– ချမ်းမြေ့ရန် လိုအပ်သမျှ –
August 11, 2012 Leave a comment
ချမ်းမြေ့ ပျော်ရွှင် စွာ နေထိုင်ရန် လိုအပ် သည့် အရာ ဟူသည် အခြားမဟုတ် – “အခု”သာ ဖြစ် သည်။ အခု သင် ချမ်းမြေ့ ပျော်ရွှင် နေနိုင် ပါသည်။ မနက်ဖြန် အကြောင်း၊ နောက်တစ်နေ့ အကြောင်း ပြောနေ ရန် မလိုအပ်၊ ရွှေ့ဆိုင်းနေစရာ မလိုအပ်။ ပျော်ရွှင်ရန် အရာ အားလုံး သည် ဤခဏ တွင်ပင် တည်ရှိပြီး ဖြစ်သည်။ ယခု သင် အသက် “ရှူ” နေသည်၊ ယခု သင် အသက် “ရှင်” နေ သည်၊ ယခု သင် “အသိ” ရှိ သည်၊ ယခု သင် “သတိ” ရှိသည်။ သို့ဆိုလျှင် ပျော်ရွှင် ချမ်းမြေ့နေ ရန် အတွက် – အခြား အဘယ်အကြောင်း များ ထပ်မံ လိုအပ် နေပါသေး သနည်း။ စင်စစ် အခု ခဏတွင်ပင် သင် ကခုန် နိုင်ပါသည်။ အခု ခဏတွင်ပင် သင် သီဆို နေနိုင်သည်။ သို့ဖြင့် သင် သည် ယခု ခဏ၌ပင် ပျော်ရွှင် ရယ်မော နေနိုင် ပါ၏။
……………………..
ဘဝ သည် လင်းထိန် လှပ နေနိုင်သည်။ သို့မဟုတ်- ယင်းဘဝ သည် ပင် မှောင်မိုက်နေ နိုင်သည်။ ဤသည်တို့သည် ကျနော်တို့ အပေါ် ၌သာ မှီခိုသည်။ ရွေးချယ် သည့် အပေါ်သာ မူတည်သည်။ ထို့နောက်မှ – ဖြစ်နိုင်စွမ်းတို့ အမျိုးမျိုး ကွဲပြား သွားကြသည်။ အမှောင် တွင် နေမည် – အလင်း တွင် နေမည် စသည် သင် မည်သည်ကို ဆုံးဖြတ် ပါမည်နည်း။ ယင်း ဆုံးဖြတ်ချက် တို့သည် – ဘဝရှင် သင်နှင့် သာ ဆိုင်သည်။ အခြား လွှဲချနေစရာ မလိုပေ။
အမှောင် တွင်း နေသော လမ်းသည် – အလိုဆန္ဒ တို့၏ လမ်း ဖြစ်သည်။ အလိုဆန္ဒ တို့၏ လမ်း သည် အစဉ် အမြဲ ပြင်ပ သို့သာ ဦးတည် သည်။ မိမိ သန္တာန်မှာ Read more of this post