အမျိုးသားရေးဝါဒ ပျောက်ကွယ်သွားခဲ့ရင်

Q: အမျိုးသားရေးဝါဒ (Nationalism) ပျောက်ကွယ်သွားရင် ဘာဝင်လာမှာလဲ။

J. Krishnamurti: သိသာတာက- အသိဉာဏ်ပညာပါပဲ။ ဒါပေမယ့် အခုမေးခွန်းမှာ ကျုပ် စိုးရိမ်တာက အမျိုးသားရေး ဝါဒ ပျောက်ကွယ်သွားရင် ဘာဝါဒ အစားထိုး ဝင်လာမလဲလို့ မေးတာမျိုး ဖြစ်နေမှာကိုပဲ။ အစားထိုးတယ် ဆိုတာ အသိဉာဏ်ပညာ မပါတဲ့ အပြုအမူမျိုးပါ။ – ဆိုပါစို့ ကျုပ် ဘာသာတစ်ခုကနေ ထွက်ပြီး အခြားဘာသာတစ်ခုကို ကူးပြောင်းမယ်၊ ဒါမှမဟုတ် နိုင်ငံရေးပါတီတစ်ခုကနေ အခြားပါတီတစ်ခုကို အစားထိုး ဝင်ရောက်မယ်၊ ဒီလိုဆိုရင် ဒီလို အစားထိုးမှုမျိုးဟာ အသိဉာဏ် မပါတဲ့ ကိစ္စမျိုး ကိုပဲ ညွှန်းဆိုပါတယ်။

အမျိုးသားရေး ဝါဒ ဘယ်လို ပျောက်ကွယ်သွားမလဲ။ ဒီဝါဒရဲ့ အကျိုးသက်ရောက်မှုကို ကျုပ်တို့ သေသေချာချာ နားလည်ခဲ့ရင်၊ သူ့ကို သေချာစေ့ငှ စစ်ကြောနိုင်ခဲ့ရင်၊ သူ့ရဲ့ အတွင်း၊ အပြင်လက္ခဏာတွေကို အူမချေးခါး သတိပြုနိုင်ခဲ့ရင် ပျောက်ကွယ် သွားမှာပဲ။ သေချာ စေ့ငှ ကြည့်တတ်သူ တစ်ယောက်အတွက် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာ အားဖြင့် လူအချင်းချင်း ခွဲခြားထားတယ်၊ လူတန်းစား အလွှာ သတ်မှတ်ချက်တွေ၊ စစ်ပွဲတွေ၊ ဖျက်လိုဖျက်ဆီး ကိစ္စရပ်တွေ သူ့ကြောင့်ပဲ ဖြစ်နေရတာ မြင်ရလိမ့်မယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အတွင်းလက္ခဏာ အားဖြင့်လည်း အလားတူပါပဲ။ ငါဟာ ဘယ်နိုင်ငံသား၊ ငါဟာ ဘာလူမျိုး၊ ငါ့ဝါဒက ဘာဝါဒလို့ လက်မ ထောင်လိုက်တာဟာ မိမိရဲ့ အရုပ်ဆိုးတဲ့ အတ္တကို ကြီးထွားအောင် လုပ်နေတာပဲ မဟုတ်လား။ ကျုပ်ဟာ ရွာငယ်ဇနပုဒ်မှာနေနေ၊ မြို့ကြီးပြကြီး ဘယ်နေရာမှာပဲ နေနေ ကျုပ်ဟာ ဘာမှမဟုတ်တဲ့ သူပါ။ ဒါပေမယ့် ကျုပ်ကိုယ်ကျုပ် ဟိန္ဒူလို့ ဆိုလိုက်တာနဲ့၊ အိန္ဒိယသားလို့ ကမ္ဗည်း ထိုးလိုက်တာနဲ့၊ ကျုပ်ကိုယ်ကျုပ် ဂုဏ်ပုဒ်၊ အနုမာန၊ လူသားတစ်ယောက်ရဲ့ အတ္တမရသ ရလိုက်သလို ခံစားမိမှာ။ လူသားတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ဒီလို တံဆိပ်ကပ်ဖို့ မရှိမဖြစ် လိုအပ်နေရဲ့လား။ ဒါဆိုရင်တော့ လူသားအများကြားမှာ ရှုပ်ထွေးမှုတွေ၊ တိုက်ပွဲတွေ ပေါ်လာကြမှာ ဓမ္မတာပဲ မဟုတ်လား။

