ကလေး ဆန်ကြသည်

တစ်ချိန် က ဇင်ဆရာ နန်းယင် က ပြောဖူး တယ်။ “ကျုပ် ပြနေတာ လ ကိုပါ။ ကျုပ် လက်ညှိုး ကိုတော့ မကိုက် ကြပါနဲ့”

ကလေးလေး တွေ ဟာ ကိုယ့် လက်မလေးကို ကိုယ် စုပ်နေ၊ ကိုက်နေ တတ်တယ်။ မိခင် (ဝါ) ဖခင် ဖြစ်သူ ကို လှမ်း ကြည့် ပြီး မကြာခင် မုန့်စား ရ တော့မှာပဲ လို့ မျှော်လင့် တယ်။ အလားတူ- “ကလေးကြီး” တွေ ကလည်း အဲ့လို ပဲ။ ဆရာသခင် ရဲ့ လက်ကို လိုက် ကိုက် တယ်။ လိုက် စုပ်တယ်။ ဒါမှသာ မကြာခင်မှာ အသိတရား ရ ရမှာပဲ လို့ တွေးထင် တယ်။

ကလေးအဖြစ်က ချစ်စရာ ကောင်းတယ်။ ဒါပေမယ့် ကလေးဆန် တာကတော့ မကောင်းဘူး။ ရှင်းသန့် နေတဲ့ ကလေးအဖြစ် ဟာ ကောင်း တယ်။ ဒါပေမယ့် “ရှင်းသန့် နေ ယောင်ဆောင်” တဲ့ ကလေးဆန် တဲ့ အဖြစ်ဟာ အန္တရာယ် ရှိပါတယ်။ စိတ် ကို အာရုံ တွေ နဲ့ ဖုံးတဲ့ အခါ – လမ်း ကို မြင်မှာ မဟုတ်ဘူး။ ကြည်လင်မှု ပျောက်ဆုံး တဲ့ အခါ – အန္တရာယ် ကို ခွဲခြား နိုင်မှာ မဟုတ်ဘူး။ ဒါကိုပဲ – “မာယာ အပလိန်း လိမ်းကျံ နေတယ်” လို့ ဆရာတွေက – ပမာ နှိုင်းဆို တတ်ပါတယ်။ သရုပ် အားဖြင့် – သူတို့က – မိမိ ဦးတည်ရာ တွေ ကို ဝေဝါး ပစ်တယ်။ ကြည့်မှ မြင်မယ့် ဒီ အမြင် အတွက် – အနည်းဆုံးတော့ – မျက်လုံး လိုတယ် မဟုတ်လား။ ဒါပေတဲ့ – သူတို့ တွေက မိမိ မျက်ခွံ တွေ ကို ဆွဲပိတ် ချပစ်တယ်။

Read more of this post

လနှင့် ဓမ္မသို့ တိုက်ရိုက်

Zen ၌ ~ စကားလုံး ဝေါဟာရ ဟူသည် လကို ညွှန်ပြသည့် လက်ညှိုး သာ ဖြစ်သည်။ ဇင်နှင့် နေထိုင်သူ ပုဂ္ဂိုလ်အတွက် လသည်သာ အခရာ ဖြစ်သည်။ လက်ညှိုး မဟုတ်။ ထို့ကြောင့် ဇင်ဆရာများသည် စကားလုံး များတွင် ရပ်တန့်မနေ ။ စကား ဝါကျ များအတွင်း နိဂုံးချုပ် မသွား။

( က )
စကားတစ်စုသည်
အမတကို ညွှန်၍
ထာဝရသည်
မြည်းကောင်ငယ် စာဖတ်သကဲ့သို့ ရှိ ~

ဇင်ဆရာ တို့၏ အရေးအသား များတွင် ဤသို့ စာသား ကဗျာမျိုး အနှံ့အပြား တွေ့နိုင် ပါသည်။ အထူး သဖြင့် အရင်းခံ ကျကျ ဆိုစကား များထဲတွင် ~

