သဘာဝ သက်သက်မျှသာ –

ဘာဝနာဟာ ဘာလဲ။ ကျနော်တို့ လေ့ကျင့်ယူရမယ့် နည်းစနစ် တစ်ခုလား။ ကျနော်တို့ အားစိုက်ထုတ်ပြီး လုပ်ကိုင်နေရမယ့် အရာ တစ်ခုလား။ ဒါမှမဟုတ် ကျနော်တို့ စိတ် အတွေး ကို လေ့ကျင့်ပေးရမယ့် ၊ အောင်မြင် ပေါက်မြောက်သွားရမယ့် ဖြစ်စဉ် တစ်ခုလား

–လို့ မေးရင် —-

အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး လို့ ကျနော် ဖြေရပါလိမ့်မယ်။

တကယ်တမ်း စိတ်ကူး အကြံအတွေးတွေရဲ့ လုပ်ဆောင်နိုင်သမျှ အရာအားလုံး – ဘယ်အရာမှ ဘာဝနာ ဖြစ်မလာ ဘူး။ ဘာဝနာဟာ အတွေးအကြံ စိတ်ကူး တို့ ရဲ့ အလွန်မှာ ဖြစ်ပါတယ်။ စိတ်ကူး အတွေးက ဒီနေရာမှာ ဘာအကူအညီမှ မပေးဘူး။ ဒါ့ကြောင့် စိတ်စူးစိုက်ရုံမျှနဲ့ ဘာဝနာ ဖြစ်မလာဘူးလို့ ကျနော် အရင်က ပြောခဲ့တာ ဖြစ်ပါတယ် ။ ဘာဝနာဟာ စိတ်ကူး အတွေးအားလုံး ရပ်ဆိုင်းသွားချိန်မှာ စတင်တယ်။

မိမိ သန္တာန်ကို မိမိ ပြန်ဆင်ခြင် ကြည့်ရင် – ကျနော်တို့ ဘဝမှာ လုပ်ကိုင်သမျှ အရာအားလုံးနီးပါး ကျနော် တို့ စိတ်ကူး အာရုံတွေရဲ့ စေ့ဆော်မှုတွေ ကြောင့် ချည်းပဲ- ကိစ္စရပ်တစ်ခု အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ စိတ်ကူး အတွေး တွေက နေ ဖြတ်သန်း သွားရတာချည်းပဲ ဆိုတာ ခင်ဗျား မြင်နိုင်ပါလိမ့်မယ်။

ဒီအကြောင်းတွေကြောင့် အခု ခင်ဗျားတို့ ကျနော်တို့ ဘာဝနာ ပြုတော့မယ် လို့ စိတ်ကူးတဲ့ အခါ – စ စဉ်းစားတာက “ဘယ်လို၊ ဘယ်နည်းလမ်းနဲ့ စရမှာလဲ” ဆိုတဲ့ technique, method တွေပဲ ဖြစ်နေပါတယ် ။ ဘာသာတရား တွေ ကိုယ်စီ က အဲ့ဒီကို ရောက်ရှိမယ့် လမ်းကြောင်း၊ နည်းလမ်းတွေ ခင်းကျင်း ပေးကြတယ်။ ခင်ဗျားတို့ ကျနော်တို့ကလည်း မိမိ အတွေးအကြံ၊ ယုံကြည်ချက်နဲ့ ကိုက်ညီရာ ဘာသာတစ်ခုခု အတွင်းမှာ တစ်နည်းနည်းကို ကောက်ယူပြီး ရှာဖွေပါတယ်။

ဒါပေမယ့် မမေ့ဖို့က – အဲ့ဒီ လမ်းကြောင်း၊ နည်းလမ်း ၊ Method တွေဟာ “ခင်ဗျား သန္တာန်ကို ခင်ဗျားဘာသာ သိမြင်နိုင်ဖို့” တစ်ခုတည်းသာ ဦးတည်နေရလိမ့်မယ် ။ ပြင်ပ အရာတစ်ခုကို ယုံကြည်သွားဖို့၊ တွေးကြံသွား ဖို့ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် သိသွားဖို့ ။ ဆိုလိုတာက ခင်ဗျား သန္တာန်ကို အရှင်းသား မြင်သိ သွားစေဖို့ သာ ဖြစ်ပါတယ်။

