စာဖတ်သူများ

စာကို ဘယ်လိုဖတ်သလဲ။
ဘယ်စာကို ဖတ်သင့်သလဲ။
စာဖတ်တာက ဘာအကျိုးရှိလို့လဲ။
စာဖတ်သူက ဘယ်လို ဖတ်ရသလဲ။
စာဖတ်ပြီး အသိဥာဏ်ပညာ ဘယ်လို ယူကြသလဲ။
တကယ်ကော ရသလား …….

စသဖြင့် စာဖတ်ခြင်း အကြောင်း သက်သက်မှာတွင်ပင် လုံးလည် လိုက်စရာများ ရှိနေကြသည်ကို တွေ့ရပါသည်။

ငယ်စဉ်ကဆိုလျင် လူကြီးသူမများက ကလေး သူငယ်များကို ညွှန်ကြား ပြောဆို တတ်ကြသည်။ “စာဖတ်ကြ။ စာထဲမှာ ပညာရှာကြ” ဟု ဆိုကြသည်။ သို့သော် မည်သို့ ဖတ်ရ ရှုရမည် ကို တိတိပပ မညွှန်ကြားနိုင်ခဲ့။ သူတို့ ကိုယ်တိုင်ကလည်း ကလေးများကို လမ်းညွှန်ရာတွင် “ဘယ်စာက ကောင်းတယ်” “ဘယ်စာက မကောင်းဘူး” “ဘယ်ဟာကို ဖတ်” “ဘယ်ဟာကို မဖတ်နဲ့” “ဘယ်ဟာက အဆိပ်အတောက်” “ဘယ်ဟာက ဗဟုသုတ” စသဖြင့် ခွဲခြားပိုင်းဖြတ် ပေးကြသည်။ ထိုသို့ ခွဲခြား သတ်မှတ်ခြင်းသည် မှန်ကန်သော နည်းလမ်း ဖြစ်သည်ဟု ယင်းကလေးများ ကပါ မှတ်ယူ စွဲမြဲသွားကြပါသည်။ မည်မျှ ကြာရှည်စွာ ပိုင်းဖြတ် ပေးပါမည်နည်း။

( ကျနော့ တစ်ဦးတည်း သဘော ဆန္ဒ အရ ဆိုလျှင် ) ယင်းသို့ ခွဲခြား ကန့်သတ် ပေးခြင်း ကို မနှစ်သက်ပါ။ သဘောလည်း မတူပါ။ ငယ်စဉ်က အဖေ ၊ မိဘ၊ ဆရာတို့က ယင်းသို့ ပိုင်းဖြတ် ပေးလျှင် လည်း လက်မခံခဲ့ပါ။ စာဟူသမျှ ဖတ်၍ ရနိုင်သည်။ ဖတ်စကောင်းသည်။ မဖတ်ကောင်း သော စာဟူ၍ မရှိသင့် – ဟု မှတ်ယူသည်။ ယင်းအတွက်ကြောင့်ပင် — ( အနိမ့်ဆုံး) အညစ်ညမ်း စာပေ မှ စ၍ – အမြင့်ဆုံး – ဘာသာရေး ၊ ဒဿန စာပေများ အထိ ဖတ်သည်။ ဆိုလိုသည်မှာ “မဖတ်ချင်” သော စာသာ ရှိလျှင် ရှိရမည်။ “မဖတ်ကောင်း” သော စာဟူ၍ မရှိစကောင်း — ဟု ကျနော် စွဲမြဲ ယုံကြည် ထားပါသည်။

သို့သော် တကယ်တမ်း ဤယုံကြည်ချက်သည် အန္တရာယ် ကြီးလှပါသည်။ လိုအပ်ချက် တစ်ခု ရှိနေပါသည်။ ယင်းလိုအပ်ချက်ကို မဖြည့်စွမ်းနိုင်လျှင် ဖတ်ကောင်းပါသည် ဆိုသော စာပေသည်ပင် ထိုစာဖတ်သူ အတွက် အဆိပ် ဖြစ်သွားနိုင်သေးသည်။ စာပေသည် ထိုသူ အတွက် မိတ်ဆွေ မဟုတ်ဘဲ ရန်သူ ဖြစ်သွားပါလိမ့်မည်။ ထို အသိ လိုအပ်ချက် မရှိဘဲ စာဖတ် နေသမျှ ကာလပတ်လုံး ကောင်းသည့်စာ ဖြစ်စေ၊ ဆိုးသည့် စာ ဖြစ်စေ ၎င်းအတွက် ထိုက်သင့်သော အကျိုး ရှိမည် မဟုတ်ပေ။

