စစ်နှင့် စစ်ပြင်ဆင်ရေး ကာလ : Osho

မေးတဲ့သူကလည်း မေးခဲ့တယ်။

မေး။ ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ပြန်ရလာခဲ့ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး သမားတွေ ဘာလုပ်နေမယ် လို့ ဆရာ ထင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကမ္ဘာ့သမိုင်းမှာ အချိန်ကာလ အပိုင်းအခြားကြီး ( ၂ ) ခု တည်ရှိတယ်။ အဲ့ဒါကတော့ ကျနော်တို့ သိထားပြီး ဖြစ်တဲ့ ( ၁ ) စစ်ပွဲကာလ နဲ့ ( ၂ ) ငြိမ်းချမ်းရေးလို့ ကျနော်တို့ ခေါ်တွင်တဲ့ ကာလ တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး ဆိုတာ မကောင်းမှုကို ဖုံးကွယ်တဲ့ မျက်နှာဖုံးစွပ် စကားလုံး တစ်ခုပဲ ။ သူ့ရဲ့ မူလဇာတ် သရုပ်အမှန်က နောက်တစ်ကြိမ် “စစ်ပွဲ” တစ်ခု ဖြစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သမိုင်း ဖြစ်စဉ် တစ်ခုလုံးမှာ အဓိကက အဲ့ဒီ အခြင်းအရာ ( ၂ ) ခုပဲ ပါဝင်တယ်။ စစ်ပွဲ နဲ့ စစ်ပွဲ ဖြစ်ဖို့ရာ ပြင်ဆင်ခြင်းပဲ။

Osho

အခု ခင်ဗျားက ကျွန်တော့ကို မေးတယ်။ ငြိမ်းချမ်းရေး ပြန်ရပြီ ဆိုတော့ နိုင်ငံရေးသမားတွေ ဘာလုပ်နေမလဲ ။ ဟုတ်တယ်ဟုတ်။

နိုင်ငံရေး သမားတွေကတော့ သူတို့ လုပ်နေကျ အလုပ်ကိုပဲ ဆက်လုပ်နေမှာ သေချာပါတယ်။ သူတို့ လုပ်နေကျ အလုပ်တွေ ဆိုတာက သဘောတရား တွေ၊ မူဝါဒတွေ အကွဲကွဲ အလွဲလွဲ ပိုဖန်တီး ဖြေရှင်းမယ်။ လူထု အုံကြွပြီး အခြေအနေတွေ မငြိမ်သက်အောင် လှုံ့ဆော်မယ်။ မတရားမှုတွေ ပိုများလာအောင် သွေးထိုးလာမယ်။ အဖျက်စွမ်းအား ပိုကောင်းမယ့် လက်နက်ဆန်းတွေ အဆမတန် ထုတ်မယ်။ အဲ့လိုနဲ့ တတိယ ကမ္ဘာစစ် ကို ဦးတည် ပြင်ဆင်နေမယ်။ အဲ့ဒါဟာ နိုင်ငံရေး သမားတွေ လုပ်မယ့် အလုပ်တွေပဲ ဖြစ်ပါတယ်။ နည်းနည်းများ ရွဲ့ရာ ကျနေ မလား။

တစ်ခါက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ဒီလို အမေးခံရဖူးတယ်။ ခင်ဗျားက အဏုမြူ စွမ်းအားကို တီထွင်ခဲ့တဲ့ သိပ္ပံ ပညာရှင် တစ်ဦး အနေနဲ့ တတိယ ကမ္ဘာစစ်မှာ ဘာတွေဖြစ်လာမလဲ၊ ကျနော်တို့ကို ကြိုပြီး ပြောပြနိုင်မလား။ တဲ့။

အိုင်းစတိုင်းက မျက်ဝန်းထဲမှာ မျက်ရည်တွေ စို့ပြီး ပြန်ပြောခဲ့တယ်။ “တတိယ ကမ္ဘာစစ် အကြောင်း ကျနော့်ကို မမေးပါနဲ့။ တတိယ ကမ္ဘာစစ် အကြောင်း ကျနော် ဘာမှ မသိဘူး။ ဒါပေမယ့် ခင်ဗျားက စတုတ္ထကမ္ဘာစစ် အကြောင်း သိချင်တယ် ဆိုရင်တော့၊ တစ်ချို့တစ်ဝက် ပြောပြလို့ ရနိုင်မယ်”