J.-Krishna-Murti1

ဒါ့ကြောင့် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာအားဖြင့် စစ်ပွဲတွေကို ဖန်တီးနေသလို၊ Read more of this post

အလွဲ

အန္တိမ သစ္စာ ဆိုတဲ့ ပါဠိသက် စကားလုံး လှလှအောက်မှာ – ကြည်လင်တဲ့ အသွင် သာ စီးဆင်း တည်ရှိ တယ်။ လူပေါင်း များစွာ လည်း ဒါကို ရှာဖွေ ကြတယ် လို့ အမည် ကြွေးကြော် တယ်။ လိုချင်ကြတယ်။ ဒါဟာ ငြိမ်းချမ်းရာပါ လို့ တမ်းတတယ်။ အဲ့ဒီ သစ္စာတရား ဟာ အဝေးကြီး မှာ မဟုတ်ဘူး။ အကွာအဝေး မဟုတ်ဘူး ရယ်။ တစ်နည်း – အတိုင်းအထွာ အတွင်း တည်ရှိ နေတာ မဟုတ်ဘူး။ မိမိနဲ့ အနီးဆုံး၊ မိမိ ကိုယ်တိုင် ဆီကိုသာ ဦးညွှတ် ရှိနေပါတယ်။

မိမိ မျက်လုံး ဟာ သူ့ကိုယ်သူ ပြန်မမြင်ဘူး။ မြေနဲ့ နီးတဲ့ ခြေထောက် ဟာ မြေကို မမြင်ဘူး။ မြေပြင် မှာ နေထိုင် သွားလာနေ ပေမယ့် ကမ္ဘာအဝန်း ကို မမြင်ဘူး။ နီးလွန်းလို့ မမြင်တာနဲ့ – ကြီးလွန်းလို့ မမြင်တာ – ဒီနှစ်ခု ကွာတာပါပဲ။ ဒီလက္ခဏာ နှစ်ခု စလုံး ဟာ – တရား ဓမ္မရဲ့ သဏ္ဍာန်တူ လက္ခဏာရပ် များ ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင့်လည်း သစ္စာ ဓမ္မနဲ့ အကြိမ်ပေါင်း များစွာ လွဲခဲ့ကြ ရတယ်။ နှစ်ကာလ ပေါင်း များစွာ စံစား ခံစား ဖြတ်သန်း ခဲ့ရတယ်။

အများ ပြုကျင့်ရင်း အထုံဓလေ့ ဖြစ်ခဲ့တဲ့ အမှု တွေထဲမှာ – ထပ်ဖန် တလဲလဲ လွဲချော်နေရခြင်း အဖြစ် ဟာ အထင်ကရ နေရာမှာ ရှိတယ်။ အများစု ဟာ ဒီလို လွဲချော် နေ ရတာကို ကျင့်သား ရနေကြ ပြီးသားရယ်။ ဒီ အကျင့်ကို မပြင် နိုင်မချင်း၊ အနီးဆုံးဟာ အဝေးဆုံး မှာ ရှိနေ ပြီး၊ အနားပါး နေရက်နဲ့ မမြင်နိုင်ဆုံး အရာ ဖြစ်နေ ဦးမှာပဲ။ ဒီ လွဲချော် နေတဲ့ အကျင့်ကို မပြင် နိုင်မချင်း၊ “ဘုရားသခင်၊ သစ္စာ တရား၊ ကောင်းကင်ဘုံ၊ ဂျန္နသ်၊ နိဗ္ဗာန” ဒါမှမဟုတ် ကြိုက်ရာ အမည်တစ်ခုခု နဲ့ ဘယ်လို တမ်းမှန်း ကြပါစေ – နက်နဲ သိရ ခက် နေဦး မှာပဲ။ သီအိုရီ တွေ၊ ဝါဒတွေ အငြင်းပွား နေဦးမှာပဲ။ ယုံကြည်ရမယ် – မယုံကြည်ရဘူး- ကျင့်မယ်- မကျင့်ဘူး တွေနဲ့ … စင်စစ် ဓမ္မ က လွဲချော် နေကြ ဦးမှာပဲ။