ယင်းလိုအပ်ချက်မှာ ဖွင့်ဟထားသော နှလုံး ( Open Mind ) ဖြစ်ပါသည်။ မည်သည့်စာပေ ကိုမဆို ယင်းစိတ် နှလုံးဖြင့် ဖတ်ရှုတတ်ရန် လိုအပ်သည်။ သို့ဆိုလျှင် ယင်း Open Mind ကို မည်သို့ နားလည်ရမည်နည်း။ မည်သို့ ခံယူရမည်နည်း။ ယင်းစိတ် နှလုံးကို မည်သို့ မွေးမြူ ရပါမည်နည်း။ ယင်းသို့ မွေးမြူခြင်း နည်းကရော အမှန် ဟုတ်ပါသလား – စသည့် မေးခွန်းများ ဖြေဆိုနိုင်ရန် အတွက် မူ ကျနော် – ဆရာ ဦးရွှေအောင်ကို ယခုပို့စ်တွင် အားကိုး လိုက်ပါသည်။ ဆရာ ဦးရွှေအောင်၏ ဆောင်းပါးများ ဖြစ်သော “စာဖတ်သူများ” အတွဲစဉ် စာအုပ်မှ အနည်းငယ်ကို ဤနေရာတွင် တင်ရှိရန် လိုအပ်သည်ဟု ထင်သည်။ စင်စစ် ယင်းစာအုပ် သည် ကျနော် ငယ်စဉ်ကာလမှ ယနေ့တိုင် လမ်းညွှန်သမှု ပြုခဲ့သော စာအုပ် ဖြစ်ပါသည်။

ယင်းမှ ရရှိသော အသိအရ – အယုတ်ညံ့ဆုံး စာပေ မှသည် အမြင့်မြတ်ဆုံး စာပေ အထိ – မည်သည့် စာအုပ်ပင် ဖြစ်ပါစေ – စာဖတ်နည်း သိလျင် အကျိုးရှိစွာ ဖတ်ယူနိုင်သည် ဟု ကျနော် အယူရှိသည်။ ယုတ်မာ ညစ်ညမ်းသော စာ တစ်အုပ် ဆိုပါစို့။ ယင်း စာရေးသူက စေတနာဆိုးဖြင့် မှိုင်းတိုက်ပြီး ရေးလျှင်ပင် – စာရှုသူက ကောင်းမွန်သော နှလုံးသွင်း ရှိနိုင်ဖို့သာ လိုသည်။ စာရှုသူ အတွက် အကျိုး မယုတ်သွားပေ။ သို့သော် ထိုသို့ “ကောင်းမွန်သော နှလုံးသွင်း ရှိဖို့” ဆိုသည့် စကားတွင် — မည်သို့ နှလုံးသွင်း သည်ကို ဆိုလိုသနည်း။ မည်သည့် နည်းဖြင့် နှလုံးသွင်း ရမည်နည်း။ စာဖတ်သူက ယင်းကို မည်သို့ လက်ခံ ကျင့်သုံးရမည်နည်း – စသဖြင့် အဘယ် စာဖတ်သူ မဆို – အကျိုး မယုတ်သွားစေရန်၊ စာမှန်သမျှ အကျိုးရှိစေရန်၊ မည်သည့် စာပေ မှမဆို ရနိုင်သမျှ များများ အနှစ်ထုတ် ဆွဲကုတ်ယူနိုင်စေရန် – စာဖတ်နည်း ကိုမူ သိသင့်ပါသည်။

Read more of this post

ဘွိုင်းကောက် ဋီကာ ( Download )

