေသည်။ ဘ၀ဇတ်ကြောင်းကို တောက်လျောက်အစဉ် ရိုက်ကူး လာခဲ့သည့် ခွေတစ်ခွေ ရှိသည် ဆိုပါစို့။ နောက်ကြောင်းပြန်၍ အမြန်ရစ် ကြည့်လျှင် – ကျနော့အသားစိုင်များ ရိရွဲ ပုတ်ပြတ်ပြီး အသားသစ်များ တဖွားဖွား တလောင်းလောင်း ထိုးထွက်လာနေခဲ့သည်ကို တွေ့ရမည် ထင်သည်။ ယင်း အသားစိုင် များနှင့် ယင်းအသားစိုင်များအပေါ် လှုပ်ခတ် တွယ်ညိနေသော အတွေးများ ပေါင်းစပ်ပြီး ဇေယျဆိုသော ကျနော်၏ ရုပ်ခန္ဓာက လှုပ်ရှားနေမည်။ ခံစားသည် ဆိုသော စိတ်အစဉ်များက တဖြတ်ဖြတ် ပြေးလွှားနေမည်။ Read more of this post

ဆရာပါ- သို့

ကျနော့ဆရာ တကယ် ထွက်သွားရပြီ။

အဲ့ အသိက ကျန်တဲ့အရာတွေ နည်းတူ ကျနော့ကို အချိန်တော်တော်ကြာအောင် ရိုက်ခတ် နေဦးမည် ထင်သည်။ ဆရာ မနက်က ဆုံးသည်ကို ကျနော် ည မိုးချုပ်မှ သိရသည်။

ဆရာပါရဂူ

သတင်း ကြားလိုက်ရချိန်က ဖုန်းကိုင်ပြီး မတ်မတ်ရပ် ထားသည့် ဒူး – ခပ်ဆတ်ဆတ် တုန်သွားသည်။ မည်မျှ အရေးကြီးသော အလုပ်ရှိနေသည် ဖြစ်ပစေ ၊ ကျနော် ခဏတော့ ရပ်ရပေပြီ။ ကျနော့ဘ၀ လမ်းကို အလင်းရောင် ထွန်းပေးထားခဲ့သော ဆရာပါရဂူဟူသည့် မီးပြတိုက်ကြီး ပြိုလဲသွားပြီကော – ။

ကျနော် ဆရာ့ဆီက သိချင်တာတွေ အများကြီး ကျန်နေသေးတယ် ဆရာ။

တီးတိုး ရေရွတ်မိပါသည်။ ၀မ်းနည်းမိသည့် စိတ်များ ကူးလူး ယှက်သန်းသွား သည့် ကြားမှ အတ္တစိတ်နှင့် အတွေးက ၀င်လာ ခြင်း ဖြစ်မည်။

ဆရာ ငြိမ်းငြိမ်း ချမ်းချမ်း သွားပါစေလား ။ သူ ဆောင်ခဲ့တဲ့ ထမ်းခဲ့တဲ့ ဒီဝန်တွေကို လွတ်လွတ်လပ်လပ် ထားရစ် ခဲ့ပါစေလား။ “မှန်တာကို မှန်တယ်ဆိုတဲ့နေရာမှာ ထားခဲ့၊ မှားတယ်ဆိုတာကိုလည်း မှားတယ်ပြောတဲ့နေရာမှာထားခဲ့။ အမှန်အမှား တွေရဲ့ အပြင်ဘက်မှာ” ဆိုတဲ့ စကားမျိုးတွေကို ဆရာ့ဆီက အပြည့်အ၀ နာကြားခဲ့ရပြီးပြီဘဲ။ သွားပါစေတော့လား။

အတွေးစတွေကို ငြိမ်သက်အောင် ကြိုးစားမွေးမြူရင်း ခန္ဓာကိုယ်ကိုပါ ငြိမ်သက်အောင် ကြိုးစားလိုက်မိသော်လည်း မျက်ရည်စ တွေက အလုံးအရင်း လိမ့်ကျလာသည်။ ကြည့်နေရာ ဤကွန်ပျူတာ မျက်နှာပြင်ကေ၀၀ါးသွားသည်။ “ငိုကြွေး မြည်တမ်း ခြင်းသည် ခရီးသွားလာရမည့်သူကို ချည်နှောင်ခြင်းလည်း ဖြစ်သည်။” တဲ့ ။ ဆရာဆီက သင်ယူ ရခဲ့မိတာ တွေက တစ်ခု။ ဤတစ်ခုကြောင့် ရှိုက်ကြီးတငင် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်မိသည်။

