စောရ နှင့် နာဂါဇုန

Q: ဘာဝနာပဲ ပြောပြီး၊ အကျင့်သီလ စောင့်ထိန်းမှု နဲ့ ပတ်သက်လို့ ဘာမှ ပြောတာ မတွေ့ရဘူး။ ကိုယ်ကျင့် သိက္ခာမှာ- ဘယ်ဟာ မှန်ပြီး ဘယ်ဟာ အမှားလို့ ဘယ်လို ဆုံးဖြတ်မလဲ။

A: ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန် ပါ ဆိုတာ တွေ ကို ဆိုင်ရာ ဘာသာရေး အားလုံး မှာ ကိုယ်စီ သတ်မှတ် ပြဌာန်း ထား တယ်။ “ဒါ လုပ်ပါ – ဟိုဟာ မလုပ်နဲ့။ ဒါ ကုသိုလ်၊ ဟိုဟာ အ ကုသိုလ်၊ ဒါ က ကိုယ်ကျင့်သီလ၊ ဟိုဟာ က ဖောက်ပြားမှု အပြစ် – စသဖြင့် ခွဲခြား ပြော ကြား ထားပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲ့ဒီ ခွဲခြား သတ်မှတ် တာ ဟာ မှန်တယ် လို့ ကျနော် မမြင်ဘူး။ ဒါ့အပြင် အဲ့ဒီ သတ်မှတ် ခွဲခြား၊ ပညတ် ချက် ဟာ စင်စစ် အကျိုး သက်ရောက်မှု မရှိနေ ဘူးရယ်။

ဘဝ တစ်ခုလုံး ဟာ အမြဲ ပြောင်းလဲ နေပါ တယ် ။ ခင်ဗျား တခဏလေး စိုက်ကြည့်ရုံနဲ့ ကိုယ့် ဘာသာ သိနိုင်တယ်။ ဘယ် အရာ မှ မကျိန်းသေ ရင်တောင် – ပြောင်းလဲနေ တဲ့ ဖြစ်စဉ် ကတော့ ကျိန်းသေ ရှိကို ရှိ နေတယ်။ ခင်ဗျား အပါအဝင် အရာရာ တိုင်း ဘယ် တစ်ခုမှ မချွင်းမချန် ဆက်ခါ ဆက်ခါ ပြောင်းလဲ နေ တယ်။ အဲ့ဒီ အပြောင်း အလဲ တွေ ကြားထဲမှာ – ဒါကို အမှန်၊ ဟိုဟာ ကို အမှား လို့ – Ready-made အဖြေတွေ – ခင်ဗျား ဘယ်အကြောင်းနဲ့ ယူထား မလဲ။ ဘယ်လို ယူထား မလဲ။ အသင့် ထုပ်ပိုး ပြီးသား အဖြေတွေ နဲ့ ခင်ဗျား ရှေ့မှာ ရှိမယ့် အပြောင်းအလဲ တိုင်း၊ ဖြစ်ရပ် တိုင်း ကို ဘယ်လို ရင်ဆိုင် မလဲ။

ဒီကြား ထဲ က – “ဘယ်လို အခြေ အနေ ဖြစ်ဖြစ် ဒါပဲ လုပ်ရမယ် – ဒါမှ အမှန်ပါ” လို့ ကျနော် က ပြောမယ် ဆိုပါစို့။ ခင်ဗျား လည်း ကျနော့ ကို ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦး မို့ ချစ်ခင် ယုံကြည် လို့၊ လက်ခံ စွဲမြဲ ထားမယ် ဆိုပါစို့။ ခင်ဗျား ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်ရပ် တစ်ခု ကြုံ ဆုံတဲ့ အခါ – ကျနော် ပြောမယ့် အဲ့ဒီ Moral Code နဲ့ – ခင်ဗျား ဘယ်လို ရင်ဆိုင် မလဲ။ ခင်ဗျား ကိုယ်တိုင် အသိ မပါဘဲ – မှတ်သား မိလို့ သက်သက် – လုပ်ရတဲ့ အလုပ် ဟာ ခင်ဗျား ရင်တွင်းထဲ Dilemma သာ ပေါ်ပေါက်သွား ဖို့ ရှိတယ်။ ခင်ဗျား အတွက် အဟန့် အတား သာ ဖြစ်နေ ပါလိမ့်မယ်။ Read more of this post