ရုတ်တရက် မမျှော်လင့်ထားတဲ့ အဖြေမျိုးမို့ မေးခွန်းထုတ်တဲ့ သတင်းစာ ဆရာက အံ့အားသင့် သွားခဲ့တယ်။ ဒီလူကြီးက တတိယ ကမ္ဘာစစ် အကြောင်းကိုတော့ မသိဘူး ပြောပြီး၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းကိုကျတော့ သိနေပြန်တယ်။ ဘယ့်နှယ်ဟာလဲပေါ့။ သတင်းစာ ဆရာလည်း စိတ်လှုပ်ရှားပြီး “ ဒါဆိုလည်း ဆရာကြီးရယ်၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းပဲ ကျနော့ကို ပြောပါ” လို့ ထပ်မေးလိုက်တယ်။

အိုင်းစတိုင်းက “တစ်ခုပဲ ပြောစရာရှိတယ်။ အဲ့ဒါကတော့ စတုတ္ထ ကမ္ဘာစစ်ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” တဲ့။ အမှန်ကလည်း တတိယ ကမ္ဘာစစ်ဟာ ကမ္ဘာရဲ့ နောက်ဆုံး စစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒီ နောက်ဆုံး စစ်ပွဲ အတွက် နိုင်ငံရေး သမားတွေဟာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ငြိမ်းချမ်းရေး တို့ စစ်အေးကာလ တို့ ဆိုတဲ့ စကားလုံးတွေ သုံးပြီး အကြီးအကျယ် ပြင်ဆင်နေကြတာပဲ။ ကျနော်တို့ ကြုံတွေ့ သိရတာတွေထဲမှာ ဒီနိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ ပရိယာယ်ဟာ အကျည်းတန်ဆုံး အရုပ်ဆိုး ဆုံးပဲ။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ည နဲ့ တူနေတယ်။ သတိရမိတဲ့ စကားပုံလေး တစ်ခုရှိတယ်။ ညဥ့်ရဲ့ အမှောင်ဆုံး ကာလဟာ အရုဏ်ကျင်းဖို့ နီးလာတာ ဖြစ်ပါတယ် တဲ့။ အဲ့အတိုင်း ဖြစ်ပါ့မလား။ ကျနော် သံသယ ရှိပါတယ်။ ကျနော်တို့ အခု ဝန်းရံပိတ်ဆို့နေတဲ့ ပိန်းပိတ်နေတဲ့ အမှောင်ထုကြီးက အရုဏ်တက်ဖို့ ဆိုတာကော ရှိနိုင်ပါ့မလား။

Read more of this post

Healthy Journalism: Osho

Osho

မေး။ ။ကြံ့ခိုင်တဲ့ သတင်းစာပညာ ဆိုတာ ဘာကို ဆိုလိုတာ ပါလဲ။ သတင်းစာ ပညာ၊ သတင်းစာ လောကဟာ အပြုသဘောဆောင် သတင်းတွေနဲ့ ချည်းသာ မှီတွယ် ရပ်တည်နိုင် ပါသလား။ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အမြင်ကို ပြောစေချင်ပါတယ်။

အိုရှိုး။ ။Healthy Journalism လို့ ကျနော် ပြောတာက – သတင်းစာ ပညာဟာ လူရဲ့ ပုဂ္ဂလိက ဆိုင်ရာ တစ်ခုလုံးကို အလုပ်အကျွေးပြုတယ် လို့ ဆိုချင်တာပါ။ လူတစ်ယောက်ရဲ့ ကိုယ်၊ စိတ်၊ တွေးခေါ်မှု သဘောထား ဒါတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ သတင်းစာပညာဟာ ဖွံ့ဖြိုး တိုးတက် လာမယ့် လူဘောင်အဖွဲ့အစည်းကို ဖန်တီးတယ်။ ဘာတွေဖြစ်နေတယ်လို့ ဖော်ပြပေးရုံသက်သက်၊ Report တင်ပြီး ခင်းပြရုံ သက်သက်ဟာ သတင်းစာပညာ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင် ဟာ သတင်းတွေ ဖော်ပြပေးမယ့် သတင်းကြားခံနယ် သက်သက် မဖြစ်သင့်ဘူး။ ကြီးကျယ် တဲ့ စာပေ အဖြစ် တည်ရှိနေရမယ်။ ဒါကိုသာ ဖွံ့ဖြိုးတယ် လို့ ဆိုနိုင်ပါမယ်။