— ဒါကို မပေးနိုင်တဲ့ ဘာသာရေး ဟာ အတွေးစဉ်တွေထဲမှာပဲ ချာလည်လည်နေတဲ့ ဘာသာရေး ဖြစ်နေမှာပဲ ။ ခင်ဗျား ကလည်း မိမိ အတွေး အပေါ် ၊ မိမိ ယုံကြည်ချက် အပေါ် တဝဲလည်လည် လက်ခံထားနေမှာပဲ ။ ဘာလို့ ဆို – အတွေး စိတ်ကူးရဲ့ သဘာဝဟာ – ဆက်လက် တွေးခေါ်မှု ဆီကိုသာ ဦးတည် သွားနေလို့ ဖြစ်ပါတယ်။ စိတ်ကူး အတွေးအကြံ တစ်ခုဟာ အခြား စိတ်ကူး အတွေးအကြံ တစ်ခု ရပ်ဆိုင်းသွားမှာကို စိုးရိမ် နေတတ်တယ်။ အယူအစွဲ တစ်ခု စွန့်လွှတ်ရ ခက်ခဲနေတတ် ရခြင်း၊ အယူသည်းခြင်း၊ မျက်ကန်းယုံကြည်ချက် ပြင်းထန်နေရခြင်း- အဲ့ဒီ ဖြစ်စဉ် တွေ မှန်သမျှဟာ ဒီ စိတ်သဘာဝ အပေါ်မှာ အခြေခံပါတယ်။

Read more of this post

ကျွန်တော် – ဟစ်ပီ

ဟစ်ပီ ( Hippie ) တွေကို ခင်ဗျား ဘယ်လို နားလည် ထားလဲ။ နားသန်ကွင်း၊ ဂေါ်ကွင်း တန်းလန်း ထားမယ့် ကောင်တွေ – ဒါမှ မဟုတ် ပတ်ဝန်းကျင် နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်တဲ့ အဝတ်အဆင် မျိုး ဝတ်ဆင် တတ်တဲ့ ကောင်တွေ လို့ မြင်ပါသလား။ အနေအထိုင်၊ အပြောအဆို ကိုယ့်ကိုယ်ကိုယ် ဆောင့်ကြွား ဆောင့်ကြွား ရှိတဲ့ ကောင်တွေ ၊ လူ့ လဒ တွေ လို့ မြင်ပါသလား။ လူကြီးသော ဘာသော နားမလည်ဘူး – ပြောချင် ပြောမယ် – မပြောချင် မပြောဘူး – အဲ့လို နေတတ်တဲ့ မိမဆုံးမ ဖမဆုံးမလေး တွေ လို့ မြင်ပါသလား။ အဲ့လိုမြင်ကြမယ့် လူကြီးမင်း စာရှုသူ များ ရှိမယ် ဆိုရင် – အဲ့ဒီ ဟစ်ပီ ( Hippie ) ဆိုတဲ့ အပေါ်ကို ကျနော် ကာကွယ်ပြီး ပြောချင်တာ ရှိပါတယ်။

