“စောင့်ကြည့်မှု” ကို “တွေးကြည့်” သည့် အခါ

Question: စောင့်ကြည့်မှု ( Witnessing ) ကို – ဘာဝနာ လို့ ခင်ဗျား မကြာခဏ ပြောပြောနေတယ်။ ကျနော့ ကိုယ်၊ စိတ်၊ အတွေးတွေ ကို ကျနော့ ဘာသာ တကယ် စောင့်ကြည့် နေပါတယ်လို့ ကျနော် ဘယ်လိုနည်း နဲ့ သိနိုင်မလဲ။ ကျနော့်ဘာသာ ကျနော် စောင့်ကြည့် နေပါတယ် လို့ ဟန်ဆောင် နေလိုက် လို့ ကော မဖြစ်နိုင်ဘူးလား ။

Answer: အခု မေးခွန်းက တွေးတောပြီး မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဘာလို့ဆို – တကယ်တမ်း ခင်ဗျား ကိုယ် ခင်ဗျား ဟန်ဆောင် လို့ မရလို့ပါ။ စပြီး စောင့်ကြည့်မှု လုပ်ပြီ ဆိုတာနဲ့ ဒါဟာ ဟန်ဆောင်လို့ မရမှန်း ခင်ဗျား သိနိုင် ပါတယ်။ ဟန်ဆောင် နေမယ် လို့ ထင်တာက စိတ်ကူး အတွေး တစ်ခုပဲ။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေမယ် ဆိုတဲ့ စိတ်ကူး အတွေး ကို ဘယ်သူ တွေးလဲ။ ဆိုလိုတာက အဲ့ဒီ အတွေး နောက်ကွယ်မှာ ဘာရှိသလဲ။ တစ်ခုခု ရှိနေတယ်။ အဲ့ဒါက အဲ့အတွေးကို သိနေတဲ့ စောင့်ကြည့်မှုပဲ။

ဒါ့ကြောင့်မို့ အဲ့ဒါနဲ့ ပတ်သက်လို့ တော့ ခင်ဗျား တကယ့်လက်တွေ့မှာ ရှုပ်ထွေးမသွား ဘူး။ ဘာလို့ဆို စောင့်ကြည့်မှု သိမှုရဲ့ နောက်မှာ ဘာမှ မရှိဘူး ။ ခင်ဗျား စောင့်ကြည့်တာကို ပြန်စောင့်ကြည့် မနေနိုင်ဘူး။ ဆိုလိုတာက စောင့်ကြည့်မှု သဘော သက်သက်ဟာ အတွေး၊ စိတ်ကူး ကနေ သီးခြား ကင်းလွတ် နေပါတယ် ။ ဒါ့ကြောင့် ခင်ဗျား ဟန်ဆောင် စောင့်ကြည့် နေပါတယ် – ဆိုပါစို့။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေတယ် ဆိုတာ ကိုပါ စောင့်ကြည့် သိနိုင်နေတယ်။ အဲ့ဒီ ဟန်ဆောင် နေတဲ့ အဖြစ် က သိသိသာသာ ပေါ်လွင် နေပါတယ်။

Read more of this post

မှတ်စု မူကြမ်း

အထီးတည်း ဖြစ်တဲ့ အခြေအနေ ( Aloneness ) နဲ့ အထီးကျန် ဖြစ်တဲ့ အခြေအနေ ( Loneliness ) က မတူပါဘူး။ သဘာထားချင်း အများကြီး ကွာဟချက် ရှိပါတယ်။

၁။ အထီးတည်း ဖြစ်တယ် ဆိုတာ သူ့ တစ်ခုတည်း အတွင်းမှာတင် ပြည့်စုံတယ်။ ပြည့်ဝ နေတယ်။ အထီးကျန်တယ် ဆိုတာ က အခြားသူ တစ်ဦး တစ်ယောက် တစ်စုံတစ်ခု အပေါ် တွယ်ငြိ နေတယ်။ သူ့ တစ်ယောက်တည်း မှာ လိုအပ်နေတယ်။ သူလိုလားတဲ့ အရာ သူ့အနားမှာ ရှိနေစေချင်တယ်။ သူတစ်ခုခု ဖြစ်ချင်နေတယ်။ အထီးတည်း ဖြစ်တာနဲ့ ဆန့်ကျင်ဘက် တစ်ခုလို ကွာခြားပါတယ်။ အထီးတည်း ဖြစ်တယ် ဆိုတာကတော့ မိမိကိုယ် မိမိ ရဲ့ အတွင်းသန္တာန် နဲ့တင် သက်ဆိုင်ပါတယ်။