( ခ )
သင်ကြားမှု
သင်ကြားမှုတို့ အလွန်သည်
စကားလုံးများ၊ ဝါကျများ၌
မမှီခို ~

( ဂ )
လူ့စိတ္တကို
တည့်တည့်ထောက်ပြ
သဘာဝကို မြင်လျှင်
ဗုဒ္ဓအရှင် ~

ဇင် အတွေ့အကြုံတို့နှင့် ပတ်သက်၍ စကားဝေါဟာရတို့ မဖော်ပြနိုင်ခြင်း အကြောင်းကိုလည်း ဤသို့ ဖော်ပြသေးသည်။

( ဃ )
ရေကို သောက်သော
သူ တစ်ယောက်
ရေ အေးလား ပူလား
သိ

( င )
အတိအကျ
စကားမရှိ

မည်သို့ပင် ဖြစ်စေ ~ ဇင်ဆရာတို့သည် မှတ်တမ်း စာတမ်း အများအပြား ထားရစ် ခဲ့သည်များ ရှိပါသည်။ အဘယ်ကြောင့် ယင်းစာများ ထားရစ် ခဲ့ပါ သနည်း။ ကျမ်းစာများ ကို မညိတွယ်ပါလျက် နှင့် ကျမ်းစာ များ ၊ ကဗျာများ အဘယ်ကြောင့် ရေးပါသနည်း။ ယင်းသည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဟန် ရှိပါသည်။ စင်စစ်လည်း ဇင်သည် မည်သည့်နေရာမှ ရှုမြင်သည် ဖြစ်စေ ဒွိဟ များ ရှိသည်။

Read more of this post

ဥာဏ်အလင်း ( or ) Enlightenment

မေး။ ။ဆရာအိုရှိုး။ ဥာဏ်အလင်း ရခြင်း ( Enlightenment ) အဖြစ်ကို ဆရာ ဘယ်လို ရှင်းလင်းမလဲ သိချင်ပါတယ်။ ဒီအဖြစ်က ပြောပြလို့ မလွယ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် တစ်ခုခု ပြောလို့တော့ ရနိုင်မလား။

ဖြေ။ ။ ကမ္ဘာမှာ ဥာဏ်လင်းပွင့်မှု ( Enlightenment ) လောက် လှပတာ ၊ ကျက်သရေ ရှိတာ အခြား မရှိပါဘူး။ ဥာဏ်အလင်း ရခြင်း အကြောင်း ၊ အဲ့ဒါနဲ့ ဆက်ဆိုင်တဲ့ အကြောင်း၊ အဲ့ဒီ ဥာဏ်လင်းပွင့်မှုက ထွက်လာတဲ့ အခြားတစ်ခုခု အကြောင်း အဲ့ဒါတွေဟာ လည်း လှပနေပါတယ်။ ဒါပေမယ့် တကယ့် ဥာဏ်အလင်းရရှိတဲ့ အဖြစ်ကိုတော့ မမှီဘူး။ ရေကန်ထဲမှာ ပေါ်နေတဲ့ လဟာ တကယ့် လ စင်စစ် မဟုတ်ဘူး။ ဒါပေမယ့် လှမြဲ လှနေဆဲပဲ မဟုတ်လား။ တကယ်လို့သာ ခင်ဗျားတို့ရဲ့ စိတ်တွင်း ရေပြင်ဟာ တိတ်ဆိတ် ငြိမ်သက်နေမယ် ဆိုရင် အဲ့ရေမှာ ပေါ်နေမယ့် လဟာလည်း တကယ့်လနဲ့ အတိအကျ တူနေမှာ။ Read more of this post

Life is bitter, isn’t it?


