မဟာပုရိသ ဘယ်ကစ

သည်ကနေ့ – အသိမိတ်ဆွေ တစ်ဦးက သူ့ကိုယ်သူ မဟာပုရိသ ဝါဒီ ( ယောင်္ကျားသာလျင် အမြတ်ဆုံး ) ဟူ၍ စကား ဆိုသည်။ ဤကဲ့သို့ စကားမျိုး တွေ့လျင် – မနေနိုင် မထိုင်နိုင် ပြောချင်ဆိုချင် ရှိတတ်သော ပါးစပ်ကို ခေတ္တ ပိတ်ထား လိုက်သည်။ သူ့ အရှိန်နှင့် သူ ရှိစေတော့။

http://zayya.blog.com/archives/282/ ယောင်္ကျား မိန်းမ ပြဿနာ ဟူသော အမည်ဖြင့် ရေးခဲ့ဖူးသေးသည်။ သို့သော် အတွေး တို့က ကျန်ရစ်သည်။ မဟာပုရိသ ဟူသော အယူအဆသည် မည်သို့ မည်ပုံ ကျနော် တို့မြန်မာကြား အမြစ်တွယ်လာခဲ့ပါသနည်း။ ယင်း မေးခွန်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်စ၍ ဤစာဖြင့် ရှင်းထုတ်ပါသည်။

မြန်မာတို့တွင် ယောင်္ကျား မိန်းမ – သူအသာ-ငါအနာ ခွဲခြား သတ်မှတ်သည့် စရိုက်များသည် အိန္ဒိယလောက် ထင်ထင်ရှားရှား မရှိ။ သိုသော် အတန်ငယ်တော့ ရှိသည်။ အဘယ်ကတည်းက စတင် ရှိခဲ့ကြပါသနည်း။ အထင် အရှား ရှိခဲ့သည့် မြစ်ဖျားခံရာ ဒေသ မှာ အိန္ဒိယ ဖြစ်သည်။ သို့သော် ယနေ့ ခေတ် အခါတွင် ယင်း အိန္ဒိယ ၌ ယောင်္ကျား မိန်းမ တို့ ရင်ဘောင်တန်း ၍ နားလည်မှု ရှိသင့်သလောက် ရှိနေကြပြီ ဖြစ်သည်။ အမျိုးဇာတ်နှင့် ဓလေ့တို့ကား မပျောက်ပျက် ကြသေး ။ ကျန်ရစ်နေဆဲ ရှိသည် ။

မြန်မာနိုင်ငံတွင် မဟာပုရိသ၊ မဟာဣိတ္ထိယ စသည် ခွဲခြား ခေါ်ဆိုမှု မရှိသလောက် နည်းပါးသည် ဟု ဆိုချင်သည်။ မြန်မာ အမျိုးသမီးများ အနေဖြင့် ရှေး အတီတေ ကတည်းက လွတ်လပ် ခဲ့ကြသည်။ ဆိုလိုသည်မှာ အိန္ဒိယနှင့် နှိုင်းယှဉ်လျှင် များစွာ လွတ်လပ်သည်။

ကျနော့် အနေဖြင့် – လွတ်လပ်ခြင်းသည် ဗရမ်းဗတာ နေထိုင်ခြင်း၊ ပျက်ဆီးခြင်း မဟုတ်။ ထိန်းကျောင်းမှု ၊ နားလည်မှု မရှိမှသာ ပျက်ဆီးခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အမျိုးသမီးများ၏ ( အချို့ ) အနေအထိုင်တို့ကို ကြည့်၍ လွတ်လပ်မှု ဟု အမည်တပ်လျှင် မြန်မာ အမျိုးသမီးတို့တွင် ထင်သလောက် မလွတ်လပ်သေးဟု ဆိုကြပေလိမ့်မည်။ အကယ်စင်စစ် ကျနော်တို့ မြန်မာများ အနေဖြင့် မိမိတို့ ယဉ်ကျေးမှုနှင့် အထိုက်အလျောက် ရှိပါသည်။ တကယ်တမ်း ယောင်္ကျားလျင်လည်း ယောင်္ကျား အလျောက်၊ မိန်းမသည်လည် မိန်းမ အလျောက် သိမြင်နားလည် လွတ်လပ်ခဲ့ကြသည် ချည်း ဖြစ်သည်။