၂။ ခင်ဗျား ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်၊ ခင်ဗျားဘေးမှာ ခင်ဗျားအတွက် ဘယ်သူ တစ်ဦး တစ်ယောက်မှ ရှိရှိ၊ မရှိရှိ၊ တစ်ကမ္ဘာလုံးကပဲ ဝိုင်းမုန်း နေစေ ဦးတော့ — ခင်ဗျားဘာသာ ခင်ဗျား- ကိုယ့် သန္တာန်မှာ အေးချမ်းမှု ရှိနေရင် အဲ့ဒါ အထီးတည်း ဖြစ်နေတယ်လို့ ကျနော် ဆိုလိုပါတယ်။ ဘယ်သူ့ကိုမှ မျှော်လင့်တမ်းတ နေစရာ မလိုတဲ့ အပြင်၊ ဘယ်အရာပေါ်မှာမှ တွယ်ညိမနေတဲ့ အဖြစ်ပါ။ တစ်နည်း ဆိုရရင်- ခင်ဗျားရဲ့ သန္တာန် ထဲမှာ ဘယ်အထောက်အကူ မှ မလိုအပ်ဘဲ ခင်ဗျား ဘာသာ ချမ်းမြေ့နေတယ်။ အဲ့ဒီလို ချမ်းမြေ့နေနိုင်တဲ့သူ ကမ္ဘာမှာ ရှား လိမ့်မယ်။ အထီးတည်း ဖြစ်မယ့်သူ ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ ခြွေရံသင်းပင်း များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ သူ့အတွက် ဘာမှ မထိခိုက်ဘူးရယ်။

Read more of this post

ကုလားထိုင်

ထိုင်ခုံ ဗလာ အလွတ် တစ်လုံးနဲ့
ဆိတ်ငြိမ်နေတဲ့ ခန်းဆောင်ဟာ
ဗုဒ္ဓ-အဖြစ်ကို မိတ်ဆက် ။
ထိရောက် လိုက်ပါဘိ။
ရှားပါးလိုက်ပါဘိ။

AN EMPTY CHAIR
A SILENT HALL
AN INTRODUCTION TO BUDDHA —

HOW ELOQUENT!
HOW RARE!

“ဗုဒ္ဓ” – ဖြူစင်မြင့်မြတ်မှု အဖြစ်ကို မြင်နိုင်ဖို့ – တိတ်ဆိတ် ငြိမ်သက်မှု ဟာ ခင်ဗျားရဲ့ သန္တာန်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဗုဒ္ဓအဖြစ်ကို ဖော်ပြနိုင်ဖို့ ဘာသာစကား ဟာ “တိတ်ဆိတ်ငြိမ်သက်မှု” ဘာသာ စကား တစ်ခုထဲ ရှိတယ် ။ ကျနော်တို့ သုံးစွဲကြတဲ့ အခြား အခြား ဘာသာစကား၊ ဝေါဟာရတွေဟာ ဒီအဖြစ်ကို ဖော်ပြနိုင်ဖို့ စွမ်းရည် နည်းလွန်း နေတယ်။ အကန့်အသက် ပဲ ရှိတယ်။ သေးသိမ်လွန်း နေတယ်။ မပြည့်စုံဘူးရယ် ။ ဘာဆို ဘာမှ မရှိတဲ့ သုညတ နဲ့၊ လုံးဝ ဥဿုံ ဆိတ်ငြိမ်နေမှု ကသာ ခင်ဗျားအတွက် ဗုဒ္ဓရဲ့ အဖြစ်ကို ဖော်ပြ နိုင်တယ်။

