Letter from Osho (4)
January 23, 2018 Leave a comment
ညဟာ ကျော်လွန်ခဲ့ပြီ။ မနက်ခင်းရဲ့ နေရောင်ခြည်ဟာ လယ်ကွင်းပြင်ကျယ်ပေါ် အုပ်မိုး ဖြန့်ကျက်နေကြပြီ။ အခုလေးတင် ချောင်းငယ်လေး တစ်ခုကို ဖြတ်ကျော်လာပြီးနောက် ကျုပ်တို့ ရထားသံကြောင့် ငါးစောင့်နေတဲ့ ဗျိုင်း တစ်အုပ် ရေကညွှတ်ပင်တွေဆီ သုတ်ခနဲ ထပျံသွားကြတယ်။
အဲ့နောက်တော့ အကြောင်း တစ်ခုကြောင့် ရထား ရပ်သွားတော့တာပဲ။ ဒီလယ်ကွင်းပြင်ကြားမှာ အထီးတည်း ရပ်နေရတာဟာ တစ်နည်းတော့ စိတ်ချမ်းမြေ့စရာ ကောင်းတယ်။ ကျုပ်နဲ့ အတူ၊ ခရီးသည် အချို့လည်း နိုးလာကြတယ်။ တစ်ချို့က စားသောက်ဖွယ်ရာတွေ စားလို့၊ တစ်ချို့က ကျုပ်လိုပဲ လယ်ကွင်းပြင်ပေါ် ငေးမောလို့။
တစ်ယောက်က ရုတ်တရက် မေးတယ်။ “ဒီလို အချိန်မှာ အနှောက်အယှက် ပြုမိသလိုများ ဖြစ်နေမလား မိတ်ဆွေ။ ဒါပေမယ့် အခွင့်ရခဲ့ရင် ကျုပ် လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အကြောင်း တစ်ခုတော့ မေးချင်တယ်။”
ကျုပ်ဘာမှ ပြန်မပြောနိုင်ခင် သူက အလောတကြီး ဆက်မေးတယ်။ “ကျုပ်ဟာ ကျုပ်ဘဝ တစ်လျောက်လုံးမှာ ဘုရားသခင် အကြောင်း စိတ်ဝင်စားခဲ့တယ်။ ဘုရားသခင်ဆီ အရောက်သွားနိုင်မယ် ဆိုတဲ့ နည်းပေါင်း များစွာလည်း ကြိုးစား အားထုတ်ခဲ့တယ်။ ဒါပေမယ့် အားလုံး အချည်းနှီး ဖြစ်ခဲ့ရတာချည်းပဲ မိတ်ဆွေ။ ကျုပ် သိချင်တာက ဘုရားသခင်ဟာ ကျုပ် အပေါ် အကြင်နာမဲ့လေရော့သလား။”
သူ့မေးခွန်းကြောင့် ကျုပ် အာရုံဟာ မနေ့က ဖြစ်ရပ်တစ်ခုဆီ ရောက်သွားခဲ့တယ်။ “မနေ့က ကျုပ်ရယ်၊ ကျုပ်မိတ်ဆွေတွေရယ် ဥယျာဉ် တစ်ခုဆီ သွားကြတယ်ဗျ။ ဟိုရောက်တော့ တစ်ယောက်က ရေဆာသတဲ့။ Read more of this post