စင်စစ် ယောင်္ကျားနှင့် မိန်းမတို့တွင် မည်သူမျှ သာ မနေသလို၊ မည်သူမျှလည်း နာမနေပေ။ ၎င်းတို့သည် မတူညီသော သဘာဝ နှစ်ရပ်မျှသာ ဖြစ်သည်။ ယင်းထက် မပို။ ယင်း မတူညီသော နှစ်ရပ်ကို ယှဉ်ပြိုင်ရန် မလို၊ နှိုင်းယှဉ်ရန် မလို။ – ယှဉ်ပြိုင်နှိုင်းယှဉ်၍ ဆိုပါကလည်း မိုက်မဲသော သူသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယင်းကို နားမဝင်ကြသည့် သူများ ရှိပါသည်။ အဘယ်ကတည်းက ယင်းတို့ အခံ ဓာတ် စွဲမြဲခဲ့သည်ကို ကျနော် မသိ။ ဆရာပါရဂူ၏ စစ်တမ်းကို ကိုးကား၍ စစ်ထုတ်ကြည့်လိုသည်။

ဆရာပါရဂူ ဆိုခဲ့ဖူးသည့် စကား ရှိသည်။

“မြန်မာ့ လူ့အဖွဲ့အစည်း ၌ ရှိသော မြန်မာအမျိုးသမီးများနှင့် ပတ်သက်သည့် အမည်းစက် တစ်ခုမှာ မိန်းမနှင့် ယောင်္ကျား တန်းတူ မထားလိုသည့် အတွေးအခေါ် အယူအဆ ဖြစ်သည်။ ယင်း အတွေးအခေါ် အယူအဆသည် တွင်တွင် ကျယ်ကျယ် ခေါင်းထောင်ထနေခြင်းမျိုး မဟုတ်သော်လည်း အတွင်း ငုပ်နေသော အတွေးအခေါ် အယူအဆ တစ်ခု ဖြစ်သည်။ မိန်းမနှင့် ယောင်္ကျားသည် လူသားချင်း အတူတူ ဖြစ်သော်လည်း ယောင်္ကျားက မိန်းမထက် သာသည်ဟု ထင်မြင်ယူဆသူများ ရှိနေကြသည်။

“မီးနေခန်း အပြင်ဘက်က နားစွင့်နေသော ဖခင်ဖြစ်သူသည် ‘မိန်းကလေး’ ဟု သတင်းရလျှင် မျက်နှာရှုံ့မဲ့သွားပြီး ‘ယောင်္ကျားလေး’ ဟု ကြားလျှင်ကား မျက်နှာ လမင်းထက် သာဝင်းတတ်သေးသည်။ ယင်းဖခင်များသည် ‘မိန်းမလည်း လူ၊ ယောင်္ကျားလည်း လူ’ ဟူသော အမှန်သဘောကို အတွင်းနှိုက်၍ မဆင်ခြင်ကြသူများ ဖြစ်ကြသည် ဟုသာ ဆိုရမည်။”

