– ချမ်းမြေ့ရန် လိုအပ်သမျှ –

ချမ်းမြေ့ ပျော်ရွှင် စွာ နေထိုင်ရန် လိုအပ် သည့် အရာ ဟူသည် အခြားမဟုတ် – “အခု”သာ ဖြစ် သည်။ အခု သင် ချမ်းမြေ့ ပျော်ရွှင် နေနိုင် ပါသည်။ မနက်ဖြန် အကြောင်း၊ နောက်တစ်နေ့ အကြောင်း ပြောနေ ရန် မလိုအပ်၊ ရွှေ့ဆိုင်းနေစရာ မလိုအပ်။ ပျော်ရွှင်ရန် အရာ အားလုံး သည် ဤခဏ တွင်ပင် တည်ရှိပြီး ဖြစ်သည်။ ယခု သင် အသက် “ရှူ” နေသည်၊ ယခု သင် အသက် “ရှင်” နေ သည်၊ ယခု သင် “အသိ” ရှိ သည်၊ ယခု သင် “သတိ” ရှိသည်။ သို့ဆိုလျှင် ပျော်ရွှင် ချမ်းမြေ့နေ ရန် အတွက် – အခြား အဘယ်အကြောင်း များ ထပ်မံ လိုအပ် နေပါသေး သနည်း။ စင်စစ် အခု ခဏတွင်ပင် သင် ကခုန် နိုင်ပါသည်။ အခု ခဏတွင်ပင် သင် သီဆို နေနိုင်သည်။ သို့ဖြင့် သင် သည် ယခု ခဏ၌ပင် ပျော်ရွှင် ရယ်မော နေနိုင် ပါ၏။

……………………..
ဘဝ သည် လင်းထိန် လှပ နေနိုင်သည်။ သို့မဟုတ်- ယင်းဘဝ သည် ပင် မှောင်မိုက်နေ နိုင်သည်။ ဤသည်တို့သည် ကျနော်တို့ အပေါ် ၌သာ မှီခိုသည်။ ရွေးချယ် သည့် အပေါ်သာ မူတည်သည်။ ထို့နောက်မှ – ဖြစ်နိုင်စွမ်းတို့ အမျိုးမျိုး ကွဲပြား သွားကြသည်။ အမှောင် တွင် နေမည် – အလင်း တွင် နေမည် စသည် သင် မည်သည်ကို ဆုံးဖြတ် ပါမည်နည်း။ ယင်း ဆုံးဖြတ်ချက် တို့သည် – ဘဝရှင် သင်နှင့် သာ ဆိုင်သည်။ အခြား လွှဲချနေစရာ မလိုပေ။

အမှောင် တွင်း နေသော လမ်းသည် – အလိုဆန္ဒ တို့၏ လမ်း ဖြစ်သည်။ အလိုဆန္ဒ တို့၏ လမ်း သည် အစဉ် အမြဲ ပြင်ပ သို့သာ ဦးတည် သည်။ မိမိ သန္တာန်မှာ Read more of this post

စစ်နှင့် စစ်ပြင်ဆင်ရေး ကာလ : Osho

မေးတဲ့သူကလည်း မေးခဲ့တယ်။

မေး။ ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ပြန်ရလာခဲ့ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး သမားတွေ ဘာလုပ်နေမယ် လို့ ဆရာ ထင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကမ္ဘာ့သမိုင်းမှာ အချိန်ကာလ အပိုင်းအခြားကြီး ( ၂ ) ခု တည်ရှိတယ်။ အဲ့ဒါကတော့ ကျနော်တို့ သိထားပြီး ဖြစ်တဲ့ ( ၁ ) စစ်ပွဲကာလ နဲ့ ( ၂ ) ငြိမ်းချမ်းရေးလို့ ကျနော်တို့ ခေါ်တွင်တဲ့ ကာလ တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး ဆိုတာ မကောင်းမှုကို ဖုံးကွယ်တဲ့ မျက်နှာဖုံးစွပ် စကားလုံး တစ်ခုပဲ ။ သူ့ရဲ့ မူလဇာတ် သရုပ်အမှန်က နောက်တစ်ကြိမ် “စစ်ပွဲ” တစ်ခု ဖြစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သမိုင်း ဖြစ်စဉ် တစ်ခုလုံးမှာ အဓိကက အဲ့ဒီ အခြင်းအရာ ( ၂ ) ခုပဲ ပါဝင်တယ်။ စစ်ပွဲ နဲ့ စစ်ပွဲ ဖြစ်ဖို့ရာ ပြင်ဆင်ခြင်းပဲ။

Osho

အခု ခင်ဗျားက ကျွန်တော့ကို မေးတယ်။ ငြိမ်းချမ်းရေး ပြန်ရပြီ ဆိုတော့ နိုင်ငံရေးသမားတွေ ဘာလုပ်နေမလဲ ။ ဟုတ်တယ်ဟုတ်။

