Nightmare

“အပြေးကောင်းသူမှာ ခြေရာမကျန်၊
စကားပြောကောင်းသူမှာ အမှား မရှိ၊”

တောက်တယ်ကျင်း ထဲက စာတိုလေး တစ်စ။ ကျနော့ အဖို့ ချစ်စရာ ကောင်းတယ်။ ဒီ တစ်လံ တစ်ထွာ ကိုယ်ခန္ဓာ အတွင်း ကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ထိုးမွှေ ခုန်ချ ခဲ့ဖူးသလဲ။ မိမိ အသိစိတ် အတွင်းထဲ ခဏတိုင်း ခဏတိုင်း – တိုးဝင် ကြည့် တဲ့အခါ – ဘယ်အရာ ကိုမှ ခြေရာ မချန်ထား ခဲ့ဘဲ ပြေးလွှားနေတဲ့ မိမိ အဖြစ် ကို တဖြတ်ဖြတ် မြင်နေ ရမှာပဲ။ ဘောင်ကွပ် နေတဲ့ အရေပြား တစ်ထောက် ဟာ အကျဉ်းထောင် နံရံ ထက် ပိုမာ နေတာ တွေ့ရမယ်။ တစ်ခါမှ ခွဲဖြတ် မလာ နိုင် တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် – ဒီ ကာလတွေ ကို လည်း လှောင်ရယ် ရယ်မိ လာလိမ့်မယ်။

Read more of this post

မတူညီခြင်း

– လူတိုင်း “တည်ငြိမ် ခိုင်မြဲ” နေရတာ ကို မျှော်လင့် တယ်။
– ဒါပေမယ့် “တည်ငြိမ် ခိုင်မြဲ” တယ် ဆိုတာ တကယ့် သဘာဝ အမှန် မဟုတ်ဘူးပဲ။

ဒါ့ကြောင့် ~ အဲ့ဒီ မျှော်လင့်ချက် နဲ့ – တကယ့် အဖြစ် တို့ တိုက်ဆိုင် တဲ့ အခါ ~ လူဟာ ဒုက္ခ များရ ပါတယ်။

ကြားဖူး နေကျ ကိုပဲ အပ်ကြောင်း ထပ်ပြီး ပြောချင်တယ်။

~ မြစ်တစ်စင်း ဟာ ဘယ်အချိန် မှာမှ ထပ်တူ မရှိဘူး။ အလားတူ ခင်ဗျား ကိုယ် ခင်ဗျား လည်း တစ်ကြိမ် နဲ့ တစ်ကြိမ် မတူဘူး။ ဒါ့ကြောင့် အချိန် တစ်ခဏ တိုင်း ဟာ တစ်သီး တစ်သန့် ရှိနေ တာ ဖြစ်ပါတယ်။ နှိုင်းယှဉ် စရာ မရှိဘူး – သီးခြား ကွဲထွက် နေတယ်။ “တစ်ခဏတာ” အဖြစ် ကို ရှေ့ အချိန် ကလည်း မရခဲ့ဖူး သလို၊ နောက်နောင် မှာလည်း ဘယ်တော့ မှ ပြန်မရဘူးပဲ။

ဒါကို တွေးကြည့်ရင် လူတိုင်း တွေးမြင် နိုင်ပါတယ်။ ဒါပေမယ့် – တကယ့်ဘဝ ထဲ အစစ်အမှန် ရှင်သန် နေ တဲ့သူကတော့ သိပ်မရှိဘူး။ ခင်ဗျား သတိထားကြည့်ရင် မိမိ ပတ်ဝန်းကျင် မှာတင် သိနိုင်ပါတယ်။ တကယ်လို့ အဲ့အတိုင်း သိမြင် ရှင်သန်နေသူ ဖြစ်ရင်လည်း ~ ဘာဝနာ ကျင့်ကြံ နေထိုင်နေ သူနဲ့ ဘာမှ မခြားနားတော့ ဘူးရယ်။