ဤဖြစ်ရပ် နှင့် အလား သဏ္ဍာန်တူ ကြုံခဲ့ဖူးပါသည်။ အခုလို ဆရာ ထွက်သွားတာ မျိုး မဟုတ်။ မိဘ၊မောင်နှမများထံမှ ကျနော် ထွက်လာတုန်းက ။ ဆရာပါ၏ “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရသျှတ္တရ” စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျနော့်ခြေလှမ်းတွေ ခိုင်မာခဲ့ဖူးသည်။ အားအင် အပြည့် ရခဲ့ဖူးသည်။ မိုက်ရူးရဲ ဆန်နေသည်လားဟုပင် ဇဝေဇ၀ါ ဖြစ်မိသည်အထိ တင်းမာခဲ့ဖူးသည့် ခြေလှမ်းများ ဖြင့် လျောက်ခဲ့ ဖူးပါသည်။ အဲ့အချိန်က မိသားစု ဆီ စာရေးတော့ အခုလိုပင် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ဖူး သေးသည်။ ယခုကဲ့သို့ပင် ကျနော် ရေးနေသည့် စကားလုံးများ ကို ကျနော် ကိုယ်တိုင်မမြင်ရတော့သည် အထိေ၀၀ါးသွား ခဲ့ဖူးသည်။

Read more of this post

နူးညံ့ပျော့ပျောင်းခြင်းသည်သာလျင်

လူသည်
မွေးဖွားလာစဉ်က ပျော့ပျောင်းနူးညံ့၏။
သေဆုံးသောအခါ မာကျောတောင့်တင်း၏။
အရာရာသည်လည်း ဤအတိုင်းပင် ဖြစ်သည်။
သစ်ပင် ပန်းမန်တို့သည်
ရှင်နေစဉ်က ပျော့ပျောင်း၏။
သေသောအခါ ခြောက်သွေ့တောင့်တင်းကြကုန်၏။

ဤသည်တို့ကို ကြည့်လျင်
မာကျောသန်မာခြင်းသည်
သေခြင်းနှင့် ယှဉ်တွဲနေသော လက္ခဏာများ ဖြစ်ပြီး
နူးညံ့ပျော့ပျောင်းခြင်းသည်
ရှင်သန်ခြင်းနှင့် ယှဉ်သော လက္ခဏာများသာ ဖြစ်ကြသည်။

အင်အား၏ ခိုင်မာသန်စွမ်းမှုကို အားကိုးနေသူသည်
သေခြင်းတရားနှင့် စပ်၏။ ကျရှုံးခြင်းတရားနှင့်သာ စပ်ဆိုင်၏။
ပုံပမာအားဖြင့် –
သန်စွမ်း တောင့်တင်း ခိုင်မာ၍
အခက်အလက်များ ဝေဆာနေသော သစ်ပင်သည်
သစ်ခုတ်သမားအား ဖိတ်ခေါ်နေသကဲ့သို့ ပင်တည်း ။

ထို့ကြောင့်
မာကျောခက်ထန်ခြင်းသည် အနိမ့်ဘုံတွင်ရှိ၍
နူးညံ့ပျော့ပျောင်းခြင်းသည်သာ အထက်ဘုံ၌ တည်ရှိကြောင်း
သိအပ်တော့သည်။

( တောက်တယ်ကျင်း အပိုဒ်ရေ ၇၆ ) Read more of this post

ကျောင်းတော်ရာသို့ ခြေလှမ်းကိုးဆယ်

ကျောင်းတော်ရာသို့ ခြေလှမ်းကိုးဆယ်

မြေနီလမ်းကလေး။
ရှေ့ကို မျှော်မဆုံး ကွေ့ကောက် နေတာကိုတွေ့တော့
လမ်းအစမှာ ကျန်နေရစ်ခဲ့တဲ့ ခြေရာကို ပြန်ကြည့်မိတယ်။

ခပ်ဝါးဝါးပေမယ့်
ပြတ်ပြတ်ထင်ထင် – ကျန်နေရစ်။

ငြိမ်းချမ်းတဲ့ လေတိုးသံတစ်ဝက်မှာ
သံယောဇဉ် တစ်ပဲသား ရောထားတာတွေ့တယ်။
အတိတ်ပုံရိပ် နီဆွေးဆွေးမှာ
သံသယ၊ အထင်မှား အမြင်မှား၊ မာန်တွေက ဖုန်အဆိပ်တွေနဲ့ ရောနှော ညိုညစ်နေတယ်။
ဒီအပင်အိုတွေက နဂိုထဲက မပျိုမျစ်ခဲ့ဘူးလေ။

