မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။ Read more of this post

စွမ်းအင်မည်း ရှာဖွေရေး သမားများ ( သို့မဟုတ် ) နိုဘယ်လ်ဆုရှင်များ

Saul Perlmutter, Adam Riess and Brian Schmidt

၂၀၁၁ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်၊ လောရင့်စ် ဘာကလေ အမျိုးသား ဓာတ်ခွဲဌာန က သိပ္ပံပညာရှင် ဆောလ် ပါမက်တာ (Saul Permutter) ၊ ဘယ်လ်တီမိုး-ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က အဒမ် ရိစ် (AAdam Riess)၊ ဝက်စ်တမ် ခရိ – ဩစတြေးလျ အမျိုးသားတက္ကသိုလ်က ဘရိုင်ယန် ရှမစ်ဒ် (Brian Schmidt)တို့က ခွဲဝေ ရရှိပါတယ်။

အဝေးတစ်နေရာက နေပေါက်ကွဲမှု ဖြစ်စဉ်တွေကို လေ့လာရင်း စကြာဝဠာရဲ့ ပြန့်ကားမှု အရှိန်နှုန်းကို တွက်ချက်ဖော်ထုတ်ခဲ့တာ တွေ အတွက် ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမက်တာက နိုဘယ်ဆုရဲ့ ဆုကြေးဖြစ်တဲ့ SEK 10m ( စတာလင်ပေါင် 934,000 ) တစ်ဝက်ကို ရရှိတာဖြစ်ပြီး၊ ရိစ်နဲ့ ရှမစ်ဒ်တို့က အခြားတစ်ဝက်ကို ရရှိပါတယ်။

ဆွီဒင် သိပ္ပံဆိုင်ရာ တော်ဝင် အကယ်ဒမီက ပြောကြားရာမှာ “လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံလောက်က စတဲ့ မဟာပေါက်ကွဲမှု ( Big Bang ) ဖြစ်စဉ် အပြီးမှာ စကြာဝဠာဟာ ပြန့်ကားထွက်လာနေတယ်လို့ ကျနော်တို့ သိခဲ့ရတာ ရာစုနှစ်တစ်ခု နီးပါး ရှိပါပြီ။ ဒါပေမယ့် ဒီပြန့်ကားနှုန်းဟာ အရှိန်မြင့်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ အံ့အားသင့်စရာ ကောင်းတယ်။ တကယ်လို့သာ အဲ့သလို အရှိန်နဲ့ အဟုန်နဲ့ ပြန့်ကားနေမယ်ဆိုရင် ဒီစကြဝဠာဟာ အေးခဲသွားပါလိမ့်မယ်” လို့ ဖော်ပြတယ်။

၁၉၃၂ ခုနှစ်က အဲလ်ဘတ် အိုင်းစတိုင်းနဲ့ ဝီလ်လမ် ဒဲ စစ်တာ တို့နှစ်ဦး တင်ပြခဲ့တဲ့ ပုံစံငယ် တစ်ခုအရ ဒြပ်ဆွဲအားကြောင့် စကြဝဠာရဲ့ပြန့်ကားနှုန်းဟာ နှေးကွေးသွားမယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားတာပါ။ ၁၉၈၀ ခုနှစ်များ လောက်မှာတော့ ဒီ ယုံကြည်ချက်ကို ထောက်ခံမယ့် ဘယ်အချက်အလက်မှ မတွေ့ရှိခဲ့ကြဘူးလို့ ဆိုတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ အိုင်းစတိုင်းရဲ့ ယေဘုယျ နှိုင်းရသီအိုရီထဲက အိုဟောင်းနေပြီးဘေးဖယ်ထားခဲ့ရတဲ့ စကြာဝဠာ ကိန်းသေ ၊ ( Lambda λ ) ကို အချက်အလက်တွေ ဖြေရှင်းဖို့ မထည့်မဖြစ် ပြန်ထည့်ခဲ့ကြရတယ်။ Read more of this post

Quantum Counting

I love physics. So,as I read and liked it,this article is just shared from nature.com being pleased to my colleagues who interested in number theory and physics.