ဟစ်ပီ တွေကို လူကြီးမင်းတို့ အများစုက ဆိုးသွမ်းလူငယ် တွေလို့ တွေးကြ ထင်ကြတယ်။ ဟုတ်တယ်ဟုတ်။ အဲ့ဒါ မှားယွင်းနေပါတယ်။ ဘာလို့ဆို ခင်ဗျား တို့ သတ်မှတ်တဲ့ မြင်ကြတဲ့ – ဟစ်ပီ ဆိုတာ – ဟစ်ပီ အကုန်လုံး မဟုတ်သေး လို့ပဲ။ ခင်ဗျားတို့ သဘောမတွေ့တဲ့ ဟစ်ပီ လူငယ် တစ်ချို့ကို ကြည့်ပြီး “ဟစ်ပီ” တွေက “စရိုက်” တွေပါကွာလို့ ဝါးလုံးရမ်း ပြောရင် – လူကြီးမင်းတို့ – လူကြီးမင်း မပီသရာ ကျပါလိမ့်မယ်။ နောက်ပြီး – ဟစ်ပီ ဆိုတာကို ခင်ဗျားတို့ သေသေချာချာ နားမလည် သေးလို့လည်း ဖြစ်မယ်။ ကျနော် ဒီနေရာမှာ “ဟစ်ပီ” ဆိုတာတွေ ရဲ့ ဘက်က ကာကွယ်ပြီး ပြောရတာဟာ .. ( အဟက် – စိတ်တော့ မရှိပါနဲ့ ) ကျနော်လည်း ဟစ်ပီ မို့လို့ပါပဲ။

အဲ့တော့ ဟစ်ပီ ရဲ့ သဘောတရားကို နားလည်အောင် နည်းနည်း ပြောကြည့်မယ်။ ဟစ်ပီ တွေရဲ့ အဓိက အလုပ်က – “ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား – လူသား” တွေရဲ့ လမ်းစဉ်ကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ဟစ်ပီတွေဟာ သူတို့ မှန်ကန်တယ် လို့ သူတို့ကိုယ်တိုင် မြင်၊ သိ၊ ခံစား ရတာကိုပဲ သူတို့ လုပ်တယ်။ အဲ့ဒါကြောင့်မို့လဲ သူတို့မှာ – အခက်အခဲ အမျိုးမျိုး ကြုံရပါတယ်။ သူတို့တွေဟာ သင့်တာ မသင့်တာ ထက် သူတို့ မှန်မယ် မြင်ရာ ကိုသာ လုပ်တတ် ကြလို့ပါ။

ဒါကို အခြေခံပြီး ကျနော် ဟစ်ပီ အမျိုးအစား နှစ်မျိုး ခွဲကြည့်တယ်။ လူကြီးမင်းတို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောဆိုတတ်တဲ့ ဟစ်ပီ တွေက တစ်မျိုး တစ်စားပဲ ရှိပါသေးတယ်။ ခင်ဗျားတို့ လူကြီးမင်း အများ က သူတို့ရဲ့ နားသန်ကွင်း၊ ဂေါ်ကွင်း၊ အဝတ်အဆင် အကြောင် အကြားနဲ့၊ ထစ်ခနဲ တုတ်ဆွဲ ဓားဆွဲ၊ လမ်းဘေးထိုင် ဘုပြော၊ ဂစ်တာတီးရင်း အာပြဲ နေတာတွေပဲ ကြည့်ပြီး ပြောနေတာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းက သူတို့တွေဟာ အကြမ်းထည်ပါ။ သူတို့ တွေရဲ့ နောက်ခံ အကြောင်းရင်းကို သေသေချာချာ မြင်အောင် ကြည့်ပါ။ ဟစ်ပီ နောက်တစ်မျိုး ရှိတယ်။ အဲ့ဒါကတော့ – လမ်းဘေးထိုင် ဘုပြောတယ် ဆိုတာထက် – ကိုယ် မှန်တယ် လို့ မြင်ရင် — ပတ်ဝန်းကျင်၊ ကိုယ့် ဓလေ့ထုံးစံ တွေတင် မကဘူး၊ ကိုယ့် အတွေးအခေါ် အယူအဆ ကိုပါ ပြောင်းလဲပစ်ရဲ သူတွေ ဖြစ်ပါတယ်။ သူတို့ တွေကလည်း အများအားဖြင့် ပတ်ဝန်းကျင်ရဲ့ လက်ညှိုး ထိုးတာ၊ ဖဲကျဉ်တာကို ခံရတတ်တယ်။