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

ဆရာမြင့်သန်း ရေးပါသည်။

ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။

ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။

တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။

ရိုသေပြတယ်ဆိုတာ ... အရင်လူက နောက် လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ ရအောင် ထွင် ထားခဲ့တာ။

တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။

ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။

Read more of this post

ကိုဓ

လက်တစ်ဖက် ဆုံးရင် လက်တစ်ဖက် ချင်း၊ မျက်လုံး တစ်ဖက် ကန်းရင် မျက်လုံး တစ်ဖက် ချင်း ဆိုတဲ့ ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေက ကြီးစိုးလျက် ပဲလား။ လူတွေ ရင်ထဲမှာ ရန် အငုတ်၊ အငြှောင့်တွေနဲ့ ဆိုတာ ရှိနေတာပဲလား ။ အဲ့လို တွေးဖြစ်လာတဲ့ သတင်း ဖတ်မိတာ ပြောရင် –

Ameneh Bahrami

၁၆ ရက်နေ့ နေ့စွဲနဲ့ တင်ရှိလာတဲ့ လော့စ် အိန်ဂျလိ တိုင်းမ်မှာ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက် အချိန်က အီရန် အမျိုးသမီး တစ်ယောက် ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူ – အဲ့လူကို အခု ဘယ်လို ပြစ်ဒဏ် ချမလဲ ။ ခုံရုံးက အကြိတ်အနယ် စဉ်းစားနေရတယ်။ ရွှေ့ဆိုင်းလိုက်ရတယ် ၊ ဆိုင်းငံ့ထားရတယ်လို့ ကြားတယ်။

မာဂျစ် မိုဗာဟယ်ဒီ ဆိုတဲ့ ၂၁ နှစ်အရွယ် လူငယ်က သူ့ကို လက်ထပ်ဖို့အတွက် ငြင်းဆန်ရကောင်းလား ဆိုတဲ့အကြောင်း ပြချက်နဲ့ အမီနာ ဘာရာမီဆိုတဲ့ အမျိုးသမီးကို ဆာလဖျူရစ် အက်ဆစ် တစ်ဂါလံ ကျော်ကျော် လောင်းချခဲ့တယ် ဆိုပဲ။ အဲ့အချိန်က လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ၂၀၀၄ ခုနှစ်က ။ အဲ့တုန်းက ဘာရာမီက တဲဟ်ရန်းမှာ နေတယ်။ အောင်လည်း အောင်မြင်နေတဲ့၊ ရည်ရွယ်ချက် ရည်မှန်းချက် လည်း ကြီးတဲ့ မိန်းကလေး အင်ဂျင်နီယာ တစ်ယောက် အဖြစ် ဘဝရပ်တည် နေခဲ့တာ။ အခုတော့ သူ့အတွက် ဆာဂျရီ ခွဲစိတ်မှု ပြုရာ စပိန်မှာ နေ နေပါတယ်။

ဒီလို ပြစ်ဒဏ်မျိုးကို အီရန်နိုင်ငံရဲ့ အစ္စလာမ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ခွင့်ပြုပါတယ်။ qisas လို့ ခေါ်မယ်။ retributive justice တဲ့။ တရားခံရဲ့ ခန္ဓာကိုယ်ကို တူမျှတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း တစ်မျိုး လို့ပဲ ဆိုရမယ်။