Read more of this post

ရွှင်မြူးခြင်း သည် ဘာသာ၏ အခြေခံ

ရှိတဲ့ ဘာသာရေး အများစုမှာ ဟာသ (ရယ်ရွှင်မှု) ကို အခြေခံ တစ်ရပ် အနေနဲ့ ဘယ်လိုမှ လက်ခံ လေ့ မရှိဘူး။ ဘာသာရေး တံဆိပ် အများစု ရဲ့ အခြေခံ မှာ ဟာသ မပါဝင် ဘူး။ သူတို့မှာ – သနား ကရုဏာ ဆိုတဲ့ နာမည်ကောင်း တပ်ထား တဲ့ အခြေခံ အချို့ ရှိတယ်။ – “လောကသား တွေ ဟာ သနား စရာ ကောင်း လိုက် ပါဘိ” ဆိုတဲ့ အိုစာ တဲ့ အကြည့်အမြင် သာ အများ ဆုံး တွေ့ ရ ပါလိမ့် မယ်။ ဟာသ ကိုလည်း အများစု က ပေါ့သွမ်း တယ် လို့ မြင်လေ့ ရှိတဲ့အခါ – ဘာသာရေး အများစုမှာ – ဟာသ ဟာ အပစ်ပယ်ခံ အရာ ဖြစ်သင့်တယ် လို့ လွယ်လင့် တကူ လက်ခံကြတယ်။ ဒီ အကြောင်း ကြောင့် နဲ့ပဲ – လေးနက် ဖြူစင် တဲ့ ဘာသာရေးမှာ ဟာသ ကင်းဆိတ် နေ တတ် တာ ဖြစ် ပါတယ်။

ဘာသာရေး ဟာ နှလုံး ရွှင်လန်းမှု ဆိုတဲ့ ဟာသ မပါဝင်ရဘူး – လေးနက်နေမှ – အိုစာနေမှ – တည်တည် တောင့် တောင့် ဖြစ် နေ မှ လို့ ဘယ် အကြောင်း ကြောင့် များ ခံယူ တတ် ရ သလဲ။ အဲ့ဒီလို – ဟာသ အမြင် ကို ပစ်ပယ်တဲ့ ဘယ် ဘာသာ ကို မဆို ကျနော် ပစ်ပယ် ပါတယ်။

ရယ်ရွှင်မှု ဟာသ အစစ်အမှန် ဟာ အကြောင်းတရားတွေက ကင်း ဆိတ်နေ ရတယ်။ ဆိုပါစို့ – တွေးတော မိရင်း ရယ်မော လာတဲ့ – ဟာသ တစ်ပုဒ် ဟာ စင်စစ် ဟာသ မဟုတ်ဘူး- အရုပ် ဆိုး တဲ့ ပျက်လုံး တစ်ခုသာ ဖြစ်ပါတယ်။ ဒါဟာ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရယ်မောခြင်း သက်သက်။ အခြားသူ တစ်ဦး တစ်ယောက် ကို ကြည့်ပြီး ရယ် မယ် – အခြားတစ်ပါးသူရဲ့ လုပ်ရပ် ကို ကြည့်ပြီး ရယ်ရွှင်မယ် ဆိုတာ ဟာလည်း အရုပ် ဆိုး နေသေး တယ်။ စင်စစ် တိတ်ဆိတ် ငြိမ်သက်တဲ့ မိမိ သန္တာန် အတွင်း က ထွက်ပေါ် လာတဲ့ ရယ်ရွှင်မှု သာ – ဟာသ အစစ် အမှန် ဖြစ် ပါ တယ်။ Read more of this post

ဘာသာများနှင့် လူ

A: ကမ္ဘာမှာ ဘာသာတွေ ဘာလို့ အများကြီး ရှိနေရတာလဲ။ ဘာသာရယ် လို့ တစ်ခုတည်း အဖြစ် ထားပြီး ပေါင်းစည်းပြီး ချစ်ချစ် ခင်ခင် ရှိနေကြရင် မကောင်းဘူးလား။