The blogger of it is Zeeya Merali, freelence from London.

Zayya
…………………………….
In 2008, quantum physicist Andrew White found himself building a “ridiculous machine” in his lab at the University of Queensland in Brisbane, Australia.

White had spent years working on quantum computation, attempting to exploit subatomic physics to create a device with the potential to outperform its best macroscopic counterparts. And he had learned that it was a tough job: the required quantum systems are fragile, and demand immaculate laboratory conditions to survive long enough to be of any use. Now White was setting out to test an unorthodox quantum algorithm that seemed to turn that lesson on its head. In this scheme, messiness and disorder would be virtues, not vices — and perturbations in the quantum system would drive computation, not disrupt it.

“I honestly thought, there’s no way this will work,” says White. But when he turned his ridiculous machine on, it ran1.

Read more of this post

Electron’s shape

The Large Hadron Collider is searching for signs of supersymmetry

အီလက်ထရွန် မှုန်လေးတွေဟာ စက်လုံးပုံသဏ္ဍာန် နဲ့ နီးပါး တူနေ ကြောင်း စမ်းသပ် သိရှိကြပြီ လို့ ဆိုပါတယ်။
တော်တော်များများ သိပြီးတာကို ပြန်ပြောရရင် – ရုပ်ဝတ္ထုတိုင်းကို အက်တမ် ( Atom ) လို့ ခေါ်တဲ့ အမှုန်လေး တွေနဲ့ ဖွဲ့စည်းထားတယ်။ အဲ့အမှုန်လေး တွေကို ထပ်ခွဲကြည့်ရင် ပရိုတွန် ၊ နျူထရွန်၊ အီလက်ထရွန် ဆိုတဲ့ အမှုန်တွေ ပေါင်းစပ် ထားကြောင်း တွေ့ ရပြန်တယ်။ ဒါ့ကြောင့်မို့လဲ သူတို့ကို ( Sub-atomic particles ) အက်တမ်အောက် အမှုန်တွေ လို့ ခေါ်ခဲ့တယ်။ အဲ့ အမှုန်လေးတွေကို မှ ထပ် စိတ်ပိုင်း ကြည့်တော့ – Quark လို့ အမည်ပေးထားတဲ့ အမှုန်စလေးတွေနဲ့ ဖွဲ့တည်ထား ပြန်သတဲ့။ အခု လက်ရှိ Quark တွေကိုတော့ ထပ်မခွဲ နိုင်သေးပါဘူး။

Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post

သေသည်၏ အခြားမဲ့မရှိဟူသော ဟောကင်း

Stephen Hawking

 ဝဘ် စာမျက်နှာများ လှန်လှော ကြည့်ရင်း ဘာသာပြန်ဆို ချင် လာသော ကြောင့် ပြန်ဆို ထားသော တစ်ပုဒ် ဖြစ်ပါသည်။

ကိန်းဘရစ်ခ်ျမှ ကမ္ဘာ ကျော် ရူပဗေဒ ပညာရှင် စတီဗင် ဟောကင်း ၏ ပြောကြားချက် အချို့ကို တင်ပြရန် ဖြစ်သည်။

ဟောကင်းက ၎င်း၏ ယုံကြည်ရာ မှာ ကောင်းကင်ဘုံ သို့မဟုတ် သေသည် ၏ အခြားမဲ့ ဘဝ ဟူသည် တို့သည် သေခြင်း တရားကို ကြောက်လန့် တတ်ကြသော သူများ အတွက် ခြောက်လှန့် တတ်သော ပုံဝတ္ထု များသာ ဖြစ်သည်ဟု ဆိုသည်။