http://www.4shared.com/embed/320132560/d9299f3b

ဘဝ၊ လူနေမှု၊ အသက်ရှင်နေထိုင်နေရတာတွေဟာ ခါးသီးပါသလား။

ဒီမေးခွန်းကို ဖြေဖို့ သဘာဝ တစ်ရပ်ကို ကိုးကားကြည့်ပါမယ်။ ကျနော်တို့ သိပ္ပံမှာ သိကြတဲ့ တစ်ခုက လကမ္ဘာရဲ့ တစ်ဖက်ခြမ်းဟာ အမြဲတမ်း မဲမှောင်နေတယ်။ အေးခဲနေတယ်။ လရဲ့ အမှောင်ကမ္ဘာခြမ်းဟာ အမြဲခါးသက်နေမယ်လို့ ကဗျာဆရာအချို့က ဖွဲ့ဆို တတ်ကြတယ်။

လရဲ့အမှောင်တစ်ဘက်ခြမ်းမှာလို လူသားတို့ရဲ့ အမှောင်တစ်ဘက်ခြမ်း ၊ အမှောင်ကမ္ဘာကရော- ရှိနေသလား။ အမြဲမဲမှောင်နေမှာလား။ အမြဲ ခါးသီးနေမှာလား။ ကျနော်တို့ ဘဝကိုယ်စီမှာ အမှောင်ရိပ်မည်းကြီးတွေ ကိုယ်စီ ရှိနေပါတယ်။ အဲ့ဒီ အမှောင် ရိပ်မည်းကို ဒုက္ခလို့ ခေါ်ကြမလား။ အဲ့ဒီ အမှောင်ရိပ်မည်း ရှိမရှိကိုရော ကျနော်တို့ သိနိုင်ကြပါ့မလား။

ဒီအတွေးတွေနဲ့ Will Gray ရဲ့ The Dark Side of Ourselves ကို ဖတ်ကြည့်မိတယ်။

ကျနော်တို့ ငြင်းပယ်ချင်တဲ့၊ ကျနော်တို့ ပုန်းကွယ်ချင်တဲ့၊ ကျနော်တို့ ကျော်ဖြတ်ချင်တဲ့ ကျနော်တို့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဟာ အဲ့ဒီ အမှောင်ကမ္ဘာခြမ်း ဖြစ်ပါတယ်။

လူရှိရင် အရိပ်ရှိမယ်။ ဘဝရှိရင် အမှောင်ရှိတယ် ။ ရိုးအီနေတဲ့ ဝါကျတွေ စီကာပတ်ကုံး ရေးဖွဲ့ကြပေမယ့် ရွံ့မုန်းတဲ့ စိတ်ကို ဖြေဖျောက်မရကြတာ ကိုယ်စီမှာ ရှိတတ်ကြပါတယ်။ အောင့်အည်း သည်းခံတဲ့ စိတ်နဲ့ ကိုယ်စီ ဖြေသိမ့်လိုက်ကြတာလည်း ရှိတယ်။ ဘာပဲ ပြောပါစေ.. အရိပ်မည်းဟာ ကျနော်တို့ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း အားလုံးလက်ခံနိုင်ပါလိမ့်မယ်။

ဆိုးသွမ်းတယ်-လိမ္မာတယ်-ယုတ်မာတယ်-ရက်စက်တယ်-ညစ်ညမ်းတယ်-ဖြူစင်တယ်-မေတ္တာရှိတယ်-မုန်းတယ် စတဲ့ ကြိယာပုဒ်တွေ ဝိဝါဒ ကွဲပြားကြမယ်။ အဲ့အထဲမှာ အမှောင်ကမ္ဘာခြမ်း တည်ရှိနေပါတယ်။ လူသားတိုင်း ဖြူဖြူစင်စင် မွေးဖွားလာနိုင်မှာ မဟုတ်ပေမယ့် လူသားတိုင်းနီးပါးကို သင်ကြားခဲ့ကြမှာက မဆိုးသွမ်းနဲ့-မယုတ်မာနဲ့-မရက်စက်နဲ့-မညစ်ညမ်းနဲ့ ( တစ်နည်းအားဖြင့် ဆိုရင် အမှောင်ကမ္ဘာခြမ်းကို လက်မခံပါနဲ့ ) ဆိုတဲ့ စကားတွေ ပါပဲ။