ဘိုင်ရု က အစ္စလမ်လေ့လာရေး ပညာရှင် အာမက် မူဆာလီ ရဲ့ အပြောအရတော့ ဒီ retributive justice ဆိုတာ ပုဂ္ဂိုလ်ရေး အချင်းချင်း ပြစ်မှု ဖြေရှင်းရာမှာ ဘုံသုံးလေ့ ရှိတဲ့ နည်းလမ်း တစ်ခုပဲတဲ့။ တရားရုံး တွေမှာ ပြစ်ဒဏ် ချမှတ်တာ ထက် အများအားဖြင့် မိသားစုဝင် အချင်းချင်း ကြားမှာပဲ ဖြေရှင်းလေ့ ရှိတဲ့ နည်းပဲ လို့ ဆိုပါတယ်။ Read more of this post

Just Think

လူ့စင်စစ် မည်သို့ ဖြစ်သနည်း

ယုတ္တိဗေဒသည် တွေးတောခြင်း၏ သိပ္ပံပညာရပ် ဖြစ်သည်။ တွေးတော စဉ်းစားခြင်းသည် အသိပညာ ( သညာ ) များဖြင့် စိတ်ကို ဆေးကြောသည်။ ( သို့သော် သန့်စင်ချင်မှ သန့်စင်ပေမည်။ ) အသိသညာ များဖြင့် တည်ဆောက်လာခြင်းဖြင့် သိစိတ် အစဉ် ဖြစ်လာသည်။ ၎င်းသည် သေဆုံးရပ်တန့်နေသော အရာမဟုတ်။ ရှင်သန်နေသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ စွဲယူခြင်း၊ ဆန့်ကျင်ခြင်း တို့ကဲ့သို့ မက္ကင်းနစ် ဖြစ်စဉ် တစ်ခုလည်း မဟုတ်ပေ။ တွေးတောခြင်းသည် သိစိတ် ဖြစ်စဉ်၏ ဆက်နွယ်ချက် တစ်ရပ် ဖြစ်ပြီး ဇီဝရုပ် တိုးတက်လာသည် နှင့် အမျှ ဖွံ့ဖြိုးလာရသော လုပ်ဆောင်ချက် လည်း ဖြစ်သည်။ တွေးတောခြင်း ဖြစ်စဉ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း စီမှ တစ်ဆင့် မျိုးနွယ်အတွင်းသို့ စိမ့်ဝင် တိုးတက် ပျံ့ နှံ့သည်။ တွေးတောခြင်း ဖြစ်စဉ်တို့တွင် အခြေခံ ကျသည့် ကွဲပြား ခြားနားချက် မရှိ။ ဆင့်ကဲတိုးတက်လာသည့် ဖြစ်စဉ်အတွင်းတွင် ခွဲခန့်သတ်မှတ်ခြင်း၊ သုံးသပ်ခံယူခြင်း နှင့် ဝေဖန်သုံးသပ်ခြင်း ဟူသော အသိဥာဏ် အဆင့်ဆင့် အပိုင်းတို့ အဖြစ်သာ အမည်တပ်နိုင်မည် ။

ယနေ့ ခေတ်အခါတွင် ဖြစ်တည်မှု ဟူသော စကားလုံး၏ အနက်အဓိပ္ပာယ်မှန်ကို စနစ်တကျ ခွဲခြား တတ်ရန်လိုလာသည်။ အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် ရှိသော်လည်း အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် မရှိတော့။ ကျနော် တို့ သိသည်က မျက်မြင်ဒိဋ္ဌ အာရုံများဖြင့် ခွဲခြား သိရှိခြင်း ဖြစ်ရသကဲ့သို့ တစ်ဖက်တွင်လည်း ဆင်ခြင်ဥာဏ်ဖြင့် ပိုင်းခြား သိရှိရသည်။ Read more of this post

ဆရာပါ- သို့

ကျနော့ဆရာ တကယ် ထွက်သွားရပြီ။

အဲ့ အသိက ကျန်တဲ့အရာတွေ နည်းတူ ကျနော့ကို အချိန်တော်တော်ကြာအောင် ရိုက်ခတ် နေဦးမည် ထင်သည်။ ဆရာ မနက်က ဆုံးသည်ကို ကျနော် ည မိုးချုပ်မှ သိရသည်။