B: ခင်ဗျား စိတ်ကူးယဉ်နေတာပဲ ဗျ။ ကြည့်စမ်းပါ။ လူတစ်ယောက်နဲ့ တစ်ယောက် အနီး အနား သွေးချင်းတောင် တူလို့လား။ — တစ်ဦးတစ်ယောက်ချင်းစီ ကိုယ်တိုင် ကျင့်သုံးမှ ရမယ့် ဘာသာရေးကို ခင်ဗျား ဘာလို့ အဲ့လိုတွေးရတာလဲ။ အဲ့လို မထင်လိုက်ပါနဲ့။

ကမ္ဘာမှာ ဘာသာတွေ အများကြီး ရှိသင့်ပါတယ်။ အခုလို ရှိနေ တာလည်း သဘာဝ ကျပါတယ်။ အဖွဲ့အစည်း တစ်ခုက ဘာသာရေး မဟုတ်ဘူး။ လူဦးရေ များလာတာနဲ့ ဘာသာရေး အစစ်အမှန် မဖြစ်ဘူး။ ဘာသာရေး ဟာ စင်စစ် ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ကိုယ်တိုင် ကိုယ်ကျ သိမြင်မှု သက်သက် ပါ။ လူတစ်ယောက်ဟာ ဘယ်တော့ မှ နောက် တစ်ခါ ထပ်မဖြစ်ဘူး။ နောက်တစ်ယောက် အနေနဲ့ ပုံတူ ကားကျ ထပ်မရှိဘူး။ သူဟာ တစ်သီးပုဂ္ဂလ သူကိုယ်တိုင်သာ ဖြစ်ပါတယ်။

Read more of this post

ရှောင်ပြေးရန် မလိုအပ်သော ~

တရားဘာဝနာ အမှုကို ပြုရင်း လူ့အဖွဲ့အစည်းနဲ့ သီးသန့်ကင်းပြတ် နေရင် ~ အများစု ဘယ်လို ပြော တတ်ကြပါသလဲ။ ( ဝါ ) လူ့ဘောင်အဖွဲ့အစည်းထဲ နေရင်း လူ့ဘောင် အဖွဲ့အစည်း နောက်ကို မလိုက်နေဘူး ဆိုရင် အဲ့ ဒီ လူကို ဘယ်လို ပြောသလဲ။ လူ့ အဖွဲ့အစည်း အကြား ကန့်လန့်တိုက်နေသလို ဖြစ်ရင် ~ အများစုက ~ သူ့ကို ဘယ်လို တိုက်တွန်းမလဲ။ ဖြစ်နိုင်တာက ~ တောထွက်၊ သင်္ကန်းစည်း ၊ ဝတ်ကြောင်ကို စွန့်တော့ ၊ လူ့အဖွဲ့အစည်း ပြင်ပမှာ ~ တကိုယ်တည်း သွားနေတော့ ~ လို့ ပြောတတ် ကြ တယ်။ ပြန်မေး ဖို့ ရှိပါတယ် ~ လူ့အဖွဲ့အစည်း စရိုက်နဲ့ မကိုက်ညီတိုင်း ~ မနေရဘူး လို့ ယူဆ ကြပါ သလား။ လူအဖွဲ့အစည်းနဲ့ ကိုက်ညီအောင် နေမှ ~ ဒီလူ့ – ဘဝက ဖြစ်မှာလား။