Read more of this post

မိမိ ကိုယ်ကို နားလည်ခြင်း ( သို့ ) လောက်ဇူ

ပြောပြရုံမျှဖြင့် ပြည့်စုံသွားမည့် ဓမ္မသည်
ပြီးပြည့်စုံသည့် ဓမ္မ မဟုတ်။

ဆန့်ကျင်ဘက် တို့၏ အညမည ၊ သဟဇာတ အားဖြင့်

လောကသား တို့သည် အလှတရားကို အလှတရား အဖြစ် သိမြင်ကြသောအခါ
အရုပ်ဆိုး အကျည်းတန်ခြင်းသည် ပေါ်ပေါက်လာရ၏။

လောကသား တို့သည် ကောင်းမြတ်ခြင်း ကို ကောင်းမြတ်ခြင်း အဖြစ် သိမြင် လာကြသော အခါ
ဆိုးယုတ်ခြင်း မိစ္ဆာ သည် ပေါ်ပေါက်လာရ၏။

ထို့ကြောင့်
ဖြစ်တည်ခြင်း နှင့် မဖြစ်တည်ခြင်းတို့သည်
ကြီးထွားမှု အပေါ်၌သာ အညမည မှီခိုသည်။
ခက်ခဲခြင်း နှင့် လွယ်ကူခြင်း တို့သည်
ပြည့်စုံမှု အပေါ်၌သာ အညမည မှီခို၏။
ရှည်ခြင်း နှင့် တိုခြင်း တို့သည်
နှိုင်းယှဉ်မှု အပေါ်၌သာ အညမည မှီခိုသည်။
မြင့်ခြင်း နှင့် နိမ့်ခြင်း တို့သည်
တည်နေရာ ဒေသ အပေါ်၌သာ အညမည မှီခို၏။
ဂီတ နှင့် ဆူညံသံ တို့သည်
အသံတွဲဆက်မှု အပေါ်၌သာ အညမည မှီခိုသည်။
အရှေ့ရောက်ခြင်း နှင့် အနောက်ရောက်ခြင်း တို့သည်
တွဲဖက် အပေါ်၌သာ အညမည မှီခို၏။

သို့ဖြစ်၍ ပညာရှိသောသူသည် –
အပြုအမူ လှုပ်ရှား မပါရှိဘဲ အရေးကိစ္စတို့ကို စီမံသည်။
ဝေါဟာရ စကားတို့ မပါရှိဘဲ နည်းလမ်း တို့ကို ဟောကြားသည်။
အရာအားလုံး ဖြစ်ထွန်း လာသည်ကို လက်ခံ ရှင်သန်စေသည် – ရှောင်ဖယ် ပိတ်ပင် ထားခြင်း မရှိ။
သူတို့ အတွက် ဘဝကို ပေးသည်။ သူတို့ကို ပိုင်ဆိုင် ရယူလိုခြင်း မရှိ။
သူတို့အတွက် ပြုမူဆောင်ရွက်သည် – သဘောဆန္ဒအလျောက် ပြုမူခြင်း မျိုး မရှိ။
ပြီးပြည့်စုံ သွားစေသည် – မိမိ ကိုယ်ကိုယ် ဂုဏ်ဖော် ယူခြင်း မရှိ။

ယင်းသို့ ဂုဏ် ဖော်ယူခြင်း မရှိသောကြောင့်လည်း
၎င်းထံမှ ဂုဏ်ကို မည်သူမှ လုယူမသွားနိုင်တော့ပေ။

Lao Tzu: Tao Teh Ching . Verse ( 2 )

……………………………………………….