DOWNLOAD
HOTFILE
MEGAUPLOAD
RAPIDSHARE

မနေ့က “ယူနီဘာစီတီ လေးချိုး” ( https://zayya.wordpress.com/2011/06/08/uni/ ) ၌ အကြောင်းကို မေးထားခြင်းကြောင့် အဖြေကို တင်ရှိပါသည်။ ယင်းလေးချိုးမှာ ဘွိုင်းကောက် ဋီကာ ၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ ( PDF – page – 288 ) တွင် ပါရှိသည်။ အဘယ်အကြောင်း ဖြင့် ယင်း လေးချိုး ဖြစ်ပေါ်လာရခြင်း ဟူသည်ကို ဖြေဆိုရန်မှာ အကျယ် အနေဖြင့် ဘွိုင်းကောက်ဋီကာ တစ်စောင်လုံး ရှုကြည့်ပါက ပိုမို အကျိုးများ နိုင်သောကြောင့် Upload တင်လိုက်ပါသည်။ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းယူနိုင်သည်။

Read more of this post

ငရဲခွေးကြီးအကြောင်း ( ကောက်နှုတ်ချက် )

အိုးဝေ ဦးညိုမြ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အကျဉ်းချုပ်မှ ကောက်နုတ်ချက်

- အိုးဝေ စိန်ရတု ၇၅ နှစ်ပြည့် -

(၁၉၃၅) ခုနှစ်တွင် ကိုအောင်ဆန်းက တက္ကသိုလ် သမဂ္ဂ အဖွဲ့၌ အယ်ဒီတာ လုပ်ရန် ကျွန်တော့်ထံ လာရောက် စည်းရုံး၏။ ကျွန်တော်က အိုင်အေ မအောင်သေး၍ ထိုနှစ် အဖို့ သူပင် အယ်ဒီတာ လုပ်ပါ။ ရှေ့နှစ်ခါမှ လုပ်ပါရစေ ဟု အပေးအယူ မျှတ သွား၏။ ထိုသို့ သူနှင့် ကျွန်တော် ပူးတွဲ မိရာမှ သမဂ္ဂ မဂ္ဂဇင်း၌ (ငရဲခွေးကြီး လွတ်ပြေး နေပြီ) ဟူသော ဆောင်းပါး ပါရှိကာ မဂ္ဂဇင်း ထွက်ပေါ်ချိန်၌ (၁၉၃၆)ခု၊ ရန်ကုန် တက္ကသိုလ် သပိတ် ဖြစ်ပွားရလေသည်။

ထိုနှစ်က ကျောင်းသား လောကတွင် လှုပ်ရှားမှုများ ရှိရာ သခင်တို့၏ နိုင်ငံရေး လှုံ့ဆော်မှု များလည်း ရှိ၏။ တက္ကသိုလ်၌ လည်း အလိုတော်ရိ ကျောင်းသားများ နှင့် သမဂ္ဂ အုပ်စု တို့၏ ပဋိပက္ခ များလည်း ရှိ၏။ ကျောင်းတက်ချိန်၌ တက်သူ၊ မတက်သူများ နာမည် ခေါ်ချိန်တွင် အင်္ဂလိပ်လို Present, Sir. (ရှိပါသည် ခင်ဗျား) ဟု ဆိုရမြဲ ဖြစ်ရာ ကျောင်းသား တစ်ဦးက ( Sir -ဆာ) ဟူသော စကားလုံးကို ချန်လှပ် ခဲ့သည် ဆိုကာ ကျောင်းထုတ်၏။ ထို့နောက် ကောလိပ်ကျောင်း၌ ကြေညာချက်များ ကပ်ထားသော သင်ပုန်းမှ စက္ကူကို ဖြုတ်သည် ဆိုသော ကျောင်းသား ကိုလည်း ကျောင်းထုတ် ပစ်ပြန်၏။ ကျောင်းလခ ပေးရန် နောက်ကျသူများ အတွက် အလိုတော်ရိ အုပ်စုဝင် မဟုတ်လျှင် ဒဏ်ရိုက် ခံရ၏။ ထိုနှစ်က သမဂ္ဂ ဥက္ကဋ္ဌမှာ ဦးနု ဖြစ်လေသည်။ သူ့ကိုလည်း နိုင်ငံရေး မိန့်ခွန်းများ ဟောပြောသည် ဆိုကာ ကျောင်းထုတ် ပြန်၏။ အကြောင်းကြောင်း ကြောင့် ကျောင်းထုတ် ခံရသူများ များပြားလာရာ ဥက္ကဋ္ဌ ကိုနုကို ထုတ်ခြင်းဖြင့် ကျောင်းသား သမဂ္ဂကို ဖိနှိပ်လိုကြောင်း ထင်ရှား လာတော့၏။