အချိန်၏ သမိုင်း အကျဉ်း ဟူသော နာမည်ကျော် ရူပဗေဒ ဆိုင်ရာ ကျမ်းကို လူပိန်း နားလည်အောင် ရေးသားခဲ့သူ ဟောကင်း ကို ပြီးခဲ့သည့် တနင်္လာနေ့က ဂါးဒီးယန်း သတင်းစာမှ အင်တာဗျူး ခဲ့သည်။ ယင်း အင်တာဗျူးတွင် ဦးနှောက် အတွင်း တုံ့ပြန်မှု ဖြစ်ပေါ်သမျှ နောက်ဆုံး အချိန် ခဏတာ၏ အလွန်၌ မည်သည့် အရာမှ မရှိ ဟု ပြောကြားခဲ့သည်။

ဟောကင်းသည် အသက် ၂၁ နှစ် အရွယ်ကတည်းက အာရုံကြော ချို့တဲ့မှု ရောဂါတစ်မျိုးခံစားနေရသူ ဖြစ်သည်။

၎င်းက “လွန်ခဲ့တဲ့ လေးဆယ့် ကိုးနှစ် ကတည်းက သေမယ် ဆိုရင် သေနိုင်တဲ့ ရောဂါ ဝေဒနာနဲ့ ကျွန်တော် အသက် ဆက်လာ ခဲ့တာပါ။ သေတာကို မကြောက်ဘူး ။ ဒါပေမယ့် မြန်မြန် လည်း မသေချင်ပါဘူး။ လုပ်လို့ ရသရွေ့မှာ အဖြစ်ချင်ဆုံး အကောင်းဆုံး တော့ လုပ်သွားဦးမှာ” ဟု ဆိုသည်။

Read more of this post

ဂျပန်နျူကလီယား ကပ်ဘေးကို ရှောင်ရှားနိုင်ဖို့ နာရီပိုင်းသာ အချိန်ရတော့မတဲ့

မီဒီယာသမား ၊ အကိုတစ်ယောက် ရေးထားတာ တွေ့တော့. သူက စီအန်န်အန်န် ကနေ ဖတ်ရှုရင်း ကြည့်ရင်း ယူလာတယ်လို့ ဆိုတယ်။ ကျနော် က ပြန်ယူလာပါတယ်။ သူ့အတိုင်းပါပဲ။ နည်းနည်း Intro လေးတော့ ပြောချင်တယ်။ နျူကလိယား ကိစ္စ ဆိုတော့ ရူပဗေဒပိုး ၀င်ပြီး ကျက်စားခဲ့ရတဲ့ ကျနော့် အတွက် ရေးချင်ရာလည်း ဖြစ်နေလို့ပါ။

နျူကလိယား အန္တရာယ် ဘယ်လောက် ကြီးသလဲ။ နျူကလိယား ဗုံးတစ်လုံး စွမ်းအား ဘယ်လိုလဲ။ အခုခေတ် နျူကလိယားတွေရဲ့ စွမ်းအင် ဖော်ဆောင် နိုင်စွမ်းအား ဘယ်လောက် မြင့်သလဲ။ ဒီမေးခွန်း တွေကို ဖြေနိုင်ရင်..နားလည်ရင် အောက်မှာ အကို ပြောတဲ့ နျူကလိယား အရေးဟာ ကျနော် တို့ ကမ္ဘာနေ ပြည်သူပြည်သားအားလုံး ဘယ်လောက်အထိ မပေါ့သင့် သလဲ ဆိုတာ စဉ်းစားမိမှာပါပဲ ။ နျူကလိယား – nuclear ရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ရဲ့ ဖောက်ပြန်မှုဟာ ကမ္ဘာ့ရာသီဥတုတွေ ထက် ဆိုးပါတယ်။ လေဒဏ် ၊ရေဒဏ်၊ ငလျင်ဒဏ် တွေထက် ဆိုးမယ်။ ဒီဒဏ်တွေက တစ်ခါသာ သေမယ်။ နျူကလိယား ရေဒီယို သတ္တိကြွဒဏ်ကတော့ မျိုးတုန်းမယ့် ဒဏ်ပါ ရှိနေပါတယ်။ ( တစ်ခု ရှိတာက ခြောက်လှန့်သလို ဖြစ်နေမှာကိုလည်း စိုးပါတယ်။ သတိထားရမယ့် ကိစ္စဆိုတော့ ခြောက်လှန့်တာတော့ ဟုတ်ရပါဘူးလို့ ပြောပါရစေ )