ဂျပန်မှာ ဘုရားကျောင်းတစ်ကျောင်း ရှိတယ်။ အဲ့ဘုရားကျောင်း အတွင်းမှာ ဘာမှ မရှိဘူး။ ဘုရားကျောင်း တွေမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ ဘုရား ရုပ်ပွားတော် လည်း မရှိဘူး။ ဒါပေမယ့် ဘုရားကျောင်း ကတော့ ဗုဒ္ဓ ကို ရည်စူး ထားတာ ဖြစ်ပါတယ်။ ဘုရားဖူးတွေ ရောက်လာတော့ မေးကြတယ်။ “ဗုဒ္ဓ ဘယ်မှာပါလဲ။ ဒီဘုရားကျောင်း က ဗုဒ္ဓကို ရည်စူး ထားတယ် မဟုတ်ဘူးလား” လို့ မေးတော့ ဘုန်းတော်ကြီးက ရယ်ရယ် ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ – “ဒီနေရာမှာ ဘာရှိသလဲ။ ဘာမှ မရှိဘူး မဟုတ်လား။ ရှင်းလင်း နေတဲ့ ဗလာနယ် သုညတ နဲ့ တိတ်ဆိတ်နေမှု သာ ရှိတယ်။ အဲ့ဒါ ဗုဒ္ဓ ပါပဲ” တဲ့။

ကျောက်သား ကျောက်ခက်နွယ် တွေဟာ ဗုဒ္ဓကို ကိုယ်စား မပြုနိုင်ဘူး။ ရုပ်ထု၊ ဆင်းထုတွေဟာ ဗုဒ္ဓကို တိတိပပ ဖော်ပြနေကြတာ မဟုတ်ဘူး။ ဗုဒ္ဓဟာ ကျောက်သား ကျောက်ခက် မဟုတ်သလို၊ ရုပ်ထု ဆင်းထုလည်း မဟုတ်ဘူး။ ဗုဒ္ဓ – ဆိုတာရဲ့ အဖြစ်ဟာ ပုံသဏ္ဍာန် သွင်ပြင် မဟုတ်ပါဘူး။ ဗုဒ္ဓဟာ ပုံသဏ္ဍာန် သွင်ပြင် ဘာမှ မရောယှက်ထားတဲ့ ဖြူစင်တဲ့ အဖြစ်သာ ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ စိတ်သန္တာန် ဟာ ဆယ်ရက်လောက် ဖြစ်ဖြစ် လုံးဝ ဆိတ်ငြိမ်၊ တိတ်ဆိတ်ပြီး နေနိုင်သလား။ ဘာဆိုဘာမှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်ပြီး ခင်ဗျားရဲ့ အတွင်း အဇ္ဈတ္တမှာ နှစ်မြုပ်နေ ကြည့်နိုင်မယ် ဆိုရင် “ဗလာကျင်း နေတဲ့ ထိုင်ခုံတစ်လုံး” ဆိုတဲ့ စကားစုကို ခင်ဗျား အပြည့်အဝ နားလည် ပါလိမ့်မယ်။

Read more of this post

ဝေါဟာရတို့နှင့် မကျေလည်ရခြင်းများ

ကျနော်တို့လူတွေမှာ စကားလုံး ဝေါဟာရတ္ထတွေများတယ်။ လူမျိုးတစ်မျိုးစီဟာ သူတို့ ဘာသာစကား ဝေါဟာရ ကြွယ်ဝရင် ကြွယ်ဝကြောင်း နဲ့ ဂုဏ်ယူတတ်ကြတယ်။ မဆီမဆိုင် ဥပမာပေးရင်တော့ စကားတတ်တဲ့ကလေး ပိုချစ်စရာကောင်းနေသလိုမျိုးပဲ။ စကားလုံးတွေ သိုင်းဝိုင်းပြောဆိုပြီ ၊ အချေအတင် ဆွေးနွေးရပြီ ဆိုရင် စကားအရာ ကြွယ်ဝသူက သာစမြဲပါပဲ။ ဟုတ်တယ်ဟုတ်။