ကျနော်တို့မှာ နားမလည်နိုင်ကြတာက ငယ်ရွယ်စဉ်ကလေးဘဝမှာ အဖြူထည်သား လိုချင်ရက်နဲ့ ( တစ်နည်း ) ရှိနေရက်နဲ့ ဘဝရဲ့ မာန်တွေတင်းလာကြတဲ့ နှစ်ဆယ်ကျော် အစိတ် ၊ သုံးဆယ်မှာ လူမှု ဆက်ဆံရေးအရ၊ စီးပွားရေး အရ အမှောင်ထုတွေ ပိုပိုပြီး ကြီးစိုးလာတတ်ကြတယ်။ အဲ့ဒါ ဘာလို့ပါလဲ။ Read more of this post

US သမ္မတများနဲ့ နာဆာ ( ၁ )


၁၉၅၇ အောက်တိုဘာမှာ ရုရှားပြည်ထောင်စု က ကမ္ဘာ့ ပထမဦးဆုံး ဂြိုလ်တု ဖြစ်တဲ့ စပွတ်နစ်ခ် အမှတ် ၁ ကို လွှင့်တင်တယ်။ အဲ့ဒီအချိန်မှာ အမေရိကန် သမ္မတက ဒွိုက်အိုင်ဆင်ဟောင်ဝါ ဖြစ်ပါတယ်။ ရုရှား ဂြိုလ်တုကြောင့် အင်အားကြီး နှစ်နိုင်ငံအကြား ပါဝါယှဉ်ပြိုင်ရေး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ အာကာသတွင်း စစ်အေးပြိုင်ပွဲ လို့တောင် ပြောရမယ် ထင်တယ်။ ဒီအကြောင်းကြောင့် ၁၉၅၈ မှာ NASA ကို စတင် ဖွဲ့စည်းပါတယ်။

အိုင်စင်ဟောင်ဝါက တာတို ကြည့်တတ်တဲ့သူ မဟုတ်ဘူး။ သိပ္ပံဆိုင်ရာ လုပ်ငန်းတွေမှာ စီးပွားရေးရော စစ်ရေးပါ ရေရှည် မျှော်တွေး ကြည့်တတ်တဲ့ သူလို့ ဆိုတယ်။ အာကာသ သိပ္ပံ ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားတယ်။ ဥပမာ – ရုရှား ဂြိုလ်တု စပွတ်နစ် အမှတ် ၁ မတိုင်ခင် ၁၉၅၇ – ၅၈ ခုနှစ် နိုင်ငံတကာ ဘူမိ-ရူပ နှစ်အတွက် အာကာသဂြိုလ်တု ပရိုဂရမ်တွေ ရေးဆွဲဖို့ ညွှန်ကြားခဲ့ဖူးတယ်။ ပရိုဂျက်တိုင်တွေနဲ့ သွားတဲ့ ( ကမ္ဘာ့ဆွဲအားအတွင်းတင် သွားတဲ့ ) ဒုံးပျံ နဲ့ လည်း ပတ်သက်တယ်။ ဒါကြောင့်လည်း ၁၉၅၈ ၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အိက်စ်ပလိုရာ အမှတ် ၁ ကို အောင်အောင်မြင်မြင် လွှင့်တင်နိုင်ခဲ့တယ်။ ဒါတင် မက သေးဘူး ၁၉၆၀ မှာ ဒစ္စကာဗာရာ ၁၄ ကို ထောက်လှမ်းရေး ဂြိုလ်တု အနေနဲ့ စတင်ခဲ့ပါတယ်။ Read more of this post