ပြီးခဲ့ပြီ၊ ကုန်လွန်သွားပြီ ဖြစ်တဲ့ မနေ့က သတင်းစာတစ်စောင်ဟာ ကနေ့အတွက် တန်ဖိုး တစ်စုံတစ်ခုတော့ ရှိနေရမယ်။ ဒီကနေ့ မှာလည်း ဖတ်နိုင် နေရပါဦးမယ်။ တခဏ သဘော ဆောင်ပြီး ကွယ်ပျောက်သွားမယ့် ဟာမျိုး မဖြစ်သင့်ဘူး လို့ ဆိုလိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ သတင်းကြားခံနယ် ( News Medium ) တစ်ခု သက်သက် ဆိုရင်တော့ တစ်ရက် ကုန်ဆုံး သွားတာနဲ့ အဲ့သတင်းတွေက အိုဟောင်း သွားမှာပဲ။ အသစ် အသစ် သတင်းတွေကို ခင်ဗျား လုပ်နေရဦးမှာပဲ။ အဲ့သတင်းတွေလဲ မကြာခင် ပြန်အိုဟောင်း သွားကြဦးမှာပဲ။ တကယ်က သတင်းဟာ အိုဟောင်းနေလဲ စွမ်းအား ရှိနေရပါမယ်။

ဂန္တဝင် စာပေတွေလိုမျိုး၊ ဥပမာ- ဒေါ့စတိုယက်စကီး၊ လီယို တော်စတွိုင်း၊ အန်တန် ချက်ကော့ဗ်၊ တူရကေညက်၊ ရာဘင်ဒြာ နတ်တဂိုး တို့စာတွေမျိုးတွေမှာ လူ့ဘောင် အဖွဲ့အစည်း တည်တံ့သရွေ့ အထင်ကရ ကျန်ရှိနေနိုင်ကြတယ်။ အချိန်မရွေး နုပျိုသစ်လွင်နေကြတယ်။ သတင်း မီဒီယာဟာ အဲ့သလို ဆိုရင်ကော—။

သတင်းစာ ပညာရဲ့ တစ်ထောင့်တစ်နေရာမှာ အဲ့အရည်အသွေး ရှိသင့်ပါတယ်။ အဲ့ဒီ အရည်အသွေးကို မျိုးစေ့ချပေးနိုင်ရမယ်။ သတင်းချည်း သက်သက် သီးသန့် အတွက် အခန်းကဏ္ဍကတော့ ရှိနေမှာပါပဲ- ဒါပေတဲ့ အဲ့ဒါက ဒုတိယအရေးပေး ပဲ ဖြစ်ပါတယ်။ ဒါဆို – ဒီနေရာမှာ သတင်းဖော်ပြချက်၊ Report တွေက ဘာတွေလဲ? အဲ့ဒါတွေ ဘယ်မှာသွားသုံးမလဲ? မေးကောင်း မေးမယ်။ ဆိုပါစို့ – လူတစ်ယောက် ပစ္စည်းအခိုးခံရတယ်၊ အဲ့ သတင်း Report ရဲ့ ပင်မ အချက်က ဘာလဲ? လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ၊ အဲ့သတင်း Report ရဲ့ ပင်မအချက်က ဘာလဲ? ဒါတွေကို မဖြေနိုင်ရင် ထပ်မေးပါလိမ့် ဦးမယ် – မလိုအပ်ဘဲ ထည့်ထားတာ လား? မလိုအပ်တာတွေ နဲ့ ခင်ဗျားရဲ့ သတင်းစာမျက်နှာကို ဖြည့်ထားတာလား?

အဲ့ဒီ မလိုအပ်ဘူး/လိုအပ်တယ် — ဆိုတဲ့ အချက်ဟာ ဒီနေရာမှာ နေရာတကျ ဝင်လာပါတယ်။ ခင်ဗျားမှာ ကဗျာဆရာတွေလည်း ရှိမယ်။ ပန်းချီ ဆရာတွေ လည်း ရှိမယ်။ စာရေးဆရာတွေလည်း ရှိမယ်။ တရားဓမ္မ ဆရာ ဂုရုတွေတောင် ရှိကောင်း ရှိနေဦးမယ်။ သူတို့ အားလုံးကို ခင်ဗျား ဒါတွေကို မိတ်ဆက်ပေးနိုင်ရမယ်။ အဲ့အခါ ဒီ မလိုအပ်ဘူး/လိုအပ်တယ် ဆိုတဲ့ အပိုင်းက ခင်ဗျားရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ နိုင်ငံရေး ကဏ္ဍ ဆိုတာ တတိယနဲ့ စတုတ္ထ စာမျက်နှာ ကို ရောက်သွားတယ်။ ဒါမှမဟုတ် စာမျက်နှာ တစ်ခု အနေနဲ့တောင် ဖြစ်ချင်မှ ဖြစ်တော့မယ်။ ကျနော် ဆိုလိုတာ ကို မြင်ပါရဲ့လား။