ရှေးအတီတေ ကတည်းကလည်း ဒီလို အယူအဆမျိုး ရှိနေခဲ့ပါတယ်။ အဲ့ဒါက ~ တရား ဘာဝနာ စိတ်နှလုံး ရေးရာ ( Spirituality ) ဟာ ရုပ်ပိုင်းဆိုင်ရာ ( အဖွဲ့အစည်း၊ အရေးအရာ ၊ စည်းမျဉ်းတွေ အပါအဝင် ) Materialism ကို ဆန့်ကျင်တယ် ။ ရုပ်ဝတ္ထုတွေ ကို ရှောင်ရှား နိုင် မှ တရားဘာဝနာ ( ဝိညာဉ်ရေးရာ ) ဖြစ်တယ် ဆိုတဲ့ အမြင်။ ဒီအမြင် အင်မတန် တွင်ကျယ်ပါတယ်။ ထပ်မေးပါမယ် ~ တရားဘာဝနာ ပြုရင် လူ့ဘောင်ကို ခွာမှ ရမှာလား။ လူဝတ်ကြောင်ကို စွန့်မှ ဖြစ်မှာလား ။~ လူရဲ့ အိမ်ထောင်ပျော်ပါးမှုတွေ လျော့ချ ပစ်ချ ခဲ့မှ ဘာဝနာကို ရရှိသတဲ့လား ။ တနည်း ~ ဒါတွေအတိုင်း ရှိနေရင် တရား ဘာဝနာ ပြုနေတာ မဟုတ် တော့ဘူး လို့ အထင်အမြင် ရှိပါသလား။ “မဟုတ်ပါဘူး” ငြင်းနေရင်တောင် အများစုရဲ့ အတွင်း စိတ်ဟာ အဲ့ဒီ နေရာကို ဆိုလို နေပါတယ်။

စင်စစ် တရားဘာဝနာ ဟာ ကျနော်တို့ ခင်ဗျားတို့ အခုမြင်တွေ့ ခံစားနေရတဲ့ အရာ ဝတ္ထု ဘယ်ပစ္စည်း ၊ ဘယ်အရာကို မှ မဆန့်ကျင်နေ ဘူး ။ ဇိမ်ခံ ပစ္စည်း အပါအဝင် အရေးအရာ မှန်သမျှ ~ ဘယ်အရာမှ တရားဘာဝနာ အတွက် အနှောင့်အယှက် မဟုတ်ဘူး။ ခံစား စံစား ချင်နေတဲ့ လူစင်စစ် ၊ ခင်ဗျား စိတ် ကသာ ဒီ ဝတ္ထုပစ္စည်းတွေ အတွက် အနှောင့်အယှက် ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီ လူ စင်စစ် အပေါ် သန့်စင် ရှင်းလင်း ပစ်ခြင်း သာ ဘာဝနာ ရဲ့ အရေးအရာ ဖြစ်ပါတယ်။ အခြား ပစ္စည်း ပစ္စယ စွန့်ပယ် ရှောင်ရှားပစ်ခြင်း ဟာ ဘာဝနာ မဟုတ် ဘူး။

တောထွက် မှ၊ ဝတ်ကြောင် ကို စွန့်မှ၊ ဆိုင်ရာ ဘာသာရေး အတွင်း ဘုန်းကြီး ဖြစ်မှ ဓမ္မကို စောင့်ရှောက်ခြင်း မည်သလား ။ ဒီလို မေးရင် လည်း ~ အားလုံး က မဟုတ်ပါဘူး ပဲ ဖြေနိုင်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ လက်မခံဘူး ရယ်။ ဒီ အယူအဆ အမြင် အထပ်ထပ် စွဲကပ် လာရင်း အရှည် သဖြင့် ဖြစ်လာတဲ့ အခါ ~ တရားဘာဝနာ ရဲ့ မူရင်း အနှစ်သာရ ကင်းဆိတ် လာနေပါ တယ်။ စင်စစ် ဘာဝနာ ဟာ အခုခဏ ရှိနေတဲ့ ဘယ်အရာ မဆို အပေါ် စိတ်နှလုံး အပြည့်အဝ ၊ အသိရှိရှိ နေထိုင်ခြင်းသာ ဖြစ် တယ်။ အဲ့လိုပဲ ဖြစ်ရမယ် မဟုတ်လား။