ဤတွင် သမဂ္ဂ အာဘော် ဖြစ်သော အိုးဝေမဂ္ဂဇင်း၌ တာဝန်ခံ ထုတ်လုပ်သူ များမှာ ကိုအောင်ဆန်းနှင့် ကျွန်တော် ဖြစ်နေ၏။ သမဂ္ဂ၏ ပြန်ကြားရေး တာဝန်ကို ထမ်းဆောင် ရသူများ ဖြစ်၍ သူနှင့် ကျွန်တော့် အနေဖြင့် တစ်နည်းတစ်ဖုံ ထိရောက်စွာ တုံ့ပြန်ရန်မှာ ရှောင်လွှဲ၍ မဖြစ် တော့ချေ။ စာပေ အရေးအသား၌ ကိုအောင်ဆန်းက ကျွန်တော့်ကို အားကိုးသည် ဖြစ်၍ ထို “ငရဲခွေးစာပေ”ကို ကျွန်တော်ပင် ရေးသား ပါသည်။ ထိုစာကို ရေးသားရာ၌ မည်သူ့ကိုမျှ မတိုင်ပင်ဘဲ သန်းခေါင် အချိန် ကျွန်တော်၏ သထုံ ဆောင် အခန်း၌ တံခါးပိတ် ရေးသား ခဲ့သည်။

Read more of this post

ယနေ့ စာပေ ဝေဖန်ရေး

ကိုယ်ခံစားရသည်ကို ဖော်ပြခြင်းသည် ဝေဖန်ခြင်း မဟုတ်။

အောက်ပါ “ယနေ့ စာပေ ဝေဖန်ရေး” စာကို ဆရာဇော်ဇော်အောင် ရေးပါသည်။ စာပေ ဝေဖန်ရေး ဆိုသည်မျိုးကို ကျနော် ဘလော့ ပေါ်တွင် အတတ်နိုင် ဆုံး ရှောင်ပါသည်။ အခု တင်ဖြစ်သည်။ အကြောင်းရှိပါသည်။

တင်ဖြစ်ရသည့် အကြောင်းတွေက တစ်ခု မက ပေါင်းဆုံပါသည်။ အနီးစပ်ဆုံး ဥပနိဿယ ကို ဆိုရလျှင်တော့ ဘလော့ဂါလေး တစ်ယောက် ဖြစ်သည့် ကျနော့ ညီမ တစ်ယောက် ဘာမသိညာမသိ အဝေဖန်ခံလိုက်ရသည် ကြားမိ၍ ဖြစ်သည်။ ကျနော်တို့ အွန်လိုင်း ပေါ်မှာ စာရေးသည် ဖြစ်စေ၊ ပရင့်တက်မီဒီယာတွင် စာရေး သည် ဖြစ်စေ ရေးသည့် စာရှိလျှင် ဖတ်သည့်သူ ရှိမည်။ ဖတ်သည့်သူ ရှိလျင် ဝေဖန်မည့်သူလည်း ရှိမည်သာ ဖြစ်သည်။ သို့သော် စာရှိ၍ စာဖတ်သူ ရှိခြင်း သည် ရိုးစင်း သော်လည်း စာဖတ်သူ ရှိ၍ ဝေဖန်မှု ရှိရခြင်းကမူ ထင်သလောက် မရိုးရှင်းလှ ဟု ထင်သည်။

စာဖတ်သူ တစ်ဦး တစ်ယောက်က မိမိဖတ်သောစာကို ကြိုက်ချင် ကြိုက်မည် ။ မကြိုက် ဘဲလည်း နေနိုင်သည်။ စာဖတ်သူတွင် အခွင့်အရေးက လွတ်လပ်စွာ တည်ရှိသည်။ စာရေးသူကလည်း အလားတူ။ ၎င်း ရေးချင်သော စာကို ရေးပေလိမ့်မည်။ ၎င်းရေးပြီး စာကို ၎င်းဘာသာပင် မကြိုက်ဘဲလည်း နေနိုင်သည်။ ၎င်း တစ်ယောက်တည်း ကြိုက်မည်ဆိုလျှင်လည်း ကြိုက်နိုင်သည်။ စာရေးသူ၏ လွတ်လပ်သော အခွင့်အရေးသာ ဖြစ်သည်။