မဟာဝီရ ( မဟာဗီးရ် : Mahavir ) နဲ့ ပတ်သက်လို့ ကျနော် ပြောတယ်။ ကျနော့ တာဝန် တစ်ခု အနေနဲ့ ပြောပါတယ်။ ကျနော့ နှလုံးသား ထဲက ပြောတာတော့ မဟုတ်ဘူးရယ်။ သူက သင်္ချာ ဆန်တယ်။ နက်နဲ ခက်ခဲ နေတဲ့ ဂမ္ဘီရဆန်ဆန် လူသား တော့ မဟုတ်ပါဘူး။ ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကဗျာ မဆန်ဘူး။ ကြီးမြတ်တဲ့သူ ၊ အသိဥာဏ် အလင်း ရတဲ့သူ ဟုတ်တယ်။ ဒါပေမယ့် ကန္တာရ တလင်းပြင် ကျယ် ကြီး တစ်ခုနဲ့ တူပါတယ်။ ဘယ်လို အိုအေစစ်မျိုးမှ မတွေ့ရမယ့် ကန္တာရ မျိုးပေါ့။ ကျနော် မွေးဖွားလာရာ ဘာသာ ဟာ ဂျိန်း ဘာသာ ပါ။ ဒါ့ကြောင့် သူ့ကိုတော့ အရိုအသေ ပေးရတာမျိုး ရှိတယ်။ သူ့ကို တာဝန် တစ်ရပ် အနေနဲ့ ကျနော် ပြောရတယ်။ ဒါပေမယ့် ကျနော့ နှလုံးသား ကတော့ သူ့ဆီမှာ မရှိဘူး။ သူ့အကြောင်းကို စိတ်ကူး ကနေသာ ပြောတာ သက်သက်ပဲ ။ မဟာ ဝီရ လို့ ခေါ်တဲ့ သူ့ အကြောင်းကို ပြောရင် ကျနော် စည်းအပြင်က လူတစ်ယောက် လို ဖြစ်လာ တယ်။ ကျနော့ ထဲမှာ သူမရှိဘူး – သူ့ထဲမှာ ကျနော် မရှိဘူး။

မောရှေ နဲ့ မိုဟာမက် ( Moses, Mohammed ) တို့ကိုလည်း အလားတူပါပဲ။ သူတို့ကို ပြောတာမှာ စိတ်ရော ကိုယ်ပါ မပါခဲ့ဘူး။ တကယ်လည်း မပြော ခဲ့ပါဘူး။ ဒါဟာ ကျနော် ဂျိန်းဘာသာဝင် ဖြစ်ခဲ့လို့ မဟုတ်ဘူး။ ဂျိန်းဘာသာ ဝင် မဟုတ်ခဲ့ရင်လည်း ကျနော် ပြောဖြစ်မှာ မဟုတ်ဘူး။ ကျနော့ မိုဟာမက် ဘာသာဝင် ရောင်းရင်းတွေ၊ ဂျူး ဘာသာဝင် ရောင်းရင်းတွေ ရှိတယ်။ သူတို့ ကျနော့နဲ့ တွေ့ဖြစ်ရင် ပြောကြတယ်။ “ခင်ဗျား ဘာလို့ မိုဟာမက်နဲ့ မိုးဇက် တို့ အကြောင်း မပြောရတာလဲ” တဲ့။ ဒီမေးခွန်း ရှိလာရင် သူတို့ကို ရှင်းပြဖို့ ခက်ပါတယ်။ အခါ တော်တော် များများ သူတို့ မျက်နှာကို ကြည့်ပြီး ကျနော် ပြောဖို့ ဆုံးဖြတ်မိသေးတယ်။ အကြိမ် တော်တော် များများလည်း မောရှေ၊ မိုဟာမက်တို့ ဆိုစကားတွေကို ကျနော် အထပ်ထပ် အခါခါ ကြည့်မိ သေးတယ်။ ဒါပေမယ့် အဲ့ဒီ နောက်တော့ ကျနော် တုန့်နှေး သွားရပြန်တယ်။ ကျနော့် နှလုံးသားမှာ ဘာအသံမှ မမြည်ဘူး။ ကျနော့ နှလုံးသား က မလှုပ်ရှားဘူး ၊ အသက်မဝင်ခဲ့ဘူး။ အဲ့တော့ ကျနော် ပြောရင် ကျနော့ စကားက အသက်မဲ့တဲ့ စကားပဲ ဖြစ်နေတော့မှာ။ မဟာဝီရ ( မဟာဗီးရ် ) ကို ပြောသလိုမျိုး ကျနော့်ဆီမှာ တာဝန်အနေနဲ့တောင် မရှိဘူး ။