အနေရှင်းကြတဲ့ ၊ အပ္ပကိစ္စောစ ၊ ကိစ္စနည်းခြင်း အမှုရှိကြတယ် ဆိုတဲ့ သူတော်စင် များကို ကြည့်ပြီး အဲ့လိုနေနိုင်မှ တရား သိသူ ဆိုရင် ~ တရားလိုလားသူတိုင်း အဲ့လို နေကြရ လိမ့်မယ်။ ဟုတ်တယ်ဟုတ် ? စင်စစ် ဒါဟာ လွဲမှားတဲ့ အချက်သာ ဖြစ်တယ်။ ရုပ်ဝတ္ထု ပိုင်း မှာ ဘာအပြစ်မှ ရှိမနေဘူး ။

Read more of this post

လမ်း သည် အိပ်မက် ၊ အိပ်မက် သည် နောင် တစ်ချိန်

ဇာယန်း : ~ အိုရှိုး ခင်ဗျား ၊ ကျနော် ရှုပ်ထွေးနေတဲ့ အကြောင်းတစ်ခုကို ရှင်းပေးနိုင်မလား။ ဒီကနေ့ခေတ် အခါမှာ ဘုရားသခင် ဆိုတာတွေနဲ့ ပတ်သက်လို့၊ ဘုရားသခင် ဆီ သွားရာ လမ်းကြောင်း တွေနဲ့ ပတ်သက်လို့ အမျိုးမျိုး အဖုံဖုံ ပြောနေကြတယ်။ ခရစ်ယာန်တွေ ကလည်း သူတို့ လမ်းကမှ အစစ်အမှန် ဖြစ်တယ် ~ တစ်ကြောင်းတည်းသော လမ်း ဖြစ်တယ် လို့ ပြောနေကြသလို၊ မိုဟာမက်ဒင်တွေ ကလည်း သူတို့ရဲ့ ဒီလမ်းကသာ တစ်ကြောင်းတည်းသော လမ်း ဖြစ်တယ်။ တစ်ခုတည်းသော ဘာသာ ဖြစ်တယ် လို့ ပြောတတ်ကြတယ်။ အခြား ဘာသာ တွေ ကိုယ်စီ မှာလည်း အဲ့သည် အတိုင်း ရှိနေတတ်ကြ ပါတယ်။ အခု ခင်ဗျား ကရော ။ ခင်ဗျားပြောပြောနေ တဲ့ လမ်း ဟာ တစ်ခုတည်းသော လမ်းဖြစ်တယ် လို့ ပြောဦးမလား။ ဘယ်လိုများ ကွဲပြားမှု ရှိနေ ပါသလဲ။ အားလုံး ဟာ အတူတူ အသံထွက်နေ မယ် ထင်ပါတယ်။ စင်စစ် ကွဲပြားတဲ့ အဖြေကို ကျနော် သိချင်တယ်။

အိုရှိုး : ~ ဘုရားသခင် ဟာ ပန်းတိုင် မဟုတ်ဘူး ဇာယန်း။ ဒါ့ကြောင့် ဘုရားသခင်ကို သွားရာ လမ်းကြောင်း ဆိုတာ မရှိဘူး။ လမ်း လို့ ပြော သမျှ အရာ မှန်သမျှ ဟာ အမှားတွေ ချည်းသာ ဖြစ်ပါတယ်။ ဘုရားသခင် ဟာ အခု ဒီနေရာ တည့်တည့်၊ ဒီခဏ တည့်တည့် မှာသာ ရှိနေတယ် ။ ဘုရားသခင် ဆိုတာ ပစ္စုပ္ပန် တည့်တည့် ကိုသာ ရည်ညွှန်းပါတယ်။ အခု ပစ္စုပ္ပန် ခဏရဲ့ တဒိတ်ဒိတ် ကုန်ဆုံးနေတဲ့ ဒီနေရာ၊ ဒီအချိန်လေး သာ ဖြစ်ပါတယ်။ အခြားနည်း၊ အခြားလမ်းနဲ့ ဘုရားသခင် ဆီကို သွားနေ ရတာ မဟုတ်ဘူး။

လမ်း ဆိုတဲ့ အတွေး ဟာ မှားယွင်းတဲ့ တစ်ခုကို ညွှန်းဆိုပြတယ်။ အဲ့ဒါက ~ လမ်း ဆိုတာ သတ်မှတ်ခြင်းကြောင့် ~ ခင်ဗျားဟာ ခင်ဗျား အချိန်ကို ရွှေ့ဆိုင်းပစ် လိုက်တယ်။ မနက်ဖြန် ရောက်မယ်။ သန်ဘက်ခါ ရောက်မယ်။ လမ်း ဟာ နောက်နေ့ မနက်ဖြန် တိုင်းကို ဦးတည် တယ်။ ဟုတ်တယ် ဟုတ်။