Read more of this post

စာအုပ်ဆိုင်က အပြန်

မနေ့က လစာထုတ်ရက်ဆိုတော့ ညနေခင်း အရောက်မှာ မှန်းထားတဲ့အတိုင်း စာအုပ်ဆိုင်ဆီ ဦးတည် ထွက်လာခဲ့တယ်။ အွန်လိုင်းပေါ်မှာ စာအုပ်တွေ ဘယ်လို များများ ရှိနေပါတယ် ပြောပြော ၊ စာရွက်တစ်ဖြတ်ဖြတ် လှန်ရတဲ့ အရသာနဲ့၊ စာအုပ်စင်ကြား ကျီးမောရတဲ့ အရသာက ဘယ်တော့မှ ရိုးနိုင်မယ့် အရသာမျိုး မဟုတ်ဘူးရယ်။ ဒါပေမယ့် ကျနော် စာအုပ်ဆိုင်ကို တစ်လ တစ်ကြိမ်လောက်သာ ရောက်နိုင်တော့တယ်။ အဓိကက စာအုပ်ဆိုင်ရောက်ရင် ဝယ်ချင်တဲ့ စာအုပ်တွေက ပါတဲ့ငွေနဲ့ မလောက်တာ ပါပဲ။ ဒုတိယ အချက်က ကွန်ပျူတာနဲ့ မျက်နှာနဲ့ အိပ်ချိန်ကလွဲရင် ကျန်တာက နာရီပိုင်းတောင် မခွာနိုင်ဘူး ဖြစ်နေရတယ်။ တကယ်က အလုပ်လုပ်နေတာ မဟုတ်ဘူး၊ လုပ်ချင်တာ လုပ်နေတာ သက်သက်ပါ။ ဒီ ဒုတိယ အချက်ကြောင့်ပဲ စာအုပ်ဆိုင်နား တော်တော်နဲ့ မရောက်ဖြစ်ဘူး ဆိုကြပါစို့။

ရာပြည့်တိုက်ကို ရောက်တော့ ကိုယ်နှစ်သက်ရာ အမျိုးအစားအလိုက် စုထားတဲ့ စာအုပ်စင်တွေ မှာ ဘာတွေ အသစ်ရောက်နေလဲ ကြည့်တယ်။ တွေ့ဖူးပြီးသားပဲ ဖြစ်ဖြစ်၊ မတွေ့ဖူးသေးတာပဲ ဖြစ်ဖြစ်၊ မျက်စိကျရာ တစ်အုပ်ဆွဲယူ၊ ပြီးတော့ ဟို တစ်အုပ်လှန်၊ မြည်းကြည့်၊ ဒီတစ်အုပ်လှန် ၊ မြည်းကြည့်နဲ့။ မြည်းကြည့်သမျှ ဝယ်ချင်နေတာချည်းပဲ။ စာအုပ်ဈေးနှုန်း ကပ်ထားတာကိုလည်း ဘယ်နှစ်ခါမြောက် ရှိနိုင်မလဲ မသိ ၊ ကြည့်မိသေးတယ်။ ဘယ်ရွေ့ ဘယ်မျှတဲ့ ။ တစ်ချက် တွေသွားတယ်။ တစ်ဆက်တည်းမှာပဲ ပါလာတဲ့ ပိုက်ဆံအိတ်ကို မသိမသာ ဆ-ကြည့်တယ်။ ပြီးတော့ ဘယ်သူ့ကို ငါ အကြွေးပေးစရာ ကျန်သေးလဲ ၊ ဘယ်သူ ဘယ်လောက်၊ ဘယ်ကို ဘယ်လောက် ဆပ်ရဦးမလဲ၊ စဉ်းစားကြည့်တယ်။ ဒါဆို အဲ့ဒါတွေပေးပြီး ငါ့ပိုက်ဆံ ဘယ်လောက်ကျန်မလဲ။ ကျန်တဲ့ အထဲကရော ငါ ဒီတစ်လ ဘယ်လောက် သုံးရမလဲ။ ဒါဆို ဘယ်လောက် ပိုမလဲ။ ငါအခု ဘယ်လောက်သုံးလို့ရလဲ။ … အဖြေ = ဟင့်အင်း။ ….အဲ့လိုနဲ့ ကိုင်ထားတဲ့ စာအုပ် ပြန်ချထားလိုက်တယ်။ အဲ့လိုနဲ့ နောက်တစ်အုပ်။ ဒီတစ်အုပ်လဲ သဘောကျ ပြန်ပြီ။ ပထမစာအုပ်တုန်းက အတိုင်း ပိုက်ဆံအိတ်ကို ဆကြည့်၊ ပြီးတော့ တွေးကြည့်။ အဲ့လိုနဲ့ နောက်- ပြန်ချထားလိုက်ရပြန်တယ်။ ဒါဟာ အခု တစ်ကြိမ် လာမှ ဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူးရယ်။ အရင့်အရင် အကြိမ် တွေကလည်း “ဆ – တွေး- ပြန်ချ” လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခဲ့သူ ဖြစ်တာမို့ ရိုးနေပြီလို့ ဆိုရပါမယ်။

Read more of this post

What’s “the Revolution”?