Read more of this post

ဤသို့ ရှိခဲ့ကြသည် မို့ –

၂၀၁၁၊ မေလ ၂၂ ရက်နေ့ထုတ် ၊ မော်နီတာ ဂျာနယ် ၊ အတွဲ ၁၊ အမှတ်စဉ် ၅၃၊ စာမျက်နှာ ၁၃ တွင် မော်နီတာ ဂျာနယ် ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ရေးသားထားသော ဆောင်းပါး ဖြစ်ပါသည်။ ဤပို့စ်၏ ခေါင်းစဉ်ကိုမူ ကျနော့ဘာသာ ပေးထားခြင်း ဖြစ်သည်။

ဇေယျ

……………………………………………….

အစိုးရ သစ် နှင့် အတူ လွတ်လပ်စွာ စာပေ ရေးသား ခွင့်ဆိုခြင်း ကို မျှော်လင့် ကြသည်။ လွတ်လပ်စွာ စာပေ ရေးသားခွင့် ဆိုသည့် စကားလုံး အပေါ် တွင်လည်း သဘောထား ကွဲလွဲမှုတွေ ရှိကြသည်၊ တစ်ချို့ ကလည်း အကြွင်းမဲ့ ဒီမိုကရေစီ ဆိုသည်မှာ ဘယ်အခါမှ မရှိဟု ဖွင့်ဆိုကြသည်။ တစ်ချို့ကလည်း Free Press ( သတင်းလွတ်လပ်ခွင့် ) နှင့် အတူ ကပ်ငြိပါလာမည့် Ethics ( ကိုယ်ကျင့် ) အပေါ်တွင် သတင်းသမား များ အနေနှင့် မည်မျှ တာလုံ နေကြပြီလဲ ဟု မေးခွန်း ထုတ်ကြသည်။

တကယ်တော့ ဘ၀ ဟူသည်မှာ ဘောင်ရှိစမြဲ ဖြစ်သည်။ သူ့ဘက် ကိုယ့်ဘက် ကိုယ်သည် ဘယ်ဘက် ကလဲ၊ သူသည် ဘယ်ဘက် ကလဲ၊ အစိုးရသစ်၏ တည်ဆဲ ဥပဒေများ ကို သတင်းသမား များ အနေနှင့် မည်မျှ ကျက်မှတ် ထားခဲ့ကြပြီလဲ ဆိုသည်က မေးဖို့ လိုလာသည်။ ရွေးကောက်ပွဲ နိုင်ငံရေး ပါတီများနှင့် စာနယ်ဇင်း ကျင့်ဝတ် (၂၀၁၀) ရွေးကောက်ပွဲ အသံများ ကျယ်လောင် လာသည်၊ နိုင်ငံရေး ပါတီများလည်း တစ်ဖွဲ့ ပြီး တစ်ဖွဲ့ အသံ ကျယ်လောင် လာသည်။ စာမျက်နှာများ ပေါ်တွင် နိုင်ငံရေး ပါတီများ၏ အာဘော်များ ကိုလည်း ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။

သည့်အတွက် စာနယ်ဇင်း အနေနှင့် စာနယ်ဇင်း ကျင့်ဝတ်နှင့် ညီရဲ့လား ဆိုခြင်းကို စဉ်းစား သုံးသပ်ကြရန် လိုအပ် လာသည်။ တစ်ခေတ် တစ်ခါက နိုင်ငံရေး လှိုင်းများ ပြင်းထန်စွာ ရိုက်ခတ် နေချိန်က ပုဂ္ဂလိက သတင်းစာ အချို့ကို သက်ဆိုင်ရာမှ အရေးယူမှုများ ရှိခဲ့ဖူးသည်။ သာဓက အနေ နှင့် တင်ပြရလျှင် (၁၉၅၉) ခုနှစ်၊ ဖေဖော်ဝါရီ (၆) ရက် နေ့က ဗိုလ်တစ်ထောင် သတင်းစာတိုက် မှ ပုံနှိပ်စက် နှင့် စာခုံများကို ချိတ်ပိတ်ကာ တာဝန်ခံ အယ်ဒီတာ ကိုအောင်စိန်၊ ပုံနှိပ် ထုတ်ဝေသူ ကိုတင်ရွှေနှင့် ဖြန့်ချိရေးမှူး ကိုသောင်း တို့ကို အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဂ/ဃ/င) နှင့် (၁၉၅၈) ခုနှစ် အရေးပေါ် စီမံမှု ယာယီ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၅ (က/၁/က) အရ သတင်း ထောက်လှမ်းရေး အထူးဌာန မှ ရဲမှူး ဦးတင်လှ က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Read more of this post