Read more of this post

ကြောက်ရွံ့မှုသည်သာ ယုံကြည်ခြင်း ၏ အကြောင်းခံ

Question: ကျနော် ဘုရားသခင်ကို ယုံကြည်တယ်။ ဒါပေမယ့် ကြောက်ရွံ့လို့ မဟုတ်ဘူး။ ဒါနဲ့များ “ယုံကြည်မှု အားလုံးဟာ ကြောက်ရွံ့မှုကနေသာ ထွက်ပေါ်တယ်” လို့ ခင်ဗျား ဘာလို့ ပြောရတာလဲ။

Answer: အိုကေ ။ ဒါဆို ခင်ဗျား ဘာကြောင့် ယုံကြည်ပါသလဲ။ ယုံကြည်တယ် ဆိုကတည်းက အဲ့အရာကို ခင်ဗျား သိမနေဘူးရယ်။ ခင်ဗျား သိရင်လည်း “ယုံကြည်တယ်” ဆိုတဲ့ စကား သုံးစရာ မလိုဘူး ပဲ။ ယုံကြည်မှု အားလုံးဟာ မသိမြင်သေးဘူး ဆိုတဲ့ အဖြစ်က လာပါတယ်။ ယုံကြည်တယ် ဆိုတာ “မသိတာ” ကိုသာ ဆိုလိုတယ်။ ဗုဒ္ဓ ရဲ့ စကားတွေမှာ – “ဒီလိုတော့ဖြင့် ငါယုံကြည်တယ်။ ဟိုလိုတော့ဖြင့် ငါယုံကြည်တယ်” လို့ ရှိသလား။ ကြည့်ကြည့် စေချင်ပါတယ်။ စင်စစ် သူ ဘာမှ ယုံစရာ မရှိဘူး။ သိရင် သိတာပဲ ရှိမယ်။ ဒါ့ကြောင့် ယုံကြည်တယ် ဆိုတာဟာ အလဟဿ အချည်းနှီး ဖြစ်ပါတယ်။ မသိတာကို မသိဘူးလို့ ပြောရမှာ ပြောမထွက်တဲ့ အခါ – “ယုံကြည်မှု” ကို သုံးလေ့ရှိတယ်။

ထားပါတော့ ။ ခင်ဗျားစကားကို ကြည့်ပြီး မေးမယ်။ ခင်ဗျား ဘာလို့ ယုံကြည်ပါသလဲ။ ခင်ဗျား ယုံကြည်မှု ဘယ်ကနေ ထွက်လာပါသလဲ။ ကျိန်းသေတာ ကတော့ ကိစ္စ တစ်ခုကို ယုံကြည်တယ် ဆိုကတည်းက ခင်ဗျား အဲ့ကိစ္စကို မတွေ့ကြုံဖူးသေးဘူး – အဲ့ဒါ ရှင်းတယ်။ ဟုတ် တယ် ဟုတ်။ ကောင်းပြီ ဒါဆို ယုံကြည်တယ် ဆိုတာ ဘယ်က ထွက်လာနိုင်ပါသလဲ။ ဖြစ်နိုင်တဲ့ အရာဟာ အခြေခံ အားဖြင့် နှစ်ခုပဲ ရှိပါ တယ်။ တစ်ခုက – ကြောက်ရွံ့မှု ဖြစ်ပြီး၊ တစ်ခုက လိုချင်မှု လောဘ ဖြစ်ပါတယ်။ ကြောက်ရွံ့မှု ရော လိုချင်မှု လောဘရော နှစ်ခု စလုံး က တကယ် စင်စစ် အတူတူပဲ။ ဒင်္ဂါးပြား တစ်ပြားရဲ့ ဟိုဘက်ဒီဘက် မျက်နှာစာတွေ ဖြစ်ပါတယ်။