ပြောရန်လိုသည်က ဝေဖန်ရေးဖြစ်သည်။ “ဒီဟာကို ငါမကြိုက်ဘူးကွာ” ပြောရုံမျှဖြင့် ဝေဖန်ရေး မဟုတ်ပေ။ “ဒီစာကြီးက ဘာကြီးမှန်းမသိဘူး” “ဒီစာက အဓိပ္ပာယ်မရှိဘူး”ဟု ပြောရုံဖြင့်လည်း ဝေဖန်ရေး မဟုတ်ပေ။ ( အောက်ပါ စာတွင် တွေ့ကြရမည့် အတိုင်းပင် ) ဝေဖန်ရေးသည် တက္ကသိုလ်သင် ပညာရပ်ကြီး တစ်ခု မဟုတ်သော်လည်း ဝေဖန်ရေး အလုပ်သည် အခြေအမြစ်ရှိဖို့ လိုအပ်ပါသည်။ သာမာန်ညောင်ည ပြောရုံ ဆိုရုံဖြင့် ဝေဖန်ရေး ဖြစ်မလာပေ။ ယင်းသို့ အပြောအဆို ခံရရုံမျှဖြင့်လည်း စာရေးသူက ( စာရေးဆရာက ) မိမိ အဝေဖန်ခံလိုက်ရသည်ဟု မမှတ်အပ်ပေ။

သို့ဆိုလျှင် ဝေဖန်ရေး ဆိုသည်မှာ အဘယ်ကို ခေါ်ပါသနည်း။ အဘယ်ဟာများ ဖြစ်ပါသနည်း။ “ဝေဖန်ရေး” ဟူသော စကားလုံးကို ကျနော် မပြောလို မဆိုလိုသောကြောင့် ဤနေရာတွင် ကျနော့သဘောထား ဘာမျှ မပြောလိုပါ။ ဖတ်မိသလောက်များထဲမှ သဘောတရား အရှုပ်အထွေးမပါသော၊ သာမာန် နားလည်လွယ်လောက်သည့် ဆရာဇော်ဇော်အောင်၏ ထင်မြင်ချက် အချို့ကို ဖော်ပြလိုက်ပါသည်။

အလျင်းသင့်မှ ဆက်လက်တင်ပြသွားလိုပါသည်။ ကျေးဇူး။

ဇေယျ ……………………………..

ယနေ့ စာပေ ဝေဖန်ရေး – ဇော်ဇော်အောင်

ကျွန်တော်တို့ နိုင်ငံမှာ စာပေဝေဖန်ရေး မလိုအပ်ဟု ပြောသူ တစ်ယောက်တစ်လေမှ ပေါ်ခဲ့ဖူးသည်ဟု မကြားမိပါ။ ကမ္ဘာ့စာပေ လောကမှာတော့ ပေါ်ခဲ့ဖူးသည်ဟု ကြားဖူးပါသည်။ သို့တိုင်အောင် စာပေ ဝေဖန်ရေး သည် ကမ္ဘာ့စာပေ လောကတွင် ထွန်းကား တည်ရှိနေပါသည်။ ငြင်းခုံနေဆဲ၊ တစ်ယောက် အယူအဆ ကို တစ်ယောက်က ကန့်ကွက်နေဆဲ၊ အယူအဆဟောင်းကို အသစ်က ချေဖျက်နေဆဲ၊ အတိုချုပ် ပြောရလျှင် ပူညံပူညံ ဖြစ်နေကြဆဲ ပင်။ အဘယ်ကြောင့်နည်း။ အနုပညာသမား ( စာရေးဆရာများ ) အနုပညာအသစ် အသစ်တွေကို ဖန်တီးနေကြသောကြောင့် ဖြစ်ပါသည်။ စာပေ အနုပညာ ရှိနေသမျှတော့ စာပေ ဝေဖန်ရေး ရှိနေပါဦးမည်။

Read more of this post

ဆရာပါ- သို့

ကျနော့ဆရာ တကယ် ထွက်သွားရပြီ။

အဲ့ အသိက ကျန်တဲ့အရာတွေ နည်းတူ ကျနော့ကို အချိန်တော်တော်ကြာအောင် ရိုက်ခတ် နေဦးမည် ထင်သည်။ ဆရာ မနက်က ဆုံးသည်ကို ကျနော် ည မိုးချုပ်မှ သိရသည်။