တကယ်တော့ သူတို့ သုံးယောက် စလုံးက ခေါင်းစဉ်တစ်ခု တည်း အောက်မှာ ရှိပါတယ်။ သိပ် တွက်ချက်တတ်တယ်။ တစ်ဖက် အစွန်းမှာ အမြဲ ရှိနေတယ်။ သူတို့မှာ တစ်ဖက် အစွန်းကို လစ်လပ်နေတယ်။ ဖယ်ထား တယ်။ ဂီတ နုတ် ( note ) အသံ တစ်သံတည်း၊ တစ်ခုတည်း လိုပဲ။ တွဲဖက် ဟာမိုနီ ဖြစ်တာ မရှိဘူး။ သံစုံ မဟုတ်ဘူး။ တစ်သံတည်း ထွက်နေတဲ့ ဂီတနုတ် ဆိုတာ သူ့အလှနဲ့ သူ ရှိပါတယ်။ တကယ် မြင့်မြတ်တဲ့ အလှ ရှိတယ်။ ဒါပေတဲ့ တစ်သံတည်း ဖြစ်နေတယ်။ တစ်ခဏ တော့ အဲ့ အသံက အဆင်ပြေ နေမှာ ။ နားထောင် ကောင်းနေမှာပါ။ ဒါပေမယ့် အဲ့ဒီ အသံ ချည်းပဲ ဆက်လာနေရင် ခင်ဗျား ပျင်းသွားရော။ ပြီးတော့ ခင်ဗျား အဲ့ဒါကို ရပ်ပစ် ချင်သွားရော။ မဟာဝီရ ၊ မိုးဇက်၊ မိုဟာမက် တို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝတွေက အဲ့ဒီ တစ်သံတည်း ဂီတ နုတ်တွေနဲ့ အလား သဏ္ဍာန် တူပါတယ်။ ရိုးစင်းတယ်။ မြင့်မြတ်တယ်။ လှပတယ်။ Read more of this post

Mind associated with Ideas

“The mind which differentiates man and woman, associates itself with thoughts or ideas. In other words, manayatana associates itself with dhammayatana. People often say, “I am paying attention to somebody,” “I am thinking of someone,” “I have dreamt of someone,” etc.

In face, nobody meets anybody else. Such thoughts do occur incessantly during all waking hours. They run in series. Unwholesome thoughts, too, occur often. Everytime a thought occurs, the mind associates itself with it, and many people revel in such thoughts, and would not like the suggestion that they go in for meditational practice.

There are some preachers who instruct their audience to keep their minds free and relaxed instead of concentrating on meditational points because concentration, they say, restricts the mind. This is in contravention of the Buddha’s instructions although it assumes an appearance of the Buddha’s teachings. If, according to these preachers, the mind is set free, it will surely indulge in fond thoughts and revel in sensual pleasures. It would be like the idle thoughts of an opium smoker. Indulgence in such idle thoughts is the same as indulgence in sensual pleasures. In Hemavata Sutta, the statement that the mind works conjointly with sense-objects or ideas is appropriate. In order to separate the mind from the ideas, one must go in for meditational practice to gain concentration. If the concentration power is weak, the mind will go astray associating itself with the sense-objects outside the point of meditation, as the yogis must have found for themselves.

Some pretentious preachers blame meditational practice as causing bodily discomfort. This is really discrediting the Buddha’s word.Those who follow their advice would be losing their chance of gaining true insight and would be unwittingly committing a great sin against Ariya and other noble persons.”