Read more of this post

ဗိုလ်ချုပ်တို့ လယ်ဝေးတွင် ဆုံစဉ်က

ဤဆောင်းပါးတွင် ပါသည့် အချက်အလက် များမှာ အလို သာလျှင် ရှိနိုင်ပါသည်။ အပို ချဲ့ထွင် ထားခြင်းတော့ မရှိပါဟု ၀န်ခံလိုပါ သည်။ တစ်နည်း အားဖြင့် ဆိုသော် ဆောင်းပါးတွင် ပါသော အကြောင်းအရာ များမှာ အမှန်အတိုင်း ဖြစ်ရုံမက အငြင်းပွားမှု ပြုလို ကြလျှင်လည်း သက်သေ ပြုနိုင်သော ပုဂ္ဂိုလ်ကြီးများ အသက် ထင်ရှားရှိနေ ကြပါသဖြင့် ရှည်လျားစွာ အငြင်းပွားဖို့ မလိုသော အဖြစ်အပျက် ဆောင်းပါးပင် ဖြစ်ပါသည်။

အချိန်ကား (၁၉၄၇) ခုနှစ်၊ ဧပြီ (၅) ရက်။ ထိုနေ့သည် ကြားဖြတ် အစိုးရဟု ခေါ်သော ဘုရင်ခံ အတိုင်ပင် ကောင်စီ (ဒု) သဘာပတိ နှင့် ကာကွယ်ရေး ၀န်ကြီး၊ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်း သည် လယ်ဝေးမြို့သို့ လာရောက်၍ တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ အတွက် တရား ဟောရန် ရောက်ရှိလာမည့် နေ့ဖြစ်ပါသည်။

လယ်ဝေး သူပုန်ထချိန်

ကျွန်တော်သည် ထိုအချိန်က လယ်ဝေးမြို့နယ် ဖဆပလအဖွဲ့ ဒု-ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ မြို့နယ် ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန် ယူနေရသူ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် လယ်ဝေး မြို့နယ် တွင်း၌ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကြိုတင် တောခိုပြီး ဆူပူ လှုပ်ရှားနေသော ဗိုလ်မှူး တာရာ (ရဲဘော်သုံးကျိပ်) ခေါင်းဆောင်သည့် (၁) ဘုန်းကြီး ခေါင်းစံဒွန်း၊ (၂) ဗိုလ်အောင်ကြီး (ကရင် အရေးတော်ပုံ ထသောအခါ စာရေးသူနှင့် လာပေါင်းသူ)၊ (၃) ဗိုလ်ရွှေဗျိုင်း၊ (၄) ဗိုလ်မဲလေး နှင့် (၅) မြင်းဖြူရှင် မခင်ညွန့် အစရှိသည့် ကွန်မြူနစ် တို့ကလည်း လယ်ဝေးနယ် အတွင်း မီးဟုန်းဟုန်း တောက်လောင်နေ စေသော အခါကာလလည်း ဖြစ်ပါသည်။ သို့မဟုတ် လယ်ဝေး သူပုန်ကြီး အဟုန်ပြင်းစွာ လှုပ်ရှားတက်ကြွ နေသော အချိန်ကာလလည်း ဖြစ်ပေသည်။ တပ်မတော်မှ နှိမ်နင်းရန် ထိုထကြွ ဆူပူ လှုပ်ရှား နေသော ဗမာပြည် ကွန်မြူနစ်ပါတီ ၏ လယ်ဝေး သူပုန်ကြီး ကို နှိမ်နင်း ဖယ်ရှားရန် အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရ က ဗမာ့ သေနတ်ကိုင် တပ်ရင်း အမှတ် (၄) ကို ပျဉ်းမနားသို့ ပို့၍ ရှေ့တန်း စစ်ဆင်ရေးရုံး ကို လယ်ဝေးမြို့ အနောက်ဘက် သရက်ပင်ကုန်း ဘုန်းကြီးကျောင်း ၀ိုင်းဟောင်းအတွင်း ဒု-တပ်ရင်းမှူး ဗိုလ်မှူးနေ၀င်း (ယခု တော်လှန်ရေး ကောင်စီနှင့် တော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း) ခေါင်းဆောင်၍ ဖွင့်လှစ်ထားပြီး Read more of this post