ဆရာပါရဂူ

သတင်း ကြားလိုက်ရချိန်က ဖုန်းကိုင်ပြီး မတ်မတ်ရပ် ထားသည့် ဒူး – ခပ်ဆတ်ဆတ် တုန်သွားသည်။ မည်မျှ အရေးကြီးသော အလုပ်ရှိနေသည် ဖြစ်ပစေ ၊ ကျနော် ခဏတော့ ရပ်ရပေပြီ။ ကျနော့ဘ၀ လမ်းကို အလင်းရောင် ထွန်းပေးထားခဲ့သော ဆရာပါရဂူဟူသည့် မီးပြတိုက်ကြီး ပြိုလဲသွားပြီကော – ။

ကျနော် ဆရာ့ဆီက သိချင်တာတွေ အများကြီး ကျန်နေသေးတယ် ဆရာ။

တီးတိုး ရေရွတ်မိပါသည်။ ၀မ်းနည်းမိသည့် စိတ်များ ကူးလူး ယှက်သန်းသွား သည့် ကြားမှ အတ္တစိတ်နှင့် အတွေးက ၀င်လာ ခြင်း ဖြစ်မည်။

ဆရာ ငြိမ်းငြိမ်း ချမ်းချမ်း သွားပါစေလား ။ သူ ဆောင်ခဲ့တဲ့ ထမ်းခဲ့တဲ့ ဒီဝန်တွေကို လွတ်လွတ်လပ်လပ် ထားရစ် ခဲ့ပါစေလား။ “မှန်တာကို မှန်တယ်ဆိုတဲ့နေရာမှာ ထားခဲ့၊ မှားတယ်ဆိုတာကိုလည်း မှားတယ်ပြောတဲ့နေရာမှာထားခဲ့။ အမှန်အမှား တွေရဲ့ အပြင်ဘက်မှာ” ဆိုတဲ့ စကားမျိုးတွေကို ဆရာ့ဆီက အပြည့်အ၀ နာကြားခဲ့ရပြီးပြီဘဲ။ သွားပါစေတော့လား။

အတွေးစတွေကို ငြိမ်သက်အောင် ကြိုးစားမွေးမြူရင်း ခန္ဓာကိုယ်ကိုပါ ငြိမ်သက်အောင် ကြိုးစားလိုက်မိသော်လည်း မျက်ရည်စ တွေက အလုံးအရင်း လိမ့်ကျလာသည်။ ကြည့်နေရာ ဤကွန်ပျူတာ မျက်နှာပြင်ကေ၀၀ါးသွားသည်။ “ငိုကြွေး မြည်တမ်း ခြင်းသည် ခရီးသွားလာရမည့်သူကို ချည်နှောင်ခြင်းလည်း ဖြစ်သည်။” တဲ့ ။ ဆရာဆီက သင်ယူ ရခဲ့မိတာ တွေက တစ်ခု။ ဤတစ်ခုကြောင့် ရှိုက်ကြီးတငင် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်မိသည်။

ဤဖြစ်ရပ် နှင့် အလား သဏ္ဍာန်တူ ကြုံခဲ့ဖူးပါသည်။ အခုလို ဆရာ ထွက်သွားတာ မျိုး မဟုတ်။ မိဘ၊မောင်နှမများထံမှ ကျနော် ထွက်လာတုန်းက ။ ဆရာပါ၏ “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရသျှတ္တရ” စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျနော့်ခြေလှမ်းတွေ ခိုင်မာခဲ့ဖူးသည်။ အားအင် အပြည့် ရခဲ့ဖူးသည်။ မိုက်ရူးရဲ ဆန်နေသည်လားဟုပင် ဇဝေဇ၀ါ ဖြစ်မိသည်အထိ တင်းမာခဲ့ဖူးသည့် ခြေလှမ်းများ ဖြင့် လျောက်ခဲ့ ဖူးပါသည်။ အဲ့အချိန်က မိသားစု ဆီ စာရေးတော့ အခုလိုပင် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ဖူး သေးသည်။ ယခုကဲ့သို့ပင် ကျနော် ရေးနေသည့် စကားလုံးများ ကို ကျနော် ကိုယ်တိုင်မမြင်ရတော့သည် အထိေ၀၀ါးသွား ခဲ့ဖူးသည်။