အဲ့ဒါဆို ဝေါဟာရတ္ထ၊ ဝေါဟာရ၊ ဘာသာစကား ဆိုတာတွေက ဘာတွေလဲ။

Osho

တကယ်က ဝေါဟာရတွေဟာ လူတွေကို ချုပ်နှောင်ထားပါတယ်။ လူမှုလူ့ဘောင်မှာ အဖြစ်ရဆုံး ပြဿနာ အများစုဟာ ဘာသာစကား အပေါ်မှာ အခြေခံတယ်။ ဒီဘာသာစကားနဲ့ပဲ ဆက်ဆံ ဖြေရှင်းရသလို၊ ဒီဘာသာစကားနဲ့ပဲ အခက်အခဲ ပြဿနာတွေ ဖြစ်ကြရတယ်။ အချို့လူတွေက ဘာသာစကားကြောင့် မာန်တက်တယ်။ အချို့သူတွေက ဘာသာစကားနဲ့ အနှိမ်ခံရတယ်။ အချို့က ဒီဘာသာစကားကြောင့် စိတ်အေးချမ်းရပြီး၊ အချို့က ဒီဘာသာစကားကြောင့်ပဲ စစ်မက် ဖြစ်ရတယ်။ မေတ္တာဘွဲ့တေး သီနိုင်ဖို့ ဘာသာစကားကို အသုံးပြုကြသလို ရိုင်းရိုင်းမိုက်မိုက် ကျိန်ဆဲပစ်ဖို့လည်း ဘာသာစကားကို အသုံးပြုကြပြန်ပါတယ်။

ဒီဘာသာစကားကို လူတွေကပဲ ဖန်တီးခဲ့ကြတာမို့ လူတွေမှာပဲ ရှိတယ်လို့ ဆိုတတ်ကြတယ်။ နောက်ပိုင်းမှာ ဘာသာစကားဟာ လူ့ဘောင်လူ့လောကအတွက် အခြေခံ အကျဆုံး လိုအပ်ချက်တစ်ခု လိုလို ဖြစ်လာတယ်တဲ့။ အဲ့လို ဟုတ်ပါသလား။

 ဘာသာစကားတွေအောက် တစ်ဆင့်နိမ့်တဲ့ နေရာမှာ တိရစ္ဆာန်လောက ရှိတယ်။ ဘာသာစကားတွေရဲ့ အလွန် ၊ မြင့်မြတ်တဲ့နေရာမှာ သူတော်စင်တွေရဲ့ စိတ်သဏ္ဍာန် တည်ရှိတယ်။ အဲ့ဒီ တိရစ္ဆာန်တွေရဲ့ လောကနဲ့ သူတော်စင်တို့ ဘုံဘဝကြားမှာ လူသားတွေ ရဲ့ ကမ္ဘာ တည်ရှိတယ်။ ဘာသာစကားတွေရဲ့ ကမ္ဘာ၊ စကားလုံး ဝေါဟာရတွေရဲ့ လောက တည်ရှိတယ်။ ဒဿန အယူအဆတွေ၊ ကဗျာလင်္ကာရဲ့ လောက၊ သီအိုရီ ဖော်မြူလာတွေနဲ့ စိတ်ကူးစံသတ်မှတ်ချက်တို့ရဲ့ လောက လို့လည်း ခေါ်ဆိုပါမယ်။

ဘာလို့ပါလဲ။ ကျနော်တို့တွေရဲ့ အတွေးစဉ်၊ စိတ်အစဉ်မှာ စကားလုံး၊ ဝေါဟာရတွေက တော်တော်များများ နေရာယူထား ပါတယ်။ ကျနော်တို့ရဲ့ အဇ္ဈတ္တ ကို ရွှေနန်းဆောင် တစ်ခုလို ပမာတင်စားမယ်ဆိုရင် စကားလုံး၊ ဝေါဟာရတွေဟာ တစ်ချပ်ချင်း၊ တစ်ရပ်ချင်း ဖွဲ့တည်ထားတဲ့ အုပ်ချပ်တွေ ဖြစ်ပါတယ်။ စကားလုံးတွေနဲ့ တည်ဆောက်တဲ့ ရာဇပလ္လင်ပေါ်မှာ ကျနော်တို့တွေ တက်ထိုင်ရင်း မာန်ယစ် နေကြတယ်။

Read more of this post

အကျဉ်းကျနေသူ

ပီဘိ သီတင်းကျွတ်လျှင် ပွဲတော်ကျင်းပကြမည် ဖြစ်ပါသည်။ ယင်းပွဲတော် ဟု ဆိုရာတွင် မီးထွန်းပွဲတော်ကို ကျင်းပကြမည်ဟု မည်သည့်ကာလက မည်သို့ ပုံမျိုးနှင့် စတင်ခဲ့ကြပါသနည်း။ မည်သည်ကို ရည်ရွယ်၍ မည်သို့ ရည်ညွှန်း ပြုလုပ်ခဲ့ကြပါသနည်း။ ဤသို့ ဖန်တရာတေနေသည့် မေးခွန်းဟောင်းများကို ကျမ်းဂန်တတ် ဆရာများက ကျမ်းဂန် အရ ဖြေဆိုကြမည် ဖြစ်သလို၊ သမိုင်း၊ စာပေ စသည် ဆိုင်ရာပညာရှင်များက ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုကြမည်။ တူကောင်းလည်း တူမည် ။ တူချင်မှလည်း တူမည်။

