ဗလာလှေ

chaung_tzu_empty_boatရှေးတုန်းကပေါ့။

လူတစ်ယောက်ဟာ မြစ်ပြင်ကျယ် တစ်ခုကို လှေငယ် တစ်စင်း၊ လှော်တက်ငယ် တစ်ချောင်း နဲ့ ဖြတ်ကူးသတဲ့။ သာယာတဲ့ မြစ်ပြင်ကြီးမှာ တေးသီချင်း တကျော်ကျော် ညည်းရင်း၊ ရောက်တတ်ရာရာ စိတ်ကူးယဉ် ရင်း လှော်ခတ်လာခဲ့တယ်။ သူ့စိတ်ကူးနဲ့သူ နစ်မြုပ်လို့ ယစ်မူးနေဆဲ၊ မြစ်လယ်လောက် အရောက်မှာ သူ့လှေကို အခြားလှေငယ် တစ်စင်းက ၀င်တိုက်မိရော။ ၀င်ဆောင့်မိတဲ့ အရှိန်ကြောင့် လှေကလည်း လူး၊ သူ့ခမျာ ပြူးပြူးပြာပြာ ဖြစ်ကရော တဲ့။
.
ညည်းဆိုလာတဲ့ တေးသီချင်းလည်း ပျောက်၊ ယဉ်လာတဲ့ စိတ်ကူးတွေလည်း ဘယ်ဆီဘယ်ရောက် မသိ၊ ပျောက်သွားလေရော။ ဒီတော့ သူ့လှေကို ၀င်ဆောင့်ရမလား ဆိုပြီး တစ်ဘက်လှေက လှေလှော်သမားကို ဆဲမယ် လို့ ဒေါသတကြီး ကြည့်လိုက်တော့၊ အဲ့ဒီလှေမှာ ဘယ်သူမှ မရှိ၊ လှေခွက်ကြီး ဗလာသက်သက် ဖြစ်နေပါရော တဲ့။
.
ဒီတော့မှ “ဩော် ဖြစ်ရလေ၊ သူ့ဟာသူ မျောလာတဲ့ လှေပါကလား” လို့ နှလုံးသွင်းလို့ ဒေါသလည်း ဖြေပျောက်သွားသတဲ့။ တစ်ဘက်လှေ ဗလာကို လက်နဲ့ အသာလေး တွန်းရှောင်၊ သူ့ခရီး သူ ဆက်သွားပါရောတဲ့။
.
ဒါဟာ ရှေးတရုတ် ပညာရှိကြီး ချောင်ဇူး ပြောတဲ့ ပုံပြင်ကဗျာလေးပေါ့။ ပုံပြင်လေးက ဒီမှာ ပြီးပေမယ့် ချောင်ဇူးက ဆက်ပြောပြတာ ရှိသေးတယ်။
.
Read more of this post