နှစ်ငါးဆယ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် လိုအပ်နေဆဲ ဖြစ်သော အချို့ အကြောင်းအရာများ ( သို့မဟုတ် ) အားလုံးသော အကြောင်းအရာ များကို ရည်စူး၍ ၁၉၅၅ ခုနှစ်က မြဝတီမဂ္ဂဇင်းတွင် ဆရာမောင်ထင် ရေးသားခဲ့သော “တော်လှန်ရေး” အမည်ရှိ ဆောင်းပါးကို တင်ရှိပါသည်။

“သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်” ဟု ဆိုကာ – လေမတိုးပဲနှင့်ပင် ယိုင်ယိုင် နေကြသည်ဖြစ်၍ ကြိုးစားထိန်းမတ်နေရသော ကာလကြား၌ လူထု၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ၊ ပြည်တွင်း/ ပြည်ပ မီဒီယာများ ၏ လှုံ့ဆော်မှုများ ၊ ပြည်သူတို့၏ အသံများ၊ စသည်တို့တွင် အချို့သည် လိုသည်ထက် ပိုနိုင်ပြီး၊ အချို့သည် မပိုနိုင်ဘဲ လိုနေလိမ့်မည်။ ( လိုနေသည်က များသည် )

အထူးသဖြင့်

  • ရှေးအတီတေက သုံးစွဲခဲ့သော သံမှိုစွဲလျက် ရှိနေသည့် ဗြူရိုကရက် စိတ်ဓာတ်များ၊
  • ငါးသုံးလုံး လက်ကြားမှ မချဘဲ အိုက်စကရင်၊ ဟမ်ဘာဂါ မပြတ်ခဲရင်း “ကျုပ်တို့ လူမျိုး ဆင်းရဲလှသည်” ဟု ဆုံလည် ဆိုဖာ ကုလားထိုင် ပေါ်မှ ကြွေးကြော်ကာ နာမည်ကောင်းယူလိုသော စိတ်များ၊ ( တကယ် ဆင်းရဲနေကြသူများမှာ အသံမျှပင် မထွက်နိုင်ကြ ) ၊
  • အများ၏ အဇ္ဈတ္တ အတွင်း သန္တာန်၌ စွဲမြဲလျက် ရှိသည့် ဒေါသ စနက်ကို မထိတထိ လည်းကောင်း၊ ထိထိမိမိ လည်းကောင်း မီးမြှိက် သင်္ဂြိုလ် ခုတုံးထား၍ မိမိတို့ အိပ်ကပ်တွင်းသို့ ဒေါ်လာတန် တစ်ဖျတ်ဖျတ် ရောက်ရှိရေး ကိုသာ ရှေးရှုကြသော စိတ်ဓာတ်များ၊
  • “တာဝန်ကြီးကြီး ယူသူသည် ပညာဥာဏ် ပိုမိုကြီးမားရမည့် အလျောက်၊ အများအတွက် များများ အနစ်နာခံ၊စွန့်ဝံ့သူ ဖြစ်ရသည်” ဟူသော အယူ အစား၊ “တာဝန်ကြီးကြီး ယူသူသည် အမြတ်ကြီးကြီး ရလတ္တံ။” ဟူသော အယူဖြင့် အမြှော်အမြင် ကြီးမား၍ ကြိုးစားအားထုတ်မှု မဟားတရား ရှိကြကုန်သော အနှီပုဂ္ဂိုလ်တို့ ၏ စိတ်ဓာတ်များ၊
  • မိမိ၏ အတ္တကျိုး မထိခိုက်သေးသရွေ့ ကာလပတ်လုံး “ကျုပ်တို့ မြန်မာများ ရောင့်ရဲတတ်ကြသည်” ဟု ဘုရားကပင် ထိုင်ရှိခိုးရလောက်သည့် အနှီ ခန္တီတရား ပြည့်ဝနေကြကုန်သော ဗာလ စိတ်ဓာတ်များ၊
  • “ကြောက်တတ်လျှင် ရန်ကင်းသည်” ဟူသော ရှေးလူကြီး သူမ စကားကို အလွဲသုံးစားပြု၍ သေသည်အထိ အကြောက်တရားဖြင့် နေထိုင်သွားကြမည့် အနှီ မဟာ့မဟာ သတ္တိခဲများ၏ စိတ်ဓာတ်များ၊