Human Rights Record of the United States in 2010

Full Text of Human Rights Record of the United States in 2010 (1)

Published by China’s Information Office of the State Council, or cabinet

Human Rights Record of the United States in 2010

The State Department of the United States released its Country Reports on Human Rights Practices for 2010 on April 8, 2011. As in previous years, the reports are full of distortions and accusations of the human rights situation in more than 190 countries and regions including China. However, the United States turned a blind eye to its own terrible human rights situation and seldom mentioned it. The Human Rights Record of the United States in 2010 is prepared to urge the United States to face up to its own human rights issues.

I. On Life, Property and Personal Security

The United States reports the world’s highest incidence of violent crimes, and its people’s lives, properties and personal security are not duly protected.
Every year, one out of every five people is a victim of a crime in the United States. No other nation on earth has a rate that is higher (10 Facts About Crime in the United States that Will Blow Your Mind, Beforitsnews.com). In 2009, an estimated 4.3 million violent crimes, 15.6 million property crimes and 133,000 personal thefts were committed against U.S. residents aged 12 or older, and the violent crime rate was 17.1 victimizations per 1,000 persons, according to a report published by the U.S. Department of Justice on October 13, 2010 (Criminal Victimization 2009, U.S. Department of Justice, http://www.ojp.usdoj.gov). The crime rate surged in many cities in the United States. St. Louis in Missouri reported more than 2,070 violent crimes per 100,000 residents, making it the nation’s most dangerous city (The Associated Press, November 22, 2010). Detroit residents experienced more than 15,000 violent crimes each year, which means the city has 1,600 violent crimes per 100,000 residents. The United States’ four big cities – Philadelphia, Chicago, Los Angeles and New York – reported increases in murders in 2010 from the previous year (USA Today, December 5, 2010). Twenty-five murder cases occurred in Los Angeles County in a week from March 29 to April 4, 2010; and in the first half of 2010, 373 people were killed in murders in Los Angeles County (www.lapdonline.org). As of November 11, New York City saw 464 homicide cases, up 16 percent from the 400 reported at the same time last year (The Washington Post, November 12, 2010).
The United States exercised lax control on the already rampant gun ownership. Reuters reported on November 10, 2010 that the United States ranks first in the world in terms of the number of privately-owned guns. Some 90 million people own an estimated 200 million guns in the United States, which has a population of about 300 million. The Supreme Court of the United States ruled on June 28, 2010 that the second amendment of the U.S. Constitution gives Americans the right to bear arms that can not be violated by state and local governments, thus extending the Americans’ rights to own a gun for self-defense purposes to the entire country (The Washington Post, June 29, 2010). Four U.S. states – Tennessee, Arizona, Georgia and Virginia – allow loaded guns in bars. And 18 other states allow weapons in restaurants that serve alcohol (The New York Times, October 3, 2010). Tennessee has nearly 300,000 handgun permit holders. The Washington Times reported on June 7, 2010 that in November 2008, a total of 450,000 more people in the United States purchased firearms than had bought them in November 2007. This was a more than 10-fold increase, compared with the change in sales from November 2007 over November 2006. From November 2008 to October 2009, almost 2.5 million more people bought guns than Read more of this post

Mask of Mm Freedom

Mask of Freedom

The Universal Declaration of Human Rights states:

“Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference, and impart information and ideas through any media regardless of frontiers”