နေ့လည်က အလုပ်အတွင်းမှ ညီအစ်ကို တစ်ယောက်နှင့် စကားစမြည် ပြောဖြစ်သည်။ သီတင်းကျွတ်ကာလအတွင်း မီးထွန်းကြခြင်း အကြောင်း၊ ဆီမီးပူဇော်ကြခြင်းအကြောင်း၊ လူကြီးမိဘ ကန်တော့ရခြင်းအကြောင်းမှသည် ဗျောက်အိုး ဖောက်ခြင်း အကြောင်း အထိ ပါသည်။ ၎င်းက မန္တလေးသား ဖြစ်၍ မန္တလေးတွင် သီတင်းကျွတ်ကာလ ပွဲတော်မည်သို့ ကျင်းပကြကြောင်း ပြောပြသည်။ မန္တလေးမှာ အခုအချိန်ထိ တစ်ဘဝလုံး ပေါင်းမှ ဆယ်နာရီပြည့်အောင် မနေခဲ့ရဘူးသော ကျနော်က နားထောင်ရသည်။ ဆိုင်ကယ် တဝီဝီနှင့် ရှုပ်ယှက်ခတ်နေသော မန္တလေး လမ်းမများကို မြင်ယောင်ကြည့်သည်။ ( စိတ်ကူးဖြင့် မြင်ယောင် ကြည့်ရာတွင်ပင် ယင်းလမ်းမများပေါ်ရှိ လူများ၏ မျက်နှာမှာ မြန်မာထက် တရုတ်ခပ်ဆင်ဆင် တွေက ပိုများနေသယောင်ယောင် ရှိသည်။ 😀 )

မန္တလေးမြို့ကို ဂငယ်ကွေ့ ဝန်းရံထားသော ပုသိမ်ကြီးဟူသည့် ၎င်းနေထိုင်ရာ အရပ်အကြောင်းမှသည် ဆီမီး၊ မီးပုံးဆွဲခြင်း၊ ယင်းမှသည် ဗျောက်နှင့် မီးရှူးမီးပန်းအကြောင်း အထိ။ ဤ -ဗျောက်- နေရာကို ရောက်သောအခါ သူက သူ၏ ထင်မြင်ချက်ကို ရှင်းသည်။ မိန်းမပျိုကလေး တွေ လည်း ဆိုင်ကယ် စီးနင်းသွားလာနေကြသော မန္တလေးတွင် ရွှတ်တတ်၊ နောက်တတ်၍ မသိသားဆိုးရွားသော လူငယ် ( သို့မဟုတ် ) လူပြောင်များက ဗျောက်အိုးစသည်ကို တိုက်အထပ်ပေါ်မှ ပစ်ချ တတ်ကြောင်း၊ လမ်းသွားလမ်းလာများ၊ အထူးသဖြင့် မိန်းမပျိုလေးများ များစွာ အနှောင့်အယှက်ဖြစ်ရကြောင်း၊ ယင်းအတွက်လည်း Read more of this post

လူစီးယာဉ်

လမ်းထိပ် ပလက်ဖောင်းပေါ် ထွက်လာခဲ့တော့ မြင်ကွင်းတွေ စုံသွားတယ်။ တစ်ဝီဝီ သွားနေတဲ့ ကားတွေက တစ်ခုခုကို စိုးရိမ်တကြီး ကြောင့်ကြ နေကြသလိုလို။ လူတွေကလည်း တစ်နေရာမှာ တစ်ခုခု ဖြစ်တော့မယ့် မျှော်လင့်ချက် မျက်နှာထားမျိုးနဲ့ ဥဒဟို။ သာမာန်နေ့တွေ သာမာန်လို ပေမယ့် ဒီကနေ့တော့ ကျနော် တွေးကြည့်မိတယ်။ ဘာဖြစ်နေကြလို့ပါလိမ့်။