စသည်တို့သည်

ကျနော် အပါအဝင် ကျနော်တို့ ညီအကိုမောင်နှမ အများ ၏ စိတ်အတွင်း၌ ကိန်းခိုလျက် ရှိနေကြလျှင် ယခုတွင်ရော နောင်သံသရာတွင်ပါ တိုးတက် ကြီးပွားမည့်အစား ဆုတ်ယုတ်ကြဖို့ သာ ရှိကြောင်း အထင်အရှား သိနိုင်ပါသည်။ ယင်းတို့ကို တွေးဆ ဆင်ခြင် ဖော်ထုတ်နိုင်ရန် လိုအပ်သကဲ့သို့၊ မိမိနှင့် မိမိပတ်ဝန်းကျင်၌လည်း ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်သည်။

အကျဉ်းအားဖြင့် ဆိုရလျှင် ဤဆောင်းပါး၏ နောက်ဆုံး ပိုဒ် ၌ ပါဝင်သော စကားကဲ့သို့ – ဆရာမောင်ထင်၏ ဆောင်းပါးပါ အဆိုများကို ယနေ့ ခေတ်နှင့် အညီ သုံးစွဲရာတွင် နက်နဲစွာ စဉ်းစားသူ အဖို့ နက်နဲသော အဓိပ္ပာယ် ပေါ်လာပါလိမ့်မည်။ စဉ်းစားမှု ၌ သွေဖည်တတ်သူ တို့ အဖို့မူ Read more of this post

ဆရာတော်များထံသို့ ဗိုလ်ချုပ်၏ လျောက်ထားချက်

သည်ကနေ့ အွန်လိုင်း တနေရာမှ စာအုပ်တစ်အုပ် ဒေါင်းလုပ်ရရှိပါသည်။ ကျနော် မကြာခဏ တင်ရှိနေကျ ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ဆောင်းပါးများ အတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုပေးနိုင်မည် ဖြစ်သည့် အပြင် လိုလားသူများ အတွက်လည်း အကျိုးများ နိုင်မည် ဖြစ်သောကြောင့် ပြန်လည် ရှယ် -ပါသည်။

DOWNLOAD

MEDIAFIRE

( Credit: အထက်ပါ ဒေါင်းလုပ်လင့်ခ်ကို http://cherrymyodaw-elibrary.blogspot.com/ မှ ရရှိပါသည်။ )

ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ် ဖြစ်ပါသည်။ သို့သော် ရရှိသည်မှာ ဒုတိယပိုင်း ရှေ့ခန်းများ မျှသာ ပါရှိနေသည်။ ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” အပြည့်အစုံမှာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ သုံးတွဲ ဖြစ်ပါသည်။ ယခုရရှိသည့် ဒေါင်းလုပ်လင့်ခ်မှာ ဒုတိယတွဲ သာဖြစ်သည်။ ထို့အပြင် အသစ်ပြန်လည် ပေါင်းချုပ်၍ ထုတ်သော ၂၀၁၀၊ ဒီဇင်ဘာလ ၊ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်ထုတ် စာအုပ်နှင့် တိုက်ဆိုင် ကြည့်သောအခါ ယင်းဒုတိယ တွဲတွင်ပင် မပြည့်မစုံ၊ လိုနေသည်များ ရှိနေပါသည်။

အောက်ဖော်ပြပါ ဆောင်းပါးငယ်သည် ကျနော့်ထံတွင် ရှိသည့် တတိယအကြိမ် ထုတ် စာအုပ် တွင် ယင်းဒုတိယတွဲ ၌ ဖြည့်စွက်ပါရှိသော ( စာမျက်နှာ ၂၃၅ – ၂၃၇ မှ ) ဆောင်းပါး ဖြစ်သည်။ ယင်း အပြင် ဘာသာရေးနှင့် နှီးနွယ်သော ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သမျှ တို့တွင် ယခင်အချိန် က တင်ရှိခဲ့ဖူးသည့် “ဂန္တလောက” မဂ္ဂဇင်းပါ “ဗမာနှင့် ဗုဒ္ဓဘာသာ” အမည်ရှိ ဗိုလ်ချုပ်ဆောင်းပါး သာ ကျနော် သိခဲ့သည်။ နယ်ချဲ့၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံ ထူထောင်ရေး နှင့် နိုင်ငံရေး နယ်ပယ် တွင်သာ လူသိများပြီး ဘာသာရေး တွင် လူသိနည်းလှသော ရှားရှားပါးပါး ဆောင်းပါး လည်း ဖြစ်သည်။