လွတ်လပ်မှုသည် မျက်နှာဖုံး တစ်ခုတော့ မဟုတ်ပေ။ သို့သော် မျက်နှာဖုံး အားဖြင့် ရှေ့တန်း မျက်နှာစာ တွင် တည်ရှိနေသည်။ ပြည်သူများကြား သတင်း အချက်အလက် များ၊ သဘောထားများ ကူးလူးနေခြင်းသည် ယင်း မျက်နှာစာ အတွက် ကောင်းကျိုးကိုလည်း ဆောင်ကျဉ်းသကဲ့သို့ နောက်ကွယ် ဆိုးကျိုးများလည်း ရှိနေကြသည်။

အသိပညာ လွတ်လပ်မှု ရှိလာခြင်းသည် ပြည်သူတို့၏ ဥာဏ်အရည်အသွေးပေါ် မှီတွယ်ရပ်တည် နေကြောင်းတော့ သိဖို့လိုသည်။ သတင်းအချက်အလက် စီးမြော မှု ၏ နောက်တွင် သတင်းတု သတင်းယောင်များ လည်း ရောယှက် လျက်ရှိသည်။ ခွဲခြား စီစစ်ခြင်းသည် အသိသညာ လွတ်လပ်မှု နောက်တွင် ကပ်ပါ လာသော မရှိမဖြစ် တာဝန် ၀တ္တရား တစ်ခု ဖြစ်လာသည်။ အဘယ်သူသည် မြုံတိ မြုံစပ်နေနိုင်သနည်း။ အဘယ်သူသည် လိုသည်ထက် ပို ပြောကြ သနည်း။ အတင်း သည်ရော အဖျဉ်းသည်ရော ယင်းတို့အားလုံး ကို ဖြိုဖျက်နိုင်သည်မှာ သတင်း လွတ်လပ်မှု ဖြစ်သည်။

မကောင်းသတင်း တစ်ရပ်သည် လူတစ်ဦးတစ်ယောက် အတွက် မကောင်းကြောင်း ဖြစ်စေနိုင်သော်လည်း အခြားလူတစ်ဦးအတွက် ယင်းသို့ ဟုတ်ချင်မှ ဟုတ်မည်။ လူတစ်ဦးက နိုင်ငံရေး ၊ စီးပွားရေး စသည့် အရေး အရာများကို စီမံ တွေးခေါ်ရာတွင် ကွယ်ဝှက်ထားသော သတင်း အချက် အလက်များ နှင့် အလုပ်မဖြစ်ပေ။ Read more of this post

ရန်ကုန်မှာ ဒေတာ၊ ဘာဘာညာညာ

ဒီစနေနဲ့ တနင်္ဂနွေ ( ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ နဲ့ ၂၀ ( စနေနဲ့ တနင်္ဂနွေ ) ) ဒီနှစ်ရက်- ရန်ကုန် MICT မှာ ပွဲတစ်ပွဲ လုပ်ပါတယ်။ဘားကန့် တဲ့ IT နည်းပညာများ ဖလှယ်တဲ့ပွဲလို့လဲ ခေါ်နိုင်မလားပဲ။ သိချင်သူတွေ အိုင်တီကို စိတ်ဝင်စားသူတွေ လာကြတယ်။ လူငယ် ၊ လူကြီး၊ သတင်းစာ ဂျာနယ်လစ်တွေ လည်း ပါမယ်။ အိုင်တီနဲ့ စီးပွားရေး လုပ်နေတဲ့သူများလည်း လာတယ်။ လာရောက်ကြသူတွေလဲ များပါတယ်။ အယောက် ၃၆၁၄ တက်ပါသတဲ့။ Register က နေ သိရသလောက်  ပြော ပါတယ်။  ( ပြီးခဲ့တဲ့ မန္တလေးက ပိုများတယ် လို့လည်း ပြောသေးတယ်။ )

IT ရန်ကုန် ဘားကန့်နဲ့ ပတ်သက်လို့ စီစဉ်ပေးသူ ( Organizer ) အယောက်ငါးဆယ်နဲ့ ထောက်ပံ့သူ ( Sponsor ) တွေအနေနဲ့ ဇေကမ္ဘာတို့၊ ကတ်စပါ စကီးတို့ ၊ လင်နိုဗိုတို့ ( ကျန်သေးတယ် ၊) ရှိကြသပေါ့ ။ သတင်းရေးတာ မဟုတ်လို့  အတိအကျ ပြောမနေ တော့ဘူး ဗျာ။ ပြောချင် တာက ဒီအိုင်တီပွဲမှာ ဘာလုပ်လဲ ။ ဒီကနေ ဘာမြင်ဖြစ်လိုက်လဲ ။  အဲ့ဒါပါ။

Read more of this post