ကျနော်နားမလည်။

အနောက်နိုင်ငံမှာ စစ်အာဏာရှင် ကဒါဖီကို ဖမ်းမိမယ် မမိဘူး၊ သတ်ပစ်မယ်၊ မသတ်ဘူး အငြင်းပွားနေရချိန် – အိမ်က အိုးမှာ ဆန်ရှိသေးတယ် မရှိတော့ဘူး တွေးပူရတဲ့သူတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နျူလက်နက် ထိန်းသိမ်း ကန့်သတ်ရေး အပြင်းအထန် ဆွေးနွေးနေရချိန်မှာ ဂတ်စ်ဖိုးနဲ့ နေ့တွက် မကိုက်လို့ အိမ်ပေါက်ဝမှာ ခေါင်းငိုက်စိုက် ဖြစ်နေရမယ့်သူတွေလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ဟိုတစ်လောက ငယ်သူငယ်ချင်း တစ်ယောက်နဲ့ မထင်မှတ်ဘဲ လမ်းမှာဆုံတယ်။ အမှတ်တမဲ့ တွေ့ရတာမို့ ဝမ်းသာအယ်လဲ ။ တစ်ယောက် အကြောင်း တစ်ယောက်မေးဖြေစ်တယ် ။ မထိုင်ဖြစ်တာ ကြာခဲ့တဲ့ လဘက်ရည်ဆိုင် ၊ သူနဲ့ အတူသွားထိုင်ဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်၊ သာကြောင်းမာကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းတွေပေါ့။ မင်းအခု ဘာလုပ်နေလဲကွ လို့ ကျနော်မေးမိတော့ သူ့မျက်နှာထားက နည်းနည်းငြိမ်သွားတယ်။- ငါက အိမ်ထောင်နဲ့ ကလေးနဲ့ကွတဲ့။ ရယ်မောနေတဲ့ စကားသံတွေ တုန့်ရပ်။ ငှဲ့နေတဲ့ ရေနွေးကရား က အပူငွေ့တွေလည်း လောလောလတ်လတ် အေးစက်သွားမယ် ( ထင်ပါတယ် ) ။ စကားဝိုင်းက မဆိုစလောက်ကလေး ရပ်သွားတယ်။ ရပ်သွားတဲ့ စကားစကို ကျနော်ကပဲ တခဏချင်း ပြန်ဆက်လိုက်ပါတယ်။ Read more of this post

သင်္ချာကို သင်ရာတွင်

သခ်ာၤဆိုတာဘာလဲ ။ ဘယ်စာအုပ်က ဘယ်လို ညွှန်းပါတယ်ဆိုတာထက် အထက်တန်းကျောင်း သင်္ချာမှာ ကျနော်တို့ ဘာတွေ သင်ရလဲ ။ ဒီမေးခွန်းက စသင့်မယ် ထင်ပါတယ်။ ( သင်္ချာကို ကျက်ရမယ်ဆိုပြီး သင်တဲ့ ကျောင်းအများစုတော့ ရှိနေတယ် ။ အဲ့ဒါကို ဖယ်ထားရင်) နိုင်ငံတကာ သတ်မှတ်ထားတဲ့ အထက်တန်း သင်္ချာပညာမှာ အီကွေးရှင်း ဖြေရှင်းဖို့နဲ့ ကိန်းဂဏန်း မေးခွန်း တွေ ဖြေရှင်းဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကောလိပ် သင်္ချာ အဆင့်တက်လာတော့ အဲ့မေးခွန်းတွေထဲက အပြောင်းအလဲ၊ Variables တွေရဲ့ အကြောင်းကို မူတည်ထားတယ်။ ဆိုလိုတာက ကိန်းဂဏန်းတွေတင် မကတော့ဘူး။ အစုတွေ၊ ဆက်သွယ်ချက်တွေ၊ အခြား သင်္ချာ စိတ်ကူးထည်တွေ ကို အာရုံထား လာတယ်။