လူ့ခန္ဓာ ဖွဲ့စည်းမှုက ဆဲလ်တစ်လုံး ပမာဏထက် သေးငယ်တဲ့ အဏုမြူ ( အချို့ဆို ဘုရားဟော ပရမာ အဏုမြူ ဆိုတာနဲ့ နှိုင်းတယ် ၊ အဲ့လို နှိုင်းလို့ ရလားတော့ မသိ ) အဲ့ အမှုန်လေးတွေကို အလင်းအလျင်နှုန်းနဲ့ ပစ်လွှတ်၊ စွမ်းအင် အသွင်ပြောင်း၊ ထုတ်ယူအသုံးချ၊ ဒါဟာ နျူကလိယား စက်ရုံတစ်ရုံရဲ့ လူပြိန်းနားလည်မယ့် လုပ်ဆောင်ချက် သဘာဝပါ။ ကောင်းကျိုးအတွက် အသုံးချလာတော့ ပြောမပြတတ်အောင် များမြောင်မယ့် လက်တွေ့အသုံးချ နယ်ပယ်များ ရှိလာသလို၊ အခု ကဲ့သို့လို ဂျပန် သဘာဝဘေးဒဏ် တွေ နဲ့ ဂျပန် နျူကလိယား စက်ရုံတွေ အရေးဖြစ်တော့ ပြောမပြတတ်အောင်များမယ့် ဆိုးကျိုးတွေလည်း တန်ပြန်ရှိလာမယ် ဆိုတာ ပါးပါးလေးတွေး – ရေးရေးတော့ မြင်နိုင်ကြမှာပါပဲ။

ဟုတ်ကဲ့လား။ အက်ဆစ်မိုး၊ အက်ဆစ်မိုးလို့… ကျီးလန့်စာစားကြတဲ့ ကောလဟာလ တစ်ရက်နှစ်ရက်စာ နောက်မှာ… အခုတစ်ခါ နာရီပိုင်းလေးပါ ဆိုတာ ပေါ်လာပြန်ပါပြီ။ တကယ်မှ ဟုတ်ရော ဟုတ်ရဲ့လား ဆိုတာထက်၊ တကယ်ဟုတ်ခဲ့ရင် ဆိုတာကို စဉ်းစားထားဖို့တော့ လိုပါလိမ့်မယ်။ မိုးမပြို၊ ပြိုခဲ့သည် ရှိသော် လို့ စိတ်ကူးယာဉ် အတွေး တွေးနေတာ မဟုတ်ပါဘူး။ ဘာလို့လဲဆို.. တကယ်ဖြစ်နေလို့ပါ။ တကယ် ဖြေရှင်း၊ တကယ်လုပ်နေရတဲ့ နျူကလိယား ပြဿနာ အရေးမှာ ဖြစ်လာရတာတွေ က ဒီဂလို ဆိုတော့ကာ –

လူတွေမဖြေရှင်းနိုင်ဘဲ ရှိနေလာတော့.. ဂျပန်မှာ နာမည်ကြီးနေတဲ့ ရိုဘော့ကြီးများရော ဘယ်ရောက်ကုန်သလဲ။ မေးကြည့်ချင်လာပါတယ်။ ပညာရှင်ကြီးများ စဉ်းစားကြပါဦးလို့……..။

ဇေယျ Read more of this post