ဆရာပါရဂူ

သတင်း ကြားလိုက်ရချိန်က ဖုန်းကိုင်ပြီး မတ်မတ်ရပ် ထားသည့် ဒူး – ခပ်ဆတ်ဆတ် တုန်သွားသည်။ မည်မျှ အရေးကြီးသော အလုပ်ရှိနေသည် ဖြစ်ပစေ ၊ ကျနော် ခဏတော့ ရပ်ရပေပြီ။ ကျနော့ဘ၀ လမ်းကို အလင်းရောင် ထွန်းပေးထားခဲ့သော ဆရာပါရဂူဟူသည့် မီးပြတိုက်ကြီး ပြိုလဲသွားပြီကော – ။

ကျနော် ဆရာ့ဆီက သိချင်တာတွေ အများကြီး ကျန်နေသေးတယ် ဆရာ။

တီးတိုး ရေရွတ်မိပါသည်။ ၀မ်းနည်းမိသည့် စိတ်များ ကူးလူး ယှက်သန်းသွား သည့် ကြားမှ အတ္တစိတ်နှင့် အတွေးက ၀င်လာ ခြင်း ဖြစ်မည်။

ဆရာ ငြိမ်းငြိမ်း ချမ်းချမ်း သွားပါစေလား ။ သူ ဆောင်ခဲ့တဲ့ ထမ်းခဲ့တဲ့ ဒီဝန်တွေကို လွတ်လွတ်လပ်လပ် ထားရစ် ခဲ့ပါစေလား။ “မှန်တာကို မှန်တယ်ဆိုတဲ့နေရာမှာ ထားခဲ့၊ မှားတယ်ဆိုတာကိုလည်း မှားတယ်ပြောတဲ့နေရာမှာထားခဲ့။ အမှန်အမှား တွေရဲ့ အပြင်ဘက်မှာ” ဆိုတဲ့ စကားမျိုးတွေကို ဆရာ့ဆီက အပြည့်အ၀ နာကြားခဲ့ရပြီးပြီဘဲ။ သွားပါစေတော့လား။

အတွေးစတွေကို ငြိမ်သက်အောင် ကြိုးစားမွေးမြူရင်း ခန္ဓာကိုယ်ကိုပါ ငြိမ်သက်အောင် ကြိုးစားလိုက်မိသော်လည်း မျက်ရည်စ တွေက အလုံးအရင်း လိမ့်ကျလာသည်။ ကြည့်နေရာ ဤကွန်ပျူတာ မျက်နှာပြင်ကေ၀၀ါးသွားသည်။ “ငိုကြွေး မြည်တမ်း ခြင်းသည် ခရီးသွားလာရမည့်သူကို ချည်နှောင်ခြင်းလည်း ဖြစ်သည်။” တဲ့ ။ ဆရာဆီက သင်ယူ ရခဲ့မိတာ တွေက တစ်ခု။ ဤတစ်ခုကြောင့် ရှိုက်ကြီးတငင် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်မိသည်။

ဤဖြစ်ရပ် နှင့် အလား သဏ္ဍာန်တူ ကြုံခဲ့ဖူးပါသည်။ အခုလို ဆရာ ထွက်သွားတာ မျိုး မဟုတ်။ မိဘ၊မောင်နှမများထံမှ ကျနော် ထွက်လာတုန်းက ။ ဆရာပါ၏ “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရသျှတ္တရ” စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျနော့်ခြေလှမ်းတွေ ခိုင်မာခဲ့ဖူးသည်။ အားအင် အပြည့် ရခဲ့ဖူးသည်။ မိုက်ရူးရဲ ဆန်နေသည်လားဟုပင် ဇဝေဇ၀ါ ဖြစ်မိသည်အထိ တင်းမာခဲ့ဖူးသည့် ခြေလှမ်းများ ဖြင့် လျောက်ခဲ့ ဖူးပါသည်။ အဲ့အချိန်က မိသားစု ဆီ စာရေးတော့ အခုလိုပင် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ဖူး သေးသည်။ ယခုကဲ့သို့ပင် ကျနော် ရေးနေသည့် စကားလုံးများ ကို ကျနော် ကိုယ်တိုင်မမြင်ရတော့သည် အထိေ၀၀ါးသွား ခဲ့ဖူးသည်။