Perfect Number

သင်္ချာပညာရှင် ပေါလ် အဲဒစ်ရှ် အပါအဝင် သင်္ချာသမား အများစု အတွက် အလှတရား ဟူသည် သာမာန် သတ်မှတ်ထားသော အလှတရား ဟူသည့် အဓိပ္ပာယ်နှင့် မတူညီပေ။ ၎င်းတို့အတွက် အလှတရား သည် ကိန်းဂဏန်း ဆိုင်ရာ စဉ်းစားတွေးခေါ်မှု အပိုင်း၊ အသိဥာဏ် ကွန့်မြူးရမှု ကိုသာ ဆိုလိုသည်။ တစ်ချိန်က အဲဒစ်ရှ် ပြောကြားခဲ့ဖူးသည့် စကား တစ်ခွန်းရှိသည်။ “ဘေသိုဗင်ရဲ့ ဆင်ဖိုနီ နံပါတ် ၉ ကို လှတယ်လို့ ပြော ကြသလိုမျိုး ပါပဲ။ သူ့တေးသွားက ဘယ်လိုလှတာလဲ လို့ မေးရင် ပြန်ဖြေချင်မှ ဖြေတတ်မယ်။ အဲ့လိုမျိုးပဲ ကျုပ်တို့ အတွက် ကိန်းဂဏန်း တွေဟာ လှတယ်။ ဒါကို မလှပါဘူးဗျာ လို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ကျနော်တို့ ဘာမှ ပြန်ပြောစရာလိုပါဘူး” တဲ့။

ဟိုးအရင် တစ်ချိန်။ ခရစ်မပေါ်မီ ခြောက်ရာစု ခန့်က ဖြစ်မည်။ ဆမ္မိုမြို့က ပိုက်သာဂိုရ ဆိုသည့် ပုဂ္ဂိုလ်မှာလည်း ဤကဲ့သို့ ခံစားချက် ရှိခဲ့ဖူးသည်။ ကိန်းဂဏန်း များသည် တွက်ချက် ၊ ရေတွက်ရာ တွင်သာ အသုံးပြုသည် မဟုတ်ဘဲ မြင့်မြတ် သော၊ နှစ်လိုဖွယ် ကောင်းသော ၊ ကောင်းမြတ်ခြင်းကို ဆောင်ကြဉ်းတတ်သည့် ( သို့မဟုတ် ) ဆိုးကျိုးကို ဖန်တီးတတ်သည့် သဘော ရှိသည်ဟု ယူဆခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ကိန်းဂဏန်းများ၏ အတွင်းသဘော ထဲမှ ဘာသာရေး အဖွဲ့အစည်း တစ်ရပ် ကိုပင် ဖွဲ့စည်းခဲ့သေးသည်။

ပိုက်သာဂိုရသည် ကိန်းဂဏန်းများ နှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာ ခဲ့သူ၊ အစောပိုင်း သင်္ချာပညာရှင်ဟုလည်း ခေါ်ဆိုနိုင်ပါမည်။ တကယ်တမ်း တွင် သင်္ချာ၏ အခြေခံ အပေါင်း အနုတ် များအားဖြင့် သာ နွယ်ယှက်၍ စဉ်းစား သွားကြရလေရာ ယင်းတို့မှ တစ်ဆင့် ဂဏန်းစဉ်တို့ ၏ ထူးခြား ချက်များကို တွေ့ရှိလာကြရသည်။

Perfect Number ကို ပြည့်စုံကိန်းဟု ဘာသာပြန်ဆိုသည်ကို တစ်ခါက ကြားဖူးသည်။ ပြီးပြည့်ဝသော ကိန်းတစ်ခုဟု ဆိုကြသည် ဖြစ်သောကြောင့် သိဒ္ဓိဝင် ကိန်းဟု ဆိုရမည်လား မပြောတတ်။ သိဒ္ဓိဝင်ကိန်း ဟု ဆိုလျှင် Prime Number ( သုဒ္ဓကိန်း ) နှင့် ရောထွေး နိုင်သောကြောင့် ပြည့်စုံကိန်း ဟုသာ ဆက်လက် ခေါ်ဆိုပါမည်။

Read more of this post