ဂန္ဓာရီသဘောလာ သံလိုက်အားပညာနှင့် ဂုဂျိယဖ်

Rasputinရုရှလူမိုက် နန်းတွင်းပျောက်စေဆြာကြီး ရပ်စပြူတင်ဟာ ရာဇ၀င် မှတ်တမ်းတွေမှာ သံလိုက်စွမ်းအား ကြီးတဲ့သူ တွေထဲ ဖယ်ထားမရတာ အားလုံး အသိပဲ။ သူ့ကို လူလိမ်လို့ ဆွဲချသူတွေနဲ့ ခရစ်ယာန် ဓမ္မအတွက် အောက်လမ်း ဂိုဏ်းဝင် အကျင့်တွေ ကျင့်ခဲ့တယ်လို့ အမနာပ ဆိုကြသူတွေ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ညို့ဓာတ်ပညာရပ်နဲ့ ကုသနိုင်စွမ်း တွေဟာ ဇာဘုရင်နဲ့ သူ့အချစ်တော် မိဖုရားကြီးကို ကိုင်လှုပ် ကစားနိုင်ခဲ့သလို ရုရှတော်လှန်ရေးကြီး ဖြစ်ရသည်အထိ လှုပ်ခတ်စေခဲ့တယ်။ သူ့ရဲ့ အကျင့်ဆိုးတွေကို ဖယ်ပြီး ငယ်စဉ်ဘ၀ သူဖြတ်သန်းခဲ့သမျှကို ပြန်မွှေ ကြည့်ရင် ဗမာတွေ အခေါ် အတ္တ ကိလမထတွေ အများစု ပါတာပေါ့။ အေးစိမ့်မဲမှောင်နေတဲ့ မြေအောက်ခန်း ကျဉ်းကျဉ်းလေးထဲ နာရီနဲ့ချီ ဒူးထောက်ငိုကြွေး တောင်းဆုပြုတဲ့ အကျင့်တွေ၊ မိမိခန္ဓာကို ညှင်းပန်းနှိပ်စက်ပြီး အာပါတ်ဖြေတာတွေ၊ အပြစ်ရှိမှ အပြစ်ဖြေလို့ ရတာကွ ဆိုပြီး ထင်ရာစိုင်းခဲ့ရာက နောက်ဆုံး ရက်ရက်စက်စက် အသတ်ခံရတဲ့ အထိ သေပွဲဝင်သွားခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး။ ကျန်တဲ့ အချက်တွေ ဖယ်ထားရင် – သူဟာ သံလိုက်စွမ်းအင်ပညာ (Magnetism) ကို လက်ဝယ်ထားရင်း လမ်းလွဲသွားခဲ့သူ ဖြစ်ခဲ့တာပဲ။
.
တကယ်တမ်း သံလိုက်ပညာရဲ့ အစွမ်းအစကို အသုံးချပြီး၊ ထင်သာမြင်သာ သမိုင်းဝင်သွားတဲ့ သူတွေ အဆိုးအကောင်း ရောပြွန်းပြီး (ဥပမာ- Aleister Crowley တို့လို လူစားတွေ) – ရှိခဲ့ကြသလို၊ စာတမ်းမ၀င်ဘဲ မြုပ်ကွယ် သွားတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိကြတာပေါ့။ လူ့ခန္ဓာကိုယ်မှာ သံလိုက်စွမ်းအင် ရှိကြောင်း အများစု သိကြတာပါပဲ။ ဒါပေမယ့် ဒါကို အသေးစိတ် လိုက်စားကြတဲ့ သူတွေက C.G.Jung လို နှောင်းပိုင်း စိတ်ပညာသမားတွေနဲ့ ရှေးဂန္ဓာရီသမားတွေ ပါတယ်။ နောက်ပြီး ရှေးဂိုဏ်းဆရာတွေလည်း ရှိကြသေးတယ်။ သူတို့ အမြင်မှာ သံလိုက်အစွမ်းဟာ သက်ရှိ သက်မဲ့ အရာရာတိုင်းမှာ ရှိတယ် ဆိုပေမယ့် ရှေး ဗြဟ္မဏကြီးတွေနဲ့ ပရောဟိတ် ဆရာကြီးတွေ၊ ဘုန်းတော်ကြီးတွေ၊ နတ်ဝင်သည်တွေမှာသာ ဒီအစွမ်းတွေကို ကိုယ့်အတ္တအတွက် တိတ်တဆိတ် ကြိတ်ပြီး အပြည့်အ၀ အသုံးချခဲ့ကြတယ်လို့ ယုံကြည်ကြတယ်။
.
ဒါကို သီဝရီနည်းတွေနဲ့ ဂုဂျိယဖ်က သူ့လက်တစ်ဆုပ်စာ အတွင်းတပည့်တွေကို ရှင်းပြခဲ့ဖူးတယ်။
.
Read more of this post