Read more of this post

ယနေ့ ကဗျာ/ကဗျာဆရာ အရှုပ်တော်ပုံ

http://www.openmindblog.info ဆိုတဲ့ ဒီဆိုဒ်ကို ကျနော် တော်တော် နှစ်ခြိုက်တယ် ၊ သဘောကျတယ်။ ။ ကဗျာ – လို့ ခေါ်ဆိုမယ့် ( သူတို့ ခေါ်ဆိုကြတဲ့ ) သူတို့ ယုံကြည်ချက် တစ်ခုခုကို ရည်ညွှန်း ပြဆိုရာမှာ ( အောင်မြင်တာ ၊ မအောင်မြင်တာ ခဏထား ) ခိုင်မာတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် သဘောကျလို့ ကျနော် ယူရာမှာ – အဲ့ဆိုဒ်ပါ ဆရာများ တင်ပြချက် အချို့ က ( တကယ်က တော်တော်များများပါ ) ကျနော့် ဥပါဒါန် ( ကျနော့ စိတ်အစွဲအလမ်း၊ ကျနော့် အရင် နှစ်ခြိုက်ခဲ့တာ တွေနဲ့ )  တိုက်နေတယ်။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားနဲ့ ပြောရင် – ဘဝင် ကျတယ် ပေါ့ဗျာ။ မကြာသေးမီ အချိန်ကတင် ပို့စ်အသစ်တွေ့မိတော့ ထပ်ကြိုက်လို့ ထပ် ယူလာတယ်။ ဒီတစ်ခါတော့ ကူးယူလာကြောင်းပဲ ပြောခဲ့ပါတယ်။ အဲ့ဆိုဒ်မှာ။

ကိုယ်သန်ရာ ကိုယ့်ကဗျာကို
ကိုယ့်ရင်မှာ ကိုယ့်ဘာသာ ဖွင့်
စိတ်မာန်သာ လွှင့်စေ၊
ရင့်ကျက်နေ ကဗျာ အသိနဲ့
မာန်မရှိ ကန်တော့ခဲ့ပါသည်။
ကဝိ ဆရာသမားတို့ စိတ်ရော ကိုယ်ပါ အေးချမ်းသာယာကြပါစေ။

ဇေယျ

……………………..

တောကျောင်းမှတ်ချက်__________________________

ဒီကဗျာ ဝေဖန်ရေး ဆောင်းပါးကို ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလထုတ် ပန်းအလင်္ကာ မဂ္ဂဇင်း စာမျက်နှာ ၄၂ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဆောင်းပါး ရေးသူ ကတော့ ‘ကဗျာသမားတစ်ဦး‘ လို့ ဆိုပါတယ်။ ‘ကဗျာရေးသူတစ်ဦး’ ဆိုတာကို ဖြူသလား၊ မည်းသလား၊ အရပ်ရှည်သလား၊ ပုသလား၊ ဘယ်သူလဲ၊ ဘယ်ဝါလဲ စိတ်မ၀င် စားပါဘူး။ မြန်မာပြည်မှာ ဝေဖန်ရေး ရေးသူ တွေရဲ့ ထုံးစံအတိုင်း အမည်ရင်း ဖော်ပြလေ့ မရှိတာကိုလည်း နားလည်ပေး လိုက်ပါတယ်။ မဟုတ်ရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်ပြီး ဂိုဏ်းဂနစွဲ၊ လူပုဂ္ဂိုလ်စွဲနဲ့ ဆိုင်းဘုတ်တွေ တပ်ချင်ကြ၊ ဆော် ချင်ကြ၊ နှက်ချင်ကြတာမျိုး က သဘာဝလို ဖြစ်နေပါပြီ။ ဝေဖန်ရေး နှင့် မယဉ်ပါး ခြင်းလို့ပဲ ဆိုရပါမယ်။ ငယ်တုန်းကတော့ ကိုယ့်ကိုယ်ဝေဖန်ရေး အမြဲလုပ်ရမယ် ဆို တာကို မှတ်သား လိုက်နာခဲ့ဖူးတယ်။

ရေးသူ ဘယ်သူလဲ ဆိုတာထက် သူရေးတဲ့စာက ဘာလဲဆိုတာကို စိတ်ဝင် စားရာ က ဒီဝေဖန်ရေး ဆောင်းပါးကို ဖတ်ဖြစ်ပါတယ်။ ဖြစ်သင့်ပါတယ်။ ရေးသင့် ပါတယ်။ Read more of this post