Read more of this post

မှန်တစ်ချပ်

Mirror - Picasso

သည်ကနေ့ စိတ်ကို ပုံမှန် အတိုင်း ဖြစ်အောင် ထားသော်လည်း အနည်းငယ် တော့ ရှုပ်ယှက်ခတ် နေမိသည်။ စိတ်ရှုပ်စရာတွေချည်း တွေ့နေရသော ကြောင့် ဟု ဆိုပါလျှင် ယောင်္ကျားစင်စစ် ညီးတွားခြင်းသာ ဖြစ်ပါ လိမ့်မည်။ တကယ်က စိတ်ရှုတ် စရာများ ရှိလာသောကြောင့် စိတ် ရှုပ်ခြင်း မဟုတ်။ စိတ် ကိုက ရှုပ်နေသောကြောင့် စိတ်ရှုပ်ခြင်း ဖြစ်သည်။

စိတ် ရှုပ်စရာ ဟူ၍ ဤကမ္ဘာတွင် ရှိမည် မဟုတ် ဟု ထင်ပါသည်။ စေ့စေ့ တွေးကြည့်ပါက နိုင်ငံရေးသည် လည်းကောင်း၊ စီးပွားရေးသည် လည်းကောင်း၊ လူမှုရေး တို့သည် လည်းကောင်း၊ အဆုံးစွန်ဆုံး- ပညာရေးသည် လည်းကောင်း အနည်းငယ်မျှ စိတ် ရှုပ်ထွေးစေ နိုင်သည် မဟုတ်ပေ။ ယင်းအရေး အရာများနှင့် တကွ သဘာဝ ပတ်ဝန်းကျင် နှင့် လူအပါ အဝင် သက်ရှိ သက်မဲ့ အရာတိုင်း သည် ၎င်းတို့ သဘော အလျောက် ဖြစ်ပျက် ပြောင်းလဲ ( တစ်ခါတစ်ရံ ဗြောင်းဆန်၍ ) သွားကြသည်သာ ဖြစ်သည်။

ဤနေရာတွင် သိထားရန် လိုသည်က မိမိသည်လည်း ယင်းသဘာဝ အတွင်း ပါဝင်လျက် ရှိနေသည် ဆိုသော အချက်နှင့် သူ့သဘော နှင့်သူ ဖြစ်ပျက် နေသော အနှီ သက်ရှိ သက်မဲ့ တို့သည်လည်း မိမိအား အနည်းနှင့် အများ အနှောင့်အယှက် ပြုနိုင်သေးသည် ဟူသော အချက် ဖြစ်ပါသည်။

“လူသည် နိုင်ငံရေး သတ္တဝါ ဖြစ်သည်” ဟူသော အဆိုများ၊ “လူသည် ပတ်ဝန်းကျင်၏ သားကောင် ဖြစ်သည်” ဟူသော မိန့်ကြားချက်များ၊ စသည်တို့သည် အကြင်လူ တစ်ယောက်၏ ပတ်ဝန်းကျင်တွင် ၎င်း၏ စိတ်ကို ကသိကအောက် ပြုစရာ ၊ အနှောက်အယှက် ပြုစရာ အရာရာ တို့ အပြည့်အနှက် ခြံရံ နေကြမည် ဟု အသိပေးထားခြင်း၊ သတိပေးထားခြင်း သာ ဖြစ်သည်။ တကယ် လည်း ခြံရံ နေပါသည်။ Read more of this post

သဘာဝကဗျာဆရာ

John Dewey

Now night, mother soul, broods the weary hours,
Flutt’ring fugitives from the tasks of day,
Worn and wan creeping to her waiting wings . . .
And groping were clasped together within
The capacious stillness of her bosom.

Merged in oneness of the first creation
They gather strength against the shock and strain
Of day’s wedge-like doom of separation
Ever new enforced. All embracing night,
Mystic mother, in her patience endless
And unconquerable, makes them her own,
As within death’s majestic solitude
Blend the struggling spirits of severed men,
While fretful time, subdued, waits in worship
Wond’ring at the enduring womb of God.

ကာလ ရှည်ကြာ ရှင်သန်နေရမှုများ အောက်တွင် တခဏချင်း ကုန်ဆုံးသွားသော သက်တမ်းများက ပျင်းရိ ညည်းငွေ့ဖွယ် ကောင်းလောက်အောင် တဖြုတ်ဖြုတ် ကုန်ဆုံး ပေးနေကြသည်။ လူဟူသော သတ္တ၀ါသည် Read more of this post