လောဘ ရှိရင် ကြောက်ရွံ့မှု ရှိတယ်။ ကြောက်ရွံ့မှု ဟာ လောဘ ကနေ ထွက်ပေါ်တယ်။ သူတို့ နှစ်ခုဟာ အတူတကွ တည်ရှိပြီး ။ တစ်ခု ပျက်သုဉ်းရင် တစ်ခုလည်း ပျက်ပါတယ်။ ဒါ့ကြောင့် ခင်ဗျား ကောင်းကင်ဘုံကို မက်မောတာနဲ့ ငရဲကို ကြောက်ရွံ့ တာနဲ့ ဟာ တကယ် တော့ တူညီတဲ့ ဘက်နှစ်ခု ဖြစ်နေပါတယ်။ ဒါကို ခင်ဗျားက မဟုတ်ဘူးလို့ ပြောတယ်။ ကဲ– ခင်ဗျား ဘုရားသခင် ကို ဘာကြောင့် ယုံကြည်သလဲ။ ခင်ဗျား ဘုရားသခင် ကို ဘယ်လို ပုံစံ နဲ့ ယုံကြည် သွား တာလဲ။ ဘုရားသခင်ကို စင်စစ် စွဲစွဲမြဲမြဲ ယုံကြည်ရုံ ယုံကြည်နေ တဲ့ အခါ ခင်ဗျား တစ်ကိုယ်တည်း နေရ မှာ ကြောက်ရွံ့ တဲ့ သရုပ် က အထင် အရှား ပေါ်လွင် ပါတယ်။ ခင်ဗျား လောက အလယ် မှာ အထီးတည်း မနေရဲဘူး။ ကြောက်တယ်။ ငယ်စဉ်က အမိ၊ အဖ စောင့်ရှောက် လာခဲ့သလိုမျိုး၊ အကာ အကွယ်ပြုနိုင်တဲ့ ဖခင် တစ်ယောက် ခင်ဗျား လိုလား တယ် ။ ခင်ဗျား ကံကြမ္မာကို ပြုပြင် စီရင်ပေးမယ့် သူ ခင်ဗျား လိုအပ်နေတယ် ။ အဲ့တော့ မျှော်ကြည့် တော့တယ်။

ဒါ့ကြောင့် ခင်ဗျား မျှော်ကိုးတဲ့ ဘုရားသခင်ဟာ ခင်ဗျား စိတ်ကူး ထဲမှာ ခင်ဗျား ထက် အစွမ်းထက် နေပါတယ်။ တန်ခိုး အာဏာ ကြီးမားနေ တယ်။ ခင်ဗျားထက် နိမ့်ကျတဲ့သူကို ဘယ်လို အားကိုးလို့ ရမှာလဲ။ ဘယ်လို ယုံကြည်လို့ ရမလဲ။ ဒါ့ကြောင့် ခင်ဗျား စိတ်ကူးမှာ Perfect ဖြစ်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး ပုံဖော်ထည့်သွင်း ရတော့တယ်။ ကောင်းကင်ကို အမြဲမော့ ကြည့်နေ မိတော့တယ်။

ဒါ့ကြောင့် ယုံကြည်မှု အားလုံးဟာ ကြောက်ရွံ့မှု က လာတယ်လို့ ကျနော် ပြောတာ ဖြစ်ပါတယ်။ ခင်ဗျား ယုံကြည် ကိုးကွယ် တဲ့ ဘုရား သခင်၊ နတ်ဘုရား၊ စသည် အားလုံးဟာ မိမိရဲ့ ကြောက်ရွံ့မှုကို ပုံစံပြုထားတဲ့ အရာတွေ ချည်းပဲ ။ စိတ်ကူး ပုံဖော် ထားသမျှ ထွင်းထု ပုံဖော်ထားတဲ့ ခင်ဗျား ဘုရားသခင်ရဲ့ ပုံသဏ္ဍာန်တွေကို ကြည့်ကြည့်ပါ။ တကယ် မြင်ရမှာက ခင်ဗျား ရဲ့ စိတ်သရုပ်တွေ သာ ဖြစ် ပါတယ်။ Read more of this post