နိုင်ငံရေး သမားတွေကတော့ သူတို့ လုပ်နေကျ အလုပ်ကိုပဲ ဆက်လုပ်နေမှာ သေချာပါတယ်။ သူတို့ လုပ်နေကျ အလုပ်တွေ ဆိုတာက သဘောတရား တွေ၊ မူဝါဒတွေ အကွဲကွဲ အလွဲလွဲ ပိုဖန်တီး ဖြေရှင်းမယ်။ လူထု အုံကြွပြီး အခြေအနေတွေ မငြိမ်သက်အောင် လှုံ့ဆော်မယ်။ မတရားမှုတွေ ပိုများလာအောင် သွေးထိုးလာမယ်။ အဖျက်စွမ်းအား ပိုကောင်းမယ့် လက်နက်ဆန်းတွေ အဆမတန် ထုတ်မယ်။ အဲ့လိုနဲ့ တတိယ ကမ္ဘာစစ် ကို ဦးတည် ပြင်ဆင်နေမယ်။ အဲ့ဒါဟာ နိုင်ငံရေး သမားတွေ လုပ်မယ့် အလုပ်တွေပဲ ဖြစ်ပါတယ်။ နည်းနည်းများ ရွဲ့ရာ ကျနေ မလား။

တစ်ခါက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ဒီလို အမေးခံရဖူးတယ်။ ခင်ဗျားက အဏုမြူ စွမ်းအားကို တီထွင်ခဲ့တဲ့ သိပ္ပံ ပညာရှင် တစ်ဦး အနေနဲ့ တတိယ ကမ္ဘာစစ်မှာ ဘာတွေဖြစ်လာမလဲ၊ ကျနော်တို့ကို ကြိုပြီး ပြောပြနိုင်မလား။ တဲ့။

အိုင်းစတိုင်းက မျက်ဝန်းထဲမှာ မျက်ရည်တွေ စို့ပြီး ပြန်ပြောခဲ့တယ်။ “တတိယ ကမ္ဘာစစ် အကြောင်း ကျနော့်ကို မမေးပါနဲ့။ တတိယ ကမ္ဘာစစ် အကြောင်း ကျနော် ဘာမှ မသိဘူး။ ဒါပေမယ့် ခင်ဗျားက စတုတ္ထကမ္ဘာစစ် အကြောင်း သိချင်တယ် ဆိုရင်တော့၊ တစ်ချို့တစ်ဝက် ပြောပြလို့ ရနိုင်မယ်”

ရုတ်တရက် မမျှော်လင့်ထားတဲ့ အဖြေမျိုးမို့ မေးခွန်းထုတ်တဲ့ သတင်းစာ ဆရာက အံ့အားသင့် သွားခဲ့တယ်။ ဒီလူကြီးက တတိယ ကမ္ဘာစစ် အကြောင်းကိုတော့ မသိဘူး ပြောပြီး၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းကိုကျတော့ သိနေပြန်တယ်။ ဘယ့်နှယ်ဟာလဲပေါ့။ သတင်းစာ ဆရာလည်း စိတ်လှုပ်ရှားပြီး “ ဒါဆိုလည်း ဆရာကြီးရယ်၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းပဲ ကျနော့ကို ပြောပါ” လို့ ထပ်မေးလိုက်တယ်။

အိုင်းစတိုင်းက “တစ်ခုပဲ ပြောစရာရှိတယ်။ အဲ့ဒါကတော့ စတုတ္ထ ကမ္ဘာစစ်ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” တဲ့။ အမှန်ကလည်း တတိယ ကမ္ဘာစစ်ဟာ ကမ္ဘာရဲ့ နောက်ဆုံး စစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒီ နောက်ဆုံး စစ်ပွဲ အတွက် နိုင်ငံရေး သမားတွေဟာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ငြိမ်းချမ်းရေး တို့ စစ်အေးကာလ တို့ ဆိုတဲ့ စကားလုံးတွေ သုံးပြီး အကြီးအကျယ် ပြင်ဆင်နေကြတာပဲ။ ကျနော်တို့ ကြုံတွေ့ သိရတာတွေထဲမှာ ဒီနိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ ပရိယာယ်ဟာ အကျည်းတန်ဆုံး အရုပ်ဆိုး ဆုံးပဲ။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ည နဲ့ တူနေတယ်။ သတိရမိတဲ့ စကားပုံလေး တစ်ခုရှိတယ်။ ညဥ့်ရဲ့ အမှောင်ဆုံး ကာလဟာ အရုဏ်ကျင်းဖို့ နီးလာတာ ဖြစ်ပါတယ် တဲ့။ အဲ့အတိုင်း ဖြစ်ပါ့မလား။ ကျနော် သံသယ ရှိပါတယ်။ ကျနော်တို့ အခု ဝန်းရံပိတ်ဆို့နေတဲ့ ပိန်းပိတ်နေတဲ့ အမှောင်ထုကြီးက အရုဏ်တက်ဖို့ ဆိုတာကော ရှိနိုင်ပါ့မလား။