ဘယ်လို ပဲ ဖြစ်နေနေ အထက်တန်း ရော၊ ကောလိပ် တက္ကသိုလ်မှာပါ သင်္ချာ ဆိုတာနဲ့ ပတ်သက်လို့ သင်ကြားရပြီ ဆိုရင် နောက်ကွယ်မှာ အရေးပါတဲ့ တစ်ခု ရှိပါတယ်။ အဲ့ဒါက ဆင်ခြင်မှု၊ အထူးသဖြင့် ပြောရင် ထုတ်ယူ ကောက်ယူဆင်ခြင်မှု လို့ခေါ်မလားပဲ။ Deductive Reasoning လို့ ဘိုလို ခေါ်ပါမယ်။ ( ဒါပေတဲ့ အဲ့ဒါကို ထုတ်ယူ ဆင်ခြင်တယ်လို့ ပညာရေးဌာန အစိုးရထုတ် ယုတ္တိဗေဒ စာအုပ်တွေမှာ မပြန်ထားဘူး။ )

စတိတ်ကျောင်း ၊ တန်းကျောင်း အဆင့် သင်္ချာမှာ ကျနော်တို့ကို ညီမျှခြင်း တစ်ခု ချပေးမယ် ဆိုပါတော့ ။ အဲ့ညီမျှခြင်းမှာ မသိကိန်း တစ်ခု ပါမယ် ဆိုရင် ( ဥပမာ – x ) အဲ့ မသိကိန်း x ကို ရှာနိုင်ဖို့က ပေးထားတဲ့ ညီမျှခြင်းရယ် ။ နောက်ထပ်လိုအပ်မယ့် အချက်အလက် တစ်ချို့ ရယ် ( တစ်ခါတစ်လေ အဲ့အချက်အလက် တွေတောင် ပါချင်မှ ပါမယ် ) ကို အသုံးပြုပြီး ဆင်ခြင် ယူရတယ်။ တန်းမြင့် သင်္ချာသမား ဖြစ်လာရင်လည်း အဲ့အတိုင်းပဲ ။ သင်္ချာ ပြဿနာ ပုစ္ဆာတွေ အတွက် သူတို့ရဲ့ နောက်ဆုံးရလာဒ် အဖြေ ရယူနိုင်ဖို့ ဆင်ခြင်ယူမှုကိုပဲ အသုံးပြုရတယ်။

ဆိုလိုတာကတော့ သင်္ချာရဲ့ အဓိက မဏ္ဍိုင်က ဆင်ခြင်ယူမှုပါ။ ဒါပေတဲ့ လက်ရှိကျောင်းတွေမှာ အလွတ်ကျက်တွေ များနေတယ်။ သင်္ချာကို အဖြေရလိုမှု တစ်ခုထဲ အတွက်ပဲ သုံးနေတယ်။ ဒါကလည်း အတိအကျတော့ မဟုတ်သေးဘူး။ စာမေးပွဲမှာ ဒီမေးခွန်းအတွက် ဒီအဖြေကို ပေးပါ – ( မှားလည်း မမှားပါဘဲ-) အခြားဖြေမိရင် ကြက်ခြေခတ် ပစ်တာမျိုးတွေ တွေ့နေရပါတယ်။ သင်္ချာမေးခွန်းတွေမှာ ရှိတာက – ဒီလိုမျိုးဖြေပါ။ ဟိုလိုမျိုး ဖြေပါ။လို့ လမ်းကြောင်းပြ မေးတတ်ပါတယ်။ အဲ့လို မေးတာမျိုး မဟုတ်ဘဲ အဖြေရဖို့အတွက်ပဲ မေးမယ့် မေးခွန်းတွေ အတွက် ကျောင်းသားက ဘယ်လို ပုံစံ ဖြစ်နေပစေ၊ ဘယ်နည်းကို သုံးသုံး စိတ်ကြိုက် ဖြေခွင့်ရှိပါတယ်။ မေးခွန်းမှာလည်း ဘာလမ်းကြောင်း ပြ မှ မပါပါဘဲလျက် – ဆရာသင်ပေးတဲ့ အတိုင်း မဖြေလို့ ကျောင်းသားကို အမှားပေးတာမျိုး။ အဲ့လိုမျိုးက သချာင်္ပညာမှာ မရှိသင့်ဘူး လို့ ထင်တယ်။ ဒါက သင်္ချာကို အသုံးချဖို့ ဆိုတဲ့ စိတ်ဓာတ် သွင်းတာ မဟုတ်ဘူး။ ကလေးတွေရဲ့ သင်္ချာ ဥာဏ်ရည်နဲ့ ကလေးရဲ့ ဥာဏ်ရည် ဖွံဖြိုးမှု လမ်းကြောင်းကို သတ်ပစ်တာ။

Read more of this post