Read more of this post

ဗမာ့အောင်ဆန်း ( ၄ )

ဗမာ့အောင်ဆန်း ( ၃ ) မှ အဆက်

ဗိုလ်ချုပ်တို့ ဇနီး မောင်နှံ သည် အိမ်ထောင် ရေး သုခကို ချစ်ခင် ကြင်နာစွာ ရှိကြခြင်း သည်ပင်လျှင် လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် အထောက် အပံ့ ဖြစ်စေသည် ကို ဇနီး မောင်နှံနှစ် ဦးအား တွေ့လိုက် ရသည့် ခဏ၌ ပင်လျှင် ကျွန်တော် အကဲဖြတ် မိပါသည်။

ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု အလုပ်ခွင် ကို ပိုင်သည်။ သို့ သော် ဒေါ်ခင်ကြည် သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့် ဆိုင်သည်။ ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့် ဆိုင်သည်။ သို့ရာတွင် သူတို့ ဇနီး မောင်နှံကား မိမိတို့ ဆိုင်သာ ဆိုင်သော်လည်း မပိုင်သော အရေးတွင် ၀င်၍ မစွက်ကြချေ။ ခေါင်းဆောင်ကောင်း ဖြစ်ထိုက်သော အင်္ဂါရပ်တွင် ဤအချက်သည် သာမည ဖြစ်လျက်နှင့် အရေး အကြီးဆုံးသော အချက် ဖြစ်သည်။ ဤအချက်ကို မပိုင်သော ခေါင်းဆောင် တို့သည် တစ်ဦးပြီး တစ်ဦး ကျဆုံးလျက် ရှိသည်ကို မျက်မှောက် ရာဇ၀င်က သက်သေ ခံနေသည်။

ရန်ကုန်သို့ ကျွန်တော် ရောက်စတွင် ဗိုလ်ချုပ် တို့ ဇနီးမောင်နှံ သတင်းကို ထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကို ခတ်ကြည့်ပြီး ကျေနပ်သော အဖြေ ထွက်လာသည် တွင်မှ ကျွန်တော်လည်း နှစ်သက် လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက် တွေ့ရသောအခါ “ဟေ့ ဒေါ်ခင်ကြည် ကတော့ မင်းလို မဟုတ်ဘူး”ဟု ကျွန်တော်က ပြောမိသည်။“ဟေ့ သူကသူ ငါက ငါကွ”ဟု ဆိုကာ မောင်သိန်းလှ သည် သူတစ်ပါး ထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဘက်သို့ ထွက်သွား လေတော့သည်။

ကျွန်တော်သည် ရန်ကုန် ရောက်လာ သည်မှ သုံးလမျှ မကတော့ပြီ။ သို့ရာတွင် အလုပ်က ပူပြင်း လှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံစည်း နိုင်ပါ။ ဆုံစည်းရန် အကြောင်းလည်း ဘာမျှ မရှိသေးပါ။ ဆုံစည်းမည့် ဆုံစည်း ပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော့်အား နှုတ်ဆက် တော့မည့်ပုံ ကဲ့သို့ တအောင့်လောက် တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက် သွားပါသည်။