Read more of this post

လူကြီးသူငယ်နာ

ဟိုးတုန်းကစာပါပဲ၊ အခုပြန်ဖတ်တော့ မှန်နေဆဲ ပါလား လို့ တွေးမိပါတယ်။

ကျနော်တို့ မြန်မာတွေမှာမှ ဒီလိုမျိုး ရှိနေတာလား။ အခြားလူမျိုးတွေမှာ ရော မရှိဘူးလား။ ဘာလို့ ပါလိမ့်။ ဆက်ပြီး တွေးမိပါတယ်။ ကိုယ့်အကြောင်း ကိုယ်သိမှ သင့်လျော်တယ် ဆိုတဲ့ စကားလည်း ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် နဲ့ ကိုယ့်ဖြစ်ရပ်  တွေပဲ ပြန်ကြည့်တော့..  အောက်မှာ ပြောထားတဲ့ စကားများနဲ့ ဘာမှ ကွာဘူး ဆိုတာ သိလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ သွေး နားထင်    ရောက် နေတဲ့သူတွေ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးတွေ၊ ( ဒီစာ အတိုင်း ပြောရင်တော့ ) ကလေးပေါကြီးတွေ၊ ဟုတ်ပါ့ မှန်ပါ့နဲ့ ကလေးဗိုလ်လုပ်ပြီး ဂြိုလ်ကြွနေတဲ့သူတွေ  ဖြစ်နေကြပါရော လားလို့. ……. ..တွေးရင်း တွေးရင်း …

ကိုယ်ဖတ်လိုက်မိတဲ့ ဒီစာလေးကို အမြတ်တနိုးနဲ့ ရှယ်ပါတယ်။

ဘယ်တော့ ဘယ်အချိန် ဘယ်အခါ ကျမှ ဒီေ-ာက်ကျင့်တွေ ပျောက်ကြမှာလဲ…………
( တောသားဆိုတော့ တောစကားအတိုင်းပဲဗျာ )
ဇေယျ
……………………………..

Oh! We Burmas by U Thant

ဦးသန့်

ကျနော်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်းအားနည်းချက် တစ်ခု ရှိပါသည်။ ဤအားနည်းချက် သည်ပင် ဖွံ့ဖြိုးမှု နောက်ကျခြင်း ၏ အကြောင်းရင်းခံ တစ်ခု ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက် ဟာကွက် မျိုးကို အမေရိကန်တွေက ‘လူကြီး သူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျနော်တို့ နိုင်ငံ တွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှ ပေါ ဖြစ်လေရာ၊ သူတို့ ပြောသော ရောဂါ အမည်နှင့် အဟပ်ညီမည် ထင်ပါသည်။ သို့နှင့် တိုင် အဆိုပါ အပြစ်အနာအဆာ မှာ စိတ်နှင့် ကိုယ်တွင် ကပ်ငြိနေသော ရောဂါ ဆိုသည်ထက်၊ အသိပညာ အရာတွင် ကလေက၀ နိုင်မှုနှင့် ပို၍ ဆိုင်ပါလိမ့်မည်။ မည်သို့ပင် ရှိစေ ဤလို ရောဂါမျိုး ဖိစီး နှိပ်စက် ခံနေရသည့် မြန်မာလူမျိုး အရေအတွက် သည်ကား ပို၍ ပို၍ များလာ ဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်း အားနည်းချက် ( ဆိုကြပါစို့ .. ရောဂါ ) ဆိုသည်မှာ ဘာကို ဆိုလို ပါသနည်း။ ဤရောဂါက ကျနော်တို့ မြန်မာတွေကို ဘယ်သောင် ဘယ်ကမ်း ဆိုက်စေ မည်နည်း။

Read more of this post

Chaos and Confusion

The following messages are from New York Times. So favorite in this Articles and sharing with my beloved friends. Thanks a lot

Zayya

……………………………………….