Read more of this post

မရောက်သွားသောစာ

၁၉၄၅ ခုနှစ်၊ မတ်လ ၊ ရန်ကုန်မှ သရက်ဧရိယာ ရှေ့တန်းဌာနချုပ်သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထွက်ခွာသော အခါတွင် ဂျပန်စစ်တပ်၏ ဓားစာခံ အဖြစ် ရန်ကုန်၌ ကျန်ရစ်ခဲ့သော ဒေါက်တာဘမော်ထံ ရေးသားခဲ့သော စာ ဖြစ်ပါသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကမန်းကတန်း ရေးခြစ်ရသောကြောင့်လား၊ အကြမ်းရေးထားသည့် အတိုင်း ပေးပို့လိုက်သည်လားတော့ မပြောတတ်။ ဗိုလ်ချုပ်၏ မူရင်းလက်ရေးလက်သား ဖြစ်သောကြောင့် အမှတ်တရ တင်ရှိလိုက်ပါသည်။ ယင်းစာကို ဗိုလ်ချုပ်က ဆက်သား တစ်ယောက်ကို ပေး၍ စေလွှတ်လိုက်သည် ဟု အဆိုရှိသည်။ သို့သော် စာမှာ ဒေါက်တာ ဘမော်ထံ မရောက်ခဲ့။ စာပေဗိမာန်အသင်းမှ ဦးထင်ကြီးတို့ အဖွဲ့နှင့် ရန်ကုန်၊ ဦးအောင်ကြည်တို့ ကောင်းမှုကြောင့် ကာကွယ်ရေးဌာန ပြတိုက်သို့ ရောက်ရှိလာခဲ့သည်ဟု ပါရှိသည်။

တင်ရှိထားသော ဗိုလ်ချုပ်၏ မူရင်းလက်ရေး ဓာတ်ပုံတွင် အလယ်ပိုင်းမှ စာသား အချို့ ပြတ်လျက်ရှိပါသည်။ ယင်းပြတ်နေသော စာသားကို Dr. Maung Maung ၏ Aung San of Burma ကို ကိုးကား၍ ကျနော် ထည့်သွင်းထားသည်။

ဇေယျ
……………………………………… Read more of this post

ဆရာနတ်နွယ် အမှတ်တရ

ကဗျာ ဆရာ၊ စာရေးဆရာ များစွာ မွေးထုတ် ပေး ခဲ့သည့် စာရေးဆရာကြီး နတ်နွယ် သည် (၁၁၊ ၅၊ ၂၀၁၁) ရက် နံနက် (၁၁) နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် ရှိ နေအိမ် တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက် (၇၉) နှစ် ရှိပြီ ဖြစ်သည်။ စာရေးဆရာကြီး နတ်နွယ် ၏ ဈာပန အခမ်းအနား ကို ရေဝေး သုသာန် တွင် (၁၃၊၅၊၂၀၁၁) ရက် ညနေ (၄) နာရီ က ပြုလုပ် ခဲ့သည်။ ဆရာကြီး နတ်နွယ်၏ ဈာပန သို့ စာပေ လောကသားများ စုံညီစွာ လိုက်ပါ ပို့ဆောင် ပေးခဲ့သည် ကိုလည်း တွေ့ရသည်။

ဆရာကြီး ကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် အဖ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံ တို့မှ (၁၉၃၃) ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် တွင် မွေးဖွား သည်။ အမည်ရင်း မှာ လှမြင့် ဖြစ်သည်။ မြစ်ကြီးနားမြို့၊ အထက်တန်း ကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓ သာသနာ့ နုဂ္ဂဟ အထက်တန်း ကျောင်းနှင့် ရန်ကုန် တက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ (၁၉၅၁ – ၅၃) ခုနှစ် အထိ အထက် ဗမာ နိုင်ငံ ကလောင်သစ် လူငယ်များ အဖွဲ့ချုပ်၌ အမှုဆောင် အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ယူခဲ့သည်။ (၁၉၅၅) ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ ( ၁၉၅၉-၆၂ ) ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ဌာနချုပ် အလုပ် အမှုဆောင်၊ (၁၉၆၁-၆၃) ခုနှစ် တွင် စာရေးဆရာ စာပေ ကလပ် အတွင်းရေးမှူး အဖွဲ့ဝင်၊ (၁၉၆၃) ခုနှစ် တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ယူ ခဲ့သည်။ (၁၉၅၄) ခုနှစ် တွင် စုံထောက် မဂ္ဂဇင်း အယ်ဒီတာ၊ (၁၉၆၁) ခုနှစ် တွင် လျှို့ဝှက် သည်းဖို မဂ္ဂဇင်း စတင် တည်ထောင်ပြီး စာတည်း အဖြစ် ဆောင်ရွက် ခဲ့သည်။ (၁၉၆၃) ခုနှစ် တွင် အမျိုးသား သတင်းစာ ၌ ဘာသာပြန် အယ်ဒီတာ၊ (၁၉၆၇) ခုနှစ် တွင် မိုးဝေ ကွယ်လွန်သည် ထိ စုံထောက် မဂ္ဂဇင်း ကို တာဝန်ယူ ခဲ့ပြီး မိုးဝေ ကွယ်လွန်သည့် နောက်ပိုင်း အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ခဲ့သည်။ Read more of this post