ဟုတ်မယ် ထင်ပါရဲ့ကွယ်။
ရှင်းလင်းထားတဲ့ ဒီမြေနီလမ်းလေးမှာကိုက
စိတ်ဒဏ်ရာ အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေရဦးမယ့်ဟာ ။ Read more of this post

တိမ်မရှိတဲ့ညနေဆိုတာ ဘာမှကို မရှိတာ။

ဘာမှမပြောဘဲ သိတဲ့သူ

စကားလုံးမရှိဘဲ ရေးတဲ့ကဗျာ

အတွက်အချက်မပါတဲ့ သင်္ချာ
အသံမပါတဲ့ ဂီတ
အတွေးမပါတဲ့ ဘဝအသိ
နွေးထွေးမှု မပါတဲ့ အိမ်  နဲ့
တိမ်မရှိတဲ့ ညနေ


အားလုံးကို တလင်းပေါ်မှာ ချပြီး
ဖွဖွလေး ပွတ်ချေကြည့်လိုက်တော့

ဗလာနဲ့ နတ္ထိ၊ ဟပ်မိတဲ့ အဖြစ်ကြောင့်
ကိုယ့်သတ္တိနဲ့ ကိုယ်

ဒီတစ်ညတော့
နှစ်နှစ်ခြိုက်ခြိုက် Read more of this post

My Favorite Prose:Tao Teh Ching verse no-81

Sincere words are not fine;
Fine words are not sincere.
Those who are skilled in the Way
do not dispute about it;
the disputatious are not skilled in it.
Those who know the Way
are not extensively learned;
the extensively learned do not know it.
The Sage does not accumulate for himself.
The more he expends for others,
the more does he posses of his own;
the more he gives to others
the more does he have himself.
With all the sharpness of the Way of Heaven,
it does no injury;
with all the doing in the way of the Sage,
he does not strive.

The Parallels between Modern Physics and Eastern Mysticism

I am so interested in not only Physics ,but also Eastern Philosophy,especially so-called Mysticism. The following paragraphs are copied from The Tao of Physics;it explained the current Modern Physics in the view of Eastern Religions;Taoism,Zen Buddhism and India Mysticism. I wanna translate it to Burma Language, but don’t have enough time to do .Hence,Sorry for now on, merely describing one of its chapters for my friends with so keen mindedness in these subjects just like me.

Thank you,
Zayya

Knowing and Seeing;The Parallels between Modern Physics and Eastern Mysticism

From the unreal lead me to the real!
From darkness lead me to light!
From death lead me to immortality!
Brihad-aranyaka Upanishad

Before studying the parallels between modern physics and Eastern mysticism, we have to deal with the question of how we can make any comparison at all between an exact science, expressed in the highly sophisticated language of modern mathematics, and spiritual disciplines which are mainly based on meditation and insist on the fact that their insights cannot be communicated verbally. What we want to compare are the statements made by scientists and Eastern mystics about their knowledge of the world.

To establish the proper framework for this comparison, we must firstly ask ourselves what kind of ‘knowledge’ we are talking about; does the Buddhist monk from Angkor Wat or Kyoto mean the same thing by ‘knowledge’ as the physicist from Oxford or Berkeley? Secondly, what kind of statements are we going to compare? What are we going to select from the experimental data, equations and theories on the one side, and from the religious scriptures, ancient myths, or philosophical treatises on the other?

This chapter is intended to clarify these two points: the nature of the knowledge involved and the language in which this knowledge is expressed. Throughout history, it has been recognized that the human mind is capable of two kinds of knowledge, or two modes of consciousness, which have often been termed the rational and the intuitive, and have traditionally been associated with science and religion, respectively. In the West, the intuitive, religious type of knowledge is often devalued in favour of rational, scientific knowledge, whereas the traditional Eastern attitude is in general just the opposite. The following statements about knowledge by two great minds of the West and the East typify the two positions. Socrates in Greece made the famous statement ‘I know that I know nothing’, and Lao Tzu in China said, ‘Not knowing that one knows is best.’ In the East, the values attributed to the two kinds of knowledge are often already apparent from the names given to them. The Upanishads, for example, speak about a higher and a lower knowledge and associate the lower knowledge with various sciences, the higher with religious awareness. Buddhists talk about ‘relative’ and ‘absolute’ knowledge, or about conditional truth’ and ‘transcendental truth’. Chinese philosophy, on the other hand, has always emphasized the complementary nature of the intuitive and the rational and has represented them by the archetypal pair yin and yang which form the basis of Chinese thought. Read more of this post