“လက်တိုဂျင် အမိနို့နှင့် မခြား” ဟူသော ကြော်ငြာ စကား ကဲ့သို့ သခင်နု၏ စွပ်ကျယ်သည် ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ ဒေါ်မြရီ၏ ဇာဘော်ဒီ နောက်ကျောဝယ် တက်တင်း ထိုးထာသော ဇာပေါက်များ ရှိသည်။ သခင်နု၏ စွပ်ကျယ်အင်္ကျီ နောက်ကျော ၌လည်း တက်တင်း မထိုးဘဲနှင့် သယံဇာတ ပေါက်နေသော ဇာပေါက်များ ရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များ သည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။ ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ သခင်နု နေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်ရေး ခေါင်းဆောင် ဦးညိုထွန်း (ယခင်က ပြန်ကြားရေးဝန်ကြီး ယခု ရေဒီယိုပြင်ဆရာ) ၏ တဲကို အမွေခံယူကာ တစ်ဦးနှင့် တစ်ဦး သဘာဝချင်း မတူသော ဦးဉာဏ နှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့အချိန်တွင် နေ၍ ညအချိန်တွင် ဗုံးခိုကျင်း ထဲ၌ အိပ်ခဲ့ ရပါသည်။

Read more of this post

မရောက်သွားသောစာ

၁၉၄၅ ခုနှစ်၊ မတ်လ ၊ ရန်ကုန်မှ သရက်ဧရိယာ ရှေ့တန်းဌာနချုပ်သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထွက်ခွာသော အခါတွင် ဂျပန်စစ်တပ်၏ ဓားစာခံ အဖြစ် ရန်ကုန်၌ ကျန်ရစ်ခဲ့သော ဒေါက်တာဘမော်ထံ ရေးသားခဲ့သော စာ ဖြစ်ပါသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကမန်းကတန်း ရေးခြစ်ရသောကြောင့်လား၊ အကြမ်းရေးထားသည့် အတိုင်း ပေးပို့လိုက်သည်လားတော့ မပြောတတ်။ ဗိုလ်ချုပ်၏ မူရင်းလက်ရေးလက်သား ဖြစ်သောကြောင့် အမှတ်တရ တင်ရှိလိုက်ပါသည်။ ယင်းစာကို ဗိုလ်ချုပ်က ဆက်သား တစ်ယောက်ကို ပေး၍ စေလွှတ်လိုက်သည် ဟု အဆိုရှိသည်။ သို့သော် စာမှာ ဒေါက်တာ ဘမော်ထံ မရောက်ခဲ့။ စာပေဗိမာန်အသင်းမှ ဦးထင်ကြီးတို့ အဖွဲ့နှင့် ရန်ကုန်၊ ဦးအောင်ကြည်တို့ ကောင်းမှုကြောင့် ကာကွယ်ရေးဌာန ပြတိုက်သို့ ရောက်ရှိလာခဲ့သည်ဟု ပါရှိသည်။

တင်ရှိထားသော ဗိုလ်ချုပ်၏ မူရင်းလက်ရေး ဓာတ်ပုံတွင် အလယ်ပိုင်းမှ စာသား အချို့ ပြတ်လျက်ရှိပါသည်။ ယင်းပြတ်နေသော စာသားကို Dr. Maung Maung ၏ Aung San of Burma ကို ကိုးကား၍ ကျနော် ထည့်သွင်းထားသည်။

ဇေယျ
……………………………………… Read more of this post

ဘွိုင်းကောက် ဋီကာ ( Download )

DOWNLOAD
HOTFILE
MEGAUPLOAD
RAPIDSHARE

မနေ့က “ယူနီဘာစီတီ လေးချိုး” ( https://zayya.wordpress.com/2011/06/08/uni/ ) ၌ အကြောင်းကို မေးထားခြင်းကြောင့် အဖြေကို တင်ရှိပါသည်။ ယင်းလေးချိုးမှာ ဘွိုင်းကောက် ဋီကာ ၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ ( PDF – page – 288 ) တွင် ပါရှိသည်။ အဘယ်အကြောင်း ဖြင့် ယင်း လေးချိုး ဖြစ်ပေါ်လာရခြင်း ဟူသည်ကို ဖြေဆိုရန်မှာ အကျယ် အနေဖြင့် ဘွိုင်းကောက်ဋီကာ တစ်စောင်လုံး ရှုကြည့်ပါက ပိုမို အကျိုးများ နိုင်သောကြောင့် Upload တင်လိုက်ပါသည်။ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းယူနိုင်သည်။

Read more of this post