အောင်ဆန်း – အက်တလီ စာချုပ် အတွင်းရေး – ( သခင်တင်ဦး )

ရှေးမီ နောက်မီ နိုင်ငံရေး သမား စာရေးဆရာကြီး တစ်ဦး ဖြစ်သော သခင် တင်ဦး သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် လက်ပွန်း တတီး နေခဲ့သူ ဖြစ်သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သော အောင်ဆန်း အက်တလီစာချုပ်၊ ပင်လုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ –

ပင်လုံစာချုပ် နဲ့ ပတ်သက်လို့ မှတ်မိ သလောက် ဆိုရင် ပင်လုံစာချုပ် ချုပ်တုန်း ကတော့ အဘ မပါဘူး။ အဲ့ဒီတုန်းက အဘတို့က ရန်ကုန်မှာ နေတာ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောရရင် မြန်မာပြည်မှာ တိုင်းပြည်ကို တစ်တိုင်းပြည်လုံး စည်းရုံးတဲ့ ခေါင်းဆောင်တွေ ပေါ်ခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား။ အဲ့လို ပုဂ္ဂိုလ်တွေ ပေါ်လာပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက် တိုင်းပြည် စည်းရုံးဖို့ အတွက် ပေါ်လာတယ်။ ရာဇ၀င်ကို ကြည့်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေးရှေးက ခေါင်းဆောင်တွေ ထက် ပင်ပင်ပန်းပန်း နဲ့ ရှေ့ရေး မြင်ပြီးတော့ ဆောင်ရွက်နိုင်တယ် ဆိုတာ ထင်ရှားတာ တော်တော်ကို ချီးကျူး စရာ ကောင်းတဲ့ ဗိုလ်ချုပ် အောင်ဆန်းပါ။

ဒီ့ပြင် ပုဂ္ဂိုလ်တွေ တုန်းက အခုလို တစ်တိုင်း တစ်ပြည်လုံး သူများ လက်အောက် ကနေ ပြီးတော့ ကယ်တင်ဖို့ တိုက်ခိုက်ဖို့ မပါခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ရောက်တော့မှ တစ်တိုင်းပြည်လုံး အင်္ဂလိပ်ရဲ့ ကျွန် ဖြစ်နေတာကို ကယ်တင်ဖို့ ပေါ်လာတယ်။ ပြီးလည်း ပြီးရော တစ်တိုင်း တစ်ပြည်လုံး လူမျိုးစုတွေ ကွဲပြီးတော့ နေတာကို ဗိုလ်ချုပ်အောင်ဆန်းက အကုန်လုံးကို ညီညွတ်အောင် လိုက်ပြီး စည်းရုံးနိုင်တာ သိပ်အံ့သြစရာ ကောင်းတယ်။ သူ့ အသက်အရွယ်နဲ့ ယှဉ်လိုက်ရင် ဗိုလ်ချုပ် အောင်ဆန်းက အဲ့ဒီတုန်းက အသက် (၃၀) ကျော် အရွယ်ပဲ ရှိသေးတာ။ အဲဒီအရွယ် နဲ့ တစ်တိုင်းပြည်လုံး မှာ ရှိနေတဲ့ လူမျိုးစုတွေ အားလုံးကို ညီညီညွတ်ညွတ်နဲ့ အကုန်လုံး ညီညွတ်အောင် လုပ်တာ တကယ် ချီးကျူးစရာ ကောင်းတယ်။ အဲ့လို ချီးကျူးစရာ ကောင်းအောင် ဗိုလ်ချုပ် အောင်ဆန်း လုပ်နေတုန်းကို အင်္ဂလိပ် အစိုးရက ပြည်ထောင်စုသား တွေကို အကုန် လုံးခွဲ ထုတ်ဖို့ အတွက် နောက်က လိုက်ပြီး နှောင့် ယှက်သေးတယ်။

Read more of this post