March 30 – April 5, 1861

It was Take Your Pick Week in Washington. Do you want your army run by a general or a captain? Do you want your Navy run by the secretary of the Navy, or a naval lieutenant, or an army captain, or a private businessman? Do you want your government’s policies to be set by the president, or by a rival he defeated?

Do not trouble yourself excessively to divine any answers, for these are trick questions: at one time or another this week, you had them all.

At the week’s beginning, President Lincoln had ordered the implementation of the plan for a relief expedition to Fort Sumter that had been devised by Gustavus Fox, a politically connected mill owner from Massachusetts who had once been a naval officer and who had recently impressed the president with his intellect and demeanor.

For all its virtues, confusion was woven into the fabric of the plan from the start. The mission called for a convoy of civilian vessels that would carry supplies and 1,000 troops, and armed military vessels that would protect them. The civilian Fox could not command the military vessels, but Commodore Stringham, who as the Navy’s senior officer was the logical choice to take over the expedition, declined the job because Fox had scouted the harbor and authored the plan. Another officer would have to be named, but because time was fleeting, Fox left for the Brooklyn Navy Yard to begin assembling civilian ships and provisions. Meanwhile, Navy Secretary Gideon Welles ordered the revenue cutter Harriet Lane in Brooklyn and the steamers Pawnee in Washington and Pocahontas in Norfolk to prepare to join the expedition not later than April 6. The next day Welles telegraphed Brooklyn and ordered the steamer Powhatan to be readied as well.

But a mission being readied is far from a mission underway, which meant that William Seward still had time to save the administration from what he felt would be a catastrophic intervention. The secretary of state always believed that the federal government could lose nothing by waiting. The fragile secession bubble would soon pop, crushed by such small irritants like fixing roads and filling positions and collecting taxes. The South would come back soon, assuming the North didn’t make it too hard for the rebels, once they stopped hooting and hollering, to swallow their pride.

And what would fighting at Fort Sumter be about but pride? It has no military necessity to the North. The army doesn’t believe we can relieve it, and the effort to reinforce it in January failed. The army’s presence there is a bone in the prideful confederacy’s throat that they will surely act to remove, and once they do so, our pride will be affected, and the fight will escalate. If we are bent on asserting ourselves, why not do so somewhere like Florida or Texas, where we can win more easily, make our point more cheaply, and leave open the door to reconciliation?

Montgomery MeigsLibrary of Congress Montgomery Meigs

Seward thought he might have a way to open the president’s mind in the person of Montgomery Meigs, a charismatic army captain who had made a name for himself building the Rock Creek Aqueduct and overseeing the construction of the Capitol, and perhaps even more importantly, by openly feuding with his former boss, the treasonous ex-Secretary of War John Floyd, and publically calling for the impeachment of President Buchanan. Seward, sensing that perhaps the president had grown tired of recalcitrant museum pieces like Scott and Totten, thought that Lincoln might like to hear from an officer “who could still get on a horse in the field.’’

Seward and Meigs met with Lincoln and presented a plan for relieving Fort Pickens in Pensacola Harbor. Lincoln was interested, and asked if Meigs could command an expedition that would not only secure Fort Pickens, but also Forts Jefferson and Taylor in the Florida Keys. Certainly, said Meigs, who nonetheless felt obliged to point out that as a mere captain, he would not be able to command the majors who were in charge of the forts. Read more of this post