လပေါ်မှာ ရေရှိသတဲ့

lunar sample 74220

ဂြိုလ်တစ်ခုမှာ သက်ရှိသတ္တဝါ ဖြစ်ပေါ်နိုင်ဖို့ အဓိက အထောက်အပံ့ ဟာ ရေ ဖြစ်ပါတယ်။ ရေ ရဲ့ အရေးပါမှုကို အသိအမှတ် ပြုရင်း အာကာသ တစ်ခွင် လေ့လာရေး လုပ်သမျှမှာ ဒီ ရေ ကဏ္ဍကို အထူးအရေးပေး သုတေသန ပြုတတ်ကြတယ်။ အခုလည်း လပေါ်မှာ ရေမရှိဘူး လို့ သိမှတ် ထားခဲ့ကြပေမယ့် သိပ္ပံပညာရှင်တွေက ဆက် စူးစမ်းနေတာ ကြာပြီ။ မကြာသေးမီက လရဲ့ ကျောက် အပိုင်းအစ လေးတွေထဲမှာ သလင်း ဓာတ်ဖန်တုံး လို ကျောက်ဆိုင်စ လေးတွေထဲမှာ ရေပါဝင်နိုင်တဲ့ အလားအလာ တွေ ရှိကြောင်း တွေ့ခဲ့ရတယ် ဆိုပါတယ်။ လနဲ့ ဆက်နွယ်နေပြီး ချော်ရည်လို ပူပြင်း ရဲ့ ဒြပ်ရည်တစ်မျိုး ရှိတယ်။ အဲ့ဒီ အရည်မှာ ရေ ( H2O ) ပါဝင်နိုင်တဲ့ နှုန်းဟာ နကိုက သိခဲ့တာ ထက် အဆ တစ်ရာ ပိုနေပါတယ်တဲ့။

Read more of this post

US သမ္မတများနဲ့ နာဆာ ( ၁ )


၁၉၅၇ အောက်တိုဘာမှာ ရုရှားပြည်ထောင်စု က ကမ္ဘာ့ ပထမဦးဆုံး ဂြိုလ်တု ဖြစ်တဲ့ စပွတ်နစ်ခ် အမှတ် ၁ ကို လွှင့်တင်တယ်။ အဲ့ဒီအချိန်မှာ အမေရိကန် သမ္မတက ဒွိုက်အိုင်ဆင်ဟောင်ဝါ ဖြစ်ပါတယ်။ ရုရှား ဂြိုလ်တုကြောင့် အင်အားကြီး နှစ်နိုင်ငံအကြား ပါဝါယှဉ်ပြိုင်ရေး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ အာကာသတွင်း စစ်အေးပြိုင်ပွဲ လို့တောင် ပြောရမယ် ထင်တယ်။ ဒီအကြောင်းကြောင့် ၁၉၅၈ မှာ NASA ကို စတင် ဖွဲ့စည်းပါတယ်။

အိုင်စင်ဟောင်ဝါက တာတို ကြည့်တတ်တဲ့သူ မဟုတ်ဘူး။ သိပ္ပံဆိုင်ရာ လုပ်ငန်းတွေမှာ စီးပွားရေးရော စစ်ရေးပါ ရေရှည် မျှော်တွေး ကြည့်တတ်တဲ့ သူလို့ ဆိုတယ်။ အာကာသ သိပ္ပံ ဖွံ့ဖြိုးတိုးတက်မှုကို တန်ဖိုးထားတယ်။ ဥပမာ – ရုရှား ဂြိုလ်တု စပွတ်နစ် အမှတ် ၁ မတိုင်ခင် ၁၉၅၇ – ၅၈ ခုနှစ် နိုင်ငံတကာ ဘူမိ-ရူပ နှစ်အတွက် အာကာသဂြိုလ်တု ပရိုဂရမ်တွေ ရေးဆွဲဖို့ ညွှန်ကြားခဲ့ဖူးတယ်။ ပရိုဂျက်တိုင်တွေနဲ့ သွားတဲ့ ( ကမ္ဘာ့ဆွဲအားအတွင်းတင် သွားတဲ့ ) ဒုံးပျံ နဲ့ လည်း ပတ်သက်တယ်။ ဒါကြောင့်လည်း ၁၉၅၈ ၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အိက်စ်ပလိုရာ အမှတ် ၁ ကို အောင်အောင်မြင်မြင် လွှင့်တင်နိုင်ခဲ့တယ်။ ဒါတင် မက သေးဘူး ၁၉၆၀ မှာ ဒစ္စကာဗာရာ ၁၄ ကို ထောက်လှမ်းရေး ဂြိုလ်တု အနေနဲ့ စတင်ခဲ့ပါတယ်။ Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post